တယ်လီဂရမ်အပ်ပ်တည်ထောင်သူ ရုရှားနိုင်ငံသားပါဗယ်ဒူရော့ဗ်ကို ပြန်လွှတ်ပေးဖို့ ကမ္ဘာကျော်ဘီလျံနာအီလွန်မတ်တောင်းဆို
4508
Pika (NP News) - ဩဂုတ် ၂၆
ပြင်သစ်နိုင်ငံမှာဖမ်းဆီးခံခဲ့ရတဲ့ တယ်လီဂရမ်အပ်ပ်တည်ထောင်သူ ရုရှားနိုင်ငံသားပါဗယ်ဒူရော့ဗ်ကို ပြန်လွှတ်ပေးဖို့ ကမ္ဘာကျော်ဘီလျံနာအီလွန်မတ်က တိုက်တွန်းတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ပါဗယ်ဒူရော့ဗ်ကို ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး အကြောင်းပြချက်ပေးဖို့ ပြင်သစ်အာဏာပိုင်တွေကို ပြင်သစ်မှာရှိတဲ့ ရုရှားသံရုံးကလည်း တိုက်တွန်းတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ရုရှားအစိုးရအနေနဲ့ ပါဗယ်ဒူရော့ဗ်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ ပြင်သစ်အစိုးရကို တောင်းဆိုသင့်တယ်လို့ ရုရှားထိပ်တန်းလွှတ်တော်အမတ် Vladislav Davankov ကလည်း ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတွေအနေနဲ့ ပါဗယ်ဒူရော့ဗ်ကို ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ပြင်သစ်နိုင်ငံကို ဖိအားပေးသင့်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မာရီယာဇာခါရိုဗာက ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
ပါဗယ်ဒူရော့ဗ်ဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ရောက်ရှိလာပြီးနောက် ပြင်သစ်ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ပါဗယ်ဒူရော့ဗ်ဟာ အဇာဘိုင်ဂျန်နိုင်ငံကနေ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို ၎င်းရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ၎င်းနဲ့အတူ အမျိုးသမီးတစ်ဦးနဲ့ သက်တော်စောင့်တစ်ဦးတို့လည်း လိုက်ပါလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပြင်သစ်နိုင်ငံပိုင်ရုပ်သံလိုင်း LCI ရဲ့အဆိုအရ ပြင်သစ်အာဏာပိုင်တွေဟာ အစောပိုင်းစုံစမ်းစစ်ဆေးမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဗယ်ဒူရော့ဗ်ကို ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ရုရှားလူ့အခွင့်အရေးအဖွဲ့အရာရှိ Tatyana Moskalkova က'ပါဗယ်ဒူရော့ဗ်ကို ဖမ်းဆီးမှုရဲ့ နောက်ကွယ်ကအဓိကအကြောင်းအရင်းက ကမ္ဘာ့အရေးနဲ့ပတ်သက်တဲ့ အမှန်တရားတွေကို ရှာဖွေတွေ့ရှိနိုင်တဲ့ တယ်လီဂရမ်အပ်ပ်ကို ပိတ်ပစ်ဖို့ ကြိုးပမ်းတာမျိုးဖြစ်ပါတယ်။ ပါဗယ်ဒူရော့ဗ်ကို ဖမ်းဆီးတာဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ဝင်ရိုးစုံကမ္ဘာဖန်တီးမှုကို ထောက်ခံတဲ့သူတွေအတွက်တော့ စိတ်တိုစရာကိစ္စတစ်ခုပဲဖြစ်ပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။
ရုရှားသံရုံးက 'ပါဗယ်ဒူရော့ဗ်ဖမ်းဆီးခံရတာကို သိသိချင်းမှာပဲ ကျွန်တော်တို့ ပြင်သစ်အာဏာပိုင်တွေကို ချက်ချင်းဆက်သွယ်ခဲ့ပြီး ဖမ်းဆီးရတဲ့အကြောင်းအရင်းကို ရှင်းပြချက်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ပြီးတော့ ပါဗယ်ဒူရော့ဗ်ရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့နဲ့ သူ့အတွက် ကောင်စစ်ဝန်ရုံးအကူအညီတွေ ဝင်ရောက်ခွင့်ပေးဖို့လည်း ပြင်သစ်အာဏာပိုင်တွေကို ကျွန်တော်တို့တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း တောင်းဆိုမှုတွေနဲ့ပတ်သက်ပြီး ပြင်သစ်ဘက်က ပြန်လည်တုံ့ပြန်တာမျိုးတော့ မရှိသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့ကို ပြင်သစ်ဘက်က ရှောင်နေခဲ့ပါတယ်'လို့ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
zawgyi version
တယ္လီဂရမ္အပ္ပ္တည္ေထာင္သူ ႐ုရွားႏိုင္ငံသားပါဗယ္ဒူေရာ့ဗ္ကို ျပန္လႊတ္ေပးဖို႔ ကမာၻေက်ာ္ဘီလ်ံနာအီလြန္မတ္ေတာင္းဆို
Pika (NP News) - ဩဂုတ္ ၂၆
ျပင္သစ္ႏိုင္ငံမွာဖမ္းဆီးခံခဲ့ရတဲ့ တယ္လီဂရမ္အပ္ပ္တည္ေထာင္သူ ႐ုရွားႏိုင္ငံသားပါဗယ္ဒူေရာ့ဗ္ကို ျပန္လႊတ္ေပးဖို႔ ကမာၻေက်ာ္ဘီလ်ံနာအီလြန္မတ္က တိုက္တြန္းေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။
ပါဗယ္ဒူေရာ့ဗ္ကို ဖမ္းဆီးမႈနဲ႔ပတ္သက္ၿပီး အေၾကာင္းျပခ်က္ေပးဖို႔ ျပင္သစ္အာဏာပိုင္ေတြကို ျပင္သစ္မွာရွိတဲ့ ႐ုရွားသံ႐ုံးကလည္း တိုက္တြန္းေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။ ႐ုရွားအစိုးရအေနနဲ႔ ပါဗယ္ဒူေရာ့ဗ္ကို ခ်က္ခ်င္းျပန္လႊတ္ေပးဖို႔ ျပင္သစ္အစိုးရကို ေတာင္းဆိုသင့္တယ္လို႔ ႐ုရွားထိပ္တန္းလႊတ္ေတာ္အမတ္ Vladislav Davankov ကလည္း ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ႏိုင္ငံတကာလူ႔အခြင့္အေရးအဖြဲ႕အစည္းေတြအေနနဲ႔ ပါဗယ္ဒူေရာ့ဗ္ကို ဖမ္းဆီးမႈနဲ႔ပတ္သက္ၿပီး ျပင္သစ္ႏိုင္ငံကို ဖိအားေပးသင့္တယ္လို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ အမ်ိဳးသမီး မာရီယာဇာခါ႐ိုဗာက ေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။
ပါဗယ္ဒူေရာ့ဗ္ဟာ ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕ကို ကိုယ္ပိုင္ဂ်က္ေလယာဥ္နဲ႔ေရာက္ရွိလာၿပီးေနာက္ ျပင္သစ္ရဲတပ္ဖြဲ႕ရဲ႕ဖမ္းဆီးျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။ ပါဗယ္ဒူေရာ့ဗ္ဟာ အဇာဘိုင္ဂ်န္ႏိုင္ငံကေန ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕ကို ၎ရဲ႕ကိုယ္ပိုင္ဂ်က္ေလယာဥ္နဲ႔ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ၎နဲ႔အတူ အမ်ိဳးသမီးတစ္ဦးနဲ႔ သက္ေတာ္ေစာင့္တစ္ဦးတို႔လည္း လိုက္ပါလာခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ျပင္သစ္ႏိုင္ငံပိုင္႐ုပ္သံလိုင္း LCI ရဲ႕အဆိုအရ ျပင္သစ္အာဏာပိုင္ေတြဟာ အေစာပိုင္းစုံစမ္းစစ္ေဆးမႈတစ္စိတ္တစ္ပိုင္းအေနနဲ႔ ပါဗယ္ဒူေရာ့ဗ္ကို ဖမ္းဝရမ္းထုတ္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
႐ုရွားလူ႔အခြင့္အေရးအဖြဲ႕အရာရွိ Tatyana Moskalkova က'ပါဗယ္ဒူေရာ့ဗ္ကို ဖမ္းဆီးမႈရဲ႕ ေနာက္ကြယ္ကအဓိကအေၾကာင္းအရင္းက ကမာၻ႔အေရးနဲ႔ပတ္သက္တဲ့ အမွန္တရားေတြကို ရွာေဖြေတြ႕ရွိႏိုင္တဲ့ တယ္လီဂရမ္အပ္ပ္ကို ပိတ္ပစ္ဖို႔ ႀကိဳးပမ္းတာမ်ိဳးျဖစ္ပါတယ္။ ပါဗယ္ဒူေရာ့ဗ္ကို ဖမ္းဆီးတာဟာ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္နဲ႔ ဝင္႐ိုးစုံကမာၻဖန္တီးမႈကို ေထာက္ခံတဲ့သူေတြအတြက္ေတာ့ စိတ္တိုစရာကိစၥတစ္ခုပဲျဖစ္ပါတယ္'လို႔ ေျပာဆိုခဲ့ပါတယ္။
႐ုရွားသံ႐ုံးက 'ပါဗယ္ဒူေရာ့ဗ္ဖမ္းဆီးခံရတာကို သိသိခ်င္းမွာပဲ ကြၽန္ေတာ္တို႔ ျပင္သစ္အာဏာပိုင္ေတြကို ခ်က္ခ်င္းဆက္သြယ္ခဲ့ၿပီး ဖမ္းဆီးရတဲ့အေၾကာင္းအရင္းကို ရွင္းျပခ်က္ေပးဖို႔ေတာင္းဆိုခဲ့ပါတယ္။ၿပီးေတာ့ ပါဗယ္ဒူေရာ့ဗ္ရဲ႕ အခြင့္အေရးေတြကို အကာအကြယ္ေပးဖို႔နဲ႔ သူ႔အတြက္ ေကာင္စစ္ဝန္႐ုံးအကူအညီေတြ ဝင္ေရာက္ခြင့္ေပးဖို႔လည္း ျပင္သစ္အာဏာပိုင္ေတြကို ကြၽန္ေတာ္တို႔ေတာင္းဆိုခဲ့ပါတယ္။ ဒါေပမဲ့လည္း ေတာင္းဆိုမႈေတြနဲ႔ပတ္သက္ၿပီး ျပင္သစ္ဘက္က ျပန္လည္တုံ႔ျပန္တာမ်ိဳးေတာ့ မရွိေသးပါဘူး။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ပူးေပါင္းေဆာင္႐ြက္မႈေတြလုပ္ေဆာင္ဖို႔ကို ျပင္သစ္ဘက္က ေရွာင္ေနခဲ့ပါတယ္'လို႔ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။