နေပြည်တော်ရှိ မြို့နယ်(၅)ခုတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေ
4291
သန့်ဇင် (NP News) - ဩဂုတ် ၂၄
နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်(၅)ခုတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေကြောင်း ရေးဘေးကူညီကယ်ဆယ်ရေးများ လုပ်ဆောာင်နေသည့် ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။
ယခုရက်ပိုင်းအတွင်း နေပြည်တော်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ငလိုက်ချောင်းရေမြင့်တက်ခြင်းနှင့် တောင်ကျရေကျဆင်းခြင်းများကြောင့် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ရေကြီးရေလျှံမှုကြောင့် ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင် အနိမ့်ပိုင်းနေရာများသို့ ရေဝင်ရောက်မှုများရှိသဖြင့် ဒေသခံအချို့ကို ဘေးလွတ်ရာရေးဘေးကယ်ဆယ်ရေးစခန်းများသို့ ပို့ဆောင်ထားရကြောင်း သိရသည်။
“ရေတွေတော့စကြီးနေပါပြီ။ အခုအချိန်ထိလည်း မိုးကရွာနေတုန်းပါပဲ။ ဇေယျာသီရိမြို့နယ်ထဲမှာဆိုရင်လည်း ကျေးရွာ(၃)(၄)ရွာလောက်ကို ရေကြီးနေပါတယ်။ ဇမ္ဗူသီရိမြို့နယ်မှာက မြောင်းရေတက်တာလောက်ပဲဆိုတော့ အရမ်းကြီးရေကြီးတာတော့ မဟုတ်သေးပါဘူး။ ပျဉ်းမနားမြို့ပေါ်က အနိမ့်ပိုင်းရပ်ကွက်က အိမ်တွေကတော့ ရွှေ့ပြောင်းထားရပါတယ်။ ပျဉ်းမနားမှာဆိုရင် ရေဘေးကယ်ဆယ်ရေးစခန်း(၆)ခုလောက်ရှိပြီး တစ်ခုကို လူဦးရေ (၃၀၀)လောက်အနည်းဆုံးရှိပါတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက NP News ကိုပြောသည်။
လက်ရှိတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော မြို့နယ်များမှနေရာအချို့ကို နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ လုပ်သားများအပြင် အခြားအသင်းအဖွဲ့များနှင့် ပူးပေါင်းကာ ရှင်းလင်းရေးများဆက်လက်လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က ဩဂုတ်လ ၁၇ ရက်နေ့၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ရေကြီးရေလျှံမှုကြောင့် လူဦးရေ (၃၉၃၀၀၀) ခန့် ရေးဘေးသင့်ခဲ့ကြောင်း သိရသည်။
zawgyi version
ေနျပည္ေတာ္ရွိ ၿမိဳ႕နယ္(၅)ခုတြင္ ေရႀကီးေရလွ်ံမႈျဖစ္ေပၚေန
သန႔္ဇင္ (NP News) - ဩဂုတ္ ၂၄
ေနျပည္ေတာ္ေကာင္စီနယ္ေျမရွိ ၿမိဳ႕နယ္(၅)ခုတြင္ ေရႀကီးေရလွ်ံမႈျဖစ္ေပၚေနေၾကာင္း ေရးေဘးကူညီကယ္ဆယ္ေရးမ်ား လုပ္ေဆာာင္ေနသည့္ ေဒသခံလူမႈကူညီေရးအသင္းမ်ားထံမွ သိရသည္။
ယခုရက္ပိုင္းအတြင္း ေနျပည္ေတာ္တြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ငလိုက္ေခ်ာင္းေရျမင့္တက္ျခင္းႏွင့္ ေတာင္က်ေရက်ဆင္းျခင္းမ်ားေၾကာင့္ ေရႀကီးေရလွ်ံမႈမ်ား စတင္ျဖစ္ေပၚခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ထိုသို႔ေရႀကီးေရလွ်ံမႈေၾကာင့္ ဇမၺဴသီရိၿမိဳ႕နယ္၊ ပ်ဥ္းမနားၿမိဳ႕နယ္၊ ဥတၱရသီရိၿမိဳ႕နယ္၊ ေဇယ်ာသီရိၿမိဳ႕နယ္ႏွင့္ ပုဗၺသီရိၿမိဳ႕နယ္တို႔တြင္ အနိမ့္ပိုင္းေနရာမ်ားသို႔ ေရဝင္ေရာက္မႈမ်ားရွိသျဖင့္ ေဒသခံအခ်ိဳ႕ကို ေဘးလြတ္ရာေရးေဘးကယ္ဆယ္ေရးစခန္းမ်ားသို႔ ပို႔ေဆာင္ထားရေၾကာင္း သိရသည္။
“ေရေတြေတာ့စႀကီးေနပါၿပီ။ အခုအခ်ိန္ထိလည္း မိုးက႐ြာေနတုန္းပါပဲ။ ေဇယ်ာသီရိၿမိဳ႕နယ္ထဲမွာဆိုရင္လည္း ေက်း႐ြာ(၃)(၄)႐ြာေလာက္ကို ေရႀကီးေနပါတယ္။ ဇမၺဴသီရိၿမိဳ႕နယ္မွာက ေျမာင္းေရတက္တာေလာက္ပဲဆိုေတာ့ အရမ္းႀကီးေရႀကီးတာေတာ့ မဟုတ္ေသးပါဘူး။ ပ်ဥ္းမနားၿမိဳ႕ေပၚက အနိမ့္ပိုင္းရပ္ကြက္က အိမ္ေတြကေတာ့ ေ႐ႊ႕ေျပာင္းထားရပါတယ္။ ပ်ဥ္းမနားမွာဆိုရင္ ေရေဘးကယ္ဆယ္ေရးစခန္း(၆)ခုေလာက္ရွိၿပီး တစ္ခုကို လူဦးေရ (၃၀၀)ေလာက္အနည္းဆုံးရွိပါတယ္”ဟု ေဒသခံလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူ တစ္ဦးက NP News ကိုေျပာသည္။
လက္ရွိတြင္ ေရႀကီးေရလွ်ံမႈျဖစ္ပြားခဲ့ေသာ ၿမိဳ႕နယ္မ်ားမွေနရာအခ်ိဳ႕ကို ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီမွ လုပ္သားမ်ားအျပင္ အျခားအသင္းအဖြဲ႕မ်ားႏွင့္ ပူးေပါင္းကာ ရွင္းလင္းေရးမ်ားဆက္လက္လုပ္ေဆာင္ေနလ်က္ရွိေၾကာင္း သိရသည္။ ကုလသမဂၢလူသားခ်င္းစာနာမႈဆိုင္ရာ ညႇိႏႈိင္းေရး႐ုံး (UNOCHA)က ဩဂုတ္လ ၁၇ ရက္ေန႔၏ ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံတစ္ဝန္းလုံးတြင္ ေရႀကီးေရလွ်ံမႈေၾကာင့္ လူဦးေရ (၃၉၃၀၀၀) ခန႔္ ေရးေဘးသင့္ခဲ့ေၾကာင္း သိရသည္။