ရန်ကုန်တိုင်းဒေသကြီးအတွင်း လူဝင်ရောက်မှုများနေသော်လည်း ဧည့်စာရင်းစစ်ဆေးမှု အားနည်းနေသည့်အတွက် အကြမ်းဖက်သမားများ ရောပါ လာမည်ကို စိုးရိမ်မှုများ ရှိနေ
11517
သုတကျော် (NP News) - ဩဂုတ် ၂၉
တိုက်ပွဲရှောင် ပြည်သူများကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် လူဝင်ရောက်မှုများနေသော်လည်း ဧည့်စာရင်းစစ်ဆေးမှု အားနည်းနေသည့် အတွက် အကြမ်းဖက်သမားများရောပါမည်ကို စိုးရိမ်မှုများ ရှိနေကြောင်း NP News က မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေဖြင့် ဧည့်စာရင်းစစ်ဆေးခြင်းကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းကာလများတွင် ဧည့်စာရင်းစစ်ဆေးမှု နည်းပါးလာခဲ့ပြီး ဧည့်စာရင်းတိုင်သူအရေအတွက်မှာမူ တိုးပွားလာခဲ့သည်။
ဧည့်စာရင်းစစ်ဆေးမှု နည်းပါးနေသည့် အချိန် ယခုကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အထူး သဖြင့် ရန်ကုန်မြို့သို့ ဦးတည်ကာ စစ်ဘေးရှောင် ပြည်သူများဝင်ရောက်လာရာ အကြမ်းဖက်သမားများပါ ရောပါစိမ့်ဝင်လာမည်ကို စိုးရိမ်မှုများရှိနေခြင်း ဖြစ်သည်။
“အဲဒါတာတော့ လုံခြုံရေးစည်းအရတော့ တင်း တင်းကြပ်ကြပ်ကောက်သင့်တယ်။ ကျွန်တော် နေတဲ့ ရပ်ကွက်မှာ ဧည့်စာရင်းက စစ်တာမတွေ့ဘူး။ နည်း နည်းလေးတော့ ပေါ့တယ်လို့ထင်တယ်လေ။ အဖျက်သမားဆိုတာ အသွင်ယူပြီးတော့ အရပ်သမားအဖြစ်နဲ့ လားရှိုးမှာလည်း ဝင်လာတာပဲလေ မဟုတ် ဘူးလား။ ဒီမှာလည်း ပြောလို့မရဘူး” ဟု ဒီမိုကရက်တစ်ပါတီ မှ ဒုတိယဥက္ကဋ္ဌ ဦးတင်ဆွေက NP News သို့ သုံးသပ်ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ အကြမ်းဖက် သမားအချို့က ၎င်းတို့လာခဲ့သည်ဟု ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်ပြောကြားမှုအချို့ ရှိနေသည့် ယခုကဲ့သို့ အချိန်မျိုးတွင် ဧည့်စာရင်းကို ပုံမှန်ထက် ပိုကာ စစ်ဆေးလိုကြောင်းလည်း ၎င်းကပြောသည်။ ဧည့်စာရင်း စစ်ဆေးခြင်းမှာ မသမာသူများအတွက် တပ်လှန့်ခြင်းသဘောလည်းဖြစ်ပြီး ဧည့်စာရင်း စစ်မည်ဟု သတင်းကြားရုံမျှဖြင့်ပင် အကြမ်းဖက်လို သူများအတွက် ထိတ်လန့်စေသော သတင်း ဆိုး ဖြစ်ကြောင်း ရန်ကုန်မြို့တွင်နေထိုင်သူ အသက် ၄၀ အရွယ် အမျိုးသားကြီးတစ်ဦးက ၎င်း၏အတွေ့ အကြုံကို ပြောပြသည်။
“ အခုက ပြောရမယ်ဆိုရင် ဧည့်စာရင်းဆိုတာမျိုးကလည်း အကြမ်း ဖက်သမားတွေအတွက်က သတင်းဆိုးပေါ့နော်။ အလိုလိုနေရင်းကို စိတ် ဓာတ်ပိုင်းအရ ထိတ်လန့်စေတဲ့အရာလို့ ကျွန်တော်မြင်တယ်လေ။ မသင်္ကာတာမျိုးဆိုရင်လည်း သိရမှာပေါ့နော်။ တန့်သွားစေမယ်လို့ထင်တယ်။ ဒါက ပြည်သူ တစ်ယောက်အနေနဲ့ ပြောတာပါ။ အခုကတော့ စစ်တာကနည်းနေတာပေါ့” ဟု ၎င်းက ဆိုသည်။
လက်ရှိ ဧည့်စာရင်းစစ်ဆေးခြင်းမှာ နည်းနေသည်ဟုဆိုသော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများအတွက် လုံခြုံရေးပေးရန်အားနည်းချက်ရှိနေ သောကြောင့်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဟောင်းတစ်ဦးဖြစ်သူ ဒေါ်စန္ဒာမင်းက သုံးသပ်သည်။
“ဧည့်စာရင်းစစ်တာ နည်းတယ်ဆိုတာကလည်း တကယ်ကိုပဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လုံခြုံရေးမှ မပေးနိုင်တာ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို သတ်တာ၊ ဖြတ်တာတွေလုပ်နေတဲ့အတွက်ကြောင့် သူတို့တွေကလည်း တကယ်ကို မစစ်နိုင်ဘူး ဖြစ်နေတာပေါ့။ သတ်တာ၊ ဖြတ်တာတွေရော နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ရန်ရှာတဲ့ကိစ္စတွေကလည်း အများကြီးဖြစ်နေတော့ ဘယ်သူက ဒီလိုမျိုး ဧည့်စာရင်းစစ်တဲ့အလုပ်ကိုလုပ်မလဲ။ ကျွန်မတို့လိုမျိုး ဒီလိုရပ်ကွက်ထဲမဟုတ်ဘဲနဲ့ ဒီတိုက်နဲ့ခြံ နဲ့နေနေတဲ့ အိမ်တွေမှာတောင် ကျွန်မတို့တွေ့နေရတယ်။ လာပြီးတော့ငှားနေတဲ့သူတွေ အများကြီးဖြစ်တယ်။ ဒီလူတွေက ဘယ်ကလာမှန်းတော့ ကျွန်မတို့ မသိရဘူး။ နောက်ပြီးတော့ လူတွေကလာရင် ခါတိုင်းငှားတယ်ဆိုရင် တစ်ယောက်၊ နှစ်ယောက်လိုမျိုး မိသားစုလိုက်ကလေးပဲဖြစ်ပေမယ့် အခုချိန် ကျွန်မတို့ မြင်နေရတယ်။ အိမ်တစ်ခုမှာ လူတွေအများကြီး အများကြီး ငှားလာတယ်ဆိုတဲ့ဟာကတော့ ကျွန်မတို့က ဒီလူတွေ ဘယ်ဒေသကလာတယ်ဆိုတဲ့အရင်းအမြစ်ကိုလည်း မသိရဘူး ဘယ်သူတွေမှန်းလည်း မသိရဘူး။ အုပ်ချုပ်ရေးပိုင်းကသိထားတယ်ဆိုရင်တော့ နည်းနည်းလေး လုံခြုံတာပေါ့။ ဒါကတော့ အန္တရာယ်ရှိတယ်ဆိုတဲ့အပိုင်းတော့ ကျွန်မတို့မြင်ရတယ်” ဟု ၎င်းက ဆိုသည်။
ရန်ကုန်မြို့သို့ လာရောက်သူများအနက် အမှန်တကယ် စစ်ဘေးရှောင်များအဖြစ် ဝင်လာပါက အန္တရာယ်မရှိနိုင်သော်လည်း ဒုက္ခသည်ယောင် ဆောင်ကာ ဝင်လာပါက လုံခြုံရေးအတွက် အန္တရာယ်ရှိသည်ဟု ပြောလိုကြောင်းလည်း ၎င်းက ဆိုသည်။
“ကျွန်မရဲ့ ပုဂ္ဂလိကခံစားချက်ဆိုရင်တော့ စိုးရိမ် မိတာပေါ့။ အများသူငါ ကိုယ့်ရပ်ကွက်ထဲမှာ ဘယ်သူ နေတယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် အချင်း ချင်းသိကြတယ်လေ။ နောက်ပြီးတော့ ဒီအိမ်က ဘယ်သူတွေလဲဆိုတာ သိကြတယ်လေ။ အခုဟာက အဲဒီလိုမျိုးမဟုတ်ဘဲနဲ့ လူစိမ်းတွေ ဝင်လာတာက အများကြီးဖြစ်နေတဲ့အခါကျတော့ ဒါက စိုးရိမ်စရာ အချက်တစ်ချက်ပေါ့။ ဒါကိုလည်း နိုင်နိုင် နင်းနင်းဖြေ ရှင်းနိုင်ဖို့ဆိုတာ အုပ်ချုပ်ရေးပိုင်းကလူတွေကိုလည်း သူတို့တွေကို အန္တရာယ် မဖြစ်အောင် ကာကွယ်ပေးနိုင်ရင်တော့ကောင်းတာပေါ့နော်။ ဒါဆိုရင် အုပ်ချုပ်ရေးပိုင်းအနေနဲ့လည်း နိုင်နိုင် နင်းနင်းစစ်ဆေးနိုင်တာပေါ့။ ဒီကြားထဲမှာမှ သန်ခေါင်စာရင်းကောက်မယ်ဆိုရင် ဒီလူတွေ ကိုကော ဘယ်လိုအနေအထားနဲ့ ကောက်မယ်ဆိုတာ မေးစရာဖြစ်လာတာပေါ့” ဟု ဒေါ်စန္ဒာမင်းက ပြောသည်။
လက်ရှိ ရန်ကုန်မြို့သို့ စစ်ဘေးရှောင် ပြည်သူ များ ဝင်ရောက်ရာတွင် အခြားတိုင်းဒေသကြီး နှင့် ပြည်နယ်များမှလာသူများထက် ရခိုင်ပြည်နယ်မှ လာသော (၁၁ /) မှတ်ပုံတင်ကိုင်ထားသူများကို စစ်ဆေးမှု ပိုများနေကြောင်းလည်း သိရသည်။ “ဧည့်စာရင်းကတော့ စနစ်တကျကောက်နေ တာပေါ့။ ရခိုင်ဘက်ကလာရင် ထောက်ခံစာပါလား၊ ဘယ်လိုရောက်လာသလဲ၊ မင်းတို့ ဟိုမှာဘာလုပ်ခဲ့သ လဲ အသေးစိတ် အထောက်အထားပြ၊ နေထိုင် ကြောင်း ထောက်ခံစာပါလား၊ မြို့ထောက်ခံချက်ယူလာသလား ပြပါ၊ အရင်ကဘာတွေနဲ့ ပတ်သက် ခဲ့တာလဲဆိုတာ မျိုးကို တချို့အုပ်ချုပ်ရေးမှူးတွေက မေးတာပေါ့။ တချို့ရပ်ကွက်တွေမှာ စောင့်ကြည့် တာတွေ ရှိတယ်။ ဒါသိတဲ့ နေရာတချို့ကို ပြောတာပေါ့။ လူစိမ်းတွေ စိမ့်ဝင်လာတာများရင် စိတ်မချကြ ဘူးပေါ့” ဟု စစ်ဘေးရှောင် ပြည်သူများအရေးနှင့်ပတ်သက်၍ စောင့်ကြည့်ကူညီပေးနေသူတစ်ဦးက ဆိုသည်။
မိသားစုလိုက် လာသူများအတွက် ရပ်ကွက်က သတိထားမှု နည်းပါးသော်လည်း အမျိုးသား သီးသန့် ငှားသော အခန်းများကို သတိထား စောင့်ကြည့်မှုများ ရှိနေကြကြောင်းလည်း သိရသည်ဟု ၎င်းက ဆိုသည်။ “ကျွန်တော်ထင်ပါတယ်။ တချို့နေရာတွေမှာ ရှောင်တခင် ဝင်စစ်တာမျိုးတော့ ရှိနေသေးတယ်။ ဧည့်စာရင်းဝင်စစ်တာမျိုးတွေ ရှိနေသေးတာတော့ ကြားနေရပါတယ်။ ဒါပေမဲ့ နည်းနည်းလေးတော့ ရန်ကုန်က ကျန်တဲ့နေရာထက် လျော့တယ်ပြောလို့ ရတယ်။ ရန်ကုန်က Safe Side ဖြစ်လို့လား ဘာလား တော့ မသိဘူး လျော့တယ်။ နယ်မြို့တွေမှာ ပိုစစ်တယ်ပြောတယ်” ဟု ၎င်းကရှင်းပြသည်။
ဧည့်စာရင်း စစ်ခြင်းနည်းပါးနေခြင်းမှာ အခြားလုပ်ငန်းတာဝန်များကြောင့်လည်း မလုပ်ဆောင် နိုင်ခြင်းများရှိနိုင်ပြီး ဧည့်စာရင်းစစ်ခြင်းနှင့်အတူ မြို့ဝင်ဂိတ်ပေါက်များတွင် စနစ်တကျ စစ်ဆေးခြင်း မျိုးလည်း ဆောင်ရွက်သင့်ကြောင်း အငြိမ်းစား ရဲမှူးကြီးတစ်ဦးက အကြံပြုသည်။
“ ဥပမာအားဖြင့် ကျွန်တော်က ခရီးထွက်တဲ့အခါ ပုံမှန်လေးပဲ စစ်တာပေါ့။ အများပြည်သူ ငြိုငြင် မှာ စိုးတာလည်းပါမှာပေါ့။ တက်ကြည့်ပြီးတော့ သူတို့ သံ သယမရှိရင် ပြန်ဆင်းတာမျိုးပေါ့။ ကျွန်တော် သာ ဆိုရင် အသက်အရွယ်လိုက်ပြီးတော့ မှတ်ပုံတင် ကြည့်မှာပဲ။ အသက်အရွယ်ကောင်းတဲ့ သူတွေကို ကြည့်ပြီး မေးခွန်းတစ်ခု၊ နှစ်ခုမေးမယ်။ အဲဒီလောက် ကလေးကိုတော့ စနစ်တကျအင်အားနဲ့ တစ် ယောက်တည်းကပဲ သုံးစီးကိုတက်တာထက် သုံးစီးမှာ သုံး ယောက်တက်ပြီး မှတ်ပုံတင်မပါရင် ဘယ်လို လုပ်မှာ လဲဆိုတော့ ခေါ်ထားမယ်။ မေးမယ်လေ။ သတင်းရမှ စစ်တယ်ဆိုတာထက် ပုံမှန်စစ်နေရမယ်။ ပုံမှန် စစ်နေ မှ ဒီဂိတ်တွေက ပုံမှန်စစ်တယ်၊ ဝင်ဖို့ခက်တယ် ဖြစ်သွားမှာလေ” ဟု ၎င်းက ပြောကြားသည်။
စစ်ဆေးသည့် အခါတွင်လည်း ပုံပန်းသွင်ပြင်ကို လည်း အကြမ်းဖျင်း ကြည့်ရှုစစ်ဆေးစေလို ကြောင်း ၎င်းက ဆိုသည်။ “ သင်တန်းတက်ခဲ့တယ်ဆိုရင် ကြည့်လို့ရပြီ လေ။ အသားအရေတို့၊ လက်တို့၊ ခြေထောက်တို့ ကြည့်လိုက်ပေါ့ဗျာ။ မြို့အဝင်ကိုမှ စ စစ်ရမယ်။ မြို့ထဲ ကတော့ ပိုလိုတာပေါ့။ ကျွန်တော်တို့ရပ်ကွက်က ပင်စင်စားတွေများတော့ သိပ်မစစ်ဘူး။ တခြားရပ် ကွက်တွေမှာစစ်တယ်လို့ ကြားပါတယ်။ ဒါပေမဲ့ ခင်ဗျားပြောသလို ဧည့်စာရင်းကမဖြစ်မနေ စစ်သင့် တယ်”ဟု ၎င်းကဆိုသည်။
လက်ရှိ အနေအထားအရ ယခင်နိုင်ငံရေး အပြောင်းအလဲ ဖြစ်စဉ်များ စတင်ဖြစ်ပွားသည့် ကာလ များက စစ်ဆေးခဲ့သည့် ဧည့်စာရင်းစစ်ဆေးပုံ စံချိန်မျိုး ရန်ကုန်တွင် ပြန်လည် စစ်ဆေးရန် လိုအပ်ကြောင်းလည်း ၎င်းက အတိအကျ ဆိုသည်။
zawgyi version
ရန္ကုန္တိုင္းေဒသႀကီးအတြင္း လူဝင္ေရာက္မႈမ်ားေနေသာ္လည္း ဧည့္စာ ရင္းစစ္ေဆးမႈ အားနည္းေနသည့္အတြက္ အၾကမ္းဖက္သမားမ်ား ေရာပါ လာမည္ကို စိုးရိမ္မႈမ်ား ရွိေန
သုတေက်ာ္ (NP News) - ဩဂုတ္ ၂၉
တိုက္ပြဲေရွာင္ ျပည္သူမ်ားေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီးတြင္ လူဝင္ေရာက္မႈမ်ားေနေသာ္လည္း ဧည့္စာရင္းစစ္ေဆးမႈ အားနည္းေနသည့္ အတြက္ အၾကမ္းဖက္သမားမ်ားေရာပါမည္ကို စိုးရိမ္မႈမ်ား ရွိေနေၾကာင္း NP News က ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
ရန္ကုန္တိုင္းေဒသႀကီးတြင္ ႏိုင္ငံေရးေျပာင္းလဲမႈျဖစ္စဥ္ ျဖစ္ပြားၿပီးေနာက္ ရပ္ကြက္ သို႔မဟုတ္ ေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးဥပေဒကို စတုတၳအႀကိမ္ ျပင္ဆင္သည့္ဥပေဒျဖင့္ ဧည့္စာရင္းစစ္ေဆးျခင္းကို တင္းတင္းၾကပ္ၾကပ္ ေဆာင္႐ြက္ခဲ့ေသာ္လည္း ေနာက္ပိုင္းကာလမ်ားတြင္ ဧည့္စာရင္းစစ္ေဆးမႈ နည္းပါးလာခဲ့ၿပီး ဧည့္စာရင္းတိုင္သူအေရအတြက္မွာမူ တိုးပြားလာခဲ့သည္။
ဧည့္စာရင္းစစ္ေဆးမႈ နည္းပါးေနသည့္ အခ်ိန္ ယခုကာလအတြင္း ရန္ကုန္တိုင္းေဒသႀကီး အထူး သျဖင့္ ရန္ကုန္ၿမိဳ႕သို႔ ဦးတည္ကာ စစ္ေဘးေရွာင္ ျပည္သူမ်ားဝင္ေရာက္လာရာ အၾကမ္းဖက္သမားမ်ားပါ ေရာပါစိမ့္ဝင္လာမည္ကို စိုးရိမ္မႈမ်ားရွိေနျခင္း ျဖစ္သည္။
“အဲဒါတာေတာ့ လုံၿခဳံေရးစည္းအရေတာ့ တင္း တင္းၾကပ္ၾကပ္ေကာက္သင့္တယ္။ ကြၽန္ေတာ္ ေနတဲ့ ရပ္ကြက္မွာ ဧည့္စာရင္းက စစ္တာမေတြ႕ဘူး။ နည္း နည္းေလးေတာ့ ေပါ့တယ္လို႔ထင္တယ္ေလ။ အဖ်က္သမားဆိုတာ အသြင္ယူၿပီးေတာ့ အရပ္သမားအျဖစ္နဲ႔ လားရႈိးမွာလည္း ဝင္လာတာပဲေလ မဟုတ္ ဘူးလား။ ဒီမွာလည္း ေျပာလို႔မရဘူး” ဟု ဒီမိုကရက္တစ္ပါတီ မွ ဒုတိယဥကၠ႒ ဦးတင္ေဆြက NP News သို႔ သုံးသပ္ေျပာၾကားသည္။
ရန္ကုန္တိုင္းေဒသႀကီးအတြင္းသို႔ အၾကမ္းဖက္ သမားအခ်ိဳ႕က ၎တို႔လာခဲ့သည္ဟု ေပၚေပၚထင္ထင္ ၿခိမ္းေျခာက္ေျပာၾကားမႈအခ်ိဳ႕ ရွိေနသည့္ ယခုကဲ့သို႔ အခ်ိန္မ်ိဳးတြင္ ဧည့္စာရင္းကို ပုံမွန္ထက္ ပိုကာ စစ္ေဆးလိုေၾကာင္းလည္း ၎ကေျပာသည္။ ဧည့္စာရင္း စစ္ေဆးျခင္းမွာ မသမာသူမ်ားအတြက္ တပ္လွန႔္ျခင္းသေဘာလည္းျဖစ္ၿပီး ဧည့္စာရင္း စစ္မည္ဟု သတင္းၾကား႐ုံမွ်ျဖင့္ပင္ အၾကမ္းဖက္လို သူမ်ားအတြက္ ထိတ္လန႔္ေစေသာ သတင္း ဆိုး ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕တြင္ေနထိုင္သူ အသက္ ၄၀ အ႐ြယ္ အမ်ိဳးသားႀကီးတစ္ဦးက ၎၏အေတြ႕ အႀကဳံကို ေျပာျပသည္။
“ အခုက ေျပာရမယ္ဆိုရင္ ဧည့္စာရင္းဆိုတာမ်ိဳးကလည္း အၾကမ္း ဖက္သမားေတြအတြက္က သတင္းဆိုးေပါ့ေနာ္။ အလိုလိုေနရင္းကို စိတ္ ဓာတ္ပိုင္းအရ ထိတ္လန႔္ေစတဲ့အရာလို႔ ကြၽန္ေတာ္ျမင္တယ္ေလ။ မသကၤာတာမ်ိဳးဆိုရင္လည္း သိရမွာေပါ့ေနာ္။ တန႔္သြားေစမယ္လို႔ထင္တယ္။ ဒါက ျပည္သူ တစ္ေယာက္အေနနဲ႔ ေျပာတာပါ။ အခုကေတာ့ စစ္တာကနည္းေနတာေပါ့” ဟု ၎က ဆိုသည္။
လက္ရွိ ဧည့္စာရင္းစစ္ေဆးျခင္းမွာ နည္းေနသည္ဟုဆိုေသာ္လည္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ားအတြက္ လုံၿခဳံေရးေပးရန္အားနည္းခ်က္ရွိေန ေသာေၾကာင့္ျဖစ္ေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္ ေဟာင္းတစ္ဦးျဖစ္သူ ေဒၚစႏၵာမင္းက သုံးသပ္သည္။
“ဧည့္စာရင္းစစ္တာ နည္းတယ္ဆိုတာကလည္း တကယ္ကိုပဲ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေတြကို လုံၿခဳံေရးမွ မေပးႏိုင္တာ။ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေတြကို သတ္တာ၊ ျဖတ္တာေတြလုပ္ေနတဲ့အတြက္ေၾကာင့္ သူတို႔ေတြကလည္း တကယ္ကို မစစ္ႏိုင္ဘူး ျဖစ္ေနတာေပါ့။ သတ္တာ၊ ျဖတ္တာေတြေရာ ေနာက္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေတြကို ရန္ရွာတဲ့ကိစၥေတြကလည္း အမ်ားႀကီးျဖစ္ေနေတာ့ ဘယ္သူက ဒီလိုမ်ိဳး ဧည့္စာရင္းစစ္တဲ့အလုပ္ကိုလုပ္မလဲ။ ကြၽန္မတို႔လိုမ်ိဳး ဒီလိုရပ္ကြက္ထဲမဟုတ္ဘဲနဲ႔ ဒီတိုက္နဲ႔ၿခံ နဲ႔ေနေနတဲ့ အိမ္ေတြမွာေတာင္ ကြၽန္မတို႔ေတြ႕ေနရတယ္။ လာၿပီးေတာ့ငွားေနတဲ့သူေတြ အမ်ားႀကီးျဖစ္တယ္။ ဒီလူေတြက ဘယ္ကလာမွန္းေတာ့ ကြၽန္မတို႔ မသိရဘူး။ ေနာက္ၿပီးေတာ့ လူေတြကလာရင္ ခါတိုင္းငွားတယ္ဆိုရင္ တစ္ေယာက္၊ ႏွစ္ေယာက္လိုမ်ိဳး မိသားစုလိုက္ကေလးပဲျဖစ္ေပမယ့္ အခုခ်ိန္ ကြၽန္မတို႔ ျမင္ေနရတယ္။ အိမ္တစ္ခုမွာ လူေတြအမ်ားႀကီး အမ်ားႀကီး ငွားလာတယ္ဆိုတဲ့ဟာကေတာ့ ကြၽန္မတို႔က ဒီလူေတြ ဘယ္ေဒသကလာတယ္ဆိုတဲ့အရင္းအျမစ္ကိုလည္း မသိရဘူး ဘယ္သူေတြမွန္းလည္း မသိရဘူး။ အုပ္ခ်ဳပ္ေရးပိုင္းကသိထားတယ္ဆိုရင္ေတာ့ နည္းနည္းေလး လုံၿခဳံတာေပါ့။ ဒါကေတာ့ အႏၲရာယ္ရွိတယ္ဆိုတဲ့အပိုင္းေတာ့ ကြၽန္မတို႔ျမင္ရတယ္” ဟု ၎က ဆိုသည္။
ရန္ကုန္ၿမိဳ႕သို႔ လာေရာက္သူမ်ားအနက္ အမွန္တကယ္ စစ္ေဘးေရွာင္မ်ားအျဖစ္ ဝင္လာပါက အႏၲရာယ္မရွိႏိုင္ေသာ္လည္း ဒုကၡသည္ေယာင္ ေဆာင္ကာ ဝင္လာပါက လုံၿခဳံေရးအတြက္ အႏၲရာယ္ရွိသည္ဟု ေျပာလိုေၾကာင္းလည္း ၎က ဆိုသည္။
“ကြၽန္မရဲ႕ ပုဂၢလိကခံစားခ်က္ဆိုရင္ေတာ့ စိုးရိမ္ မိတာေပါ့။ အမ်ားသူငါ ကိုယ့္ရပ္ကြက္ထဲမွာ ဘယ္သူ ေနတယ္ဆိုရင္ တစ္ေယာက္နဲ႔တစ္ေယာက္ အခ်င္း ခ်င္းသိၾကတယ္ေလ။ ေနာက္ၿပီးေတာ့ ဒီအိမ္က ဘယ္သူေတြလဲဆိုတာ သိၾကတယ္ေလ။ အခုဟာက အဲဒီလိုမ်ိဳးမဟုတ္ဘဲနဲ႔ လူစိမ္းေတြ ဝင္လာတာက အမ်ားႀကီးျဖစ္ေနတဲ့အခါက်ေတာ့ ဒါက စိုးရိမ္စရာ အခ်က္တစ္ခ်က္ေပါ့။ ဒါကိုလည္း ႏိုင္ႏိုင္ နင္းနင္းေျဖ ရွင္းႏိုင္ဖို႔ဆိုတာ အုပ္ခ်ဳပ္ေရးပိုင္းကလူေတြကိုလည္း သူတို႔ေတြကို အႏၲရာယ္ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ရင္ေတာ့ေကာင္းတာေပါ့ေနာ္။ ဒါဆိုရင္ အုပ္ခ်ဳပ္ေရးပိုင္းအေနနဲ႔လည္း ႏိုင္ႏိုင္ နင္းနင္းစစ္ေဆးႏိုင္တာေပါ့။ ဒီၾကားထဲမွာမွ သန္ေခါင္စာရင္းေကာက္မယ္ဆိုရင္ ဒီလူေတြ ကိုေကာ ဘယ္လိုအေနအထားနဲ႔ ေကာက္မယ္ဆိုတာ ေမးစရာျဖစ္လာတာေပါ့” ဟု ေဒၚစႏၵာမင္းက ေျပာသည္။
လက္ရွိ ရန္ကုန္ၿမိဳ႕သို႔ စစ္ေဘးေရွာင္ ျပည္သူ မ်ား ဝင္ေရာက္ရာတြင္ အျခားတိုင္းေဒသႀကီး ႏွင့္ ျပည္နယ္မ်ားမွလာသူမ်ားထက္ ရခိုင္ျပည္နယ္မွ လာေသာ (၁၁ /) မွတ္ပုံတင္ကိုင္ထားသူမ်ားကို စစ္ေဆးမႈ ပိုမ်ားေနေၾကာင္းလည္း သိရသည္။ “ဧည့္စာရင္းကေတာ့ စနစ္တက်ေကာက္ေန တာေပါ့။ ရခိုင္ဘက္ကလာရင္ ေထာက္ခံစာပါလား၊ ဘယ္လိုေရာက္လာသလဲ၊ မင္းတို႔ ဟိုမွာဘာလုပ္ခဲ့သ လဲ အေသးစိတ္ အေထာက္အထားျပ၊ ေနထိုင္ ေၾကာင္း ေထာက္ခံစာပါလား၊ ၿမိဳ႕ေထာက္ခံခ်က္ယူလာသလား ျပပါ၊ အရင္ကဘာေတြနဲ႔ ပတ္သက္ ခဲ့တာလဲဆိုတာ မ်ိဳးကို တခ်ိဳ႕အုပ္ခ်ဳပ္ေရးမႉးေတြက ေမးတာေပါ့။ တခ်ိဳ႕ရပ္ကြက္ေတြမွာ ေစာင့္ၾကည့္ တာေတြ ရွိတယ္။ ဒါသိတဲ့ ေနရာတခ်ိဳ႕ကို ေျပာတာေပါ့။ လူစိမ္းေတြ စိမ့္ဝင္လာတာမ်ားရင္ စိတ္မခ်ၾက ဘူးေပါ့” ဟု စစ္ေဘးေရွာင္ ျပည္သူမ်ားအေရးႏွင့္ပတ္သက္၍ ေစာင့္ၾကည့္ကူညီေပးေနသူတစ္ဦးက ဆိုသည္။
မိသားစုလိုက္ လာသူမ်ားအတြက္ ရပ္ကြက္က သတိထားမႈ နည္းပါးေသာ္လည္း အမ်ိဳးသား သီးသန႔္ ငွားေသာ အခန္းမ်ားကို သတိထား ေစာင့္ၾကည့္မႈမ်ား ရွိေနၾကေၾကာင္းလည္း သိရသည္ဟု ၎က ဆိုသည္။ “ကြၽန္ေတာ္ထင္ပါတယ္။ တခ်ိဳ႕ေနရာေတြမွာ ေရွာင္တခင္ ဝင္စစ္တာမ်ိဳးေတာ့ ရွိေနေသးတယ္။ ဧည့္စာရင္းဝင္စစ္တာမ်ိဳးေတြ ရွိေနေသးတာေတာ့ ၾကားေနရပါတယ္။ ဒါေပမဲ့ နည္းနည္းေလးေတာ့ ရန္ကုန္က က်န္တဲ့ေနရာထက္ ေလ်ာ့တယ္ေျပာလို႔ ရတယ္။ ရန္ကုန္က Safe Side ျဖစ္လို႔လား ဘာလား ေတာ့ မသိဘူး ေလ်ာ့တယ္။ နယ္ၿမိဳ႕ေတြမွာ ပိုစစ္တယ္ေျပာတယ္” ဟု ၎ကရွင္းျပသည္။
ဧည့္စာရင္း စစ္ျခင္းနည္းပါးေနျခင္းမွာ အျခားလုပ္ငန္းတာဝန္မ်ားေၾကာင့္လည္း မလုပ္ေဆာင္ ႏိုင္ျခင္းမ်ားရွိႏိုင္ၿပီး ဧည့္စာရင္းစစ္ျခင္းႏွင့္အတူ ၿမိဳ႕ဝင္ဂိတ္ေပါက္မ်ားတြင္ စနစ္တက် စစ္ေဆးျခင္း မ်ိဳးလည္း ေဆာင္႐ြက္သင့္ေၾကာင္း အၿငိမ္းစား ရဲမႉးႀကီးတစ္ဦးက အႀကံျပဳသည္။
“ ဥပမာအားျဖင့္ ကြၽန္ေတာ္က ခရီးထြက္တဲ့အခါ ပုံမွန္ေလးပဲ စစ္တာေပါ့။ အမ်ားျပည္သူ ၿငိဳျငင္ မွာ စိုးတာလည္းပါမွာေပါ့။ တက္ၾကည့္ၿပီးေတာ့ သူတို႔ သံ သယမရွိရင္ ျပန္ဆင္းတာမ်ိဳးေပါ့။ ကြၽန္ေတာ္ သာ ဆိုရင္ အသက္အ႐ြယ္လိုက္ၿပီးေတာ့ မွတ္ပုံတင္ ၾကည့္မွာပဲ။ အသက္အ႐ြယ္ေကာင္းတဲ့ သူေတြကို ၾကည့္ၿပီး ေမးခြန္းတစ္ခု၊ ႏွစ္ခုေမးမယ္။ အဲဒီေလာက္ ကေလးကိုေတာ့ စနစ္တက်အင္အားနဲ႔ တစ္ ေယာက္တည္းကပဲ သုံးစီးကိုတက္တာထက္ သုံးစီးမွာ သုံး ေယာက္တက္ၿပီး မွတ္ပုံတင္မပါရင္ ဘယ္လို လုပ္မွာ လဲဆိုေတာ့ ေခၚထားမယ္။ ေမးမယ္ေလ။ သတင္းရမွ စစ္တယ္ဆိုတာထက္ ပုံမွန္စစ္ေနရမယ္။ ပုံမွန္ စစ္ေန မွ ဒီဂိတ္ေတြက ပုံမွန္စစ္တယ္၊ ဝင္ဖို႔ခက္တယ္ ျဖစ္သြားမွာေလ” ဟု ၎က ေျပာၾကားသည္။
စစ္ေဆးသည့္ အခါတြင္လည္း ပုံပန္းသြင္ျပင္ကို လည္း အၾကမ္းဖ်င္း ၾကည့္ရႈစစ္ေဆးေစလို ေၾကာင္း ၎က ဆိုသည္။ “ သင္တန္းတက္ခဲ့တယ္ဆိုရင္ ၾကည့္လို႔ရၿပီ ေလ။ အသားအေရတို႔၊ လက္တို႔၊ ေျခေထာက္တို႔ ၾကည့္လိုက္ေပါ့ဗ်ာ။ ၿမိဳ႕အဝင္ကိုမွ စ စစ္ရမယ္။ ၿမိဳ႕ထဲ ကေတာ့ ပိုလိုတာေပါ့။ ကြၽန္ေတာ္တို႔ရပ္ကြက္က ပင္စင္စားေတြမ်ားေတာ့ သိပ္မစစ္ဘူး။ တျခားရပ္ ကြက္ေတြမွာစစ္တယ္လို႔ ၾကားပါတယ္။ ဒါေပမဲ့ ခင္ဗ်ားေျပာသလို ဧည့္စာရင္းကမျဖစ္မေန စစ္သင့္ တယ္”ဟု ၎ကဆိုသည္။
လက္ရွိ အေနအထားအရ ယခင္ႏိုင္ငံေရး အေျပာင္းအလဲ ျဖစ္စဥ္မ်ား စတင္ျဖစ္ပြားသည့္ ကာလ မ်ားက စစ္ေဆးခဲ့သည့္ ဧည့္စာရင္းစစ္ေဆးပုံ စံခ်ိန္မ်ိဳး ရန္ကုန္တြင္ ျပန္လည္ စစ္ေဆးရန္ လိုအပ္ေၾကာင္းလည္း ၎က အတိအက် ဆိုသည္။