Omini Focus ကုမ္ပဏီ YBS အစီးပေါင်း (၄၀ဝ) စာ အကြွေးတင်နေ

112

သုတကျော် (NP News) - ဇွန် ၂၅
YBS ကုမ္ပဏီတစ်ခုဖြစ်သည့် Omini Focus ကုမ္ပဏီက YBS ကားအစီးပေါင်း (၄၀ဝ) စာကို ပြည်တွင်းဘဏ်တစ်ခုတွင် အကြွေးတင်နေ ကြောင်း NP News က စုံစမ်း သိရှိရသောအချက်အလက်များအရ သိရသည်။
NP News ကရရှိခဲ့သော စာရွက်စာတမ်းပါ အချက်အလက်များအရ ပြီးခဲ့သည့် NLD အစိုးရလက်ထက်တွင် အရောင်း၊ အဝယ် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ယင်းအတွက် ပြည်တွင်းရှိ ဘဏ်တစ်ခုက ကြားခံအနေဖြင့် ယင်းကားများကို ငွေကြေး စိုက်ထုတ်သည်ဟုဆိုသော်လည်း လက် တွေ့တွင်မူ Omini Focus ကုမ္ပဏီက ယင်းဘဏ်သို့ ကားဖိုးအကြွေးမပေးသောကြောင့် Fonton တစ်ဦးတည်း အရောင်းကိုယ်စားလှယ်နှင့် Omini Focus ကုမ္ပဏီကို တရားစွဲဆိုထားကြောင်းသိရ သည်။
" အရောင်းအဝယ် စာချုပ်မှာက ဘဏ်ကို ငွေပြန်ဆပ်တာမှာ ရောင်းသူက ကြီးကြပ်ရမယ် ဆိုတဲ့ သဘောပါတယ်။ ဒါကြောင့်ပဲ ဘဏ်က ဒီအချက်ကို ကိုင်ပြီး Omini Focus ရော ရောင်းသူကိုပါ တရားစွဲထားတယ်လို့ အကြမ်းဖျင်းသိထားတယ်" ဟု ဖြစ်စဉ်ကို သိရှိသူ သတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြောသည်။
Omini Focus မှ တစ်စီးလျှင် အမေရိကန် ဒေါ်လာ ရှစ်ထောင့်တစ်ရာ နှုန်းဖြင့် ကားအစီးရေ (၄၀ဝ) စာ ကြွေးကျန်နေခြင်းဖြစ်ပြီး ယင်းသို့ကြွေး ကျန်များကို အမြန်ဆုံးပြန်လည်ပေးဆပ်ရန်အတွက် ရောင်းချသူ ကိုယ်စားလှယ်က စာချုပ်ပါတာဝန်အ တိုင်း Omini Focus ကုမ္ပဏီသို့ လစဉ်စာပေးပို့ တောင်းခံသော်လည်း ပြန်လည်ပေးဆပ်ခြင်းမပြုကြောင်းလည်း သိရသည်။
" ပြီးတော့ သိရသလောက်က ကားအစီး သုံးရာစာ မော်တော်ယာဉ်ပိုင်ဆိုင်မှုစာချုပ်တွေက လည်း ကိုယ်စားလှယ်ဆီမှာပဲရှိသေးတယ်လို့ သိရ တယ်။ အစီး (၁၀ဝ) စာကတော့ ဉာငညင ဘက်ကနေ ယာဉ်မှတ်ပုံတင် လုပ်ငန်းတွေ ရပ်ထားလို့ ကနညမှာ မထုတ်နိုင်ဖြစ်နေတယ်။ ရောင်းချတဲ့ ကိစ္စတွေက လွန်ခဲ့တဲ့ခြောက်နှစ်လောက်တည်းကဖြစ်ခဲ့တာ ဆိုတော့ ကားတွေအတွက်အခွန်တွေ တခြားကိစ္စတွေ လည်း ရှိနေတယ်" ဟု အထက်ပါသတင်းရင်းမြစ် က ဆိုသည်။
ထို့ပြင် လက်ရှိအနေအထားရ Omini Focus ကားစာရွက်စာတမ်း မူရင်းများဖြင့် မော်တော် ယာဉ် ကားလိုင်စင်များအတွက် ပေးသွင်းရမည့် အခွန်အခများ၊ အဖိုးအခများကိုလည်းပေးသွင်းခြင်း မပြုထားကြောင်းစုံစမ်းသိရှိရကာ ကားလိုင်စင်သက် တမ်းကျော်လွန်ခြင်းများလည်းရှိနေကြောင်း သိရသည်။
ကားဖိုး ကြွေးကျန်ကားများသည့် YBS လိုင်းများဖြစ်သည့် ၂၀၊ ၉၂၊ ၈၂ စသည်ဖြင့် ယာဉ် လိုင်းများတွင် ပြေးဆွဲနေခြင်းဖြစ်ကြောင်းသိရပြီး အဆိုပါ ကြွေးကျန်ယာဉ်များအနက်မှ အစီး ၁၀ဝ ကို ပိုင်ရှင်လွှဲပြောင်းပေးထားသည်ဟုသိရသော်လည်း ယင်းအချက်ကို ငွေထုတ်ချေးပေးသည့်ဘဏ်မှ တရားဝင်ခွင့်ပြုချက်ရထားခြင်း ရှိ၊ မရှိကို မသိရသေး ကြောင်းလည်း NP News က ရရှိထားသော စာရွက်စာတမ်းများအရ သိရသည်။
ထို့ပြင် အထက်ပါယာဉ်လိုင်းများတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ၏ မူဝါဒများကို လိုက် နာခြင်းမရှိဘဲ တရားဝင်တပ်ဆင်ရမည့် GPS များ၊ CCTV များမပါဝင်ကြောင်းလည်း သိရသည်။
zawgyi version