ဂျပန်မှာ အမျိုးသမီးတစ်ဦးရဲ့နေအိမ်မှာ ကြောင်အသေကောင် ၁ဝဝ လောက်တွေ့ရှိ

 1240

ရောင်နီ (NP News) - ဇွန် ၅

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့ Animal Assist Senju ရဲ့အဖွဲ့ဝင် အမျိုးသမီး တစ်ဦးရဲ့နေအိမ်မှာ သေဆုံးနေတဲ့ ကြောင်အကောင်ရေ ၁ဝဝ ခန့်ထိ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံအရာရှိတစ်ဦး က ဇွန် ၄ ရက်မှာ ပြောကြားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး Animal Assist Senju က ဆိုရှယ်မီဒီယာပေါ်မှာ အမှိုက်ပုံစံ နေအိမ်ခန်း ပုံရိပ်တွေနဲ့အတူ တောင်းပန်စကားဆိုခဲ့ပါတယ်။ အဆိုပါနေအိမ်ဟာ သူတို့ရဲ့ဝန်ထမ်း အမျိုးသမီတစ်ဦး နေထိုင်ရာ အိမ်ဖြစ်ပြီး သူမက အဖွဲ့အစည်းကို မတိုင်ပင်ဘဲ ကြောင် အကောင်ရေ များစွာကို ခေါ်ဆောင်သွားတာ တွေ့ရတယ် လို့ အဖွဲ့က ပြောကြားပါတယ်။ မြို့တော်အာဏာပိုင်တွေနဲ့ တိရစ္ဆာန်အခွင့်အရေး စေတနာ့ဝန်ထမ်းတွေက ဒီဖြစ်ရပ် မတိုင်ခင်ကလည်း ခွေးတစ်ကောင် သေဆုံးမှုနဲ့ ပတိသက်ပြီး သူမရဲ့အိမ်ကို နှစ်ကြိမ် လာရောက် စစ်ဆေးကြည့်ရှုခဲ့ ဖူးပါတယ်။
အဆိုပါအမျိုးသမီးကို တရားဥပဒေအရ အရေးယူခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘုး။ တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အရာရှိ ဆူတိုမူတာကီမိုတိုရဲ့ပြောကြားချက်အရ ယခုအချိန်အထိအတွင်း အဆိုပါအိမ်မှ ကြောင် ၁၂ ကောင်ထိ ကယ်တင်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version:
ဂ်ပန္မွာ အမ်ိဳးသမီးတစ္ဦးရဲ႕ေနအိမ္မွာ ေၾကာင္အေသေကာင္ ၁ဝဝ ေလာက္ေတြ႕ရွိ

ေရာင္နီ (NP News) - ဇြန္ ၅

ဂ်ပန္ႏိုင္ငံ အေနာက္ေတာင္ပိုင္းရွိ တိရစာၦန္ေစာင့္ေရွာက္ေရးအဖြဲ႕ Animal Assist Senju ရဲ႕အဖြဲ႕ဝင္ အမ်ိဳးသမီး တစ္ဦးရဲ႕ေနအိမ္မွာ ေသဆုံးေနတဲ့ ေၾကာင္အေကာင္ေရ ၁ဝဝ ခန႔္ထိ ရွာေဖြေတြ႕ရွိခဲ့တယ္လို႔ ေဒသခံအရာရွိတစ္ဦး က ဇြန္ ၄ ရက္မွာ ေျပာၾကားပါတယ္။
ဒီကိစၥနဲ႔ပတ္သက္ၿပီး Animal Assist Senju က ဆိုရွယ္မီဒီယာေပၚမွာ အမႈိက္ပုံစံ ေနအိမ္ခန္း ပုံရိပ္ေတြနဲ႔အတူ ေတာင္းပန္စကားဆိုခဲ့ပါတယ္။ အဆိုပါေနအိမ္ဟာ သူတို႔ရဲ႕ဝန္ထမ္း အမ်ိဳးသမီတစ္ဦး ေနထိုင္ရာ အိမ္ျဖစ္ၿပီး သူမက အဖြဲ႕အစည္းကို မတိုင္ပင္ဘဲ ေၾကာင္ အေကာင္ေရ မ်ားစြာကို ေခၚေဆာင္သြားတာ ေတြ႕ရတယ္ လို႔ အဖြဲ႕က ေျပာၾကားပါတယ္။ ၿမိဳ႕ေတာ္အာဏာပိုင္ေတြနဲ႔ တိရစာၦန္အခြင့္အေရး ေစတနာ့ဝန္ထမ္းေတြက ဒီျဖစ္ရပ္ မတိုင္ခင္ကလည္း ေခြးတစ္ေကာင္ ေသဆုံးမႈနဲ႔ ပတိသက္ၿပီး သူမရဲ႕အိမ္ကို ႏွစ္ႀကိမ္ လာေရာက္ စစ္ေဆးၾကည့္ရႈခဲ့ ဖူးပါတယ္။
အဆိုပါအမ်ိဳးသမီးကို တရားဥပေဒအရ အေရးယူျခင္း ရွိ၊ မရွိ ရွင္းရွင္းလင္းလင္း မသိရေသးပါဘုး။ တိရစာၦန္ ကာကြယ္ေစာင့္ေရွာက္ေရး အရာရွိ ဆူတိုမူတာကီမိုတိုရဲ႕ေျပာၾကားခ်က္အရ ယခုအခ်ိန္အထိအတြင္း အဆိုပါအိမ္မွ ေၾကာင္ ၁၂ ေကာင္ထိ ကယ္တင္ႏိုင္ခဲ့ၿပီ ျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.