ယူကရိန်းက ပထမဆုံးပြည်တွင်းထုတ်ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

 374

Pika (NP News) - ဩဂုတ် ၂၉

ယူကရိန်းနိုင်ငံဟာ ၎င်းရဲ့ပထမဆုံးပြည်တွင်းထုတ် ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်ပစ်လွှတ်နိုင်ခဲ့တယ်လို့ သမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ရုရှားနယ်မြေအတွင်းကို တိုက်ခိုက်ဖို့အတွက် အနောက်အုပ်စုထုတ်ဒုံးကျည်စနစ်တွေကို အသုံးပြုခွင့်ပေးဖို့ ၎င်း၏အနောက်အုပ်စုကျောထောက်နောက် ခံနိုင်ငံတွေကို ယူကရိန်းကတောင်းဆိုမှုတွေလုပ်ဆောင်နေချိန်မှာပဲ ယခုလိုစမ်းသပ်ပစ်လွှတ်မှုထွက်ပေါ်လာတာဖြစ်ပါတယ်။ ဇီလန်စကီးက 'ယူကရိန်းမှာ အခြားတိုးတက်မှုတွေရှိလားဆိုတဲ့မေးခွန်းကို ဖြေပေးဖို့စောသေးတယ်လို့ ထင်မိပါတယ်။ ဒါပေမဲ့လည်း ပထမဆုံးယူကရိန်းထုတ် ပဲ့ထိန်းဒုံးကျည်ကို အပြုသဘောဆောင်တဲ့ စမ်းသပ်ပစ်လွှတ်မှုတစ်ခုရှိခဲ့ပါတယ်။ ဒီအတွက် ကျွန်တော်တို့ရဲ့စစ်ဘက်ဆိုင်ရာ ထုတ်လုပ်မှုတွေကို ကျေးဇူးတင်ပါတယ်' လို့ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း အဲဒီပဲ့ထိန်းဒုံးကျည်နဲ့ပတ်သက်ပြီး နောက်ထပ်အသေးစိတ်အချက်အလက်တွေကိုပြောဆိုဖို့ ဇီလန်စကီးက ငြင်းပယ်ခဲ့တယ်လို့လည်း သိရပါတယ်။ ရုရှားပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက်ဖို့အတွက် Palyanitsa ဒုံးကျည်ဒရုန်းကို အသုံးပြုခဲ့တယ်လို့ ထုတ်ပြန်ကြေညာပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုစမ်းသပ်ပစ်လွှတ်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ အဲဒီပဲ့ထိန်းဒုံးကျည်ဟာ မြေပြင်ကနေပစ်လွှတ်ရတာဖြစ်ပြီး အကွာအဝေး (၇၀၀) ကီလိုမီတာလောက်အထိ ရောက်ရှိနိုင်တယ်လို့ ယူကရိန်းအရာရှိတွေကပြောကြားခဲ့ပါတယ်။ ရုရှားနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ယူကရိန်းဟာ အနောက် အုပ်စုက ထောက်ပံ့ပေးထားတဲ့ အမေရိကန်ထုတ် HIMARS နဲ့ ATACMS ဒုံးကျည်စနစ်တွေအပေါ်မှာ များစွာမှီခိုနေရတာလည်းဖြစ်ပါတယ်။ ဒါ့ပြင် ယူကရိန်းဘက်က အကြိမ်ကြိမ်တောင်းဆိုနေပေမယ့်လည်း အနောက်အုပ်စုနိုင်ငံတွေက ရုရှားနယ်မြေအတွင်းမှာရှိတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့အတွက် ၎င်းတို့ရဲ့စစ်လက်နက်ပစ္စည်းတွေအသုံးမပြုဖို့ တားမြစ်ပိတ်ပင်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

zawgyi version
ယူကရိန္းက ပထမဆုံးျပည္တြင္းထုတ္ပဲ့ထိန္းဒုံးက်ည္ကို ေအာင္ျမင္စြာ စမ္းသပ္ပစ္လႊတ္
Pika (NP News) - ဩဂုတ္ ၂၉

ယူကရိန္းႏိုင္ငံဟာ ၎ရဲ႕ပထမဆုံးျပည္တြင္းထုတ္ ပဲ့ထိန္းဒုံးက်ည္ကို ေအာင္ျမင္စြာစမ္းသပ္ပစ္လႊတ္ႏိုင္ခဲ့တယ္လို႔ သမၼတဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

႐ုရွားနယ္ေျမအတြင္းကို တိုက္ခိုက္ဖို႔အတြက္ အေနာက္အုပ္စုထုတ္ဒုံးက်ည္စနစ္ေတြကို အသုံးျပဳခြင့္ေပးဖို႔ ၎၏အေနာက္အုပ္စုေက်ာေထာက္ေနာက္ ခံႏိုင္ငံေတြကို ယူကရိန္းကေတာင္းဆိုမႈေတြလုပ္ေဆာင္ေနခ်ိန္မွာပဲ ယခုလိုစမ္းသပ္ပစ္လႊတ္မႈထြက္ေပၚလာတာျဖစ္ပါတယ္။ ဇီလန္စကီးက 'ယူကရိန္းမွာ အျခားတိုးတက္မႈေတြရွိလားဆိုတဲ့ေမးခြန္းကို ေျဖေပးဖို႔ေစာေသးတယ္လို႔ ထင္မိပါတယ္။ ဒါေပမဲ့လည္း ပထမဆုံးယူကရိန္းထုတ္ ပဲ့ထိန္းဒုံးက်ည္ကို အျပဳသေဘာေဆာင္တဲ့ စမ္းသပ္ပစ္လႊတ္မႈတစ္ခုရွိခဲ့ပါတယ္။ ဒီအတြက္ ကြၽန္ေတာ္တို႔ရဲ႕စစ္ဘက္ဆိုင္ရာ ထုတ္လုပ္မႈေတြကို ေက်းဇူးတင္ပါတယ္' လို႔ေျပာဆိုခဲ့ပါတယ္။

ဒါေပမဲ့လည္း အဲဒီပဲ့ထိန္းဒုံးက်ည္နဲ႔ပတ္သက္ၿပီး ေနာက္ထပ္အေသးစိတ္အခ်က္အလက္ေတြကိုေျပာဆိုဖို႔ ဇီလန္စကီးက ျငင္းပယ္ခဲ့တယ္လို႔လည္း သိရပါတယ္။ ႐ုရွားပစ္မွတ္ေတြကို ပစ္ခတ္တိုက္ခိုက္ဖို႔အတြက္ Palyanitsa ဒုံးက်ည္ဒ႐ုန္းကို အသုံးျပဳခဲ့တယ္လို႔ ထုတ္ျပန္ေၾကညာၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလိုစမ္းသပ္ပစ္လႊတ္မႈ ထြက္ေပၚလာတာျဖစ္ပါတယ္။ အဲဒီပဲ့ထိန္းဒုံးက်ည္ဟာ ေျမျပင္ကေနပစ္လႊတ္ရတာျဖစ္ၿပီး အကြာအေဝး (၇၀၀) ကီလိုမီတာေလာက္အထိ ေရာက္ရွိႏိုင္တယ္လို႔ ယူကရိန္းအရာရွိေတြကေျပာၾကားခဲ့ပါတယ္။ ႐ုရွားနဲ႔ျဖစ္ပြားေနတဲ့ စစ္ပြဲမွာ ယူကရိန္းဟာ အေနာက္ အုပ္စုက ေထာက္ပံ့ေပးထားတဲ့ အေမရိကန္ထုတ္ HIMARS နဲ႔ ATACMS ဒုံးက်ည္စနစ္ေတြအေပၚမွာ မ်ားစြာမွီခိုေနရတာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ ယူကရိန္းဘက္က အႀကိမ္ႀကိမ္ေတာင္းဆိုေနေပမယ့္လည္း အေနာက္အုပ္စုႏိုင္ငံေတြက ႐ုရွားနယ္ေျမအတြင္းမွာရွိတဲ့ ပစ္မွတ္ေတြကို တိုက္ခိုက္ဖို႔အတြက္ ၎တို႔ရဲ႕စစ္လက္နက္ပစၥည္းေတြအသုံးမျပဳဖို႔ တားျမစ္ပိတ္ပင္ထားဆဲျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.