ထိုင်းဝန်ကြီးချုပ်အသစ်အဖြစ် တာဝန်ယူမယ့် "ပေထုံတန်ရှင်နာဝါရာ" အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)

 9690

ဂျန်ဇက် (NP News) - ဩဂုတ် ၂၈

မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာတွေဖြစ်ပွား နေချိန်မှာပဲ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလား ဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတို့မှာလည်း နိုင်ငံရေးအငြင်းပွားမှု တွေကြောင့် အစိုးရအဖွဲ့ဝန်ကြီးချုပ်တွေ အပြောင်း အလဲဖြစ်လာခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆိုရင် တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲ တွေကြောင့် ဝန်ကြီးချုပ်ရှိတ်ဟာစီနာ ရာထူးက နုတ်ထွက်ကာ ပြည်ပထွက်ပြေးခဲ့ရသလို ထိုင်းနိုင်ငံ မှာဆိုရင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေချိုးဖောက်မှုတွေအတွက် ရာထူးက ဖယ်ရှားလိုက်ပါတယ်။ ဆာရက်သာတာဗီဆင် ရာထူးက ဖယ်ရှားခံလိုက်ရပြီးနောက် အာဏာရပါတီ ဖြစ်တဲ့ ဖြူထိုင်းပါတီဟာ ပါတီခေါင်းဆောင်တစ်ဦး ဖြစ်သူ ပေထုံတန် ရှင်နာဝါထရာကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ဖို့ လွှတ်တော်မှာအဆိုပြုတင်သွားခဲ့ရာ မဲခွဲဆုံးဖြတ်ချိန်မှာ ရှင်နာဝါထရာကို ဝန်ကြီးချုပ် အဖြစ်ခန့်အပ်ဖို့ လွှတ်တော်ကိုယ်စားလှယ်အများစု ထောက်ခံခဲ့ပါတယ်။ ထိုင်းဘုရင်ကိုယ်တိုင်ကလည်းပေထုံတန်ရှင်နာဝါထရာကို ထိုင်းဝန်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ ဩဂုတ် (၁၈) ရက်နေ့က အတည်ပြုပေးလိုက်ပြီဖြစ်ပါတယ်။

ရှင်နာဝါထရာဟာ လက်ရှိအချိန်မှာအသက် ၃၇ နှစ်အရွယ်သာရှိသေးတဲ့အတွက် ထိုင်းနိုင်ငံရေး သမိုင်းမှာ အသက်အငယ်ဆုံးဝန်ကြီးချုပ်ဖြစ်လာသလို ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်လည်းဖြစ်လာခဲ့ပါတယ်။ ရှင်နာဝါထရာဟာ ထိုင်းနိုင်ငံရေးလောကမှာ ဩဇာကြီးမားတဲ့နိုင်ငံရေးသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာရဲ့သမီးငယ်ဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း ယင်လတ်ရဲ့ တူမတော်စပ်သူလည်းဖြစ်ပါတယ်။ပီတွန် တန်ရှင်နာဝါထရာဟာ (၁၉၈၆)ခုနှစ် ဩဂုတ် ၂၁ရက် နေ့မှာမွေးဖွားခဲ့ပြီး (၂၀၂၀) နောက်ပိုင်း ထိုင်းနိုင်ငံရေး လောကကို ဝင်ရောက်ပြီးနောက် သုံးနှစ်ကျော်အကြာ မှာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူခွင့်ရခဲ့သူဖြစ်ရာ နိုင်ငံ ရေးအတွေ့ကြုံပိုင်းအားနည်းသူတစ်ဦးအဖြစ် သတ် မှတ်နိုင်သလို ဖခင်ဖြစ်သူဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ပရောက်ဆီ ''proxy" တစ်ဦးသာဖြစ်တယ်လို့ သတ် မှတ်ပြောဆိုခံနေရသူဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ဖြူထိုင်းပါတီကို ဦးဆောင်တည်ထောင် ခဲ့ပြီး ထိုင်းပြည်သူတွေကြားမှာ လူကြိုက်များတဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ရာထူးကဖယ်ရှားခံခဲ့ရ ပါတယ်။ ပြည်ပြေးအဖြစ်နေထိုင်နေရချိန်မှာလည်း ၎င်းရဲ့ဩဇာအရှိန်အဝါကြီးမားတဲ့အတွက် ညီမဖြစ်သူ ယင်လတ်ဟာ ဖြူထိုင်းပါတီကို ဆက်လက်ဦးဆောင်ပြီး ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရကာ အစ်ကိုဖြစ်သူ သက်ဆင်ကနောက်ကွယ်က ကြိုးကိုင်နေခဲ့တယ်လို့ သတင်းတွေက်ပေါ်ခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာလည်း ပေထုံတန် ရှင်နာဝါထရာဟာ အတွေ့ကြုံနည်းပေမယ့် ဖခင်ဖြစ်သူနဲ့ အဒေါ်ဖြစ်သူတို့ရဲ့ဩဇာတွေ ကြောင့် ထိုင်းဝန်ကြီးချုပ်အဖြစ် ဆက်လက်ရွေးချယ်ခံ ရတာဖြစ်တယ်လို့ ခန့်မှန်းမှုတွေ ရှိနေပါတယ်။Ung-Ingအဖြစ် ချစ်စနိုးအခေါ်ခံရတဲ့ ပေထုံတန်ရှင်နာ ဝါထရာဟာ ထိုင်းနိုင်ငံရေးလောကကို မဝင်ရောက်ခင် မိသားစုစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ ဟိုတယ် လုပ်ငန်းကို ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ပေထုံတန်ဟာ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွမ် တက္ကသိုလ်မှာ ပညာသင်ကြားခဲ့သူဖြစ်ပြီး (၂၀၂၃) ခုနှစ် နောက်ပိုင်းတည်းက ထိုင်းအာဏာရပါတီဖြစ်တဲ့ ဖြူထိုင်းပါတီ ခေါင်းဆောင်အဖြစ်ရွေးချယ်ခံခဲ့ရသူ ဖြစ် ပါတယ်။

(၂၀၂၁) ခုနှစ်မှာ ထိုင်းနိုင်ငံရေးလောကကို စတင်ဝင်ရောက်ခဲ့ပြီး အဲဒီအချိန်တုန်းက ဖြူထိုင်း ပါတီအကြံပေးကော်မတီ အကြီးအကဲအဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ပေထုံတန်ရှင်နာဝါထရာဟာ (၂၀၁၉) ခုနှစ်မှာ ၎င်းနဲ့ ချစ်ကြိုက်နေတဲ့ လေယာဉ်မှူး တစ်ဦးဖြစ်သလို စီးပွားရေးသမားတစ်ဦးဖြစ်တဲ့ (Pitaka Suksawat) ပီတာကာဆက်ဆာဝါနဲ့ တရား ဝင်လက်ထပ်ခဲ့ပြီး သားသမီးနှစ်ဦး ရရှိထားသူ ဖြစ်ပါတယ်။ ရှင်နာဝါထရာဟာ ထိုင်းနိုင်ငံမှာ (၂၀၂၃) ခုနှစ်အတွင်း ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ ဖြူထိုင်းပါတီက ရွေးကောက်ထားတဲ့ ဝန်ကြီးချုပ်လောင်း သုံးဦးစာရင်းမှာ ဆာရက်သာ တာဗီဆင်နဲ့အတူ ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ ပေထုံ တန်ရှင်နာဝါထရာဟာ လူမူရေးကိစ္စတွေနဲ့ပတ်သက် ရင် လစ်ဘရယ်ဆန်သူတစ်ဦးဖြစ်ပြီး LGBT အခွင့်ရေးကို အားပေးထောက် ခံခဲ့သလို ကိုယ်တိုင်တက်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ပေထုံတန် ရှင်နာဝါထရာကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်မှုနဲ့ပတ်သက်ပြီး ထင်မြင်ချက်အမျိုးမျိုးထွက်ပေါ်နေပြီး စိန်ခေါ်မှုများစွာရင်ဆိုင်ရဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ရှင်နာဝါထရာဟာ (၂၀၂၃) ခုနှစ်က ကျင်းပခဲ့တဲ့ထိုင်းရွေးကောက်ပွဲမှာကတိပေးပြောဆိုမှုတွေလည်းရှိခဲ့ရာ အဲဒီကတိတွေကို ဝန်ကြီးချုပ်ဖြစ်လာချိန်မှာ လက်တွေ့တာဝန်ယူနိုင် မလားဆိုတာ မေးခွန်းထုတ်မှုတွေရှိနေပါတယ်။

၂၀၂၃ ခုနှစ်က ကျင်းပတဲ့ရွေးကောက်ပွဲအတွင်း အလုပ်သမားတွေရဲ့လုပ်ခလစာကို နှစ်ဆတိုးမြှင့် ပေးဖို့၊ ကျန်းမာရေးလွမ်းခြုံနိုင်မယ့်စနစ် ပိုမိုကောင်း မွန်စေဖို့အပြင် ဘန်ကောက်မြို့ရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ပိုမို ကောင်းမွန်စေဖို့ ကတိ ပြုခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ စည်းမျဉ်းခံဘုရင်စနစ် ကျင့်သုံးခဲ့ပြီးနောက်ပိုင်း စစ်တပ်အာဏာသိမ်းမှု (၁၉) ကြိမ်တွေ့ကြုံခဲ့ဖူးတဲ့နိုင်ငံဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ နိုင်ငံအတွင်း စစ်တပ်လိုလားထောက်ခံ သူတွေနဲ့ ပါတီရှိနေဆဲဖြစ်ရာ ပေထုံတန် ရှင်နာဝါထရာဟာ ဝန်ကြီးချုပ်အာဏာ ဆက်လက် တည်မြဲစေဖို့ ထိုင်းစစ်တပ်ကို ပါးနပ်စွာကိုင်တွယ်နိုင်ဖို့ လိုအပ်နေတယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။ထိုင်းနိုင်ငံရဲ့စီးပွားရေးဟာယခင်ထက်နှိုင်းယှဉ်ရင် ကျဆင်းမှုတွေရှိနေသလို ထိုင်းနိုင်ငံမှာ လူကြိုက် အများဆုံးပါတီတစ်ခုဖြစ်တဲ့ ရှေ့သို့ချီပါတီကို ဖျက်ဆီးလိုက်ခြင်းကြောင့်ဖြစ်လာနိုင်ဖွယ်ရှိနေတဲ့ သက်ရောက်မှုတွေကိုလည်း ပေထုံတန် ရှင်နာဝါထရာ ဦးဆောင်တဲ့ အစိုးရအဖွဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ ရှင်နာဝါထရာ ဦးဆောင်နေတဲ့ ဖြူထိုင်းပါတီဟာ ရွေးကောက်ပွဲကာလတုန်းက ပြည်သူကိုပေးခဲ့တဲ့ ကတိတွေထဲမှာစီးပွားရေးနဲ့ပတ်သက်ပြီးစိန်ခေါ်မှု တွေရင်ဆိုင်နေရတဲ့ ထိုင်းပြည်သူတွေကိုအကူအညီ ဖြစ် စေဖို့"digital wallet"အစီအစဉ်ကို လုပ်ဆောင် မယ်လို့ ကတိပြုခဲ့ပေမယ့် ဆာရက်သာတာဗီဆင် ဦးဆောင်တဲ့ ထိုင်းအစိုးရအဖွဲ့တာဝန်ရှိတဲ့ တစ်နှစ် ကျော်ကာလအတွင်း လက်တွေ့အကောင်ထည်ဖော် နိုင်ခြင်းမရှိသေးပါဘူး၊ အထူးသဖြင့် အဲဒီ "digital wallet"အစီအစဉ်ဟာ ထိုင်းနိုင်ငံမှာအသက် ၁၈ နှစ်နဲ့အထက် အရွယ်ရောက်ပြီးသူတိုင်း ငွေကြေးရမှာ ဖြစ်တဲ့အစီအစဉ်ဖြစ်တဲ့အတွက် လူတိုင်းစိတ်ဝင်စားနေတာမျိုးဖြစ်ရာ ပေထုံတန်ရှင်နာဝါထရာဟာ အဲဒီအစီအစဉ်ကို လက်တွေ့အကောင်ထည်ဖော်ရာမှာဖြစ်ပါတယ်။ ပေထုံတန် ရှင်နာဝါထရာဟာ နိုင်ငံ ရေးအတွေ့ကြုံ နည်းပါးသူဖြစ်တဲ့အတွက် ဝန်ကြီး ချုပ်အဖြစ် တာဝန်ယူချိန်မှာ ရင်ဆိုင်ရမယ့်စိန်ခေါ်မှု တွေနဲ့ မျှော်လင့်မထားဘဲဖြစ်လာနိုင်တဲ့စိန်ခေါ်မှုတွေ ကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာစိတ်ဝင်စားဖွယ် ကောင်းနေပါတယ်။ အထူးသဖြင့် ပေထုံတန်ရှင်နာဝါ ထရာရဲ့ဖခင်ဖြစ်သူ သက်ဆင်၊ အဒေါ်ဖြစ်သူ ယင်လတ်တို့ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း ဖြစ်လာတဲ့နိုင်ငံရေးပြဿနာတွေကို ကောင်းမွန်စွာမဖြေရှင်းနိုင်တဲ့အတွက် ထိုင်းစစ်တပ်ရဲ့အာဏာသိမ်းမှုတွေကိုရင်ဆိုင်ခဲ့ရဖူးပါတယ်။ ပေထုံတန်ရှင်နာဝါထရာလက်ထက်မှာလည်း ဖခင်ဖြစ်သူ၊ အဒေါ်ဖြစ်သူတို့ စစ်အာဏာသိမ်းခြင်းရင်ဆိုင်ခဲ့ရသလိုမျိုးထပ်မံရင် ဆိုင်ရမလား ဒါမှမဟုတ် စစ်တပ်အာဏာအသိမ်းမခံရအောင်၊ ဘယ်လိုမျိုး ပါးနပ်စွာကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။

zawgyi version
ထိုင္းဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ တာဝန္ယူမယ့္ "ေပထုံတန္ရွင္နာဝါရာ" အေၾကာင္း တေစ့တေစာင္း (အတၳဳပၸတၱိ)
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၂၈

ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးျပႆနာေတြျဖစ္ပြား ေနခ်ိန္မွာပဲ အိမ္နီးခ်င္းႏိုင္ငံေတြျဖစ္တဲ့ ဘဂၤလား ေဒ့ရွ္နဲ႔ ထိုင္းႏိုင္ငံတို႔မွာလည္း ႏိုင္ငံေရးအျငင္းပြားမႈ ေတြေၾကာင့္ အစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ေတြ အေျပာင္း အလဲျဖစ္လာခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာဆိုရင္ တကၠသိုလ္ေက်ာင္းသားေတြ ဦးေဆာင္တဲ့ ဆႏၵျပပြဲ ေတြေၾကာင့္ ဝန္ႀကီးခ်ဳပ္ရွိတ္ဟာစီနာ ရာထူးက ႏုတ္ထြက္ကာ ျပည္ပထြက္ေျပးခဲ့ရသလို ထိုင္းႏိုင္ငံ မွာဆိုရင္လည္း ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးက ဝန္ႀကီးခ်ဳပ္ ဆာရက္သာတာဗီဆင္ကို ဖြဲ႕စည္းပုံ အေျခခံဥပေဒခ်ိဳးေဖာက္မႈေတြအတြက္ ရာထူးက ဖယ္ရွားလိုက္ပါတယ္။ ဆာရက္သာတာဗီဆင္ ရာထူးက ဖယ္ရွားခံလိုက္ရၿပီးေနာက္ အာဏာရပါတီ ျဖစ္တဲ့ ျဖဴထိုင္းပါတီဟာ ပါတီေခါင္းေဆာင္တစ္ဦး ျဖစ္သူ ေပထုံတန္ ရွင္နာဝါထရာကို ဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးခ်ယ္ဖို႔ လႊတ္ေတာ္မွာအဆိုျပဳတင္သြားခဲ့ရာ မဲခြဲဆုံးျဖတ္ခ်ိန္မွာ ရွင္နာဝါထရာကို ဝန္ႀကီးခ်ဳပ္ အျဖစ္ခန႔္အပ္ဖို႔ လႊတ္ေတာ္ကိုယ္စားလွယ္အမ်ားစု ေထာက္ခံခဲ့ပါတယ္။ ထိုင္းဘုရင္ကိုယ္တိုင္ကလည္းေပထုံတန္ရွင္နာဝါထရာကို ထိုင္းဝန္ႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္ဖို႔ ဩဂုတ္ (၁၈) ရက္ေန႔က အတည္ျပဳေပးလိုက္ၿပီျဖစ္ပါတယ္။

ရွင္နာဝါထရာဟာ လက္ရွိအခ်ိန္မွာအသက္ ၃၇ ႏွစ္အ႐ြယ္သာရွိေသးတဲ့အတြက္ ထိုင္းႏိုင္ငံေရး သမိုင္းမွာ အသက္အငယ္ဆုံးဝန္ႀကီးခ်ဳပ္ျဖစ္လာသလို ဒုတိယေျမာက္ အမ်ိဳးသမီးဝန္ႀကီးခ်ဳပ္လည္းျဖစ္လာခဲ့ပါတယ္။ ရွင္နာဝါထရာဟာ ထိုင္းႏိုင္ငံေရးေလာကမွာ ဩဇာႀကီးမားတဲ့ႏိုင္ငံေရးသမားတစ္ဦးအျဖစ္ သတ္မွတ္ခံထားရတဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ ရွင္နာဝါထရာရဲ႕သမီးငယ္ျဖစ္ၿပီး ဝန္ႀကီးခ်ဳပ္ေဟာင္း ယင္လတ္ရဲ႕ တူမေတာ္စပ္သူလည္းျဖစ္ပါတယ္။ပီတြန္ တန္ရွင္နာဝါထရာဟာ (၁၉၈၆)ခုႏွစ္ ဩဂုတ္ ၂၁ရက္ ေန႔မွာေမြးဖြားခဲ့ၿပီး (၂၀၂၀) ေနာက္ပိုင္း ထိုင္းႏိုင္ငံေရး ေလာကကို ဝင္ေရာက္ၿပီးေနာက္ သုံးႏွစ္ေက်ာ္အၾကာ မွာ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခြင့္ရခဲ့သူျဖစ္ရာ ႏိုင္ငံ ေရးအေတြ႕ႀကဳံပိုင္းအားနည္းသူတစ္ဦးအျဖစ္ သတ္ မွတ္ႏိုင္သလို ဖခင္ျဖစ္သူဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ရဲ႕ ပေရာက္ဆီ ''proxy" တစ္ဦးသာျဖစ္တယ္လို႔ သတ္ မွတ္ေျပာဆိုခံေနရသူျဖစ္ပါတယ္။

ဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ဟာ ျဖဴထိုင္းပါတီကို ဦးေဆာင္တည္ေထာင္ ခဲ့ၿပီး ထိုင္းျပည္သူေတြၾကားမွာ လူႀကိဳက္မ်ားတဲ့ ႏိုင္ငံေရးသမားတစ္ဦးျဖစ္ၿပီး ရာထူးကဖယ္ရွားခံခဲ့ရ ပါတယ္။ ျပည္ေျပးအျဖစ္ေနထိုင္ေနရခ်ိန္မွာလည္း ၎ရဲ႕ဩဇာအရွိန္အဝါႀကီးမားတဲ့အတြက္ ညီမျဖစ္သူ ယင္လတ္ဟာ ျဖဴထိုင္းပါတီကို ဆက္လက္ဦးေဆာင္ၿပီး ဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးခ်ယ္ခံရကာ အစ္ကိုျဖစ္သူ သက္ဆင္ကေနာက္ကြယ္က ႀကိဳးကိုင္ေနခဲ့တယ္လို႔ သတင္းေတြက္ေပၚခဲ့ဖူးပါတယ္။ လက္ရွိအခ်ိန္မွာလည္း ေပထုံတန္ ရွင္နာဝါထရာဟာ အေတြ႕ႀကဳံနည္းေပမယ့္ ဖခင္ျဖစ္သူနဲ႔ အေဒၚျဖစ္သူတို႔ရဲ႕ဩဇာေတြ ေၾကာင့္ ထိုင္းဝန္ႀကီးခ်ဳပ္အျဖစ္ ဆက္လက္ေ႐ြးခ်ယ္ခံ ရတာျဖစ္တယ္လို႔ ခန႔္မွန္းမႈေတြ ရွိေနပါတယ္။Ung-Ingအျဖစ္ ခ်စ္စႏိုးအေခၚခံရတဲ့ ေပထုံတန္ရွင္နာ ဝါထရာဟာ ထိုင္းႏိုင္ငံေရးေလာကကို မဝင္ေရာက္ခင္ မိသားစုစီးပြားေရးလုပ္ငန္းတစ္ခုျဖစ္တဲ့ ဟိုတယ္ လုပ္ငန္းကို ဦးေဆာင္လုပ္ကိုင္ေနသူ ျဖစ္ပါတယ္။ ေပထုံတန္ဟာ ဘန္ေကာက္ၿမိဳ႕ရွိ ခ်ဴလာေလာင္ကြမ္ တကၠသိုလ္မွာ ပညာသင္ၾကားခဲ့သူျဖစ္ၿပီး (၂၀၂၃) ခုႏွစ္ ေနာက္ပိုင္းတည္းက ထိုင္းအာဏာရပါတီျဖစ္တဲ့ ျဖဴထိုင္းပါတီ ေခါင္းေဆာင္အျဖစ္ေ႐ြးခ်ယ္ခံခဲ့ရသူ ျဖစ္ ပါတယ္။

(၂၀၂၁) ခုႏွစ္မွာ ထိုင္းႏိုင္ငံေရးေလာကကို စတင္ဝင္ေရာက္ခဲ့ၿပီး အဲဒီအခ်ိန္တုန္းက ျဖဴထိုင္း ပါတီအႀကံေပးေကာ္မတီ အႀကီးအကဲအျဖစ္တာဝန္ယူခဲ့သူျဖစ္ပါတယ္။ ေပထုံတန္ရွင္နာဝါထရာဟာ (၂၀၁၉) ခုႏွစ္မွာ ၎နဲ႔ ခ်စ္ႀကိဳက္ေနတဲ့ ေလယာဥ္မႉး တစ္ဦးျဖစ္သလို စီးပြားေရးသမားတစ္ဦးျဖစ္တဲ့ (Pitaka Suksawat) ပီတာကာဆက္ဆာဝါနဲ႔ တရား ဝင္လက္ထပ္ခဲ့ၿပီး သားသမီးႏွစ္ဦး ရရွိထားသူ ျဖစ္ပါတယ္။ ရွင္နာဝါထရာဟာ ထိုင္းႏိုင္ငံမွာ (၂၀၂၃) ခုႏွစ္အတြင္း က်င္းပတဲ့ ေ႐ြးေကာက္ပြဲမွာ ပါဝင္ ယွဥ္ၿပိဳင္ဖို႔ ျဖဴထိုင္းပါတီက ေ႐ြးေကာက္ထားတဲ့ ဝန္ႀကီးခ်ဳပ္ေလာင္း သုံးဦးစာရင္းမွာ ဆာရက္သာ တာဗီဆင္နဲ႔အတူ ပါဝင္ခဲ့သူလည္းျဖစ္ပါတယ္။ ေပထုံ တန္ရွင္နာဝါထရာဟာ လူမူေရးကိစၥေတြနဲ႔ပတ္သက္ ရင္ လစ္ဘရယ္ဆန္သူတစ္ဦးျဖစ္ၿပီး LGBT အခြင့္ေရးကို အားေပးေထာက္ ခံခဲ့သလို ကိုယ္တိုင္တက္ေရာက္ခဲ့သူလည္းျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ေပထုံတန္ ရွင္နာဝါထရာကို ဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးခ်ယ္ခန႔္အပ္မႈနဲ႔ပတ္သက္ၿပီး ထင္ျမင္ခ်က္အမ်ိဳးမ်ိဳးထြက္ေပၚေနၿပီး စိန္ေခၚမႈမ်ားစြာရင္ဆိုင္ရဖြယ္ရွိတယ္လို႔ ဆိုပါတယ္။ ရွင္နာဝါထရာဟာ (၂၀၂၃) ခုႏွစ္က က်င္းပခဲ့တဲ့ထိုင္းေ႐ြးေကာက္ပြဲမွာကတိေပးေျပာဆိုမႈေတြလည္းရွိခဲ့ရာ အဲဒီကတိေတြကို ဝန္ႀကီးခ်ဳပ္ျဖစ္လာခ်ိန္မွာ လက္ေတြ႕တာဝန္ယူႏိုင္ မလားဆိုတာ ေမးခြန္းထုတ္မႈေတြရွိေနပါတယ္။

၂၀၂၃ ခုႏွစ္က က်င္းပတဲ့ေ႐ြးေကာက္ပြဲအတြင္း အလုပ္သမားေတြရဲ႕လုပ္ခလစာကို ႏွစ္ဆတိုးျမႇင့္ ေပးဖို႔၊ က်န္းမာေရးလြမ္းၿခဳံႏိုင္မယ့္စနစ္ ပိုမိုေကာင္း မြန္ေစဖို႔အျပင္ ဘန္ေကာက္ၿမိဳ႕ရဲ႕ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးစနစ္ပိုမို ေကာင္းမြန္ေစဖို႔ ကတိ ျပဳခဲ့ပါတယ္။ ထိုင္းႏိုင္ငံဟာ စည္းမ်ဥ္းခံဘုရင္စနစ္ က်င့္သုံးခဲ့ၿပီးေနာက္ပိုင္း စစ္တပ္အာဏာသိမ္းမႈ (၁၉) ႀကိမ္ေတြ႕ႀကဳံခဲ့ဖူးတဲ့ႏိုင္ငံျဖစ္ပါတယ္။ လက္ရွိ အခ်ိန္မွာ ႏိုင္ငံအတြင္း စစ္တပ္လိုလားေထာက္ခံ သူေတြနဲ႔ ပါတီရွိေနဆဲျဖစ္ရာ ေပထုံတန္ ရွင္နာဝါထရာဟာ ဝန္ႀကီးခ်ဳပ္အာဏာ ဆက္လက္ တည္ၿမဲေစဖို႔ ထိုင္းစစ္တပ္ကို ပါးနပ္စြာကိုင္တြယ္ႏိုင္ဖို႔ လိုအပ္ေနတယ္လို႔ သုံးသပ္မႈေတြလည္းရွိေနပါတယ္။ထိုင္းႏိုင္ငံရဲ႕စီးပြားေရးဟာယခင္ထက္ႏႈိင္းယွဥ္ရင္ က်ဆင္းမႈေတြရွိေနသလို ထိုင္းႏိုင္ငံမွာ လူႀကိဳက္ အမ်ားဆုံးပါတီတစ္ခုျဖစ္တဲ့ ေရွ႕သို႔ခ်ီပါတီကို ဖ်က္ဆီးလိုက္ျခင္းေၾကာင့္ျဖစ္လာႏိုင္ဖြယ္ရွိေနတဲ့ သက္ေရာက္မႈေတြကိုလည္း ေပထုံတန္ ရွင္နာဝါထရာ ဦးေဆာင္တဲ့ အစိုးရအဖြဲ႕ ရင္ဆိုင္ရဖြယ္ရွိေနပါတယ္။ ရွင္နာဝါထရာ ဦးေဆာင္ေနတဲ့ ျဖဴထိုင္းပါတီဟာ ေ႐ြးေကာက္ပြဲကာလတုန္းက ျပည္သူကိုေပးခဲ့တဲ့ ကတိေတြထဲမွာစီးပြားေရးနဲ႔ပတ္သက္ၿပီးစိန္ေခၚမႈ ေတြရင္ဆိုင္ေနရတဲ့ ထိုင္းျပည္သူေတြကိုအကူအညီ ျဖစ္ ေစဖို႔"digital wallet"အစီအစဥ္ကို လုပ္ေဆာင္ မယ္လို႔ ကတိျပဳခဲ့ေပမယ့္ ဆာရက္သာတာဗီဆင္ ဦးေဆာင္တဲ့ ထိုင္းအစိုးရအဖြဲ႕တာဝန္ရွိတဲ့ တစ္ႏွစ္ ေက်ာ္ကာလအတြင္း လက္ေတြ႕အေကာင္ထည္ေဖာ္ ႏိုင္ျခင္းမရွိေသးပါဘူး၊ အထူးသျဖင့္ အဲဒီ "digital wallet"အစီအစဥ္ဟာ ထိုင္းႏိုင္ငံမွာအသက္ ၁၈ ႏွစ္နဲ႔အထက္ အ႐ြယ္ေရာက္ၿပီးသူတိုင္း ေငြေၾကးရမွာ ျဖစ္တဲ့အစီအစဥ္ျဖစ္တဲ့အတြက္ လူတိုင္းစိတ္ဝင္စားေနတာမ်ိဳးျဖစ္ရာ ေပထုံတန္ရွင္နာဝါထရာဟာ အဲဒီအစီအစဥ္ကို လက္ေတြ႕အေကာင္ထည္ေဖာ္ရာမွာျဖစ္ပါတယ္။ ေပထုံတန္ ရွင္နာဝါထရာဟာ ႏိုင္ငံ ေရးအေတြ႕ႀကဳံ နည္းပါးသူျဖစ္တဲ့အတြက္ ဝန္ႀကီး ခ်ဳပ္အျဖစ္ တာဝန္ယူခ်ိန္မွာ ရင္ဆိုင္ရမယ့္စိန္ေခၚမႈ ေတြနဲ႔ ေမွ်ာ္လင့္မထားဘဲျဖစ္လာႏိုင္တဲ့စိန္ေခၚမႈေတြ ကို ဘယ္လိုေက်ာ္ျဖတ္မလဲဆိုတာစိတ္ဝင္စားဖြယ္ ေကာင္းေနပါတယ္။ အထူးသျဖင့္ ေပထုံတန္ရွင္နာဝါ ထရာရဲ႕ဖခင္ျဖစ္သူ သက္ဆင္၊ အေဒၚျဖစ္သူ ယင္လတ္တို႔ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္အတြင္း ျဖစ္လာတဲ့ႏိုင္ငံေရးျပႆနာေတြကို ေကာင္းမြန္စြာမေျဖရွင္းႏိုင္တဲ့အတြက္ ထိုင္းစစ္တပ္ရဲ႕အာဏာသိမ္းမႈေတြကိုရင္ဆိုင္ခဲ့ရဖူးပါတယ္။ ေပထုံတန္ရွင္နာဝါထရာလက္ထက္မွာလည္း ဖခင္ျဖစ္သူ၊ အေဒၚျဖစ္သူတို႔ စစ္အာဏာသိမ္းျခင္းရင္ဆိုင္ခဲ့ရသလိုမ်ိဳးထပ္မံရင္ ဆိုင္ရမလား ဒါမွမဟုတ္ စစ္တပ္အာဏာအသိမ္းမခံရေအာင္၊ ဘယ္လိုမ်ိဳး ပါးနပ္စြာကိုင္တြယ္ေျဖရွင္းမလဲ ဆိုတာ စိတ္ဝင္စားဖြယ္ေကာင္းေနပါတယ္။

Picture

YMT Movie Bank

29/08/2024 02:09

9oo

Related news

© 2021. All rights reserved.