မိတ္ထီလာမြို့တွင် တစ်လလျှင်(၁၀)ကြိမ်ထက်မနည်း ဆိုင်ကယ် ခိုးယူ၊ လုယက်ခံရခြင်းများ ဖြစ်ပေါ်နေ

 504

သန့်ဇင် (NP News) - ဩဂုတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင် တစ်လလျှင်(၁၀)ကြိမ်ထက်မနည်း ဆိုင်ကယ် ခိုးယူ၊ လုယက်ခံရမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

မိတ္ထီလာမြို့တွင် ဆိုင်ကယ်ခိုးယူ၊ လုယက်မှုဖြစ်စဉ်များ ပြီးခဲ့သည့်နှစ်စပိုင်းမှစတင်ကာ ပိုမိုဖြစ်ပွားလာပြီး ယခုနောက်ပိုင်းကာလတွင် အကြမ်းဖက်လုယက်သည်အထိ ဆိုးရွာလာကြောင်း ဒေသခံလူမှုကူညီရေးအသင်းတစ်သင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မိတ္ထီလာမှက ဆိုင်ကယ်လုတာတို့ ခိုးတာတို့က အခုနောက်ပိုင်း ရက်ခြားဆိုသလိုကိုဖြစ်နေတာ။ ဆိုင်ကယ်ပျောက်တာတွေနဲ့ လုယက်တာတွေဖြစ်နေတာပေါ့။ တစ်လကို (၁၀)ကြိမ်ထက်မနည်း အဲဒီလိုဖြစ်စဉ်တွေက ရှိနေတယ်။ အခုနောက်ပိုင်းပိုပြီးများလာတယ်”ဟု ၎င်းကဆိုသည်။

ထိုသို့ ခိုးယူ၊ လုယက်မှုများကို လူ(၃)ဦးထက်မနည်းအုပ်စုဖွဲ့ကာ ကျူးလွန်နေပြီး Online လောင်းကစားနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုများကြောင့် ယခုနောက်ပိုင်းကာလများတွင် ပိုမိုဖြစ်ပွားလာနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက သုံးသပ်ပြောကြားသည်။ “ခိုးတာတွေ လုတာတွေကဖြစ်လာတော့ ညပိုင်းဆို ကျန်းမာရေးကိစ္စကလွဲရင် အိမ်ထဲမှာနေတာပဲအကောင်းဆုံးပါ။ မလိုအပ်ရင် အပြင်မထွက်ဖို့လည်း ပြောချင်တယ်”ဟု ၎င်းကထပ်မံအကြံပြုပြောဆိုထားသည်။

ယမန်နေ့(ဩဂုတ်လ ၂၃ ရက်) ည ၈နာရီခန့်ကလည်း မိတ္ထီလာမြို့၊ ပြည်သာယာ(တ)ရပ်ကွက်၊(၅) လမ်းတွင် သားအမိ(၂)ဦးစီးနင်းလာသည့် ဆိုင်ကယ်ကို လုယက်လိုသည့် အမည်မသိလူ(၃)ဦးက တားဆီးရပ်တန့်ခိုင်းရာ ရပ်မပေးသည့်အတွက် လောက်လေးခွဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်ကလည်း တောမရပ်ကွက်ရှိ Denko စက်သုံးဆီအရောင်းဆိုင်ရှေ့တွင် ဆိုင်ကယ်စီးနင်းလာသူကို ဓားဖြင့်ခုတ်ကာ ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့ဖူးသည်။

zawgyi version
မိတၳီလာၿမိဳ႕တြင္ တစ္လလွ်င္(၁၀)ႀကိမ္ထက္မနည္း ဆိုင္ကယ္ ခိုးယူ၊ လုယက္ခံရျခင္းမ်ား ျဖစ္ေပၚေန

သန႔္ဇင္ (NP News) - ဩဂုတ္ ၂၄

မႏၲေလးတိုင္းေဒသႀကီး၊ မိတၳီလာၿမိဳ႕တြင္ တစ္လလွ်င္(၁၀)ႀကိမ္ထက္မနည္း ဆိုင္ကယ္ ခိုးယူ၊ လုယက္ခံရမႈမ်ားျဖစ္ေပၚေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

မိတၳီလာၿမိဳ႕တြင္ ဆိုင္ကယ္ခိုးယူ၊ လုယက္မႈျဖစ္စဥ္မ်ား ၿပီးခဲ့သည့္ႏွစ္စပိုင္းမွစတင္ကာ ပိုမိုျဖစ္ပြားလာၿပီး ယခုေနာက္ပိုင္းကာလတြင္ အၾကမ္းဖက္လုယက္သည္အထိ ဆိုး႐ြာလာေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းတစ္သင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

“မိတၳီလာမွက ဆိုင္ကယ္လုတာတို႔ ခိုးတာတို႔က အခုေနာက္ပိုင္း ရက္ျခားဆိုသလိုကိုျဖစ္ေနတာ။ ဆိုင္ကယ္ေပ်ာက္တာေတြနဲ႔ လုယက္တာေတြျဖစ္ေနတာေပါ့။ တစ္လကို (၁၀)ႀကိမ္ထက္မနည္း အဲဒီလိုျဖစ္စဥ္ေတြက ရွိေနတယ္။ အခုေနာက္ပိုင္းပိုၿပီးမ်ားလာတယ္”ဟု ၎ကဆိုသည္။

ထိုသို႔ ခိုးယူ၊ လုယက္မႈမ်ားကို လူ(၃)ဦးထက္မနည္းအုပ္စုဖြဲ႕ကာ က်ဴးလြန္ေနၿပီး Online ေလာင္းကစားႏွင့္ မူးယစ္ေဆးဝါးသုံးစြဲမႈမ်ားေၾကာင့္ ယခုေနာက္ပိုင္းကာလမ်ားတြင္ ပိုမိုျဖစ္ပြားလာေနေၾကာင္း ေဒသခံအမ်ိဳးသားတစ္ဦးက သုံးသပ္ေျပာၾကားသည္။ “ခိုးတာေတြ လုတာေတြကျဖစ္လာေတာ့ ညပိုင္းဆို က်န္းမာေရးကိစၥကလြဲရင္ အိမ္ထဲမွာေနတာပဲအေကာင္းဆုံးပါ။ မလိုအပ္ရင္ အျပင္မထြက္ဖို႔လည္း ေျပာခ်င္တယ္”ဟု ၎ကထပ္မံအႀကံျပဳေျပာဆိုထားသည္။

ယမန္ေန႔(ဩဂုတ္လ ၂၃ ရက္) ည ၈နာရီခန႔္ကလည္း မိတၳီလာၿမိဳ႕၊ ျပည္သာယာ(တ)ရပ္ကြက္၊(၅) လမ္းတြင္ သားအမိ(၂)ဦးစီးနင္းလာသည့္ ဆိုင္ကယ္ကို လုယက္လိုသည့္ အမည္မသိလူ(၃)ဦးက တားဆီးရပ္တန႔္ခိုင္းရာ ရပ္မေပးသည့္အတြက္ ေလာက္ေလးခြျဖင့္ ပစ္ခတ္ခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့သည္။

အလားတူ ၿပီးခဲ့သည့္ ဩဂုတ္လ ၁၈ ရက္ကလည္း ေတာမရပ္ကြက္ရွိ Denko စက္သုံးဆီအေရာင္းဆိုင္ေရွ႕တြင္ ဆိုင္ကယ္စီးနင္းလာသူကို ဓားျဖင့္ခုတ္ကာ ဆိုင္ကယ္လုယက္မႈျဖစ္ပြားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.