၀န်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာနှင့် ဝန်ကြီးဟောင်းများ၏ သံတမန်ရေးပတ်စ်ပို့ကို ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရ ရုပ်သိမ်း
469
ဂျန်ဇက် (NP News) - ဩဂုတ် ၂၆
ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရသည် အိန္ဒိယနိုင်ငံ သို့ထွက်ပြေးသွားခဲ့သော ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာနှင့် ၎င်း၏အစိုးရအဖွဲ့တွင်ပါဝင်ခဲ့ဖူးသည့် အစိုးရအဖွဲ့ဝန်ကြီးဟောင်းများ၏သံတမန်ရေး ဆိုင်ရာပတ်စ်ပို့ကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ ကုလသမဂ္ဂအဖွဲ့ တာဝန်ရှိသူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူ ပေါင်း(၄၅၀)ဦး သေဆုံးစေခဲ့သော ဇူလိုင်လအတွင်း စတင်ခဲ့သည့် ဆန္ဒပြပွဲများအတွင်းလူ့အခွင့်ရေးချိုး ဖောက်မှုများရှိသည်ဆိုသော စွပ်စွဲချက်များကို စုံစမ်း စစ်ဆေးရန်စဉ်းစားနေချိန်တွင် ဘင်္ဂလားဒေ့ရှ်ယာယီ အစိုးရက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာနှင့် ဝန်ကြီးဟောင်းများကို သံတမန်ရေးပတ်စ်ပို့များ ပြန်ရုပ်သိမ်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့က ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို နိုင်ငံကူးပတ်စ်ပို့အသစ် လျှောက်ထားရန် လမ်းဖွင့်ထားဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့၏ ပြည်ထဲရေးဝန်ကြီးဌာနက ရှိတ်ဟာစီနာအပြင် ယခင်အစိုးရအဖွဲ့တွင်ပါဝင်ခဲ့သော ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၏သံတမန် ရေးဆိုင်ရာပတ်စ်ပို့ကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်းသတင်းထုတ်ပြန်ထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇူလိုင်လအတွင်း စတင်ခဲ့သော တက္ကသိုလ်ကျောင်းသားများ ဦးဆောင် သော ဆန္ဒပြပွဲများကို ရဲတပ်ဖွဲ့များက အင်အားသုံး ဖြိုခွင်းခဲ့ကြောင်း စွပ်စွဲမှုများလည်း ထွက်ပေါ်ခဲ့သည်။ တက္ကသိုလ်ကျောင်းသားများ ဦးဆောင်သောဆန္ဒပြပွဲ များအရှိန်မြင့်တက်လာခဲ့ပြီးနောက် ဝန်ကြီးချုပ် ရှိတ်ဟာစီနာသည် ဩဂုတ်လအစောပိုင်းတွင် ရာထူးမှ နုတ်ထွက်ကာ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြောင်းသိရသည်။ ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရတာဝန်ယူနေချိန်ကာလအတွင်း လူပေါင်း (၄၅၀) သေဆုံးစေခဲ့သောဆန္ဒပြပွဲများနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ် ရှိတ်ဟာစီနာနှင့် ဝန်ကြီးအချို့ကို လူသတ်မှုဖြင့် တရားစွဲခြင်းများလည်း ရှိနေကြောင်းသိရသည်။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီသည် ရှိတ်ဟာစီနာနှင့် ပုဂ္ဂိုလ်ရေးရင်းနှီးသည့်အတွက် အိန္ဒိယနိုင်ငံတွင်နေထိုင်ခွင့်ပေးထားပြီး ယူနွတ်ဦးဆောင်သော ဘင်္ဂလား ဒေ့ရှ် ယာယီအစိုးရအဖွဲ့ကိုလည်း ထောက်ခံကြောင်း ပြောဆိုထားသည်။ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရသည် လူသတ်မှုဖြင့်စွဲချက်တင်ခံထားရသော ရှိတ်ဟာစီနာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းယူရန် ကြိုးပမ်းမှုများ လည်းရှိနေကြောင်း ဘင်္ဂလားဒေ့ရှ် အခြေ စိုက်မီဒီယာများတွင် ဖော်ပြထားသည်။
zawgyi version
၀န္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာႏွင့္ ဝန္ႀကီးေဟာင္းမ်ား၏ သံတမန္ေရးပတ္စ္ပို႔ကို ဘဂၤလားေဒ့ရွ္ယာယီအစိုးရ ႐ုပ္သိမ္း
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၂၆
ဘဂၤလားေဒ့ရွ္ယာယီအစိုးရသည္ အိႏၵိယႏိုင္ငံ သို႔ထြက္ေျပးသြားခဲ့ေသာ ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာႏွင့္ ၎၏အစိုးရအဖြဲ႕တြင္ပါဝင္ခဲ့ဖူးသည့္ အစိုးရအဖြဲ႕ဝန္ႀကီးေဟာင္းမ်ား၏သံတမန္ေရး ဆိုင္ရာပတ္စ္ပို႔ကို ျပန္လည္႐ုပ္သိမ္းလိုက္ေၾကာင္း သတင္းထုတ္ျပန္လိုက္သည္။ ကုလသမဂၢအဖြဲ႕ တာဝန္ရွိသူမ်ားသည္ ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ လူ ေပါင္း(၄၅၀)ဦး ေသဆုံးေစခဲ့ေသာ ဇူလိုင္လအတြင္း စတင္ခဲ့သည့္ ဆႏၵျပပြဲမ်ားအတြင္းလူ႔အခြင့္ေရးခ်ိဳး ေဖာက္မႈမ်ားရွိသည္ဆိုေသာ စြပ္စြဲခ်က္မ်ားကို စုံစမ္း စစ္ေဆးရန္စဥ္းစားေနခ်ိန္တြင္ ဘဂၤလားေဒ့ရွ္ယာယီ အစိုးရက ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာႏွင့္ ဝန္ႀကီးေဟာင္းမ်ားကို သံတမန္ေရးပတ္စ္ပို႔မ်ား ျပန္႐ုပ္သိမ္းရန္ စီစဥ္ခဲ့ျခင္းျဖစ္သည္။ ဘဂၤလားေဒ့ရွ္ ယာယီအစိုးရအဖြဲ႕က ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာကို ႏိုင္ငံကူးပတ္စ္ပို႔အသစ္ ေလွ်ာက္ထားရန္ လမ္းဖြင့္ထားဆဲျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။
ဘဂၤလားေဒ့ရွ္ ယာယီအစိုးရအဖြဲ႕၏ ျပည္ထဲေရးဝန္ႀကီးဌာနက ရွိတ္ဟာစီနာအျပင္ ယခင္အစိုးရအဖြဲ႕တြင္ပါဝင္ခဲ့ေသာ ဝန္ႀကီးမ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္းမ်ား၏သံတမန္ ေရးဆိုင္ရာပတ္စ္ပို႔ကို ျပန္လည္႐ုပ္သိမ္းလိုက္ေၾကာင္းသတင္းထုတ္ျပန္ထားသည္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ ဇူလိုင္လအတြင္း စတင္ခဲ့ေသာ တကၠသိုလ္ေက်ာင္းသားမ်ား ဦးေဆာင္ ေသာ ဆႏၵျပပြဲမ်ားကို ရဲတပ္ဖြဲ႕မ်ားက အင္အားသုံး ၿဖိဳခြင္းခဲ့ေၾကာင္း စြပ္စြဲမႈမ်ားလည္း ထြက္ေပၚခဲ့သည္။ တကၠသိုလ္ေက်ာင္းသားမ်ား ဦးေဆာင္ေသာဆႏၵျပပြဲ မ်ားအရွိန္ျမင့္တက္လာခဲ့ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာသည္ ဩဂုတ္လအေစာပိုင္းတြင္ ရာထူးမွ ႏုတ္ထြက္ကာ အိႏၵိယႏိုင္ငံဘက္သို႔ ထြက္ေျပးခဲ့ေၾကာင္းသိရသည္။ ဘဂၤလားေဒ့ရွ္ယာယီအစိုးရတာဝန္ယူေနခ်ိန္ကာလအတြင္း လူေပါင္း (၄၅၀) ေသဆုံးေစခဲ့ေသာဆႏၵျပပြဲမ်ားႏွင့္ပတ္သက္ၿပီး ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာႏွင့္ ဝန္ႀကီးအခ်ိဳ႕ကို လူသတ္မႈျဖင့္ တရားစြဲျခင္းမ်ားလည္း ရွိေနေၾကာင္းသိရသည္။ အိႏၵိယႏိုင္ငံဝန္ႀကီးခ်ဳပ္ မိုဒီသည္ ရွိတ္ဟာစီနာႏွင့္ ပုဂၢိဳလ္ေရးရင္းႏွီးသည့္အတြက္ အိႏၵိယႏိုင္ငံတြင္ေနထိုင္ခြင့္ေပးထားၿပီး ယူႏြတ္ဦးေဆာင္ေသာ ဘဂၤလား ေဒ့ရွ္ ယာယီအစိုးရအဖြဲ႕ကိုလည္း ေထာက္ခံေၾကာင္း ေျပာဆိုထားသည္။ ဘဂၤလားေဒ့ရွ္ ယာယီအစိုးရသည္ လူသတ္မႈျဖင့္စြဲခ်က္တင္ခံထားရေသာ ရွိတ္ဟာစီနာကို ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ ျပန္လည္လႊဲေျပာင္းယူရန္ ႀကိဳးပမ္းမႈမ်ား လည္းရွိေနေၾကာင္း ဘဂၤလားေဒ့ရွ္ အေျခ စိုက္မီဒီယာမ်ားတြင္ ေဖာ္ျပထားသည္။