တယ်လီဂရမ်အပ်ပ်တည်ထောင်သူ ရုရှားနိုင်ငံသားပါဗယ်ဒူရော့ဗ် ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဖမ်းဆီးခံရ

 1613

Pika (NP News) - သြဂုတ် ၂၅

ဆိုရှယ်မီဒီယာအပ်ပ် တယ်လီဂရမ်ကိုတည်ထောင်သူ ရုရှားနိုင်ငံသားပါဗယ်ဒူရော့ဗ်ဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ရောက်ရှိလာပြီးနောက် ပြင်သစ်ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။

၂ဝ၂၁ ခုနှစ်မှာ ပြင်သစ်နိုင်ငံကူးလက်မှတ်ကို ရရှိခဲ့တဲ့ ပါဗယ်ဒူရော့ဗ်ဟာ ဩဂုတ်လ(၂၄)ရက် ည(၈)နာရီအချိန်မှာ Paris-Le Bourget လေဆိပ်ကို ရောက်ရှိလာပြီးနောက် ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ပြည်တွင်းရုပ်သံလိုင်း LCI က ဖော်ပြခဲ့ပါတယ်။ ဒါ့ပြင် ပါဗယ်ဒူရော့ဗ်ဟာ ယူအေအီးနိုင်ငံနဲ့ Saint Kitts and Nevis နိုင်ငံတို့ရဲ့နိုင်ငံသားအဖြစ် ခံယူထားသူလည်းဖြစ်ပြီး ရုရှားနိုင်ငံသားလည်းဖြစ်တယ်လို့ သိရပါတယ်။

ပါဗယ်ဒူရော့ဗ်ဟာ အဇာဘိုင်ဂျန်နိုင်ငံကနေ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို ၎င်းရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ရောက်ရှိလာ ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ အသက်(၃၉)နှစ်အရွယ် ပါဗယ်ဒူရော့ဗ်နဲ့အတူ အမျိုးသမီးတစ်ဦးနဲ့ သက်တော်စောင့်တစ်ဦးတို့လည်း လိုက်ပါလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ LCI ရဲ့အဆိုအရ ပြင်သစ်အာဏာပိုင် တွေဟာ အစောပိုင်းစုံစမ်းစစ်ဆေးမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဗယ်ဒူရော့ဗ်ကို ဖမ်းဝရမ်း ထုတ်ခဲ့တာဖြစ်တယ်လို့ လည်း သိရပါတယ်။

တယ်လီဂရမ်အပ်ပ်ဟာ လုံလောက်တဲ့ထိန်းညှိမှုမရှိခြင်း၊ ကုဒ်ဝှက်ထားတာမျိုးတွေနဲ့ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်တာမျိုး မရှိခြင်းတို့တွေကြောင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ လိင်ပိုင်းဆိုင်ရာကျူးလွန်မှု တွေနဲ့ လိမ်လည်မှုတွေမှာ ပါဗယ်ဒူရော့ဗ်က ပါဝင်ပတ်သက်နေတယ်လို့ ပြင်သစ်ရဲတပ်ဖွဲ့က ယုံကြည်နေတာလည်း ဖြစ်ပါတယ်။
အဲဒီစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် ပါဗယ်ဒူရော့ဗ်ဟာ ထောင်ဒဏ်အနှစ်(၂၀)အထိ ကျခံ ရနိုင်ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။ ပြင်သစ်နိုင်ငံသားအဖြစ် ခံယူထားပေမယ့်လည်း ပါဗယ်ဒူရော့ဗ်ဟာ ရုရှားနဲ့အဆက်အသွယ်ရှိနေတာမလို့ ဥရောပသမဂ္ဂက ရုရှားအပေါ်ချမှတ်ထားတဲ့ပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်တယ်ဆိုတဲ့စွပ်စွဲချက်တွေကို ကြုံတွေ့ရနိုင်ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း ပြင်သစ်အာဏာပိုင်တွေက ထုတ်ထားတဲ့ ပါဗယ်ဒူရော့ဗ်ရဲ့ဖမ်းဝရမ်းဟာ ပြင်သစ်နိုင်ငံတွင်းမှာပဲ အကျုံးဝင်တယ်လို့ သိရပါတယ်။ စုံစမ်းစစ်ဆေးရေးနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တစ်ခုက “ဒီနေ့ညမှာ ပါဗယ်ဒူရော့ဗ် က အမှားတစ်ခုကိုလုပ်မိခဲ့ပါတယ်။ဘာကြောင့်လဲဆိုတာတော့ ကျွန်တော်တို့လည်း အတိအကျမသိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ပါဗယ်ဒူရော့ဗ်က ပြင်သစ်ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးတာကို ခံလိုက်ရပါပြီ” လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi Version;
တယ္လီဂရမ္အပ္ပ္တည္ေထာင္သူ ႐ုရွားႏိုင္ငံသားပါဗယ္ဒူေရာ့ဗ္ ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕မွာ ဖမ္းဆီးခံရ
Pika (NP News) - ၾသဂုတ္ ၂၅

ဆိုရွယ္မီဒီယာအပ္ပ္ တယ္လီဂရမ္ကိုတည္ေထာင္သူ ႐ုရွားႏိုင္ငံသားပါဗယ္ဒူေရာ့ဗ္ဟာ ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕ကို ကိုယ္ပိုင္ဂ်က္ေလယာဥ္နဲ႔ေရာက္ရွိလာၿပီးေနာက္ ျပင္သစ္ရဲတပ္ဖြဲ႕ရဲ႕ဖမ္းဆီးျခင္းကို ခံခဲ့ရတယ္လို႔ သိရပါတယ္။

၂ဝ၂၁ ခုႏွစ္မွာ ျပင္သစ္ႏိုင္ငံကူးလက္မွတ္ကို ရရွိခဲ့တဲ့ ပါဗယ္ဒူေရာ့ဗ္ဟာ ဩဂုတ္လ(၂၄)ရက္ ည(၈)နာရီအခ်ိန္မွာ Paris-Le Bourget ေလဆိပ္ကို ေရာက္ရွိလာၿပီးေနာက္ ဖမ္းဆီးခံခဲ့ရတာျဖစ္တယ္လို႔ ျပည္တြင္း႐ုပ္သံလိုင္း LCI က ေဖာ္ျပခဲ့ပါတယ္။ ဒါ့ျပင္ ပါဗယ္ဒူေရာ့ဗ္ဟာ ယူေအအီးႏိုင္ငံနဲ႔ Saint Kitts and Nevis ႏိုင္ငံတို႔ရဲ႕ႏိုင္ငံသားအျဖစ္ ခံယူထားသူလည္းျဖစ္ၿပီး ႐ုရွားႏိုင္ငံသားလည္းျဖစ္တယ္လို႔ သိရပါတယ္။

ပါဗယ္ဒူေရာ့ဗ္ဟာ အဇာဘိုင္ဂ်န္ႏိုင္ငံကေန ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕ကို ၎ရဲ႕ကိုယ္ပိုင္ဂ်က္ေလယာဥ္နဲ႔ ေရာက္ရွိလာ ခဲ့တာျဖစ္တယ္လို႔လည္းသိရပါတယ္။ အသက္(၃၉)ႏွစ္အ႐ြယ္ ပါဗယ္ဒူေရာ့ဗ္နဲ႔အတူ အမ်ိဳးသမီးတစ္ဦးနဲ႔ သက္ေတာ္ေစာင့္တစ္ဦးတို႔လည္း လိုက္ပါလာခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ LCI ရဲ႕အဆိုအရ ျပင္သစ္အာဏာပိုင္ ေတြဟာ အေစာပိုင္းစုံစမ္းစစ္ေဆးမႈတစ္စိတ္တစ္ပိုင္းအေနနဲ႔ ပါဗယ္ဒူေရာ့ဗ္ကို ဖမ္းဝရမ္း ထုတ္ခဲ့တာျဖစ္တယ္လို႔ လည္း သိရပါတယ္။

တယ္လီဂရမ္အပ္ပ္ဟာ လုံေလာက္တဲ့ထိန္းညႇိမႈမရွိျခင္း၊ ကုဒ္ဝွက္ထားတာမ်ိဳးေတြနဲ႔ ရဲတပ္ဖြဲ႕နဲ႔ ပူးေပါင္း ေဆာင္႐ြက္တာမ်ိဳး မရွိျခင္းတို႔ေတြေၾကာင့္ မူးယစ္ေဆးဝါးေရာင္းဝယ္ေဖာက္ကားမႈ၊ လိင္ပိုင္းဆိုင္ရာက်ဴးလြန္မႈ ေတြနဲ႔ လိမ္လည္မႈေတြမွာ ပါဗယ္ဒူေရာ့ဗ္က ပါဝင္ပတ္သက္ေနတယ္လို႔ ျပင္သစ္ရဲတပ္ဖြဲ႕က ယုံၾကည္ေနတာလည္း ျဖစ္ပါတယ္။
အဲဒီစြပ္စြဲခ်က္ေတြနဲ႔ပတ္သက္ၿပီး ျပစ္မႈထင္ရွားခဲ့မယ္ဆိုရင္ ပါဗယ္ဒူေရာ့ဗ္ဟာ ေထာင္ဒဏ္အႏွစ္(၂၀)အထိ က်ခံ ရႏိုင္ဖြယ္ရွိေနတယ္လို႔လည္း သိရပါတယ္။ ျပင္သစ္ႏိုင္ငံသားအျဖစ္ ခံယူထားေပမယ့္လည္း ပါဗယ္ဒူေရာ့ဗ္ဟာ ႐ုရွားနဲ႔အဆက္အသြယ္ရွိေနတာမလို႔ ဥေရာပသမဂၢက ႐ုရွားအေပၚခ်မွတ္ထားတဲ့ပိတ္ဆို႔အေရးယူမႈေတြကို ခ်ိဳးေဖာက္တယ္ဆိုတဲ့စြပ္စြဲခ်က္ေတြကို ႀကဳံေတြ႕ရႏိုင္ဖြယ္ရွိေနတယ္လို႔လည္း သိရပါတယ္။

ဒါေပမယ့္လည္း ျပင္သစ္အာဏာပိုင္ေတြက ထုတ္ထားတဲ့ ပါဗယ္ဒူေရာ့ဗ္ရဲ႕ဖမ္းဝရမ္းဟာ ျပင္သစ္ႏိုင္ငံတြင္းမွာပဲ အက်ဳံးဝင္တယ္လို႔ သိရပါတယ္။ စုံစမ္းစစ္ေဆးေရးနဲ႔နီးစပ္တဲ့သတင္းရင္းျမစ္တစ္ခုက “ဒီေန႔ညမွာ ပါဗယ္ဒူေရာ့ဗ္ က အမွားတစ္ခုကိုလုပ္မိခဲ့ပါတယ္။ဘာေၾကာင့္လဲဆိုတာေတာ့ ကြၽန္ေတာ္တို႔လည္း အတိအက်မသိပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ ပါဗယ္ဒူေရာ့ဗ္က ျပင္သစ္ရဲတပ္ဖြဲ႕ရဲ႕ဖမ္းဆီးတာကို ခံလိုက္ရပါၿပီ” လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.