ဥရောပရဲ့ ဖိအားပေးမှုကြောင့် TikTok က #SkinnyTok key words ကို ပိတ်ပင်

 556

ရောင်နီ (NP News) - ဇွန် ၆

Tiktok က လူငယ်တွေကြား ခန္ဓာကိုယ်ပုံသဏ္ဍာန် ခွဲခြားမှုနဲ့ အန္တရာယ်ရှိတဲ့ အလေးချိန်ထိန်းသိမ်းနည်းတွေ မျှဝေ တယ်ဆိုတဲ့ ဥရောပ စည်းမျည်းစည်းကမ်းထိန်းသိမ်းသူတွေရဲ့ဝေဖန်မှုတွေကို တန်ပြန်ဖို့ hashtag #SkinnyTok keyword နဲ့ ရှာဖွေမှုတွေကို ဆိုင်းငံ့လိုက်တယ်လို့ သိရပါတယ်။
"ကျန်းမာရေးနဲ့မညီညွတ်တဲ့ ကိုယ်အလေးချိန် လျှော့ချတဲ့အကြောင်းအရာတွေနဲ့ ဆက်စပ်နေတာကြောင့် #skinnytok အတွက် ရှာဖွေမှုရလဒ်တွေကို ပိတ်ဆို့ထားပါတယ်" လို့ ByteDance က ဇွန်လ ၃ ရက်မှာ ပြောကြားခဲ့ပါတယ်။ SkinnyTok ဟာ တင်းကျပ်တဲ့ စားသောက်မှု ပုံစံ အပါအဝင် အလွန်အကျွံနည်းနဲ့ ကိုယ်အလေးချိန် လျှော့ချတဲ့နည်းလမ်းတွေကို ဗီဒီယိုဖန်တီးပြီး ပလပ်ဖောင်းပေါ်မှာ တင်တဲ့အခါ သုံးတဲ့ Keywords ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နည်းပညာ ကုမ္ပဏီကြီး ByteDance ပိုင်ဆိုင်တဲ့ TikTok နဲ့ Meta ရဲ့ Instagram လို အက်ပ်တွေဟာ သုံးစွဲသူတွေရဲ့အကျိုးစီးပွားကို ခွဲခြားသတ်မှတ်ပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ခန္ဓာကိုယ် ပုံသဏ္ဍာန်ကို ပြောင်းလဲချင်တဲ့ အမျိုးသမီးငယ်တွေကို မရည်ရွယ်ဘဲ ပစ်မှတ်ထားနေတယ်ဆိုတဲ့ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက #SkinnyTok Trend နဲ့ပတ်သက်ပြီး စိုးရိမ်မိတဲ့အကြောင်း ပြင်သစ်ဝန်ကြီးက ထုတ်ဖော် ပြောကြားပြီးတဲ့နောက် ဥရောပ စည်းမျည်းစည်းကမ်း ထိန်းသိမ်းသူတွေက အဆိုပါ key words နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။
"အနည်းဆုံးတော့ ဒါက ဒီဆိုက်တွေမှာ ပျံ့နှံ့နေတဲ့အန္တရာယ်ရှိတဲ့အကြောင်းအရာတွေကို တုံ့ပြန်တဲ့ အပြုသဘော ဆောင်တဲ့လှုပ်ရှားမှုတစ်ခုပါ” ဟု ကော်နယ်လ် တက္ကသိုလ်မှ ဆက်သွယ်ရေး ပါမောက္ခ ဒေါက်တာဘရောခ်အီရင်ဒူဖီ က ဆိုပါတယ်။

Zawgyi Version:
ဥေရာပရဲ႕ ဖိအားေပးမႈေၾကာင့္ TikTok က #SkinnyTok key words ကို ပိတ္ပင္
ေရာင္နီ (NP News) - ဇြန္ ၆
Tiktok က လူငယ္ေတြၾကား ခႏၶာကိုယ္ပုံသ႑ာန္ ခြဲျခားမႈနဲ႔ အႏၲရာယ္ရွိတဲ့ အေလးခ်ိန္ထိန္းသိမ္းနည္းေတြ မွ်ေဝ တယ္ဆိုတဲ့ ဥေရာပ စည္းမ်ည္းစည္းကမ္းထိန္းသိမ္းသူေတြရဲ႕ေဝဖန္မႈေတြကို တန္ျပန္ဖို႔ hashtag #SkinnyTok keyword နဲ႔ ရွာေဖြမႈေတြကို ဆိုင္းငံ့လိုက္တယ္လို႔ သိရပါတယ္။
"က်န္းမာေရးနဲ႔မညီၫြတ္တဲ့ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်တဲ့အေၾကာင္းအရာေတြနဲ႔ ဆက္စပ္ေနတာေၾကာင့္ #skinnytok အတြက္ ရွာေဖြမႈရလဒ္ေတြကို ပိတ္ဆို႔ထားပါတယ္" လို႔ ByteDance က ဇြန္လ ၃ ရက္မွာ ေျပာၾကားခဲ့ပါတယ္။ SkinnyTok ဟာ တင္းက်ပ္တဲ့ စားေသာက္မႈ ပုံစံ အပါအဝင္ အလြန္အကြၽံနည္းနဲ႔ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်တဲ့နည္းလမ္းေတြကို ဗီဒီယိုဖန္တီးၿပီး ပလပ္ေဖာင္းေပၚမွာ တင္တဲ့အခါ သုံးတဲ့ Keywords ျဖစ္ပါတယ္။ ဒါေၾကာင့္ တ႐ုတ္နည္းပညာ ကုမၸဏီႀကီး ByteDance ပိုင္ဆိုင္တဲ့ TikTok နဲ႔ Meta ရဲ႕ Instagram လို အက္ပ္ေတြဟာ သုံးစြဲသူေတြရဲ႕အက်ိဳးစီးပြားကို ခြဲျခားသတ္မွတ္ၿပီး က်န္းမာေရးနဲ႔ မညီၫြတ္တဲ့ ခႏၶာကိုယ္ ပုံသ႑ာန္ကို ေျပာင္းလဲခ်င္တဲ့ အမ်ိဳးသမီးငယ္ေတြကို မရည္႐ြယ္ဘဲ ပစ္မွတ္ထားေနတယ္ဆိုတဲ့ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။
ၿပီးခဲ့တဲ့ ဧၿပီလက #SkinnyTok Trend နဲ႔ပတ္သက္ၿပီး စိုးရိမ္မိတဲ့အေၾကာင္း ျပင္သစ္ဝန္ႀကီးက ထုတ္ေဖာ္ ေျပာၾကားၿပီးတဲ့ေနာက္ ဥေရာပ စည္းမ်ည္းစည္းကမ္း ထိန္းသိမ္းသူေတြက အဆိုပါ key words နဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈေတြ စတင္ခဲ့တာျဖစ္ပါတယ္။
"အနည္းဆုံးေတာ့ ဒါက ဒီဆိုက္ေတြမွာ ပ်ံ႕ႏွံ႔ေနတဲ့အႏၲရာယ္ရွိတဲ့အေၾကာင္းအရာေတြကို တုံ႔ျပန္တဲ့ အျပဳသေဘာ ေဆာင္တဲ့လႈပ္ရွားမႈတစ္ခုပါ” ဟု ေကာ္နယ္လ္ တကၠသိုလ္မွ ဆက္သြယ္ေရး ပါေမာကၡ ေဒါက္တာဘေရာခ္အီရင္ဒူဖီ က ဆိုပါတယ္။

Related news

© 2021. All rights reserved.