အမေရိကန်ကုမ္ပဏီအများအပြားက AI နည်းပညာကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်နေ

 187

Pika (NP News) - ဩဂုတ် ၂၇

AI နည်းပညာကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်ကြသော အမေရိကန်ကုမ္ပဏီအရေအတွက်မှာ ပြီးခဲ့သည့်(၂)နှစ်အတွင်း (၅)ဆကျော်မြင့်တက်သွားခဲ့ကြောင်း စစ်တမ်းများကို ကိုးကားပြီး Financial Times သတင်းစာက ရေးသားဖော်ပြခဲ့သည်။

အမေရိ ကန်၏ အကြီးဆုံးကုမ္ပဏီများ၏ထက်ဝက်ကျော်(၅၆) ရာခိုင်နှုန်းသည် ၎င်းတို့ နှစ်ပတ်လည် အစီရင်ခံစာများတွင် AI နည်းပညာကို အန္တရာယ်ရှိသည့် နည်းပညာတစ်ခုအဖြစ် ကိုးကားထားကြကြောင်း စီးပွားရေး လုပ်ငန်းကြီးများ၏ ထုတ်ဖော်ပြောဆိုချက်များကို ခြေရာခံသည့် ပလက်ဖောင်း Arize AI ၏ စစ်တမ်းများအရ သိရသည်။

(၂၀၂၂) ခုနှစ်တွင် AI နည်းပညာကို ခြိမ်းခြောက်မှု တစ်ခုအဖြစ် ရှုမြင်ကြသော အမေရိကန် ကုမ္ပဏီအရေအတွက်မှာ(၉)ရာခိုင်နှုန်းသာရှိခဲ့ကြောင်း FT က မှတ်ချက်ပြု ရေးသားဖော်ပြခဲ့သည်။ အဆိုပါ စစ်တမ်းသည် စုစုပေါင်းဝင်ငွေအပေါ် အခြေခံကာ Fortune မဂ္ဂဇင်းက စာရင်းပြုစုထားသော အမေရိကန်၏အကြီးဆုံး စီးပွားရေးလုပ်ငန်း(၅၀ဝ)၏ နှစ်စဉ်အဆင့် သတ်မှတ်ချက်ဖြစ်သည့် Fortune 500 စာရင်းအပေါ်တွင် အခြေခံကောက်ယူထားခြင်း ဖြစ်ကြောင်းသိရသည်။ AI နည်းပညာ၏ အန္တရာယ်များနှင့်ပတ်သက်ပြီး ဘဏ္ဍာရေးအစီရင်ခံစာများတွင် ဖော်ပြထားသောအချက်အလက်များအရ အချို့ ကုမ္ပဏီများသည် အဆိုပါနည်းပညာကို အခြားကုမ္ပဏီများထက် ပိုမိုလျင်မြန်စွာအသုံးချနိုင်လာလိမ့်မည် ဆိုသည့် စိုးရိမ်ပူပန်မှုများကို မြင့်တက်လာစေခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် လူ့အခွင့်အရေး၊ အလုပ်အကိုင်၊ ကိုယ်ရေးကိုယ်တာများအပေါ် AI နည်းပညာ၏ အလားအလာရှိသော အကျိုးသက် ရောက်မှုများနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများလည်း မြင့်တက်နေကြောင်းသိရသည်။

တယ်လီကွန်းအဖွဲ့ Motorola က “AI နည်းပညာဟာ ရည်ရွယ်ထားတဲ့ အတိုင်း အမြဲတမ်းလည်ပတ်နေမှာမဟုတ်ပါဘူး။ ပြီးတော့ ဒေတာတွေနဲ့ပတ်သက်တဲ့ လုပ်ဆောင်မှုတွေက တရားမဝင်တာမျိုးနဲ့ အန္တရာယ်ရှိတဲ့သတင်း အချက်အလက်တွေသာ ပါဝင်ခဲ့မယ်ဆိုရင် အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာပါ လိမ့်မယ်။ ဒီလိုအကျိုးသက်ရောက်မှုတွေက ကုမ္ပဏီတစ်ခုရဲ့ ဝင်ငွေနဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါ လိမ့်မယ်” ဟုပြောဆိုခဲ့သည်။ Netflix နှင့် Disney အပါအဝင် ကုမ္ပဏီများ၏ (၉၀) ရာခိုင်နှုန်းကျော်သည် ယခုနှစ်အတွင်း လျင်မြန်စွာ ကြီးထွားလာနေသော AI နည်းပညာကို စီးပွားရေးအန္တရာယ်အဖြစ် ရှုမြင် ထားကြပြီး သတင်းမီဒီယာနှင့် ဖျော်ဖြေရေးလုပ်ငန်းတို့သည် AI နည်းပညာကြီးထွားလာမှုနှင့်ပတ်သက်ပြီး အစိုးရိမ်ရဆုံးလုပ်ငန်းများဖြစ်လာခဲ့ကြောင်းလည်း သိရသည်။

zawgyi version
အေမရိကန္ကုမၸဏီအမ်ားအျပားက AI နည္းပညာကို ၿခိမ္းေျခာက္မႈတစ္ခုအျဖစ္ ရႈျမင္ေန
Pika (NP News) - ဩဂုတ္ ၂၇

AI နည္းပညာကို ၿခိမ္းေျခာက္မႈတစ္ခုအျဖစ္ ရႈျမင္ၾကေသာ အေမရိကန္ကုမၸဏီအေရအတြက္မွာ ၿပီးခဲ့သည့္(၂)ႏွစ္အတြင္း (၅)ဆေက်ာ္ျမင့္တက္သြားခဲ့ေၾကာင္း စစ္တမ္းမ်ားကို ကိုးကားၿပီး Financial Times သတင္းစာက ေရးသားေဖာ္ျပခဲ့သည္။

အေမရိ ကန္၏ အႀကီးဆုံးကုမၸဏီမ်ား၏ထက္ဝက္ေက်ာ္(၅၆) ရာခိုင္ႏႈန္းသည္ ၎တို႔ ႏွစ္ပတ္လည္ အစီရင္ခံစာမ်ားတြင္ AI နည္းပညာကို အႏၲရာယ္ရွိသည့္ နည္းပညာတစ္ခုအျဖစ္ ကိုးကားထားၾကေၾကာင္း စီးပြားေရး လုပ္ငန္းႀကီးမ်ား၏ ထုတ္ေဖာ္ေျပာဆိုခ်က္မ်ားကို ေျခရာခံသည့္ ပလက္ေဖာင္း Arize AI ၏ စစ္တမ္းမ်ားအရ သိရသည္။

(၂၀၂၂) ခုႏွစ္တြင္ AI နည္းပညာကို ၿခိမ္းေျခာက္မႈ တစ္ခုအျဖစ္ ရႈျမင္ၾကေသာ အေမရိကန္ ကုမၸဏီအေရအတြက္မွာ(၉)ရာခိုင္ႏႈန္းသာရွိခဲ့ေၾကာင္း FT က မွတ္ခ်က္ျပဳ ေရးသားေဖာ္ျပခဲ့သည္။ အဆိုပါ စစ္တမ္းသည္ စုစုေပါင္းဝင္ေငြအေပၚ အေျခခံကာ Fortune မဂၢဇင္းက စာရင္းျပဳစုထားေသာ အေမရိကန္၏အႀကီးဆုံး စီးပြားေရးလုပ္ငန္း(၅၀ဝ)၏ ႏွစ္စဥ္အဆင့္ သတ္မွတ္ခ်က္ျဖစ္သည့္ Fortune 500 စာရင္းအေပၚတြင္ အေျခခံေကာက္ယူထားျခင္း ျဖစ္ေၾကာင္းသိရသည္။ AI နည္းပညာ၏ အႏၲရာယ္မ်ားႏွင့္ပတ္သက္ၿပီး ဘ႑ာေရးအစီရင္ခံစာမ်ားတြင္ ေဖာ္ျပထားေသာအခ်က္အလက္မ်ားအရ အခ်ိဳ႕ ကုမၸဏီမ်ားသည္ အဆိုပါနည္းပညာကို အျခားကုမၸဏီမ်ားထက္ ပိုမိုလ်င္ျမန္စြာအသုံးခ်ႏိုင္လာလိမ့္မည္ ဆိုသည့္ စိုးရိမ္ပူပန္မႈမ်ားကို ျမင့္တက္လာေစခဲ့ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ လူ႔အခြင့္အေရး၊ အလုပ္အကိုင္၊ ကိုယ္ေရးကိုယ္တာမ်ားအေပၚ AI နည္းပညာ၏ အလားအလာရွိေသာ အက်ိဳးသက္ ေရာက္မႈမ်ားႏွင့္ပတ္သက္ၿပီး စိုးရိမ္ပူပန္မႈမ်ားလည္း ျမင့္တက္ေနေၾကာင္းသိရသည္။

တယ္လီကြန္းအဖြဲ႕ Motorola က “AI နည္းပညာဟာ ရည္႐ြယ္ထားတဲ့ အတိုင္း အၿမဲတမ္းလည္ပတ္ေနမွာမဟုတ္ပါဘူး။ ၿပီးေတာ့ ေဒတာေတြနဲ႔ပတ္သက္တဲ့ လုပ္ေဆာင္မႈေတြက တရားမဝင္တာမ်ိဳးနဲ႔ အႏၲရာယ္ရွိတဲ့သတင္း အခ်က္အလက္ေတြသာ ပါဝင္ခဲ့မယ္ဆိုရင္ အပ်က္သေဘာေဆာင္တဲ့ အက်ိဳးသက္ေရာက္မႈေတြ ရွိလာပါ လိမ့္မယ္။ ဒီလိုအက်ိဳးသက္ေရာက္မႈေတြက ကုမၸဏီတစ္ခုရဲ႕ ဝင္ေငြနဲ႔ ဂုဏ္သိကၡာကို ထိခိုက္ေစပါ လိမ့္မယ္” ဟုေျပာဆိုခဲ့သည္။ Netflix ႏွင့္ Disney အပါအဝင္ ကုမၸဏီမ်ား၏ (၉၀) ရာခိုင္ႏႈန္းေက်ာ္သည္ ယခုႏွစ္အတြင္း လ်င္ျမန္စြာ ႀကီးထြားလာေနေသာ AI နည္းပညာကို စီးပြားေရးအႏၲရာယ္အျဖစ္ ရႈျမင္ ထားၾကၿပီး သတင္းမီဒီယာႏွင့္ ေဖ်ာ္ေျဖေရးလုပ္ငန္းတို႔သည္ AI နည္းပညာႀကီးထြားလာမႈႏွင့္ပတ္သက္ၿပီး အစိုးရိမ္ရဆုံးလုပ္ငန္းမ်ားျဖစ္လာခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.