တိုင်းရင်းသားအားလုံး ကန့်သတ်ခွဲခြားမှုမရှိဘဲ ခရီးသွားလာနိုင်ပြီး ကျားဖျန့် လုပ်ငန်းနှင့် ဆက်စပ်သည့် ဒေသအချို့တွင် စိစစ်ကြပ်မတ်နေဟု နစကဆို

 4174

ယွန်း (NP News) - ဩဂုတ် ၃ဝ

တိုင်းရင်းသားအားလုံး ကန့်သတ်ခွဲခြားမှုမရှိဘဲ ခရီးသွားလာနိုင်ပြီး ကျားဖျန့်လုပ်ငန်းနှင့် ဆက်စပ်သည့် ဒေသအချို့တွင် စိစစ်ကြပ်မတ်နေကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က မီဒီယာများကို ပြောသည်။

လတ်တလော အဝေးပြေးကားဂိတ်များရှိ ယာဉ်လိုင်းများ၌ ၁၃/ မှတ်ပုံတင် ကိုင်ဆောင်သည့် ပလောင်၊ ကိုးကန့်နှင့် “ဝ”တိုင်းရင်းသားများကို ကားလက်မှတ်များ မရောင်းချရန် ညွှန်ကြားချက်များ ရှိနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

နစကအနေဖြင့် အထက်ပါညွှန်ကြားချက်ထုတ် ပြန်ထားခြင်းမရှိကြောင်းသိရပြီး တိုင်းရင်းသား ပြည်သူများအားလုံး ကန့်သတ်ခွဲခြားမှုမရှိဘဲ လွတ်လပ်စွာ ခရီးသွားလာနိုင်ကြောင်း နစကသတင်း ထုတ် ပြန်ရေးအဖွဲ့က ဩဂုတ်လ (၂၃)ရက်တွင် ဆိုသည်။ သို့သော် မိမိနေထိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် မဟုတ်ဘဲ အခြား မည်သည့်ဒေသများကိုမဆို သွားရောက်ရာတွင် ရပ်ကွက်ထောက်ခံစာ အပါအဝင် ရဲစခန်းထောက်ခံစာ နှင့် မှတ်ပုံတင်များကို ယူဆောင်လာရန်လိုကြောင်း အဝေးပြေးယာဉ်လိုင်းတစ်ခုထံ ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။

“ရခိုင်တွေမှမဟုတ်ဘူး။ ဘယ်ကိုပဲသွားသွား ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ မှတ်ပုံ တင်မူရင်း အဲဒီသုံးခုကတော့ ပါမှပဲရမှာ။ ရန်ကုန် ကနေ မန္တလေးကိုသွားမယ် မှတ်ပုံတင်က မန္တလေး တိုင်းက မှတ်ပုံတင်ဆိုရင်တော့ မှတ်ပုံတင်တစ်ခုတည်း ပါရင်ရပါတယ်။ မန္တလေးက မဟုတ်ဘဲနဲ့ တခြား တိုင်းက ဆိုရင်တော့ ရပ်ကွက်ထောက်ခံစာနဲ့ ရဲစခန်း ထောက်ခံ စာ ယူလာရမှာပါ။ ပ‌လောင်တို့၊ ကိုးကန့် တို့ကိုလည်းမဟုတ်ပါဘူး။ ကိုယ်သွားမယ့်နေရာက ကိုယ့်တိုင်းဒေသမဟုတ်ဘဲနဲ့ တခြားဒေသတွေဆိုရင် ဘယ်ခရီးစဉ်အတွက်မဆို လိုတယ်”ဟု အထက်ပါ ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဓိကအားဖြင့် ကျားဖျန့်လုပ်ငန်းနှင့် ဆက်စပ်နေသည့် နယ်စပ်ဒေသအချို့တွင် စစ်ဆေးစိစစ်မှု များကို ကြပ်မတ်ဆောင်ရွက်နေကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ဆိုထားသည်။ ပြည်ပြေး မီဒီယာများက တိုင်းရင်းသားများကို သွားလာခွင့် ကန့်သတ်နေသည့် သဘောမျိုး သွေးခွဲရေးသားနေကြသည်။

zawgyi version
တိုင္းရင္းသားအားလုံး ကန႔္သတ္ခြဲျခားမႈမရွိဘဲ ခရီးသြားလာႏိုင္ၿပီး က်ားဖ်န႔္ လုပ္ငန္းႏွင့္ ဆက္စပ္သည့္ ေဒသအခ်ိဳ႕တြင္ စိစစ္ၾကပ္မတ္ေနဟု နစကဆို
ယြန္း (NP News) - ဩဂုတ္ ၃ဝ

တိုင္းရင္းသားအားလုံး ကန႔္သတ္ခြဲျခားမႈမရွိဘဲ ခရီးသြားလာႏိုင္ၿပီး က်ားဖ်န႔္လုပ္ငန္းႏွင့္ ဆက္စပ္သည့္ ေဒသအခ်ိဳ႕တြင္ စိစစ္ၾကပ္မတ္ေနေၾကာင္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕က မီဒီယာမ်ားကို ေျပာသည္။

လတ္တေလာ အေဝးေျပးကားဂိတ္မ်ားရွိ ယာဥ္လိုင္းမ်ား၌ ၁၃/ မွတ္ပုံတင္ ကိုင္ေဆာင္သည့္ ပေလာင္၊ ကိုးကန႔္ႏွင့္ “ဝ”တိုင္းရင္းသားမ်ားကို ကားလက္မွတ္မ်ား မေရာင္းခ်ရန္ ၫႊန္ၾကားခ်က္မ်ား ရွိေနေၾကာင္း သတင္းမ်ားထြက္ေပၚလ်က္ရွိသည္။

နစကအေနျဖင့္ အထက္ပါၫႊန္ၾကားခ်က္ထုတ္ ျပန္ထားျခင္းမရွိေၾကာင္းသိရၿပီး တိုင္းရင္းသား ျပည္သူမ်ားအားလုံး ကန႔္သတ္ခြဲျခားမႈမရွိဘဲ လြတ္လပ္စြာ ခရီးသြားလာႏိုင္ေၾကာင္း နစကသတင္း ထုတ္ ျပန္ေရးအဖြဲ႕က ဩဂုတ္လ (၂၃)ရက္တြင္ ဆိုသည္။ သို႔ေသာ္ မိမိေနထိုင္ရာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ မဟုတ္ဘဲ အျခား မည္သည့္ေဒသမ်ားကိုမဆို သြားေရာက္ရာတြင္ ရပ္ကြက္ေထာက္ခံစာ အပါအဝင္ ရဲစခန္းေထာက္ခံစာ ႏွင့္ မွတ္ပုံတင္မ်ားကို ယူေဆာင္လာရန္လိုေၾကာင္း အေဝးေျပးယာဥ္လိုင္းတစ္ခုထံ ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရသည္။

“ရခိုင္ေတြမွမဟုတ္ဘူး။ ဘယ္ကိုပဲသြားသြား ရပ္ကြက္ေထာက္ခံစာ၊ ရဲစခန္းေထာက္ခံစာ၊ မွတ္ပုံ တင္မူရင္း အဲဒီသုံးခုကေတာ့ ပါမွပဲရမွာ။ ရန္ကုန္ ကေန မႏၲေလးကိုသြားမယ္ မွတ္ပုံတင္က မႏၲေလး တိုင္းက မွတ္ပုံတင္ဆိုရင္ေတာ့ မွတ္ပုံတင္တစ္ခုတည္း ပါရင္ရပါတယ္။ မႏၲေလးက မဟုတ္ဘဲနဲ႔ တျခား တိုင္းက ဆိုရင္ေတာ့ ရပ္ကြက္ေထာက္ခံစာနဲ႔ ရဲစခန္း ေထာက္ခံ စာ ယူလာရမွာပါ။ ပ‌ေလာင္တို႔၊ ကိုးကန႔္ တို႔ကိုလည္းမဟုတ္ပါဘူး။ ကိုယ္သြားမယ့္ေနရာက ကိုယ့္တိုင္းေဒသမဟုတ္ဘဲနဲ႔ တျခားေဒသေတြဆိုရင္ ဘယ္ခရီးစဥ္အတြက္မဆို လိုတယ္”ဟု အထက္ပါ ယာဥ္လိုင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဓိကအားျဖင့္ က်ားဖ်န႔္လုပ္ငန္းႏွင့္ ဆက္စပ္ေနသည့္ နယ္စပ္ေဒသအခ်ိဳ႕တြင္ စစ္ေဆးစိစစ္မႈ မ်ားကို ၾကပ္မတ္ေဆာင္႐ြက္ေနေၾကာင္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕က ဆိုထားသည္။ ျပည္ေျပး မီဒီယာမ်ားက တိုင္းရင္းသားမ်ားကို သြားလာခြင့္ ကန႔္သတ္ေနသည့္ သေဘာမ်ိဳး ေသြးခြဲေရးသားေနၾကသည္။

Related news

© 2021. All rights reserved.