TNLA အုပ်ချုပ်ရေးအောက်က မိုးကုတ်မြို့ခံတွေရဲ့ ဘဝ (အင်တာဗျူး)
11651
သုတကျော် (NP News) - ဩဂုတ် ၂၈
မိုးကုတ်မြို့သည် လက်ရှိတွင် TNLA ၏ ထိန်းချုပ်မှုအောက်တွင်တည်ရှိနေကာ ပြည်သူအများအပြားသည်လည်း စီးပွားရေး အကျပ်အတည်များအကြား ကျရောက်နေရသည်။ ထို့ပြင် စိုးရိမ်ထိတ်လန့်မှုများလည်း ရှိနေရသည်။ ငါနှင့်မတူ ငါ့ရန်သူ အမြင်မျိုးဖြင့် ဒလန်ဟုဆိုကာ သတ်ဖြတ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်မှုများလည်းရှိနေသည်ဖြစ်ရာ ယင်းမြို့က အခြေအနေများနှင့်ပတ်သက်၍ စစ်ဘေးရှောင်လာခဲ့သူ အမျိုးသမီးတစ်ဦးထံ The Statesman ဂျာနယ်မှ မေးမြန်းထားသည်များကို NP News က ထပ်ဆင့်ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး - တိုက်ပွဲစဖြစ်တဲ့အချိန်မှာ စိုးရိမ်မှုတွေရှိခဲ့ ပါသလား။
ဖြေ - စိုးရိမ်တာတော့ တအားတွေ စိုးရိမ်မှုတွေ ရှိခဲ့တာပေါ့။ ဘာလို့လဲဆိုတော့ ကိုယ့်အိမ်နား ကပ်နေတာ ကိုး။ အိမ်နား ပတ်ဝန်းကျင်ကိုလည်း လက်နက်ကြီးတွေ ခဏခဏကျတာ။
မေး - တိုက်ပွဲ မစခင်တုန်းက သူတို့လာမယ်ဆိုတာကို ကြိုပြီး ကောလာဟလသတင်းတွေ ကြားရတာရှိပါသလား။
ဖြေ - မဖြစ်ခင်တည်းက သူတို့ မြို့ထဲရောက်နေပြီ ဆိုတာလည်း ကြားတယ်၊ သိတယ်။ ဘယ်နေ့ကျရင် ဝင်တော့မယ် ဝင်တော့မယ်ဆိုပြီး ခဏခဏ ကြားရတယ်။ အရင်တစ်ခါတုန်းကလည်း အဲဒီလိုကြားပြီးတော့ မိုးမိတ်ဖြစ်ပြီး အေးသွား တော့ ဒီတစ်ခါလည်း အဲဒီလို အေးသွားမယ်ထင်တာလေ။ အခုကျတော့ မအေးတော့ဘဲ အနောက်ပိုင်းမှာ အရင်ဖြစ်ပြီးတော့ တောက်လျှောက် အရှေ့ပိုင်းကို ရောက်လာတာပေါ့။
မေး- တိုက်ပွဲကာလမှာကော ဘယ်လိုစိတ်နဲ့ ရှင်သန်ခဲ့ရပါသလဲ။
ဖြေ- စိုးရိမ်ကြောင့်ကြမှုတွေနဲ့ နေခဲ့ရတာပေါ့။ အနောက်ပိုင်းကိုလည်း အရှေ့ပိုင်းကနေ လက်နက်ကြီးနဲ့ ပစ်တယ်လေ။ လက်နက်ကြီးသံ ကြားတည်းကကို ကြောက်လန့်နေရပြီလေ။ ဘယ်နေ့ ကိုယ့်အိမ်ပေါ် ကျမလဲဆိုပြီး စိုးရိမ်နေရတာ။ တိုက်ပွဲက ကိုယ့်အိမ် နားမှာ ဖြစ်တာလေ။ ပြေးစရာလည်း မြေမရှိဘူး။ ဗုံးခိုကျင်းတူးဖို့လည်း မလွယ်ဘူး။ ဖုန်းလိုင်းလည်း မရတော့ အဆက်အသွယ်တွေလည်း ပြတ်သွားတာ။
မေး- အရင်တုန်းကတော့ တိုက်ပွဲနဲ့ပတ်သက်လို့ ကိုယ်တိုင်ကြုံရတဲ့ အတွေ့အကြုံရှိလား။
ဖြေ- မိုးကုတ်မှာ ဖြစ်တာကတော့ ပထမဆုံးပါပဲ။
မေး- တိုက်ပွဲကာလမှာ စိုးရိမ်မှုတွေက ဘယ်လိုရှိခဲ့ပါသလဲ။
ဖြေ- ခံစားရတာကတော့ အစုံပါပဲ။ အိမ်မှာက အမေအိုကလည်း ရှိတယ်။ ကလေးပေါက်စလေးလည်း ရှိတော့ စိုးရိမ် တာရော ထိတ်လန့်တာရော အကုန်ပါပဲ။
မေး- လျှပ်စစ်မီးတွေကကော ဘယ်အချိန်လောက်မှာ စပြတ်တာပါလဲ။
ဖြေ- တိုက်ပွဲဖြစ်ပြီးတော့ နှစ်ရက်၊ သုံးရက်နေတော့ ပြတ်သွားတာပဲ။ ဆည်တော်ဘက်ကနေ မီးယူတာဆိုတော့ ဆည် တော်ဘက်ကဖြစ်တော့ မီးကတောက်လျှောက် ပျက်သွားတာပဲ။ စိုးရိမ်စိတ်က ပိုလာတယ်။ မီးမလာတော့တာလည်း သိလိုက်တယ်။ မိုးကုတ်က တောင်ချိုင့်ဝှမ်းထဲမှာလေ။ အရေးကြီးတဲ့နေရာတွေ လည်းနီးတာ။ အချုပ်ထောင်ကို လာသိမ်း တဲ့နေ့ကလည်း အိမ်နားမှာကပ်ပစ်နေတဲ့အတိုင်းပဲ။ မီးကလည်းမှောင်နေတော့ အားလုံးက အိမ်အောက်မှာ စုပြီး နေကြရတာလေ။ အရှေ့ပိုင်းမှာ တိုက်ပွဲဖြစ်တဲ့ ကာလမှာလည်း အဲဒီလို နေကြရတာပါပဲ။ အရှေ့ပိုင်းမှာ ဖြစ်တော့မယ် ဆိုတုန်ကလည်း ဖြစ်တော့မယ်ဆိုတာ သိတယ်။ ရောက်နေပြီဆိုတာ လာပြောကြတာပေါ့။
မေး- တိုက်ပွဲဖြစ်တဲ့ ကာလတစ်လျှောက်မှာ အတွေ့အကြုံတွေ ပြောပြပေးပါဦး။
ဖြေ- ငရဲကျသလိုပါပဲ။ အဲဒီလို ခံစားရတယ်။ အိမ်နားမှာ (၂) ရက် (၃)ရက်ဖြစ်တာ။ နောက်တော့ တခြားရပ်ကွက်ကို ပြောင်းနေလိုက်တာ။ အိမ်နားမှာ အသံတွေ တအားဆူနေတာ။
မေး- တိုက်ပွဲဖြစ်တုန်းကပေါ့နော်။ ဒီကနေပြီးတော့ လွတ်ပါတော့မလားဆိုတဲ့ အားငယ်စိတ်ကော ဖြစ်မိလား။
ဖြေ- အားငယ်တာပေါ့။ လွတ်ပါတော့မလားလည်း တွေးမိတယ်။ မိုးမိတ်ဘက်ကလည်း တချို့က အရဲ ကိုးပြီး ထွက်ကြ တာ။ ထွက်တဲ့သူတွေလည်း တအားဒုက္ခရောက်တာ။ လမ်းတွေက တအားဆိုးတာလေ။ မိုးကမပြတ်ဘူး ရွာနေတော့ တောင်ပေါ်လမ်းတွေလေ။
မေး- အဲဒီတိုက်ပွဲ ဖြစ်တုန်းက အခြေအနေက မြို့ကထွက်ဖို့လည်း ခက်၊ အပြင်ရောက်တော့လည်း ဒုက္ခတွေ့ကြရ တာလား။
ဖြေ- ဟုတ်တယ်။ တချို့လည်း လမ်းမှာတင် မတော်တဆမှုဖြစ်ပြီး ဆုံးတာအများကြီးရှိတယ်။ ဇရပ်ကွင်း တို့ဘက်မှာ ပိတ်မိခဲ့တာတွေ အများကြီးပဲ။ တချို့လည်း လချီ၊ တချို့ကလည်း ရက်အကြာကြီးပိတ်မိတာ။ တချို့ကလည်း တကောင်း ဘက်ကနေ လှည့်ထွက်ကြတာ။ ဇရပ်ကွင်းတို့ဆို ဘုန်းကြီးကျောင်းတွေမှာထားပြီး ရွာခံတွေက ချက်ကျွေး ကြတယ်တဲ့။
မေး- အသိတွေထဲမှာကော တိုက်ပွဲကြောင့် ဖိတ်စဉ်သွားခဲ့ရသူတွေ ရှိပါသလား။ ထင်ရှားတဲ့ ဖြစ်စဉ်တစ်ခုလောက် ပြောပြပါလား။
ဖြေ- ရင်းနှီးတဲ့သူတစ်ယောက်ကတော့ သူတို့အိမ် နားမှာ ခဏခဏ လက်နက်ကြီးတွေကျတော့ တခြားရပ်ကွက်ကို ရွှေ့မယ်ဆိုပြီးတော့ ဆိုင်ကယ်ပေါ် အတက်ပေါ့၊ သူ့သမီးကိုလည်း နောက်ကအထိုင်မှာ အိမ်ခေါင်မိုးပေါ်ကို လက်နက်ကြီး ကျပြီးတော့ သူ့ ခေါင်းလာမှန်ပြီးတော့ ဆုံးသွားတယ်။
မေး- ဘယ်မှထွက်မရတဲ့အခြေအနေမှာ သိရသလောက်ပေါ့နော် အခုလိုသေဆုံးရတဲ့သူ ဘယ်နှယောက်လောက် ရှိနိုင်ပါ သလဲ။ အသိအကျွမ်းထဲ ကပေါ့။
ဖြေ- ၁၅ ယောက်လောက်တော့ရှိမယ်။
မေး- TNLA က ပြည်သူတွေရဲ့ အိမ်ကို အကာအကွယ်ယူပြီးတော့ တပ်ကို တိုက်ခိုက်ခဲ့တယ်လို့ ပြောကြတယ်။ မြို့ခံ တစ်ယောက် အနေနဲ့ကော အဲဒီလို မြင်ရပါသလား။
ဖြေ- မြင်ရပါတယ်။ ကိုယ်တိုင်ကတော့ ကြောက်နေတာပေါ့။ ဒါပေမဲ့ အကာအကွယ်ယူပြီးတော့ တိုက်ခိုက်တယ် ဆိုတာကိုလည်း မြင်ရတယ်။ ပြီးတော့ ဒီအကြောင်းကိုလည်း ကြားရပါတယ်။ ဒါကြောင့် တပ်က ပြန်ပစ်ရင် ပြည်သူ အိမ်ပစ်တယ် ဆိုပြီးတော့ ဖြစ်တာပေါ့။ ဓားစာခံ သဘောမျိုးလို့ ပြောရမယ် ထင်တယ်။
မေး- မိုးကုတ်တိုက်ပွဲနဲ့ ပတ်သက်ပြီး အမှတ်ထင်ထင် ရှိခဲ့တဲ့ ဖြစ်ရပ်တစ်ခုလောက် ပြောပြလို့ရမလား။
ဖြေ- ကျွန်မတို့ ကြားတာပေါ့နော်။ အချုပ်ထောင်ကို လာတိုက်တော့ လက်နက်မချဘဲ အသေခံပြီးတော့ တိုက်သွားတဲ့ စစ်သားငါးယောက်ရှိတယ်လို့ သိရပါတယ်။ သူတို့က လက်နက်ချဖို့အော်တာ လုံးဝမချဘဲ အသေခံပြီး ကာကွယ် သွား တာ။ အင်အားရာနဲ့ချီ ဝိုင်းထားတာကို ပြန်ပစ်တာလေ အချုပ်ထောင်ထဲကနေ။ သေတဲ့အထိ ခုခံသွားတာပေါ့။ သနားပါတယ်။
မေး- မိုးကုတ်မှာ စီးပွားရေးတွေ ပြန်ထူထောင် တယ်လို့ ကြားရတာပေါ့နော်။ အခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ- အခု ဆိုင်တွေ တချို့လည်း ပြန်ဖွင့်ချင်ကြရင် သူတို့ကို ပိုက်ဆံပေးပေါ့။ အခု ကြားရတာက အခွန်လား ဘာလား မသိဘူး။ ဆေးခန်း ဖွင့်ချင်ရင်တောင် သိန်းတစ်ရာ ပေးရတယ်ပြောတယ်။
မေး- မိုးကုတ်မြို့ခံ စီးပွားရေးသမားတွေကကော စစ်ဘေးကြားမှာ အခွန်ပေးပြီး ဆိုင်ဖွင့်နိုင်ကြရဲ့လား။
ဖြေ- တချို့လည်း သူတို့ကြိုက်တဲ့သူတော့ ဖွင့်ချင်၊ ဖွင့်ကြမှာပေါ့။ ဒါပေမဲ့ တော်တော်များများကတော့ ထွက်ချင် နေကြတာပါ။ ထွက်လည်း ထွက်လာနေကြပါပြီ။ ထွက်လာလည်း လမ်းမှာစစ်တော့ ကြားရတာက တစ်ယောက်ဆို အကင်းမပါးတာလား မသိဘူး။ ဘယ်သွားမှာလဲဆို ပင်စင်သွားထုတ်မှာလို့ ပြောတာတဲ့။ သူက စစ်သားတော့ မဟုတ်ဘူး။ သူတို့က အဲဒီလိုဖြေတာ မကြိုက်ပါဘူးဆို ဘယ်အချိန်မေးမေး အဲဒါပဲ ဖြေတော့ သူတို့ကသွားခွင့် မပေးပြန်ဘူး။ အစိုးရ ဝန်ထမ်း အဟောင်းဆိုလည်းမရဘူး။ အခုတော့ ပြန်လွတ်တယ်ပြောတယ်။ ဘာကြောင့်လဲတော့ မသိဘူး။ နောက် မိသားစုတစ်စုဆိုလည်း ဖုန်းထဲ Message တွေ့လိုက်လို့တဲ့။ ဘာစာတွေ့လဲတော့မသိဘူး။ သွားခွင့် မပေးဘူး။
မေး- ဖမ်းတာလား။
ဖြေ- ဒီစာကို ဘယ်သူပို့တာလဲ ဘာညာ မေးတယ်တဲ့။ ကျွန်တော် ပို့တာမဟုတ်ဘူး၊ ကျွန်တော် မလုပ်တတ်ဘူးဆိုတော့ ဘယ်နှယောက်ပါလဲ အကုန်ဆင်းခဲ့ ဆိုပြီး ခရီးသည်တင် ကားပေါ်ကနေ နေရစ်ခဲ့ရတာ။
မေး- စစ်ပွဲကြောင့် သေသလို တခြားအကြောင်းတွေကြောင့် သေတာမျိုးတွေကော ရှိနေပါသလား။
ဖြေ - ပျောက်တာလည်း မနည်းဘူး။ ထွက်ပြေးရင်း လမ်းမှာတင် ပျောက်တာလည်း အများကြီးပဲ။ ဟိုက ထွက်လာတယ်၊ ဒီဘက်လည်း မရောက်ဘူး ပျောက် သွားတာ။ လမ်းမှာ တချို့တွေ့လို့ သောင်းကျန်းသူက စစ်ပြီး ဖမ်းခေါ်တာလည်း မနည်းဘူးလေ။ ဖုန်းထဲကို အကုန်စစ်တာ။ သူတို့က ဖုန်းကို အကြာကြီး စစ်တာ။ ဖုန်းကို အသေးစိတ်ကို ကြည့်တာ။ သူတို့ကျတော့ လည်း သေချာစစ်လိုက်တာလို့။ ဒီဘက် ပြင်ဦးလွင်တို့ ရောက်လာတော့ကျ ဘယ်သွားမှာလဲ၊ ဘယ်လာမှာ လဲပဲ မေးတာ။ သေချာလည်း မစစ်ဘူးနော်။
မေး- တိုက်ပွဲ ဖြစ်ပြီးတဲ့နောက် TNLA ကို ဒေသခံတွေက ကြိုက်ကောကြိုက်ကြရဲ့လား။
ဖြေ - သူတို့ကိုကြိုက်တဲ့ဟာတွေကတော့ ပျော်နေတာပေါ့။ နောက်ဆက်တွဲ လာမယ့်ဟာတွေကို မသိကြသေးဘူး။ လေယာဉ်လာမယ်ဆိုတာတော့ အကုန်လုံးကြောက်တာ။ အခုက ကျန်တဲ့သူတွေကတော့ သူတို့ကိုမကြိုက်တဲ့သူတွေ၊ မတည့်တဲ့သူတွေက ဒလန်လို့အပြောခံရတဲ့သူတွေကတော့ သူတို့ကို ဘယ်အချိန်လာသတ်မလဲဆိုတာပဲ ကြောက်နေ ရတာပေါ့။ ဒလန်တွေ ရှင်းတော့မယ်ဆိုပြီး လုပ်နေတာ။ ဒလန်ဆိုပြီး သူတို့မှာ စာရွက်ရှိတယ်။ နာမည်စာရင်းပေါ့။ အဲဒီလူတွေကိုတော့ မြို့အထွက်မှာတင် ခေါ်ထားလိုက်တာ။
မေး- စာရင်းဝင်ခြင်း၊မဝင်ခြင်းက ဘယ်လို စစ်ပါသလဲ။
ဖြေ- မြို့အထွက်မှာတင် မှတ်ပုံတင် စစ်တာ။ နာမည်ဘယ်သူ၊ ဘယ်သူဆို တစ်ခါတည်း ခေါ်ထားလိုက်တာ။ ဒီမှတ်ပုံ တင်ထဲ ဝန်ထမ်းဆိုရင်လည်း တအားကို စစ်တော့တာလေ။
မေး- TNLA ရဲ့ လက်အောက်မှာကော လုပ်ကိုင်စား သောက်ရတာ ပြေလည်ရဲ့လား။
ဖြေ - အကုန်ပိတ်ထားတော့ မလွယ်ပါဘူး။ ဆေးဝါး ကုန်ပစ္စည်းကလည်း အများကြီးပေးမသယ်ဘူး။ တစ်လလောက် ပြင်ဦးလွင်လေး လမ်းပွင့်တော့ ကုန်ဈေးနှုန်းလေး နည်းနည်း ပြန်ကျတယ်။ ကြက်ဥတစ်လုံး ကျပ်ထောင့်ရှစ်ရာကနေ သုံးရာ့ငါးဆယ် ပြန်ဖြစ်သွားတယ်။ အခုလည်း လမ်းပိတ်ပြီဆိုတဲ့ သတင်းလွှင့် လိုက်တာနဲ့ တစ်ထောင်လောက် ဖြစ်သွား ပြန်ရော။ လမ်းပိတ်တယ် ဆိုတဲ့ ကောလာဟလနဲ့တင် ဈေးက တစ်ချိန်လုံး တက်နေတာ။
မေး - မိုးကုတ် မြို့ခံတစ်ယောက်အနေနဲ့ TNLA က မိုးကုတ်ကို အုပ်ချုပ်မယ်ဆို သဘောတူလား။
ဖြေ - ကျွန်မက သဘောမတူဘူး။ ပလောင်တွေ ဆိုရင် ဥပဒေမဲ့လို ဖြစ်သွားပြီလေ။ သူတို့ အပြစ်ပေး မယ်ဆိုရင် ခေါ်မယ်၊ သတ်မယ် အဲဒီလိုတွေ ဖြစ်မှာလေ။ ပြီးရင် အရွယ်ရောက်ရင်ပလောင်တပ်ထဲ ဝင်ရမှာလေ။ သူတို့ ခိုင်းတာလုပ်ရမှာ။ ပြီးရင် စစ်တပ်က ထုတ်တဲ့ဟာတွေဆိုရင် ရှာမယ် ပေးမရောင်းဘူးပေါ့။ အခွန်တွေလည်း အများကြီးဆောင်ရမယ်။ တကယ်တော့ ဆက်ကြေးပေါ့။ အခုက ပလောင်ထက် PDF တွေက ပိုကြောက်စရာကောင်းတာ။ PDF တွေက ဗျူဟာ မရှိတာနဲ့ ဘယ်သူဒလန်ဆိုပြီး စာရင်းတွေပေးကြတာ။ နေရတာက မလုံခြုံတော့ပါဘူး။ အခု ဖုန်းလိုင်းတွေ လျှပ်စစ်မီး တွေ မရတော့ဘူးလေ။ အကုန်အဆက်အသွယ် ပြတ်သွားပြီလေ။
မေး- တစ်ခုလေး ထပ်မေးချင်ပါတယ်။ ဒါကတော့ မိုးကုတ်မြို့ခံတွေနေရတာ အခုလုံခြုံပါသလား။
ဖြေ - ဘယ်လုံခြုံမလဲ။ ဥပဒေမှမရှိတာ။ သူပုန်လက်အောက်မှာ ဥပဒေမရှိဘူးလေ။ ဘယ်နေ့ ဘာဖြစ်မလဲ မသိရဘူး။ ဒါကြောင့် ဒီဘက်ကို ပြေးလာကြတာပေါ့။ အခြေအနေက ဘာမှန်းလည်း မသိဘူးလေ။ ခုနက ပြောသလိုပဲ ဒလန် ဆိုပြီးတော့ သတ်မယ်ဆိုရင်လည်း ခံရမှာ။ ပြောပြမယ် မကျေနပ်တဲ့သူက ဒလန်ဆိုပြီး တိုင်ရင်လည်း အလကားနေရင်း အ သတ်ခံရမှာ။ စိုးတထိတ်ထိတ်ပေါ့။ အရှင်းဆုံး ပြောရရင် အရင်တုန်းက အာဏာသိမ်းတယ်ပဲ ဆိုပါစို့။ အခုထိလည်း သူတို့ကို မကြိုက်ရင်တောင် မဆန့်ကျင်ရင်၊ သူပုန်မလုပ်ရင် အစိုးရက ဘာမှမလုပ်ဘူးလေ။ အခု ကတော့ မဆန့်ကျင်ဘူး မကြိုက်ဘူး ဆိုရင်တောင်မှ အသတ်ခံရမယ့် အခြေအနေ ရှိနေတာပါ။
ကျေးဇူးတင်ပါတယ် ခင်ဗျာ။
zawgyi version
TNLA အုပ္ခ်ဳပ္ေရးေအာက္က မိုးကုတ္ၿမိဳ႕ခံေတြရဲ႕ ဘဝ (အင္တာဗ်ဴး)
သုတေက်ာ္ (NP News) - ဩဂုတ္ ၂၈
မိုးကုတ္ၿမိဳ႕သည္ လက္ရွိတြင္ TNLA ၏ ထိန္းခ်ဳပ္မႈေအာက္တြင္တည္ရွိေနကာ ျပည္သူအမ်ားအျပားသည္လည္း စီးပြားေရး အက်ပ္အတည္မ်ားအၾကား က်ေရာက္ေနရသည္။ ထို႔ျပင္ စိုးရိမ္ထိတ္လန႔္မႈမ်ားလည္း ရွိေနရသည္။ ငါႏွင့္မတူ ငါ့ရန္သူ အျမင္မ်ိဳးျဖင့္ ဒလန္ဟုဆိုကာ သတ္ျဖတ္မည္ျဖစ္ေၾကာင္း ၿခိမ္းေျခာက္မႈမ်ားလည္းရွိေနသည္ျဖစ္ရာ ယင္းၿမိဳ႕က အေျခအေနမ်ားႏွင့္ပတ္သက္၍ စစ္ေဘးေရွာင္လာခဲ့သူ အမ်ိဳးသမီးတစ္ဦးထံ The Statesman ဂ်ာနယ္မွ ေမးျမန္းထားသည္မ်ားကို NP News က ထပ္ဆင့္ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး - တိုက္ပြဲစျဖစ္တဲ့အခ်ိန္မွာ စိုးရိမ္မႈေတြရွိခဲ့ ပါသလား။
ေျဖ - စိုးရိမ္တာေတာ့ တအားေတြ စိုးရိမ္မႈေတြ ရွိခဲ့တာေပါ့။ ဘာလို႔လဲဆိုေတာ့ ကိုယ့္အိမ္နား ကပ္ေနတာ ကိုး။ အိမ္နား ပတ္ဝန္းက်င္ကိုလည္း လက္နက္ႀကီးေတြ ခဏခဏက်တာ။
ေမး - တိုက္ပြဲ မစခင္တုန္းက သူတို႔လာမယ္ဆိုတာကို ႀကိဳၿပီး ေကာလာဟလသတင္းေတြ ၾကားရတာရွိပါသလား။
ေျဖ - မျဖစ္ခင္တည္းက သူတို႔ ၿမိဳ႕ထဲေရာက္ေနၿပီ ဆိုတာလည္း ၾကားတယ္၊ သိတယ္။ ဘယ္ေန႔က်ရင္ ဝင္ေတာ့မယ္ ဝင္ေတာ့မယ္ဆိုၿပီး ခဏခဏ ၾကားရတယ္။ အရင္တစ္ခါတုန္းကလည္း အဲဒီလိုၾကားၿပီးေတာ့ မိုးမိတ္ျဖစ္ၿပီး ေအးသြား ေတာ့ ဒီတစ္ခါလည္း အဲဒီလို ေအးသြားမယ္ထင္တာေလ။ အခုက်ေတာ့ မေအးေတာ့ဘဲ အေနာက္ပိုင္းမွာ အရင္ျဖစ္ၿပီးေတာ့ ေတာက္ေလွ်ာက္ အေရွ႕ပိုင္းကို ေရာက္လာတာေပါ့။
ေမး- တိုက္ပြဲကာလမွာေကာ ဘယ္လိုစိတ္နဲ႔ ရွင္သန္ခဲ့ရပါသလဲ။
ေျဖ- စိုးရိမ္ေၾကာင့္ၾကမႈေတြနဲ႔ ေနခဲ့ရတာေပါ့။ အေနာက္ပိုင္းကိုလည္း အေရွ႕ပိုင္းကေန လက္နက္ႀကီးနဲ႔ ပစ္တယ္ေလ။ လက္နက္ႀကီးသံ ၾကားတည္းကကို ေၾကာက္လန႔္ေနရၿပီေလ။ ဘယ္ေန႔ ကိုယ့္အိမ္ေပၚ က်မလဲဆိုၿပီး စိုးရိမ္ေနရတာ။ တိုက္ပြဲက ကိုယ့္အိမ္ နားမွာ ျဖစ္တာေလ။ ေျပးစရာလည္း ေျမမရွိဘူး။ ဗုံးခိုက်င္းတူးဖို႔လည္း မလြယ္ဘူး။ ဖုန္းလိုင္းလည္း မရေတာ့ အဆက္အသြယ္ေတြလည္း ျပတ္သြားတာ။
ေမး- အရင္တုန္းကေတာ့ တိုက္ပြဲနဲ႔ပတ္သက္လို႔ ကိုယ္တိုင္ႀကဳံရတဲ့ အေတြ႕အႀကဳံရွိလား။
ေျဖ- မိုးကုတ္မွာ ျဖစ္တာကေတာ့ ပထမဆုံးပါပဲ။
ေမး- တိုက္ပြဲကာလမွာ စိုးရိမ္မႈေတြက ဘယ္လိုရွိခဲ့ပါသလဲ။
ေျဖ- ခံစားရတာကေတာ့ အစုံပါပဲ။ အိမ္မွာက အေမအိုကလည္း ရွိတယ္။ ကေလးေပါက္စေလးလည္း ရွိေတာ့ စိုးရိမ္ တာေရာ ထိတ္လန႔္တာေရာ အကုန္ပါပဲ။
ေမး- လွ်ပ္စစ္မီးေတြကေကာ ဘယ္အခ်ိန္ေလာက္မွာ စျပတ္တာပါလဲ။
ေျဖ- တိုက္ပြဲျဖစ္ၿပီးေတာ့ ႏွစ္ရက္၊ သုံးရက္ေနေတာ့ ျပတ္သြားတာပဲ။ ဆည္ေတာ္ဘက္ကေန မီးယူတာဆိုေတာ့ ဆည္ ေတာ္ဘက္ကျဖစ္ေတာ့ မီးကေတာက္ေလွ်ာက္ ပ်က္သြားတာပဲ။ စိုးရိမ္စိတ္က ပိုလာတယ္။ မီးမလာေတာ့တာလည္း သိလိုက္တယ္။ မိုးကုတ္က ေတာင္ခ်ိဳင့္ဝွမ္းထဲမွာေလ။ အေရးႀကီးတဲ့ေနရာေတြ လည္းနီးတာ။ အခ်ဳပ္ေထာင္ကို လာသိမ္း တဲ့ေန႔ကလည္း အိမ္နားမွာကပ္ပစ္ေနတဲ့အတိုင္းပဲ။ မီးကလည္းေမွာင္ေနေတာ့ အားလုံးက အိမ္ေအာက္မွာ စုၿပီး ေနၾကရတာေလ။ အေရွ႕ပိုင္းမွာ တိုက္ပြဲျဖစ္တဲ့ ကာလမွာလည္း အဲဒီလို ေနၾကရတာပါပဲ။ အေရွ႕ပိုင္းမွာ ျဖစ္ေတာ့မယ္ ဆိုတုန္ကလည္း ျဖစ္ေတာ့မယ္ဆိုတာ သိတယ္။ ေရာက္ေနၿပီဆိုတာ လာေျပာၾကတာေပါ့။
ေမး- တိုက္ပြဲျဖစ္တဲ့ ကာလတစ္ေလွ်ာက္မွာ အေတြ႕အႀကဳံေတြ ေျပာျပေပးပါဦး။
ေျဖ- ငရဲက်သလိုပါပဲ။ အဲဒီလို ခံစားရတယ္။ အိမ္နားမွာ (၂) ရက္ (၃)ရက္ျဖစ္တာ။ ေနာက္ေတာ့ တျခားရပ္ကြက္ကို ေျပာင္းေနလိုက္တာ။ အိမ္နားမွာ အသံေတြ တအားဆူေနတာ။
ေမး- တိုက္ပြဲျဖစ္တုန္းကေပါ့ေနာ္။ ဒီကေနၿပီးေတာ့ လြတ္ပါေတာ့မလားဆိုတဲ့ အားငယ္စိတ္ေကာ ျဖစ္မိလား။
ေျဖ- အားငယ္တာေပါ့။ လြတ္ပါေတာ့မလားလည္း ေတြးမိတယ္။ မိုးမိတ္ဘက္ကလည္း တခ်ိဳ႕က အရဲ ကိုးၿပီး ထြက္ၾက တာ။ ထြက္တဲ့သူေတြလည္း တအားဒုကၡေရာက္တာ။ လမ္းေတြက တအားဆိုးတာေလ။ မိုးကမျပတ္ဘူး ႐ြာေနေတာ့ ေတာင္ေပၚလမ္းေတြေလ။
ေမး- အဲဒီတိုက္ပြဲ ျဖစ္တုန္းက အေျခအေနက ၿမိဳ႕ကထြက္ဖို႔လည္း ခက္၊ အျပင္ေရာက္ေတာ့လည္း ဒုကၡေတြ႕ၾကရ တာလား။
ေျဖ- ဟုတ္တယ္။ တခ်ိဳ႕လည္း လမ္းမွာတင္ မေတာ္တဆမႈျဖစ္ၿပီး ဆုံးတာအမ်ားႀကီးရွိတယ္။ ဇရပ္ကြင္း တို႔ဘက္မွာ ပိတ္မိခဲ့တာေတြ အမ်ားႀကီးပဲ။ တခ်ိဳ႕လည္း လခ်ီ၊ တခ်ိဳ႕ကလည္း ရက္အၾကာႀကီးပိတ္မိတာ။ တခ်ိဳ႕ကလည္း တေကာင္း ဘက္ကေန လွည့္ထြက္ၾကတာ။ ဇရပ္ကြင္းတို႔ဆို ဘုန္းႀကီးေက်ာင္းေတြမွာထားၿပီး ႐ြာခံေတြက ခ်က္ေကြၽး ၾကတယ္တဲ့။
ေမး- အသိေတြထဲမွာေကာ တိုက္ပြဲေၾကာင့္ ဖိတ္စဥ္သြားခဲ့ရသူေတြ ရွိပါသလား။ ထင္ရွားတဲ့ ျဖစ္စဥ္တစ္ခုေလာက္ ေျပာျပပါလား။
ေျဖ- ရင္းႏွီးတဲ့သူတစ္ေယာက္ကေတာ့ သူတို႔အိမ္ နားမွာ ခဏခဏ လက္နက္ႀကီးေတြက်ေတာ့ တျခားရပ္ကြက္ကို ေ႐ႊ႕မယ္ဆိုၿပီးေတာ့ ဆိုင္ကယ္ေပၚ အတက္ေပါ့၊ သူ႔သမီးကိုလည္း ေနာက္ကအထိုင္မွာ အိမ္ေခါင္မိုးေပၚကို လက္နက္ႀကီး က်ၿပီးေတာ့ သူ႔ ေခါင္းလာမွန္ၿပီးေတာ့ ဆုံးသြားတယ္။
ေမး- ဘယ္မွထြက္မရတဲ့အေျခအေနမွာ သိရသေလာက္ေပါ့ေနာ္ အခုလိုေသဆုံးရတဲ့သူ ဘယ္ႏွေယာက္ေလာက္ ရွိႏိုင္ပါ သလဲ။ အသိအကြၽမ္းထဲ ကေပါ့။
ေျဖ- ၁၅ ေယာက္ေလာက္ေတာ့ရွိမယ္။
ေမး- TNLA က ျပည္သူေတြရဲ႕ အိမ္ကို အကာအကြယ္ယူၿပီးေတာ့ တပ္ကို တိုက္ခိုက္ခဲ့တယ္လို႔ ေျပာၾကတယ္။ ၿမိဳ႕ခံ တစ္ေယာက္ အေနနဲ႔ေကာ အဲဒီလို ျမင္ရပါသလား။
ေျဖ- ျမင္ရပါတယ္။ ကိုယ္တိုင္ကေတာ့ ေၾကာက္ေနတာေပါ့။ ဒါေပမဲ့ အကာအကြယ္ယူၿပီးေတာ့ တိုက္ခိုက္တယ္ ဆိုတာကိုလည္း ျမင္ရတယ္။ ၿပီးေတာ့ ဒီအေၾကာင္းကိုလည္း ၾကားရပါတယ္။ ဒါေၾကာင့္ တပ္က ျပန္ပစ္ရင္ ျပည္သူ အိမ္ပစ္တယ္ ဆိုၿပီးေတာ့ ျဖစ္တာေပါ့။ ဓားစာခံ သေဘာမ်ိဳးလို႔ ေျပာရမယ္ ထင္တယ္။
ေမး- မိုးကုတ္တိုက္ပြဲနဲ႔ ပတ္သက္ၿပီး အမွတ္ထင္ထင္ ရွိခဲ့တဲ့ ျဖစ္ရပ္တစ္ခုေလာက္ ေျပာျပလို႔ရမလား။
ေျဖ- ကြၽန္မတို႔ ၾကားတာေပါ့ေနာ္။ အခ်ဳပ္ေထာင္ကို လာတိုက္ေတာ့ လက္နက္မခ်ဘဲ အေသခံၿပီးေတာ့ တိုက္သြားတဲ့ စစ္သားငါးေယာက္ရွိတယ္လို႔ သိရပါတယ္။ သူတို႔က လက္နက္ခ်ဖို႔ေအာ္တာ လုံးဝမခ်ဘဲ အေသခံၿပီး ကာကြယ္ သြား တာ။ အင္အားရာနဲ႔ခ်ီ ဝိုင္းထားတာကို ျပန္ပစ္တာေလ အခ်ဳပ္ေထာင္ထဲကေန။ ေသတဲ့အထိ ခုခံသြားတာေပါ့။ သနားပါတယ္။
ေမး- မိုးကုတ္မွာ စီးပြားေရးေတြ ျပန္ထူေထာင္ တယ္လို႔ ၾကားရတာေပါ့ေနာ္။ အေျခအေနက ဘယ္လိုရွိပါသလဲ။
ေျဖ- အခု ဆိုင္ေတြ တခ်ိဳ႕လည္း ျပန္ဖြင့္ခ်င္ၾကရင္ သူတို႔ကို ပိုက္ဆံေပးေပါ့။ အခု ၾကားရတာက အခြန္လား ဘာလား မသိဘူး။ ေဆးခန္း ဖြင့္ခ်င္ရင္ေတာင္ သိန္းတစ္ရာ ေပးရတယ္ေျပာတယ္။
ေမး- မိုးကုတ္ၿမိဳ႕ခံ စီးပြားေရးသမားေတြကေကာ စစ္ေဘးၾကားမွာ အခြန္ေပးၿပီး ဆိုင္ဖြင့္ႏိုင္ၾကရဲ႕လား။
ေျဖ- တခ်ိဳ႕လည္း သူတို႔ႀကိဳက္တဲ့သူေတာ့ ဖြင့္ခ်င္၊ ဖြင့္ၾကမွာေပါ့။ ဒါေပမဲ့ ေတာ္ေတာ္မ်ားမ်ားကေတာ့ ထြက္ခ်င္ ေနၾကတာပါ။ ထြက္လည္း ထြက္လာေနၾကပါၿပီ။ ထြက္လာလည္း လမ္းမွာစစ္ေတာ့ ၾကားရတာက တစ္ေယာက္ဆို အကင္းမပါးတာလား မသိဘူး။ ဘယ္သြားမွာလဲဆို ပင္စင္သြားထုတ္မွာလို႔ ေျပာတာတဲ့။ သူက စစ္သားေတာ့ မဟုတ္ဘူး။ သူတို႔က အဲဒီလိုေျဖတာ မႀကိဳက္ပါဘူးဆို ဘယ္အခ်ိန္ေမးေမး အဲဒါပဲ ေျဖေတာ့ သူတို႔ကသြားခြင့္ မေပးျပန္ဘူး။ အစိုးရ ဝန္ထမ္း အေဟာင္းဆိုလည္းမရဘူး။ အခုေတာ့ ျပန္လြတ္တယ္ေျပာတယ္။ ဘာေၾကာင့္လဲေတာ့ မသိဘူး။ ေနာက္ မိသားစုတစ္စုဆိုလည္း ဖုန္းထဲ Message ေတြ႕လိုက္လို႔တဲ့။ ဘာစာေတြ႕လဲေတာ့မသိဘူး။ သြားခြင့္ မေပးဘူး။
ေမး- ဖမ္းတာလား။
ေျဖ- ဒီစာကို ဘယ္သူပို႔တာလဲ ဘာညာ ေမးတယ္တဲ့။ ကြၽန္ေတာ္ ပို႔တာမဟုတ္ဘူး၊ ကြၽန္ေတာ္ မလုပ္တတ္ဘူးဆိုေတာ့ ဘယ္ႏွေယာက္ပါလဲ အကုန္ဆင္းခဲ့ ဆိုၿပီး ခရီးသည္တင္ ကားေပၚကေန ေနရစ္ခဲ့ရတာ။
ေမး- စစ္ပြဲေၾကာင့္ ေသသလို တျခားအေၾကာင္းေတြေၾကာင့္ ေသတာမ်ိဳးေတြေကာ ရွိေနပါသလား။
ေျဖ - ေပ်ာက္တာလည္း မနည္းဘူး။ ထြက္ေျပးရင္း လမ္းမွာတင္ ေပ်ာက္တာလည္း အမ်ားႀကီးပဲ။ ဟိုက ထြက္လာတယ္၊ ဒီဘက္လည္း မေရာက္ဘူး ေပ်ာက္ သြားတာ။ လမ္းမွာ တခ်ိဳ႕ေတြ႕လို႔ ေသာင္းက်န္းသူက စစ္ၿပီး ဖမ္းေခၚတာလည္း မနည္းဘူးေလ။ ဖုန္းထဲကို အကုန္စစ္တာ။ သူတို႔က ဖုန္းကို အၾကာႀကီး စစ္တာ။ ဖုန္းကို အေသးစိတ္ကို ၾကည့္တာ။ သူတို႔က်ေတာ့ လည္း ေသခ်ာစစ္လိုက္တာလို႔။ ဒီဘက္ ျပင္ဦးလြင္တို႔ ေရာက္လာေတာ့က် ဘယ္သြားမွာလဲ၊ ဘယ္လာမွာ လဲပဲ ေမးတာ။ ေသခ်ာလည္း မစစ္ဘူးေနာ္။
ေမး- တိုက္ပြဲ ျဖစ္ၿပီးတဲ့ေနာက္ TNLA ကို ေဒသခံေတြက ႀကိဳက္ေကာႀကိဳက္ၾကရဲ႕လား။
ေျဖ - သူတို႔ကိုႀကိဳက္တဲ့ဟာေတြကေတာ့ ေပ်ာ္ေနတာေပါ့။ ေနာက္ဆက္တြဲ လာမယ့္ဟာေတြကို မသိၾကေသးဘူး။ ေလယာဥ္လာမယ္ဆိုတာေတာ့ အကုန္လုံးေၾကာက္တာ။ အခုက က်န္တဲ့သူေတြကေတာ့ သူတို႔ကိုမႀကိဳက္တဲ့သူေတြ၊ မတည့္တဲ့သူေတြက ဒလန္လို႔အေျပာခံရတဲ့သူေတြကေတာ့ သူတို႔ကို ဘယ္အခ်ိန္လာသတ္မလဲဆိုတာပဲ ေၾကာက္ေန ရတာေပါ့။ ဒလန္ေတြ ရွင္းေတာ့မယ္ဆိုၿပီး လုပ္ေနတာ။ ဒလန္ဆိုၿပီး သူတို႔မွာ စာ႐ြက္ရွိတယ္။ နာမည္စာရင္းေပါ့။ အဲဒီလူေတြကိုေတာ့ ၿမိဳ႕အထြက္မွာတင္ ေခၚထားလိုက္တာ။
ေမး- စာရင္းဝင္ျခင္း၊မဝင္ျခင္းက ဘယ္လို စစ္ပါသလဲ။
ေျဖ- ၿမိဳ႕အထြက္မွာတင္ မွတ္ပုံတင္ စစ္တာ။ နာမည္ဘယ္သူ၊ ဘယ္သူဆို တစ္ခါတည္း ေခၚထားလိုက္တာ။ ဒီမွတ္ပုံ တင္ထဲ ဝန္ထမ္းဆိုရင္လည္း တအားကို စစ္ေတာ့တာေလ။
ေမး- TNLA ရဲ႕ လက္ေအာက္မွာေကာ လုပ္ကိုင္စား ေသာက္ရတာ ေျပလည္ရဲ႕လား။
ေျဖ - အကုန္ပိတ္ထားေတာ့ မလြယ္ပါဘူး။ ေဆးဝါး ကုန္ပစၥည္းကလည္း အမ်ားႀကီးေပးမသယ္ဘူး။ တစ္လေလာက္ ျပင္ဦးလြင္ေလး လမ္းပြင့္ေတာ့ ကုန္ေဈးႏႈန္းေလး နည္းနည္း ျပန္က်တယ္။ ၾကက္ဥတစ္လုံး က်ပ္ေထာင့္ရွစ္ရာကေန သုံးရာ့ငါးဆယ္ ျပန္ျဖစ္သြားတယ္။ အခုလည္း လမ္းပိတ္ၿပီဆိုတဲ့ သတင္းလႊင့္ လိုက္တာနဲ႔ တစ္ေထာင္ေလာက္ ျဖစ္သြား ျပန္ေရာ။ လမ္းပိတ္တယ္ ဆိုတဲ့ ေကာလာဟလနဲ႔တင္ ေဈးက တစ္ခ်ိန္လုံး တက္ေနတာ။
ေမး - မိုးကုတ္ ၿမိဳ႕ခံတစ္ေယာက္အေနနဲ႔ TNLA က မိုးကုတ္ကို အုပ္ခ်ဳပ္မယ္ဆို သေဘာတူလား။
ေျဖ - ကြၽန္မက သေဘာမတူဘူး။ ပေလာင္ေတြ ဆိုရင္ ဥပေဒမဲ့လို ျဖစ္သြားၿပီေလ။ သူတို႔ အျပစ္ေပး မယ္ဆိုရင္ ေခၚမယ္၊ သတ္မယ္ အဲဒီလိုေတြ ျဖစ္မွာေလ။ ၿပီးရင္ အ႐ြယ္ေရာက္ရင္ပေလာင္တပ္ထဲ ဝင္ရမွာေလ။ သူတို႔ ခိုင္းတာလုပ္ရမွာ။ ၿပီးရင္ စစ္တပ္က ထုတ္တဲ့ဟာေတြဆိုရင္ ရွာမယ္ ေပးမေရာင္းဘူးေပါ့။ အခြန္ေတြလည္း အမ်ားႀကီးေဆာင္ရမယ္။ တကယ္ေတာ့ ဆက္ေၾကးေပါ့။ အခုက ပေလာင္ထက္ PDF ေတြက ပိုေၾကာက္စရာေကာင္းတာ။ PDF ေတြက ဗ်ဴဟာ မရွိတာနဲ႔ ဘယ္သူဒလန္ဆိုၿပီး စာရင္းေတြေပးၾကတာ။ ေနရတာက မလုံၿခဳံေတာ့ပါဘူး။ အခု ဖုန္းလိုင္းေတြ လွ်ပ္စစ္မီး ေတြ မရေတာ့ဘူးေလ။ အကုန္အဆက္အသြယ္ ျပတ္သြားၿပီေလ။
ေမး- တစ္ခုေလး ထပ္ေမးခ်င္ပါတယ္။ ဒါကေတာ့ မိုးကုတ္ၿမိဳ႕ခံေတြေနရတာ အခုလုံၿခဳံပါသလား။
ေျဖ - ဘယ္လုံၿခဳံမလဲ။ ဥပေဒမွမရွိတာ။ သူပုန္လက္ေအာက္မွာ ဥပေဒမရွိဘူးေလ။ ဘယ္ေန႔ ဘာျဖစ္မလဲ မသိရဘူး။ ဒါေၾကာင့္ ဒီဘက္ကို ေျပးလာၾကတာေပါ့။ အေျခအေနက ဘာမွန္းလည္း မသိဘူးေလ။ ခုနက ေျပာသလိုပဲ ဒလန္ ဆိုၿပီးေတာ့ သတ္မယ္ဆိုရင္လည္း ခံရမွာ။ ေျပာျပမယ္ မေက်နပ္တဲ့သူက ဒလန္ဆိုၿပီး တိုင္ရင္လည္း အလကားေနရင္း အ သတ္ခံရမွာ။ စိုးတထိတ္ထိတ္ေပါ့။ အရွင္းဆုံး ေျပာရရင္ အရင္တုန္းက အာဏာသိမ္းတယ္ပဲ ဆိုပါစို႔။ အခုထိလည္း သူတို႔ကို မႀကိဳက္ရင္ေတာင္ မဆန႔္က်င္ရင္၊ သူပုန္မလုပ္ရင္ အစိုးရက ဘာမွမလုပ္ဘူးေလ။ အခု ကေတာ့ မဆန႔္က်င္ဘူး မႀကိဳက္ဘူး ဆိုရင္ေတာင္မွ အသတ္ခံရမယ့္ အေျခအေန ရွိေနတာပါ။
ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။