ပီနံအိတ်ထုတ်လုပ်သည့် စက်ရုံများ၌ သွင်းကုန်လိုင်စင် အခက်အခဲများရှိနေသည့်အပေါ် MRF က ကူညီဖြေရှင်းပေးမည်

 345

ယွန်း (NP News) - ဩဂုတ် ၂၉

ပြည်တွင်းရှိ ပီနံအိတ်ထုတ်လုပ်သည့် စက်ရုံများ၌ သွင်းကုန်လိုင်စင် အခက်အခဲများ ရှိနေ သည့်အပေါ် MRF က ကူညီဖြေရှင်းပေးမည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က NP News ကို ပြောသည်။

လတ်တလောတွင် ပီနံအိတ်ထုတ်လုပ်သည့်စက်ရုံများ၌ ပလတ်စတစ်ကုန်ကြမ်းရရှိမှုနှင့် ပတ်သက်၍ အခက်အခဲများရှိနေပြီး ပီနံအိတ်များကို ပြည်ပမှဝယ်ယူသုံးစွဲရမည့် အနေအထားရှိနေကြောင်း သိရသည်။

ပီနံအိတ်များမှာ ပြည်တွင်းဈေးကွက်အပြင် ပြည်ပဆန်တင်ပို့မှုအတွက်လည်း ဈေးကွက်တစ်ခု အနေဖြင့်ရှိနေပြီး ပလတ်စတစ်ကုန်ကြမ်း ပြည်ပမှ တင်သွင်းမှုနှင့်ပတ်သက်၍ အခက်အခဲများ၊ ကြန့်ကြာ မှုများဖြစ်ပေါ်နေသည့်အပေါ် MRF မှ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။

“ ပြည်ပကနေ ကုန်ကြမ်းတင်သွင်းတဲ့အခါမှာ သွင်းကုန်လိုင်စင်ရရှိမှု အခက်အခဲတွေရှိတယ်။ လုပ်ငန်းတွေအပြည့်အဝ လည်ပတ်ဖို့အခက်အခဲရှိ နေတယ်။ ပြည်တွင်းဈေးကွက်ရော၊ နိုင်ငံတကာဈေး ကွက်အတွက်ရော အိတ်ခွံလိုအပ်မှုများတယ်။ အိတ် ခွံလိုအပ်မှုများတော့ ပြည်တွင်းမှာထုတ်တာကိုဝယ် ပြီးသုံးရမယ့် အစား နိုင်ငံခြားကနေ အိတ်ခွံသွင်းရမယ့် အနေအထားဖြစ်လာတယ်။ နိုင်ငံခြားကနေမသွင်း ဘဲနဲ့ ပြည်တွင်းမှာပဲထုတ်တဲ့စက်ရုံတွေရဲ့ ကုန်ကြမ်းလို အပ်ချက်ကို ဖြည့်တင်းဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို အကြံပြုတင်ပြပြီး ညှိနှိုင်း ဆောင်ရွက်သွားပါမယ်။ လက်ရှိအလုပ် အကိုင်ဈေးကွက်တည်ငြိမ်မှု၊ ဝန်ထမ်းတွေရဲ့ စီးပွားရေး အခြေအ နေအဆင်ပြေအောင် လုပ်ငန်းတွေ လည်ပတ်နိုင်အောင် ဝိုင်းဝန်းညှိနှိုင်းပြီး ဆောင်ရွက်သွားမှာပါ”ဟု ဦးရဲမင်းအောင်က ဆိုသည်။

ပြည်တွင်း၌ လိုအပ်သည့် အိတ်ခွံများကို ထုတ်လုပ်နိုင်မည့် ပလတ်စတစ်ကုန်ကြမ်းများသည် နိုင်ငံခြားမှဝယ်ယူတင်သွင်းနေရခြင်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်ကြောင်း သိရသည်။ “ပီနံအိတ်က အဓိကကျတဲ့ ထုတ်ပိုးပစ္စည်းလေ။ ဆန်တွေထုပ်တဲ့အခါမှာ ပြည်တွင်းဈေးကွက်အတွက်ရော ပြည်ပတင်ပို့တဲ့အတွက်ရော သုံးကြ တယ်။ အဓိက ပီနံအိတ်ထုပ်ရင်သုံးတဲ့ ပလတ်စတစ် ကော်စေ့က နိုင်ငံခြားကသွင်းရတယ်။ ပြီးရင် ပြည်တွင်းမှာ အိတ်ချုပ်လုပ်ငန်းက ပီနံအိတ်ထုတ်တယ်။ အလယ်အလတ် ရှိတဲ့လုပ်ငန်းမှာဆိုရင် အလုပ်သမား (၃၀ဝ)(၄၀ဝ)လောက်ရှိတယ်။ စက်ရုံအကြီးတွေ ဆိုရင် (၁၀ဝဝ)လောက်ရှိတယ်။ ဒီစက်ရုံတွေ လည်ပတ်ရေးဟာ ဆန်လုပ်ငန်းအတွက်တင်မဟုတ်ဘဲနဲ့ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးရေးကိုပါ ဦး တည်နေတာပေါ့” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ စာရင်းများအရ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန် ချိန် ၁ ဒသမ ၆ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ (၈၄၅) သန်းကျော် ရရှိထားသည်။ အလားတူ မြန်မာနိုင်ငံ၏ ထုတ်လုပ်မှု၊ စားသုံးမှု နှင့် ပိုလျှံမှုအရ ယခုဘဏ္ဍာနှစ်တွင် တန်ချိန် (၂)သန်းတင်ပို့သွားရန်လျာထားပြီး ပို့ကုန်ဝင်ငွေကို အမေရိကန်ဒေါ်လာသန်း (၁၀ဝဝ) အထိ ရရှိရန် ရည်မှန်းထားကြောင်း သိရသည်။

zawgyi version
ပီနံအိတ္ထုတ္လုပ္သည့္ စက္႐ုံမ်ား၌ သြင္းကုန္လိုင္စင္ အခက္အခဲမ်ားရွိေနသည့္အေပၚ MRF က ကူညီေျဖရွင္းေပးမည္
ယြန္း (NP News) - ဩဂုတ္ ၂၉

ျပည္တြင္းရွိ ပီနံအိတ္ထုတ္လုပ္သည့္ စက္႐ုံမ်ား၌ သြင္းကုန္လိုင္စင္ အခက္အခဲမ်ား ရွိေန သည့္အေပၚ MRF က ကူညီေျဖရွင္းေပးမည္ျဖစ္ ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ဥကၠ႒ ဦးရဲမင္းေအာင္က NP News ကို ေျပာသည္။

လတ္တေလာတြင္ ပီနံအိတ္ထုတ္လုပ္သည့္စက္႐ုံမ်ား၌ ပလတ္စတစ္ကုန္ၾကမ္းရရွိမႈႏွင့္ ပတ္သက္၍ အခက္အခဲမ်ားရွိေနၿပီး ပီနံအိတ္မ်ားကို ျပည္ပမွဝယ္ယူသုံးစြဲရမည့္ အေနအထားရွိေနေၾကာင္း သိရသည္။

ပီနံအိတ္မ်ားမွာ ျပည္တြင္းေဈးကြက္အျပင္ ျပည္ပဆန္တင္ပို႔မႈအတြက္လည္း ေဈးကြက္တစ္ခု အေနျဖင့္ရွိေနၿပီး ပလတ္စတစ္ကုန္ၾကမ္း ျပည္ပမွ တင္သြင္းမႈႏွင့္ပတ္သက္၍ အခက္အခဲမ်ား၊ ၾကန႔္ၾကာ မႈမ်ားျဖစ္ေပၚေနသည့္အေပၚ MRF မွ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားႏွင့္ ညႇိႏႈိင္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ ျပည္ပကေန ကုန္ၾကမ္းတင္သြင္းတဲ့အခါမွာ သြင္းကုန္လိုင္စင္ရရွိမႈ အခက္အခဲေတြရွိတယ္။ လုပ္ငန္းေတြအျပည့္အဝ လည္ပတ္ဖို႔အခက္အခဲရွိ ေနတယ္။ ျပည္တြင္းေဈးကြက္ေရာ၊ ႏိုင္ငံတကာေဈး ကြက္အတြက္ေရာ အိတ္ခြံလိုအပ္မႈမ်ားတယ္။ အိတ္ ခြံလိုအပ္မႈမ်ားေတာ့ ျပည္တြင္းမွာထုတ္တာကိုဝယ္ ၿပီးသုံးရမယ့္ အစား ႏိုင္ငံျခားကေန အိတ္ခြံသြင္းရမယ့္ အေနအထားျဖစ္လာတယ္။ ႏိုင္ငံျခားကေနမသြင္း ဘဲနဲ႔ ျပည္တြင္းမွာပဲထုတ္တဲ့စက္႐ုံေတြရဲ႕ ကုန္ၾကမ္းလို အပ္ခ်က္ကို ျဖည့္တင္းေဆာင္႐ြက္ေပးဖို႔ သက္ဆိုင္ရာ ဝန္ႀကီးဌာနေတြကို အႀကံျပဳတင္ျပၿပီး ညႇိႏႈိင္း ေဆာင္႐ြက္သြားပါမယ္။ လက္ရွိအလုပ္ အကိုင္ေဈးကြက္တည္ၿငိမ္မႈ၊ ဝန္ထမ္းေတြရဲ႕ စီးပြားေရး အေျခအ ေနအဆင္ေျပေအာင္ လုပ္ငန္းေတြ လည္ပတ္ႏိုင္ေအာင္ ဝိုင္းဝန္းညႇိႏႈိင္းၿပီး ေဆာင္႐ြက္သြားမွာပါ”ဟု ဦးရဲမင္းေအာင္က ဆိုသည္။

ျပည္တြင္း၌ လိုအပ္သည့္ အိတ္ခြံမ်ားကို ထုတ္လုပ္ႏိုင္မည့္ ပလတ္စတစ္ကုန္ၾကမ္းမ်ားသည္ ႏိုင္ငံျခားမွဝယ္ယူတင္သြင္းေနရျခင္းျဖစ္ၿပီး အလုပ္အကိုင္အခြင့္အလမ္းမ်ားကိုလည္း ဖန္တီးေပးႏိုင္ေၾကာင္း သိရသည္။ “ပီနံအိတ္က အဓိကက်တဲ့ ထုတ္ပိုးပစၥည္းေလ။ ဆန္ေတြထုပ္တဲ့အခါမွာ ျပည္တြင္းေဈးကြက္အတြက္ေရာ ျပည္ပတင္ပို႔တဲ့အတြက္ေရာ သုံးၾက တယ္။ အဓိက ပီနံအိတ္ထုပ္ရင္သုံးတဲ့ ပလတ္စတစ္ ေကာ္ေစ့က ႏိုင္ငံျခားကသြင္းရတယ္။ ၿပီးရင္ ျပည္တြင္းမွာ အိတ္ခ်ဳပ္လုပ္ငန္းက ပီနံအိတ္ထုတ္တယ္။ အလယ္အလတ္ ရွိတဲ့လုပ္ငန္းမွာဆိုရင္ အလုပ္သမား (၃၀ဝ)(၄၀ဝ)ေလာက္ရွိတယ္။ စက္႐ုံအႀကီးေတြ ဆိုရင္ (၁၀ဝဝ)ေလာက္ရွိတယ္။ ဒီစက္႐ုံေတြ လည္ပတ္ေရးဟာ ဆန္လုပ္ငန္းအတြက္တင္မဟုတ္ဘဲနဲ႔ အလုပ္အကိုင္အခြင့္အလမ္းဖန္တီးေရးကိုပါ ဦး တည္ေနတာေပါ့” ဟု ၎ကေျပာသည္။

ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၏ စာရင္းမ်ားအရ ၿပီးခဲ့တဲ့ဘ႑ာႏွစ္တြင္ ျပည္ပသို႔ ဆန္တန္ ခ်ိန္ ၁ ဒသမ ၆ သန္းေက်ာ္ တင္ပို႔ႏိုင္ခဲ့ၿပီး အေမရိကန္ ေဒၚလာ (၈၄၅) သန္းေက်ာ္ ရရွိထားသည္။ အလားတူ ျမန္မာႏိုင္ငံ၏ ထုတ္လုပ္မႈ၊ စားသုံးမႈ ႏွင့္ ပိုလွ်ံမႈအရ ယခုဘ႑ာႏွစ္တြင္ တန္ခ်ိန္ (၂)သန္းတင္ပို႔သြားရန္လ်ာထားၿပီး ပို႔ကုန္ဝင္ေငြကို အေမရိကန္ေဒၚလာသန္း (၁၀ဝဝ) အထိ ရရွိရန္ ရည္မွန္းထားေၾကာင္း သိရသည္။

Picture

Ko Ye'

29/08/2024 23:01

mrfကဆန်ကိုပြည့်သူအစစ်တွေ့ကိုရောင်းပေးတာလား စီးပွားရေးသမားတွေ့ကိုပဲမလိမ့်တစ်ပတ်နဲ့ပြန်ရောင်းပေးနေတာလားတိုင်းပြည်မငြိမ်ချမ်း ို့မပြောချင်လည်းမရဘူး ဆီလဲအတူတူပဲ လိုင်းပေါ်ကြအပြောလေးကောင်းသား လက်တွေ့ကတခြား သေချာလေ့လာစေချင်တယ်အထက်ကပုဂ္ဂိုလ်များ

Related news

© 2021. All rights reserved.