ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့သည် ရွေးကောက်ပွဲ အားဖြည့်ဆောင်ရွက်ရန်အတွက်လည်း ဖြစ်နိုင်ကြောင်း သုံးသပ်

 700

သုတကျော် (NP News) - ဩဂုတ် ၂၈

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့သည် ရွေးကောက်ပွဲ တွင် အားဖြည့်ဆောင်ရွက်ရန် အတွက်လည်း ဖွဲ့စည်း ခြင်းဖြစ်နိုင်ကြောင်း အငြိမ်းစားရဲမှူးကြီးတစ်ဦးက NP News သို့ သုံးသပ်ပြောကြားသည်။

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ဩဂုတ်လ (၁၆) ရက်တွင် ဖွဲ့စည်းကြောင်းထုတ်ပြန်ခဲ့ကာ အဆိုပါ အဖွဲ့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ဒုတိယဥက္ကဋ္ဌအဖြစ် ဦးဆောင်ထားပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တွဲဖက်စစ် ထောက်ချုပ်၊ တွဲဖက်စစ်ရေးချုပ်၊ ဒုတိယတိုင်းမှူးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ မှ ဌာနချုပ်မှူး စသည်ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့၏ လုပ်ငန်း တာဝန် များအတွင်း နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး / ပြည်နယ်အဆင့် ခရိုင်အဆင့်နှင့် မြို့နယ် အဆင့် ကြီးကြပ်ကွပ်ကဲမှုအဖွဲ့များ အဆင့်ဆင့်ဖွဲ့စည်း၍ ကြီးကြပ်ကွပ်ကဲစေရန်၊ ရပ်ကွက်/ကျေးရွာအုပ်စု အ ဆင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့များ ဖွဲ့စည်းခြင်းနှင့် လက်နက်တပ်ဆင်ခြင်းကို ကြီးကြပ်ကွပ်ကဲရန်၊ ဆင်နွှဲနေသည့် တိုက်ပွဲများနှင့် ကိုက်ညီသည့် လက်နက်နှင့်စစ်ပစ္စည်းများ တပ်ဆင်ပေးရန်၊ တပ်ဖွဲ့ဝင်များအားနောက်ပိုင်း နယ်မြေလုံ ခြုံရေးနှင့် ကာကွယ် ရေးတာဝန်၊ စစ်မြေပြင် တာဝန်၊ ရှေ့တန်းစစ်ဆင်ရေး နယ်မြေများအတွက် ထောက် ပံ့ရေး၊ဆက်သွယ်ရေး နှင့် ဒဏ်ရာရလူနာများ ရွှေ့ ထုတ်ရေး၊ ကယ်ဆယ်ရေး တာဝန်များထမ်းဆောင် နိုင်ရန် လေ့ကျင့်ပေးခြင်း၊နည်းပညာဖြင့် စစ်လက် နက်ပစ္စည်းများ ကိုင်တွယ်အသုံးပြုနိုင်ရန် အတတ် ပညာရှင်များ ထည့်သွင်းဖွဲ့စည်းခြင်း စသည်တို့ ပါဝင်သည်။

"ရှင်းရှင်းပြောရရင် အကြမ်းဖက်မှု တိုက် ဖျက်ရေးအဖွဲ့ဆိုတာက ဥပဒေလည်းရှိတယ်၊ အဖွဲ့ လည်းရှိတယ်။ နောက်တစ်ခါ လက်နက်ကိုင် တော် လှန်နေတဲ့သူကို တိုက်မယ့် တပ်မတော်လည်း ရှိ တယ်။ တရားဥပဒေကိုစောင့်ထိန်းမယ့် ရဲလည်း ရှိတယ်။ ဥပဒေအရ ရပ်တည်နေတဲ့ အဖွဲ့ကြီးတွေက အလုပ်တွေ ပုံမှန်လုပ်နေနိုင်တယ်ဆိုရင်တော့ ထပ်ဖွဲ့ ဖို့ ကျွန်တော့်အနေနဲ့မလိုဘူး မြင်တာပေါ့ဗျာ။ ဒါပေမဲ့ အစိုးရအနေနဲ့ လိုလို့ လုပ်တာပေါ့။ လိုလို့် ဖွဲ့တယ် ဆိုတာက ခေါင်းစဉ်ပါတဲ့ ရည်ရွယ်ချက် နှစ်ခုပေါ့။ ပြည်သူ့လုံခြုံရေးဆိုတာ လိုအပ်လာပြီလေ။ အကြမ်း ဖက်မှုတွေလည်း ပိုတောင်ဆိုးနေကြတယ်လေ။ ကိုယ်က ပြစ်မှုကျူးလွန်သူမဟုတ်တောင် ပတ်ဝန်း ကျင်မှာ အကြမ်းဖက်မှု တွေ ဖြစ်တဲ့အခါ စိုးရိမ်မှုတွေ ဖြစ်တယ်။ နောက် ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်က နေရထိုင်ရတာ မလုံခြုံတော့ဘူး။ တစ်ဦးချင်း ခံစား နေရတော့ ကျွန်တော့်အယူအဆကတော့ ကြိုဆိုရ မှာပါ"ဟု ၎င်းကဆိုသည်။ လက်ရှိ ဆောင်ရွက်နေ သော အကြမ်းဖက်နှိမ်နင်းရေးလုပ်ငန်းကို အရှိန်မြင့် ရန် ဆောင်ရွက်မည်ဖြစ်သောကြောင့် ဖွဲ့စည်းခြင်းဖြစ် သည်ဟု ထင်မြင်မိကြောင်း ၎င်းကဆိုသည်။

"ရွေးကောက်ပွဲလုပ်ဖို့ ရှိတာပေါ့နော်။ ဒီခြောက်လအတွင်း တိုင်းပြည်တည်ငြိမ်မှ ဖြစ်မှာ ဆိုတော့ ကြိုပြင်တဲ့အနေနဲ့ ကျွန်တော်ထင်တယ် လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးကို အားထည့်ပြီး လုပ်ဖို့ ဖွဲ့တယ်လို့ထင်ပါတယ်။ အကောင်အထည် ဖော်တဲ့ ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေကို အ ပြောမဟုတ်ပဲ အလုပ်နဲ့ လုပ်နိုင်ရင်တော့ ကောင်းတဲ့ လုပ်ငန်းတစ်ခုလို့ ပြောရမှာပေါ့" ဟု ၎င်းက ဆိုသည်။

zawgyi version
ျပည္သူ႔လုံၿခဳံေရးႏွင့္ အၾကမ္းဖက္ႏွိမ္နင္းေရးဗဟိုႀကီးၾကပ္ကြပ္ကဲမႈအဖြဲ႕ သည္ ေ႐ြးေကာက္ပြဲ အားျဖည့္ေဆာင္႐ြက္ရန္အတြက္လည္း ျဖစ္ႏိုင္ေၾကာင္း သုံးသပ္
သုတေက်ာ္ (NP News) - ဩဂုတ္ ၂၈

ျပည္သူ႔လုံၿခဳံေရးႏွင့္ အၾကမ္းဖက္ႏွိမ္နင္းေရးဗဟိုႀကီးၾကပ္ကြပ္ကဲမႈအဖြဲ႕သည္ ေ႐ြးေကာက္ပြဲ တြင္ အားျဖည့္ေဆာင္႐ြက္ရန္ အတြက္လည္း ဖြဲ႕စည္း ျခင္းျဖစ္ႏိုင္ေၾကာင္း အၿငိမ္းစားရဲမႉးႀကီးတစ္ဦးက NP News သို႔ သုံးသပ္ေျပာၾကားသည္။

ျပည္သူ႔လုံၿခဳံေရးႏွင့္ အၾကမ္းဖက္ႏွိမ္နင္းေရးဗဟိုႀကီးၾကပ္ကြပ္ကဲမႈအဖြဲ႕ကို ဩဂုတ္လ (၁၆) ရက္တြင္ ဖြဲ႕စည္းေၾကာင္းထုတ္ျပန္ခဲ့ကာ အဆိုပါ အဖြဲ႕တြင္ နယ္စပ္ေရးရာဝန္ႀကီးဌာန၊ ျပည္ေထာင္စု ဝန္ႀကီးက ဥကၠ႒၊ ကာကြယ္ေရး ဝန္ႀကီးဌာန ဒုတိယ ဝန္ႀကီးက ဒုတိယဥကၠ႒အျဖစ္ ဦးေဆာင္ထားၿပီး ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တြဲဖက္စစ္ ေထာက္ခ်ဳပ္၊ တြဲဖက္စစ္ေရးခ်ဳပ္၊ ဒုတိယတိုင္းမႉးမ်ား၊ ျမန္မာႏိုင္ငံ စစ္မႈထမ္းေဟာင္းအဖြဲ႕ မွ ဌာနခ်ဳပ္မႉး စသည္ျဖင့္ ပါဝင္ဖြဲ႕စည္းထားသည္။

ျပည္သူ႔လုံၿခဳံေရးႏွင့္ အၾကမ္းဖက္ႏွိမ္နင္းေရးဗဟိုႀကီးၾကပ္ကြပ္ကဲမႈအဖြဲ႕၏ လုပ္ငန္း တာဝန္ မ်ားအတြင္း ေနျပည္ေတာ္ေကာင္စီ၊ တိုင္းေဒသႀကီး / ျပည္နယ္အဆင့္ ခ႐ိုင္အဆင့္ႏွင့္ ၿမိဳ႕နယ္ အဆင့္ ႀကီးၾကပ္ကြပ္ကဲမႈအဖြဲ႕မ်ား အဆင့္ဆင့္ဖြဲ႕စည္း၍ ႀကီးၾကပ္ကြပ္ကဲေစရန္၊ ရပ္ကြက္/ေက်း႐ြာအုပ္စု အ ဆင့္ ျပည္သူ႔လုံၿခဳံေရးႏွင့္ အၾကမ္းဖက္ႏွိမ္နင္းေရး အဖြဲ႕မ်ား ဖြဲ႕စည္းျခင္းႏွင့္ လက္နက္တပ္ဆင္ျခင္းကို ႀကီးၾကပ္ကြပ္ကဲရန္၊ ဆင္ႏႊဲေနသည့္ တိုက္ပြဲမ်ားႏွင့္ ကိုက္ညီသည့္ လက္နက္ႏွင့္စစ္ပစၥည္းမ်ား တပ္ဆင္ေပးရန္၊ တပ္ဖြဲ႕ဝင္မ်ားအားေနာက္ပိုင္း နယ္ေျမလုံ ၿခဳံေရးႏွင့္ ကာကြယ္ ေရးတာဝန္၊ စစ္ေျမျပင္ တာဝန္၊ ေရွ႕တန္းစစ္ဆင္ေရး နယ္ေျမမ်ားအတြက္ ေထာက္ ပံ့ေရး၊ဆက္သြယ္ေရး ႏွင့္ ဒဏ္ရာရလူနာမ်ား ေ႐ႊ႕ ထုတ္ေရး၊ ကယ္ဆယ္ေရး တာဝန္မ်ားထမ္းေဆာင္ ႏိုင္ရန္ ေလ့က်င့္ေပးျခင္း၊နည္းပညာျဖင့္ စစ္လက္ နက္ပစၥည္းမ်ား ကိုင္တြယ္အသုံးျပဳႏိုင္ရန္ အတတ္ ပညာရွင္မ်ား ထည့္သြင္းဖြဲ႕စည္းျခင္း စသည္တို႔ ပါဝင္သည္။

"ရွင္းရွင္းေျပာရရင္ အၾကမ္းဖက္မႈ တိုက္ ဖ်က္ေရးအဖြဲ႕ဆိုတာက ဥပေဒလည္းရွိတယ္၊ အဖြဲ႕ လည္းရွိတယ္။ ေနာက္တစ္ခါ လက္နက္ကိုင္ ေတာ္ လွန္ေနတဲ့သူကို တိုက္မယ့္ တပ္မေတာ္လည္း ရွိ တယ္။ တရားဥပေဒကိုေစာင့္ထိန္းမယ့္ ရဲလည္း ရွိတယ္။ ဥပေဒအရ ရပ္တည္ေနတဲ့ အဖြဲ႕ႀကီးေတြက အလုပ္ေတြ ပုံမွန္လုပ္ေနႏိုင္တယ္ဆိုရင္ေတာ့ ထပ္ဖြဲ႕ ဖို႔ ကြၽန္ေတာ့္အေနနဲ႔မလိုဘူး ျမင္တာေပါ့ဗ်ာ။ ဒါေပမဲ့ အစိုးရအေနနဲ႔ လိုလို႔ လုပ္တာေပါ့။ လိုလို႔္ ဖြဲ႕တယ္ ဆိုတာက ေခါင္းစဥ္ပါတဲ့ ရည္႐ြယ္ခ်က္ ႏွစ္ခုေပါ့။ ျပည္သူ႔လုံၿခဳံေရးဆိုတာ လိုအပ္လာၿပီေလ။ အၾကမ္း ဖက္မႈေတြလည္း ပိုေတာင္ဆိုးေနၾကတယ္ေလ။ ကိုယ္က ျပစ္မႈက်ဴးလြန္သူမဟုတ္ေတာင္ ပတ္ဝန္း က်င္မွာ အၾကမ္းဖက္မႈ ေတြ ျဖစ္တဲ့အခါ စိုးရိမ္မႈေတြ ျဖစ္တယ္။ ေနာက္ ကိုယ့္ပတ္ဝန္းက်င္မွာ ကိုယ္က ေနရထိုင္ရတာ မလုံၿခဳံေတာ့ဘူး။ တစ္ဦးခ်င္း ခံစား ေနရေတာ့ ကြၽန္ေတာ့္အယူအဆကေတာ့ ႀကိဳဆိုရ မွာပါ"ဟု ၎ကဆိုသည္။ လက္ရွိ ေဆာင္႐ြက္ေန ေသာ အၾကမ္းဖက္ႏွိမ္နင္းေရးလုပ္ငန္းကို အရွိန္ျမင့္ ရန္ ေဆာင္႐ြက္မည္ျဖစ္ေသာေၾကာင့္ ဖြဲ႕စည္းျခင္းျဖစ္ သည္ဟု ထင္ျမင္မိေၾကာင္း ၎ကဆိုသည္။

"ေ႐ြးေကာက္ပြဲလုပ္ဖို႔ ရွိတာေပါ့ေနာ္။ ဒီေျခာက္လအတြင္း တိုင္းျပည္တည္ၿငိမ္မွ ျဖစ္မွာ ဆိုေတာ့ ႀကိဳျပင္တဲ့အေနနဲ႔ ကြၽန္ေတာ္ထင္တယ္ လုံၿခဳံေရးနဲ႔ အၾကမ္းဖက္ႏွိမ္နင္းေရးကို အားထည့္ၿပီး လုပ္ဖို႔ ဖြဲ႕တယ္လို႔ထင္ပါတယ္။ အေကာင္အထည္ ေဖာ္တဲ့ ရည္႐ြယ္ခ်က္ေတြ၊ ရည္မွန္းခ်က္ေတြကို အ ေျပာမဟုတ္ပဲ အလုပ္နဲ႔ လုပ္ႏိုင္ရင္ေတာ့ ေကာင္းတဲ့ လုပ္ငန္းတစ္ခုလို႔ ေျပာရမွာေပါ့" ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.