လက်ရှိစီမံကိန်းအပိုင်း(၁)ဖြင့် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် (၅)သိန်းချက်လုပ်နိုင်ရန် ဆောင်ရွက်မည်ဟုဆို

 2562

ချယ်ရီ (NP News) - ဇွန် ၆

နိုင်ငံတော်၏ စက်သုံးဆီလိုအပ်ချက်ကို အတိုင်းအတာတစ်ရပ်အထိ ဖြည့်ဆည်းပေးနိုင်ရန် လက်ရှိစီမံကိန်းအပိုင်း(၁)ဖြင့် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် (၅)သိန်းချက်လုပ်နိုင်ရန် ဆောင်ရွက်မည်ဟု စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောကြားသည်။

ယမန်နေ့ (ဇွန်လ ၅ ရက်)က အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)သို့ သွားရောက်တွေ့ဆုံစဉ် အဆိုပါပြောစကားကို ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ စက်သုံးဆီလိုအပ်ချက်ကို အတိုင်းအတာတစ်ရပ်အထိ ဖြည့်ဆည်းပေးနိုင်ရန် အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)ကို အသွင်သစ်ဖြင့် လည်ပတ်ထုတ်လုပ်သွားမည်ဖြစ်ပြီး လက်ရှိတွင် စီမံကိန်းအပိုင်း(၁)အဖြစ် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန်(၅)သိန်း ချက်လုပ်နိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ထို့ပြင် စီမံကိန်းအပိုင်း(၂)အဖြစ် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် (၃)သန်း ချက်လုပ်နိုင်သည့် ရေနံချက်စက်ရုံကိုလည်း ဆက်လက်ဆောင်ရွက်သွားနိုင်ရန် ရေတိုရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် စီမံကိန်းတစ်ခုလုံး ဆောင်ရွက်ပြီးစီးပါက နိုင်ငံတော်၏ စက်သုံးဆီလိုအပ်ချက်၏ ထက်ဝက်ခန့်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)၌ စက်ရုံတည်ဆောက်မည့် မြေနေရာတွင် Pile Foundation လုပ်ငန်းများဆောင်ရွက်နေမှု၊ စက်ရုံအတွက်လိုအပ်သည့် သဘာဝဓာတ်ငွေ့များ ထိန်းချုပ်ဖြန့်ဖြူးပေးမည့် သဘာဝဓာတ်ငွေ့ထိန်းဖြန့်စခန်း (သန်လျင်)၊ ရေနံစိမ်းနှင့်ရေနံထွက်ပစ္စည်းများ သယ်ယူမည့် ပိုက်လိုင်းတည်ဆောက်ရန် လမ်းအူကြောင်းလျာထားနေရာများ၊ တောင်ဒဂုံ-သန်လျင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ ပဲခူးမြစ်ဖြတ်အပိုင်းတွင် Horizontal Directional Drilling စက်ဖြင့် တူးဖောက်ဆက်သွယ်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်အချိန်ကာလတွင် ပြီးစီးနိုင်ရေးနှင့် သတ်မှတ်စံချိန်စံညွှန်းများ နှင့်အညီ စနစ်တကျ ဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
လက္ရွိစီမံကိန္းအပိုင္း(၁)ျဖင့္ တစ္ႏွစ္လွ်င္ ေရနံစိမ္းတန္ခ်ိန္ (၅)သိန္းခ်က္လုပ္ႏိုင္ရန္ ေဆာင္႐ြက္မည္ဟုဆို
ခ်ယ္ရီ (NP News) - ဇြန္ ၆

ႏိုင္ငံေတာ္၏ စက္သုံးဆီလိုအပ္ခ်က္ကို အတိုင္းအတာတစ္ရပ္အထိ ျဖည့္ဆည္းေပးႏိုင္ရန္ လက္ရွိစီမံကိန္းအပိုင္း(၁)ျဖင့္ တစ္ႏွစ္လွ်င္ ေရနံစိမ္းတန္ခ်ိန္ (၅)သိန္းခ်က္လုပ္ႏိုင္ရန္ ေဆာင္႐ြက္မည္ဟု စြမ္းအင္ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလြင္က ေျပာၾကားသည္။

ယမန္ေန႔ (ဇြန္လ ၅ ရက္)က အမွတ္(၁)ေရနံခ်က္စက္႐ုံ(သန္လ်င္)သို႔ သြားေရာက္ေတြ႕ဆုံစဥ္ အဆိုပါေျပာစကားကို ထည့္သြင္းေျပာၾကားခဲ့ ျခင္းျဖစ္သည္။

ျပည္ေထာင္စုဝန္ႀကီးက ႏိုင္ငံေတာ္၏ စက္သုံးဆီလိုအပ္ခ်က္ကို အတိုင္းအတာတစ္ရပ္အထိ ျဖည့္ဆည္းေပးႏိုင္ရန္ အမွတ္(၁)ေရနံခ်က္စက္႐ုံ(သန္လ်င္)ကို အသြင္သစ္ျဖင့္ လည္ပတ္ထုတ္လုပ္သြားမည္ျဖစ္ၿပီး လက္ရွိတြင္ စီမံကိန္းအပိုင္း(၁)အျဖစ္ တစ္ႏွစ္လွ်င္ ေရနံစိမ္းတန္ခ်ိန္(၅)သိန္း ခ်က္လုပ္ႏိုင္ေအာင္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။

ထို႔ျပင္ စီမံကိန္းအပိုင္း(၂)အျဖစ္ တစ္ႏွစ္လွ်င္ ေရနံစိမ္းတန္ခ်ိန္ (၃)သန္း ခ်က္လုပ္ႏိုင္သည့္ ေရနံခ်က္စက္႐ုံကိုလည္း ဆက္လက္ေဆာင္႐ြက္သြားႏိုင္ရန္ ေရတိုေရရွည္အစီအမံမ်ား ခ်မွတ္ေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ စီမံကိန္းတစ္ခုလုံး ေဆာင္႐ြက္ၿပီးစီးပါက ႏိုင္ငံေတာ္၏ စက္သုံးဆီလိုအပ္ခ်က္၏ ထက္ဝက္ခန႔္ကို ျဖည့္ဆည္းေပးႏိုင္မည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလြင္က ေျပာၾကားသည္။

ျပည္ေထာင္စုဝန္ႀကီးသည္ အမွတ္(၁)ေရနံခ်က္စက္႐ုံ(သန္လ်င္)၌ စက္႐ုံတည္ေဆာက္မည့္ ေျမေနရာတြင္ Pile Foundation လုပ္ငန္းမ်ားေဆာင္႐ြက္ေနမႈ၊ စက္႐ုံအတြက္လိုအပ္သည့္ သဘာဝဓာတ္ေငြ႕မ်ား ထိန္းခ်ဳပ္ျဖန႔္ျဖဴးေပးမည့္ သဘာဝဓာတ္ေငြ႕ထိန္းျဖန႔္စခန္း (သန္လ်င္)၊ ေရနံစိမ္းႏွင့္ေရနံထြက္ပစၥည္းမ်ား သယ္ယူမည့္ ပိုက္လိုင္းတည္ေဆာက္ရန္ လမ္းအူေၾကာင္းလ်ာထားေနရာမ်ား၊ ေတာင္ဒဂုံ-သန္လ်င္ သဘာဝဓာတ္ေငြ႕ပိုက္လိုင္း၏ ပဲခူးျမစ္ျဖတ္အပိုင္းတြင္ Horizontal Directional Drilling စက္ျဖင့္ တူးေဖာက္ဆက္သြယ္ျခင္း လုပ္ငန္း ေဆာင္႐ြက္ေနမႈအေျခအေနမ်ားကို ၾကည့္ရႈစစ္ေဆးၿပီး သတ္မွတ္အခ်ိန္ကာလတြင္ ၿပီးစီးႏိုင္ေရးႏွင့္ သတ္မွတ္စံခ်ိန္စံၫႊန္းမ်ား ႏွင့္အညီ စနစ္တက် ေဆာင္႐ြက္ၾကရန္မွာၾကားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.