ရုရှားကို ခြွင်းချက်မရှိထောက်ခံအားပေးသွားမည်ဟု မြောက်ကိုရီးယားခေါင်းဆောင်ကတိပြု

269

Pika (NP News) - ဇွန် ၆
ရုရှားနှင့် ယူကရိန်းကြားဖြစ်ပွားနေသောစစ်ပွဲတွင် ရုရှားကို ခြွင်းချက်မရှိထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက ကတိပြုပြောဆိုခဲ့သည်။ထို့ပြင် ရုရှား-ယူကရိန်းစစ်ပွဲတွင် ရုရှားကအနိုင်ရရှိလိမ့်မည်ဟု မျှော်လင့်မိကြောင်း ကင်ဂျုံအန်းက ထပ်မံပြောဆိုခဲ့သည်။
ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့သည့် (၃)နှစ်ကျော်ကာလအတွင်း မြောက်ကိုရီးယားသည် ရုရှား၏အဓိကမိတ်ဖက်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်လာခဲ့ကြောင်းသိရသည်။ ထို့ပြင် ရုရှား-ယူကရိန်းစစ်ပွဲတွင် ရုရှားကို ကူညီပေးရန်အတွက် ၎င်း၏စစ်လက်နက်ပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များကို မြောက်ကိုရီးယားက ရုရှားကို ပေးပို့ခဲ့ကြောင်းလည်းသိရသည်။ ကင်ဂျုံအန်းသည် ရုရှားလုံခြုံရေးအကြီးအကဲ ဆာဂေးရှိုးဂူနှင့်တွေ့ဆုံစဉ်အချိန်အတွင်း ယင်းကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဆာဂေးရှိုးဂူနှင့်တွေ့ဆုံစဉ်အချိန်အတွင်း ယူကရိန်းအရေးအပါအဝင် နိုင်ငံတကာနိုင်ငံရေးပြဿနာများအားလုံးတွင် ရုရှား၏ ရပ်တည်နှင့်၎င်း၏နိုင်ငံခြားရေးမူဝါဒများကို မြောက်ကိုရီးယားက ခြွင်းချက်မရှိထောက်ခံသွားမည်ဟု ကင်ဂျုံအန်းကပြောကြားခဲ့ကြောင်း KCNA သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။ထို့ပြင် ယူကရိန်းနှင့်ဖြစ်ပွားနေသော စစ်ပွဲတွင် ရုရှားကအနိုင်ရရှိလိမ့်မည်ဟု မျှော်လင့်မှုများကို ကင်ဂျုံအန်းက ထုတ်ဖော်ပြောဆိုခဲ့ကြောင်း KCNA ကထပ်မံရေးသားဖော်ပြခဲ့သည်။ ရုရှားနှင့်မြောက်ကိုရီးယားနိုင်ငံတို့သည် နှစ်နိုင်ငံကြားဆက်ဆံရေးကို အရှိန်အဟုန်ဖြင့်ဆက်လက်ချဲ့ထွင်ရန် သဘောတူညီခဲ့ကြောင်း KCNA က ရေးသားဖော်ပြခဲ့သည်။
zawgyi version
႐ုရွားကို ႁခြင္းခ်က္မရွိေထာက္ခံအားေပးသြားမည္ဟု ေျမာက္ကိုရီးယားေခါင္းေဆာင္ကတိျပဳ
Pika (NP News) - ဇြန္ ၆
႐ုရွားႏွင့္ ယူကရိန္းၾကားျဖစ္ပြားေနေသာစစ္ပြဲတြင္ ႐ုရွားကို ႁခြင္းခ်က္မရွိေထာက္ခံအားေပးသြားမည္ျဖစ္ေၾကာင္း ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းက ကတိျပဳေျပာဆိုခဲ့သည္။ထို႔ျပင္ ႐ုရွား-ယူကရိန္းစစ္ပြဲတြင္ ႐ုရွားကအႏိုင္ရရွိလိမ့္မည္ဟု ေမွ်ာ္လင့္မိေၾကာင္း ကင္ဂ်ဳံအန္းက ထပ္မံေျပာဆိုခဲ့သည္။
႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားခဲ့သည့္ (၃)ႏွစ္ေက်ာ္ကာလအတြင္း ေျမာက္ကိုရီးယားသည္ ႐ုရွား၏အဓိကမိတ္ဖက္ႏိုင္ငံမ်ားထဲမွ တစ္ႏိုင္ငံျဖစ္လာခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ႐ုရွား-ယူကရိန္းစစ္ပြဲတြင္ ႐ုရွားကို ကူညီေပးရန္အတြက္ ၎၏စစ္လက္နက္ပစၥည္းမ်ားႏွင့္ တပ္ဖြဲ႕ဝင္မ်ားကို ေျမာက္ကိုရီးယားက ႐ုရွားကို ေပးပို႔ခဲ့ေၾကာင္းလည္းသိရသည္။ ကင္ဂ်ဳံအန္းသည္ ႐ုရွားလုံၿခဳံေရးအႀကီးအကဲ ဆာေဂးရႈိးဂူႏွင့္ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ယင္းကဲ့သို႔ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ဆာေဂးရႈိးဂူႏွင့္ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ယူကရိန္းအေရးအပါအဝင္ ႏိုင္ငံတကာႏိုင္ငံေရးျပႆနာမ်ားအားလုံးတြင္ ႐ုရွား၏ ရပ္တည္ႏွင့္၎၏ႏိုင္ငံျခားေရးမူဝါဒမ်ားကို ေျမာက္ကိုရီးယားက ႁခြင္းခ်က္မရွိေထာက္ခံသြားမည္ဟု ကင္ဂ်ဳံအန္းကေျပာၾကားခဲ့ေၾကာင္း KCNA သတင္းဌာနက ေရးသားေဖာ္ျပခဲ့သည္။ထို႔ျပင္ ယူကရိန္းႏွင့္ျဖစ္ပြားေနေသာ စစ္ပြဲတြင္ ႐ုရွားကအႏိုင္ရရွိလိမ့္မည္ဟု ေမွ်ာ္လင့္မႈမ်ားကို ကင္ဂ်ဳံအန္းက ထုတ္ေဖာ္ေျပာဆိုခဲ့ေၾကာင္း KCNA ကထပ္မံေရးသားေဖာ္ျပခဲ့သည္။ ႐ုရွားႏွင့္ေျမာက္ကိုရီးယားႏိုင္ငံတို႔သည္ ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးကို အရွိန္အဟုန္ျဖင့္ဆက္လက္ခ်ဲ႕ထြင္ရန္ သေဘာတူညီခဲ့ေၾကာင္း KCNA က ေရးသားေဖာ္ျပခဲ့သည္။