ပုသိမ် - မုံရွာလမ်းမကြီး (သို့မဟုတ်) ပိုင်း ပြတ်သွားသောခရီး

99

သုတကျော် (NP News) - ဇွန် ၂၅
မြန်မာနိုင်ငံမှ ပြည်သူတို့၏အကျိုးကို သယ်ပိုးနေသည့် လမ်းမကြီးများအနက် တစ်ခု ဖြစ်သော ပုသိမ် - မုံရွာ လမ်းမကြီးသည် ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်(ကံကလေး)မှအစပြု၍ အညာဒေသ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အထိ ဆက်သွယ်ထားခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ပင်လယ်ကိုတိုက်ရိုက် ချိတ်ဆက်ထားခြင်းပင်။
ယင်း ပုသိမ်-မုံရွာလမ်းမကြီး၏ အကွာ အဝေးမှာ (၄၁၆) မိုင် (၆) ဖာလုံရှိကာ ပုသိမ်မြို့မှ မုံရွာမြို့အထိသွားမည်ဆိုပါက (၁၇) နာရီကျော်ခန့် ကြာမြင့်သည်။ လမ်းပိုင်းရှည်လျားသည်နှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးကို အစဉ်လိုက်ဖြတ်သန်းသွားသည်ဖြစ်ရာ ဒေသအသီး သီးမှ ထွက်ကုန်တို့ အစုန်၊ အဆန် ကူးသန်းရာ လမ်းမကြီးတစ်ခုဖြစ်၏။
ယင်းလမ်းကြောင်းမှတစ်ဆင့် မြစ်ဝကျွန်း ပေါ်ဒေသမှကုန်တို့သည် အထက်အညာထိတိုင် အောင်ခရီးပေါက်ပြီး အထက်အညာမှ ကုန်တို့သည် လည်း အောက်ပြည်အောက်ရွာအထိ ပျံ့နှံ့သည် ဖြစ်ရာ မြန်မာနိုင်ငံ အထက်၊ အောက်ကို သင်္ဘောများ၊ လှေကြီးများဖြင့် ရေကြောင်းမှ ကုန်သွယ်၊ ကူးသန်း သော အခန်းကဏ္ဍကို အစားထိုးကာ ကြာချိန်ကိုချုံ့ပြီး ဝန်ပမာဏကိုတိုးစေသည့် လမ်းကြောင်းလည်းဖြစ်သည်။
ပုသိမ် - မုံရွာ လမ်းမကြီးသည် ဥုံဖွ ဟု မန်း၍ ရုတ်ခြည်းထွက်ပေါ်လာခြင်းတော့ မဟုတ်ပါ။ ယင်းလမ်းပိုင်း ဖြတ်သန်းရာ ၊ နီးစပ်ရာမြို့များသည် ယခင်က မြို့ချင်းဆက်လမ်းများသာရှိခဲ့ပြီး အချို့မှာ အပြည့်အဝ လမ်းချောအဖြစ်ပင် ပေါ်ပေါက်ခဲ့ခြင်းမျိုး မရှိခဲ့ပေ။ ထို့ပြင် ရာသီဥတုကြောင့် လမ်းပိုင်း ပြတ် တောက်ခြင်းများလည်းရှိခဲ့သည့်အပြင် တံတားများ လည်း ကောင်းစွာ မရှိခဲ့သေးသောကြောင့် မြစ်ချောင်း များကို ဖြတ်သန်းရာတွင် အခက်အခဲကြုံခဲ့ကြရသည်။
ထို့နောက် လမ်းပိုင်းများကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ပြီးနောက် အင်ဂျင်နီယာ စွမ်းပကား ဖြင့် ပုသိမ် - မုံရွာလမ်းမကြီး ပေါ်ပေါက်ခဲ့သည်။ ထိုအခါ မြန်မာနိုင်ငံအတွင်းမှ ရေခံမြေခံ မတူသည့် ဝေးကွာလှသော မြို့ကြီးနှစ်မြို့အကြား အိမ်မက်သဖွယ် ပြည်ထောင်စု လမ်းမကြီးတစ်ခု ထီးထီးကြီး ထွက်ပေါ်လာခဲ့ရာ ဒေသခံပြည်သူတို့ ၏ လူမှု၊ စီးပွား ဘဝတို့မှာ ကောင်းကျိုးများစွာရရှိခဲ့ကြသည်။
ယင်းအပြင် အဆိုပါ လမ်းမကြီးကို ဗဟိုပြု ပြီးအခြား ကွန်ရက်သဖွယ် လမ်းပေါင်းများစွာက လည်း ချိတ်ဆက်နေသည်ဖြစ်သောကြောင့် ကျွဲကူး ရေပါဆိုသကဲ့သို့ ဒေသများစွာတို့အတွက် အသီး အပွင့်များစွာကို ခံစားခဲ့ကြရသည်။
အထင်ကရ မြို့ကြီးများဖြစ်သည့် ပြည်မြို့၊ မကွေးမြို့၊ ပခုက္ကူမြို့တို့ကဲ့သို့ မြို့ကြီးများအနီး ဖြတ်သွားသည့်အပြင် မြန်မာတို့၏ နှလုံးသည်းပွတ် ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့လည်း ဆက် သွယ်ထားသောလမ်းများမှ သွားနိုင်သေးသည်။ လမ်းမကြီးတစ်ခုတည်းဖြင့် ထင်ရှားသောနေရာများ၊ စီးပွားရေးကောင်းသောမြို့များကို ချိတ်ဆက်သွား လာနိုင်သည်ဖြစ်ရာ ခဲတစ်လုံးဖြင့် ငှက်ပေါင်းများစွာကို ပစ်ထားသော လမ်းမကြီးဟုပင် တင်စားနိုင်သည်။
ထို့ကြောင့် ပုသိမ် - မုံရွာ လမ်းမကြီးသည် ပင်စည် ဆိုပါက ၎င်းနှင့် ချိတ်ဆက်ရာလမ်းများသည် သစ်ကိုင်းများသဖွယ်ဖြစ်ပြီး မြို့များ၊ ကျေးရွာများမှာ ယင်းသစ်ခက်၊ သစ်ကိုင်းများထက် တွဲလွဲခိုပွင့်ဖူး သည့် ငွားငွားစွင့်စွင့် ပန်းပွင့်များဖြစ်ပေလိမ့်မည်။ ယင်းကား ပုသိမ် - မုံရွာ လမ်းမကြီး၏ ငြိမ်းချမ်းစဉ်က ပကတိအရှိတရား ဖြစ်သည်။
ပြည်သူများအတွက် ကောင်းကျိုးများစွာ ရှိသော ယင်းလမ်းမကြီးသို့ စစ်မီးသည် တဖြည်းဖြည်း နီးကပ်လာခဲ့သည်။ သို့သော် ကနဦးက မီးဟပ်ခြင်းမျှ သာဖြစ်လေရာ ပြည်သူတို့ ကောင်းစွာအသုံးပြုနိုင် သေး၏။ လက်ရှိတွင်မူ လမ်းမကြီး၏အစိတ်အပိုင်း တို့မှာ စစ်မီး၏ လောင်ကျွမ်းခြင်း သို့မဟုတ် ပြင်းပြင်း ထန်ထန် လောင်မြိုက်ခြင်းတို့ကို ခံနေရပေပြီ။
ကနဦးက သစ်ပင်တစ်ပင်ဟု စာရေးသူ တင်စားခဲ့ပါ၏။ သို့သော် ယင်းမှာ ငြိမ်းချမ်းစဉ်ကဟု စကားခံခဲ့ပါသည်။ ယခု အခြေအနေမှာကား စစ်၏ လက်ချက်ဖြင့် အပိုင်းပိုင်းပြတ်နေသောမြွတစ် ကောင်အဖြစ် အသွင်ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်း ဆက်လက် နမူနာ ပြလိုပါသည်။ ထို့အတွက် စာရေး သူနှင့်အတူ ပုသိမ်-မုံရွာလမ်းကို ယခုဆောင်းပါးက တစ်ဆင့် စာမျက်နှာပေါ်မှခရီးသွားကြည့်ကြပါစို့။
စစ်၏ ဆိုးကျိုးကို စစ်ကိုင်းတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးမှ ပုသိမ် - မုံရွာ လမ်းပိုင်း အခြမ်းက စတင်တွေ့ကြုံခဲ့ကြရသည်။ လမ်းတွင် မိုင်းများ ရောက်လာသည်။ တိုက်ပွဲများလည်း ရံဖန်ရံ ခါ ရှိလာသည်။
" စစချင်း လမ်းပိုင်းမှာမကောင်းတာက တော့ ယင်းမာပင် မုံရွာလမ်းပိုင်းကနေ စမကောင်း တာပေါ့။ မကောင်းမကောင်းနဲ့ အခု AA က တိုက် တော့ ဧရာဝတီဘက်ပါမကောင်းတော့တာ" ဟု ယင်းလမ်းပိုင်းကို ပုံမှန်အသုံးပြုသွားလာခဲ့သော သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီးဘက်ခြမ်းမှ ပုသိမ် - မုံရွာလမ်းပိုင်းသည် ဆားလင်းကြီးမြို့အနီးမှလည်း ဖြတ်သည်။ လက်ရှိ နယ်မြေမငြိမ်သက်သော ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်တို့နှင့်လည်း လမ်းပိုင်းအရ ချိတ်ဆက်နေသည်။ ထို့ပြင် စစ်ကိုင်း တိုင်းဒေသကြီး၏မြို့တော်ဖြစ်သော မုံရွာပင်လျှင် ယင်းမြို့နယ်တွင် PDF တို့က ဒေသခံများထံက ဆက်ကြေးအမျိုးမျိုးကောက်ခံနေခြင်း ဖြစ်သည်။
မကွေးတိုင်းဒေသကြီးအတွင်းက ပုသိမ် - မုံရွာ လမ်းသည်ကား အတော်ပင် ရှည်လျားသည်ဟု ဆိုရမည် ဖြစ်သည်။ မြိုင်မြို့၊ ပေါက်မြို့ စသည်ဖြင့် မြို့များအပြင် အခြားမြို့များစွာတို့ကို တိုက်ရိုက် သော်လည်းကောင်း၊ အနီးအနားမှသော်လည်း ကောင်း ဖြတ်သန်းသည်။ ထို့ပြင် PDF များ ထြွကရာ နေရာအချို့တို့သည်လည်း ယင်းလမ်းဘေးတွင် ရှိလေရာ အဘယ်တွင် လုံခြုံပါတော့မည်နည်း။ " စစ်ကိုင်းနဲ့ မကွေးတိုင်းပဲ ဆိုပါစို့။ အဲဒီမှာက သုံးမရ ဘူးတော့ မဟုတ်ဘူး။ သုံးလို့ရသော်လည်းပဲ လမ်းပိုင်း တွေ မိုင်းထောင်လို့ ပျက်စီးတာနဲ့ PDF တွေ ဆက်ကြေးကောက်တာက ရှိသေးတာကိုး။ သူတို့နဲ့ အဆင် ပြေတဲ့သူတွေတော့ သွားလို့ရတယ်" ဟု မုံရွာဒေသခံ တစ်ဦးက ဆိုသည်။
ယခင်က စိမ်း၊ ကျက် လူတန်းစား မရွေး သွားလာနိုင်ခဲ့သော်လည်း PDF တို့၏ ငွေကြေး ကောက်ခံဂိတ်များကြောင့် စစ်ကိုင်းတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးအတွင်းက ပုသိမ် - မုံရွာ လမ်းပိုင်း နေရာအချို့မှာ ပိုက်ဆံတတ်နိုင်သူများသာ သွားလာနိုင်သော အခြေအနေသို့ ရောက်သွားခဲ့သည်။ ပိုက်ဆံမတတ်နိုင်သူများအနေဖြင့် ယင်းလမ်းကို မသုံးဘဲ မြို့ချင်းဆက်၊ ရွာချင်းဆက် ရှောင်ကွင်းလမ်း များကို သုံးနိုင်သော်လည်း ခရီးတာရှည်၏။
" PDF ဂိတ်က နေ့တိုင်းရှိတာတော့ မဟုတ်ဘူး။ ဂိတ်က ဝမ်ပေါင်အထွက်ကတည်းက ရှိတယ်။ ဆားလင်းကြီးဘက်ကထွက်ပြီး လင်းက တောလမ်းဆုံးအထိအရောက်ကတော့ ပုံမှန်ရှိတယ်။ မြိုင်ဘက်အခြမ်းတော့ တိုက်ပွဲရှိတယ်။ မုံရွာဘက် တော့တိုက်ပွဲမရှိဘူး" ဟု ယင်းဒေသခံက ရှင်းပြ သည်။
ယင်း PDF ဂိတ်များတွင် သာမန်ကားများ ကိုလည်း သောင်းနှင့်ချီအခွန်ကောက်ခံခြင်းများရှိ သည်။ ထို့ပြင် ကျည်ဖိုးဟုဆိုကာ ကျပ်သုံးထောင်ခန့် လည်း အနည်းဆုံးထားကာ အလှူခံခြင်းများရှိလာ ၏။ ဝတ်ဖြူစင်ကြယ်ဖြင့် အလှူခံဖလားပိုက်ပြီး အလှူခံလျှင်မထည့်၍ရသော်လည်း ဥပဒေမရှိ သော သူပုန်ကိုကား ကြောက်ရသည်ဖြစ်သောကြောင့် ပြည်သူများ သဒ္ဓါတရားနည်းလျှင်ဖြစ်စေ၊ လုံးဝ မရှိလျှင်ဖြစ်စေ ထည့်ရသည်သာ။
ထို့ပြင် PDF များအနေဖြင့် နောက်ထပ် ပါဝါပြသောလုပ်ရပ်တစ်ခုမှာ ရန်ကုန် - ပုသိမ် လမ်းပေါ်သို့ လမ်းပိုင်းစစ်ဆေးသည်ဟုဆိုကာ တက်လာတတ်ခြင်း ဖြစ်သည်။ NP News က စုံစမ်းရရှိသောအချက်အလက်များအရ မကွေးတိုင်းဒေသကြီးတွင် ယင်းဖြစ်စဉ်မျိုးကို မကြာ ခဏတွေ့ရ၏။ အစွမ်းပြလိုခြင်းဖြစ်သလော သို့မဟုတ် ဂိတ် ကြေးကောက်ရန် နယ်မြေစမ်းသလော မသိနိုင်သော်လည်း သေနတ်လွယ်ထားသည့် ဥပဒေ ဘောင် ပြင်ပက အမျိုးအမည်မသိရသောလူတို့၏ စစ်ဆေးခြင်းကို ခံရသည်မှာ ကျောချမ်းဖွယ်ကောင်းကြောင်းကို ယင်းဒေသမှ ပြည်သူအချို့သိပြီး ဖြစ်ပါ သည်။
ပဲခူးတိုင်းဒေသကြီးတွင်မူ ပုသိမ် - မုံရွာ လမ်း ဖြတ်သွားသည့် အကွာဝေးက အလွန်အမင်း မကျယ်လှ။ သို့သော် စစ်ရိပ်စစ်ငွေ့ သမ်းခဲ့သေးသည်။ ညောင်ကျိုးဂိတ်ကို AA က လာတိုက်သောအခါ ယင်းနေရာနှင့် ခရီးမိုင် အလွန်အမင်း မကွာဝေးသော ဥသျှစ်ပင်မြို့ကို ပုသိမ် - မုံရွာ လမ်းက တည့်တည့်ကြီး ဖြတ်သွားသည်ဖြစ်ရာ ထိုကာလက ပြည်သူတို့ စိုးစိတ် ပိုခဲ့ကြရသေးသည်။
ယင်းနောက် ဖြတ်သန်းသွားလျှင် ဧရာဝတီ တိုင်းအတွင်းသို့ ရောက်ပြီ ဖြစ်သည်။ တိုင်းဧရာ ကား AA နှင့် ၎င်းတို့ နောက်မြီးဆွဲ လက်နက်ကိုင်များ မဝင်မီအထိ အေးချမ်းစွာ တည်ရှိခဲ့သည်။ အေးချမ်းစွာ နေထိုင်လိုသူတို့၏ သုခဘုံလည်း ဖြစ်ခဲ့သည်။ သို့ သော် စစ်က ယင်းငြိမ်းချမ်းမှုကို ဖြိုခွဲကာ ပြည်သူတို့၏ နေ့စဉ် ဘဝများသို့ အပူမီးကို ရောက်ရှိစေခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၏ ရေကြည်မြို့ နယ်၊ ငါးသိုင်းချောင်းမြို့နယ်နှင့် လေးမျက်နှာမြို့နယ် တို့တွင် AA ပူးပေါင်းအဖွဲ့က တိုက်ပွဲများ ဖော်ဆောင် ခဲ့ရာ ယခင်က သမိုင်းတစ်လျှောက် ငြိမ်းချမ်းခဲ့သော ဧရာဝတီတိုင်းဒေသကြီးမှ ပုသိမ် - မုံရွာ လမ်းသည်လည်း စစ်ဘေးကို ကြုံရလေတော့သည်။ ပြည်သူတို့ မှာ ယင်းလမ်းကို ဖြောင့်ဖြောင့်တန်းတန်း မသွားရဲ တော့။ တိုက်ပွဲဖြစ်ပွားရာနေရာတို့သည် လမ်းနှင့် ထိစပ်သည်။ အချို့နေရာများတွင်ကား လမ်းနှင့် တိုက်ရိုက် ထိစပ်ခြင်းမရှိသော်ငြား စစ်ရိပ်စစ်ငွေ့ သမ်းနေလေရာ ပြည်သူတို့သွားလာရန် အခက်တွေ့ ကြရသည်။
ပိုဆိုးသည်မှာ စစ်က နောက်ဆက်တွဲ ဆောင်ယူလာသော စိုးရိမ်စိတ်ဖြစ်သည်။ မမြင်ကွယ် ရာမှ " ဘွားခနဲ" ထွက်လာမည့် ဥပဒေ ပြင်ပမှ လက်နက် ကိုင်များကို စိုးရိမ်သည်။ ယင်းလက်နက် ကိုင်များနှင့် မတွေ့လိုကြ။ စစ်ကို မရင်းနှီးကြရှာသော၊ သေနတ် မောင်းခလုတ်ဆွဲရန် မဆိုထားဘိ သေနတ် ကိုပင် ပြင်ပတွင် ကောင်းစွာ မမြင်ဖူးသော ပြည်သူ တို့မှာ တွေးမိရုံဖြင့် ကျောချမ်းမိကြသည်။
စာရေးသူက ဆောင်းပါးအတွင်း ပုသိမ် - မုံရွာ လမ်းကို အပိုင်းပိုင်းပြတ်နေသောမြွေအဖြစ် တင်စားခဲ့ကြောင်း မှတ်မိကြလိမ့်မည်ထင်ပါသည်။ ပုသိမ် - မုံရွာလမ်းသည် အမှန်တကယ်တွင်လည်း အသုံးပြုသူ ပြည်သူများအတွက် အမှန်တကယ်ပင် အပိုင်းပိုင်းပြတ်နေပြီ ဖြစ်သည်။ ပြည်သူတို့သည် အခက်အခဲများကြားမှာ ရှင်သန်ရေးအတွက် လမ်းစ များ ရှာဖွေကြရသည်။ ထိုအခါ လုံခြုံရေးအရ ပုသိမ် - မုံရွာ လမ်းမကြီးမှ လုံခြုံမည့်လမ်းပိုင်းကိုရွေးကာ အသုံးပြုခြင်းများ ပြုလာကြရခြင်း ဖြစ်သည်။
" ကျွန်တော်ကတော့ ကွင်းကောက် တာဆုံ ကနေ ဖြတ်ထွက်ပြီး သွားတယ်။ ကြားတော့ ကြားနေ ရတယ်။ လေးမျက်နှာ ပန်းတောကြီးဘက် ဖြစ်တယ် လို့ ဟိုရက်က ကြားတယ်။ အခုတော့ (၃၄၄) တပ်ရင်း ဘက် ဖြိုးတိုးဖြောက်တောက် ကြားတယ်။ လမ်းက သွားတယ်ဆို ရေနံ့သာဘက်က ပိတ်ထားမှာစိုးလို့ တွက်ပြီး ငါးသိုင်းချောင်းကနေ လေးမျက်နှာ လမ်းခွဲ ဖြတ်တယ်။ ပြီးတော့ ကွင်းကောက်ဘက်ကို ဖြတ် ထွက်တဲ့လမ်းက ဖြတ်ထွက်ပြီး ပုသိမ် - မုံရွာ လမ်း ပေါ် ပြန်တက်တယ်။ ဖြတ်သုံးနေရတာပေါ့။ ကျွန် တော်တို့က သတင်းကြားလို့ စိုးရိမ်ပြီး မသွားတာ" ဟု ဧရာဝတီတိုင်းဒေသကြီးမှ ဒေသခံတစ်ဦးကဆိုသည်။
ယင်းမှာ ဧရာဝတီတိုင်းဒေသကြီးမှ အသံ သာဖြစ်ပြီး အခြား ယင်းလမ်းပိုင်းဖြတ်သန်းရာ ဒေသအချို့တွင်လည်း အလားတူပင် NP News သို့ ပြောကြားကြသည်။ အချို့ ယာဉ်လိုင်းများ ဆိုလျှင် ပုသိမ် - မုံရွာ လမ်းမကြီးကို လုံခြုံရေးအရ လုံးဝ မသုံးတော့ခြင်းများလည်း ဖြစ်လာသည်။
" ဥပမာပေါ့ဗျာ။ ပခုက္ကူကထွက်တဲ့ ခရီး သည်တင်ကားပေါ့။ မနက်လေးနာရီ ထွက်ပြီး ပခုက္ကူ - ကျောက်ပန်းတောင်း - ရေနံချောင်း - မကွေး။ မကွေးကနေ လူတင်ပြီးတော့ မင်းဘူးကူး ပြီးတော့ ပဒါန်းလမ်းဆုံကနေ ချိုးချလိုက်ရင် ပုသိမ် - မုံရွာ လမ်းကြီးပေါ် ရောက်သွားတာ။ အဲဒီကနေ ဥသျှစ် ပင်ကို ဖြတ်ထွက်တာ။ သူ အဲဒီလမ်း မသုံးတာတောင် ငါးလ၊ ခြောက်လ ရှိသွားပြီ" ဟု မကွေးတိုင်း ဒေသကြီးမှ ဒေသခံတစ်ဦးက ဆိုသည်။
ယင်းမှာ လမ်းပိုင်းကိုဖြတ်ပြီး အသုံးပြုသူ များအတွက် ဆိုလိုခြင်းဖြစ်ပြီး အချို့ကမူ လမ်းမည်မျှ ဝေးစေကာမူ ပုသိမ် - မုံရွာ လမ်းမကြီးကို ကျောခိုင်း ကာ မြို့ချင်းဆက် လမ်းကွန်ရက်အတိုင်း အသုံးပြု ခြင်းများလည်း ရှိလာသည်။ လိုရင်းသို့ရောက်ရန် ဝေးပင်ဝေးစေကာမူ အသက်ဘေးအတွက် ကြာချိန် ကို မမှုနိုင်အားကြတော့။
တစ်ဖက်ကကြည့်လျှင် ကုန်စည်တို့ နှောင့် နှေးသည်။ ထို့ပြင် PDF တို့ ၏ ဂိတ်ကြေးများကလည်း ကုန်ဈေးနှုန်းတက်ရန် စိန်ခေါ်သကဲ့သို့ ဖြစ်လာသည်။ ဧရာဝတီမှ ဆန်နှင့် ငါးခြောက်တို့သည် အညာသို့ ဖြောင့်ဖြောင့်တန်းတန်း မရောက်နိုင်တော့ပြီ။ အညာ ကုန်များသည်လည်း ဧရာဝတီသို့လာရန် တစ်ကွေ့ တစ်ပတ် သွားနေကြရတော့၏။
စာရှုသူတို့ခင်ဗျား ဤတွင် စာရေးသူ ခေါ် ဆောင်ခဲ့သည့် ပုသိမ် - မုံရွာ လမ်းခရီးစဉ် ပြီးဆုံးပြီ ဖြစ်ပါသည်။ စစ်သည် ပုသိမ် - မုံရွာ လမ်းကို ထိပါး နှောင့်ယှက်ပြီး ယခင် မြို့ချင်းဆက်လမ်းများကို အားကိုးရသောခေတ်သို့ ပို့ဆောင်လိုက်ပြီဖြစ် ကြောင်းကို တွေ့ရပေမည်။
သစ်ပင်တို့အုပ်ဆိုင်းနေသော သွားချင် စဖွယ်လမ်းမကြီးသည် ယခုတော့ စစ်၏ကာဆီးမှု ကြောင့် ခရီးလမ်းမဖြောင့်ဖြူးတော့ပေ။ သို့သော် ခရီး လမ်းတစ်ခုတည်းသာမဟုတ်ဘဲ ယင်းလမ်းမကြီးကို မှီခိုရာ ပြည်သူတို့၏ လူမှုစီးပွား ဘဝနှင့် အနာဂတ်ကိုပါ ပိတ်ဆို့လိုက်ခြင်း ဖြစ်ကြောင်းကိုမူကား ဒေသခံများ ထက် မည်သူမျှ ပိုသိနိုင်မည်မဟုတ်ပေ။
zawgyi version
ပုသိမ္ - မုံ႐ြာလမ္းမႀကီး (သို႔မဟုတ္) ပိုင္း ျပတ္သြားေသာခရီး
သုတေက်ာ္ (NP News) - ဇြန္ ၂၅
ျမန္မာႏိုင္ငံမွ ျပည္သူတို႔၏အက်ိဳးကို သယ္ပိုးေနသည့္ လမ္းမႀကီးမ်ားအနက္ တစ္ခု ျဖစ္ေသာ ပုသိမ္ - မုံ႐ြာ လမ္းမႀကီးသည္ ဧရာဝတီတိုင္းေဒသႀကီးရွိ ပုသိမ္(ကံကေလး)မွအစျပဳ၍ အညာေဒသ စစ္ကိုင္းတိုင္းေဒသႀကီး မုံ႐ြာၿမိဳ႕အထိ ဆက္သြယ္ထားျခင္းျဖစ္သည္။ တစ္နည္းအားျဖင့္ ျမန္မာႏိုင္ငံအလယ္ပိုင္းႏွင့္ ပင္လယ္ကိုတိုက္႐ိုက္ ခ်ိတ္ဆက္ထားျခင္းပင္။
ယင္း ပုသိမ္-မုံ႐ြာလမ္းမႀကီး၏ အကြာ အေဝးမွာ (၄၁၆) မိုင္ (၆) ဖာလုံရွိကာ ပုသိမ္ၿမိဳ႕မွ မုံ႐ြာၿမိဳ႕အထိသြားမည္ဆိုပါက (၁၇) နာရီေက်ာ္ခန႔္ ၾကာျမင့္သည္။ လမ္းပိုင္းရွည္လ်ားသည္ႏွင့္အတူ ဧရာဝတီတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ မေကြး တိုင္းေဒသႀကီးႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးကို အစဥ္လိုက္ျဖတ္သန္းသြားသည္ျဖစ္ရာ ေဒသအသီး သီးမွ ထြက္ကုန္တို႔ အစုန္၊ အဆန္ ကူးသန္းရာ လမ္းမႀကီးတစ္ခုျဖစ္၏။
ယင္းလမ္းေၾကာင္းမွတစ္ဆင့္ ျမစ္ဝကြၽန္း ေပၚေဒသမွကုန္တို႔သည္ အထက္အညာထိတိုင္ ေအာင္ခရီးေပါက္ၿပီး အထက္အညာမွ ကုန္တို႔သည္ လည္း ေအာက္ျပည္ေအာက္႐ြာအထိ ပ်ံ႕ႏွံ႔သည္ ျဖစ္ရာ ျမန္မာႏိုင္ငံ အထက္၊ ေအာက္ကို သေဘၤာမ်ား၊ ေလွႀကီးမ်ားျဖင့္ ေရေၾကာင္းမွ ကုန္သြယ္၊ ကူးသန္း ေသာ အခန္းက႑ကို အစားထိုးကာ ၾကာခ်ိန္ကိုခ်ဳံ႕ၿပီး ဝန္ပမာဏကိုတိုးေစသည့္ လမ္းေၾကာင္းလည္းျဖစ္သည္။
ပုသိမ္ - မုံ႐ြာ လမ္းမႀကီးသည္ ဥဳံဖြ ဟု မန္း၍ ႐ုတ္ျခည္းထြက္ေပၚလာျခင္းေတာ့ မဟုတ္ပါ။ ယင္းလမ္းပိုင္း ျဖတ္သန္းရာ ၊ နီးစပ္ရာၿမိဳ႕မ်ားသည္ ယခင္က ၿမိဳ႕ခ်င္းဆက္လမ္းမ်ားသာရွိခဲ့ၿပီး အခ်ိဳ႕မွာ အျပည့္အဝ လမ္းေခ်ာအျဖစ္ပင္ ေပၚေပါက္ခဲ့ျခင္းမ်ိဳး မရွိခဲ့ေပ။ ထို႔ျပင္ ရာသီဥတုေၾကာင့္ လမ္းပိုင္း ျပတ္ ေတာက္ျခင္းမ်ားလည္းရွိခဲ့သည့္အျပင္ တံတားမ်ား လည္း ေကာင္းစြာ မရွိခဲ့ေသးေသာေၾကာင့္ ျမစ္ေခ်ာင္း မ်ားကို ျဖတ္သန္းရာတြင္ အခက္အခဲႀကဳံခဲ့ၾကရသည္။
ထို႔ေနာက္ လမ္းပိုင္းမ်ားကို အဆင့္ျမႇင့္တင္မႈမ်ား ျပဳလုပ္ၿပီးေနာက္ အင္ဂ်င္နီယာ စြမ္းပကား ျဖင့္ ပုသိမ္ - မုံ႐ြာလမ္းမႀကီး ေပၚေပါက္ခဲ့သည္။ ထိုအခါ ျမန္မာႏိုင္ငံအတြင္းမွ ေရခံေျမခံ မတူသည့္ ေဝးကြာလွေသာ ၿမိဳ႕ႀကီးႏွစ္ၿမိဳ႕အၾကား အိမ္မက္သဖြယ္ ျပည္ေထာင္စု လမ္းမႀကီးတစ္ခု ထီးထီးႀကီး ထြက္ေပၚလာခဲ့ရာ ေဒသခံျပည္သူတို႔ ၏ လူမႈ၊ စီးပြား ဘဝတို႔မွာ ေကာင္းက်ိဳးမ်ားစြာရရွိခဲ့ၾကသည္။
ယင္းအျပင္ အဆိုပါ လမ္းမႀကီးကို ဗဟိုျပဳ ၿပီးအျခား ကြန္ရက္သဖြယ္ လမ္းေပါင္းမ်ားစြာက လည္း ခ်ိတ္ဆက္ေနသည္ျဖစ္ေသာေၾကာင့္ ကြၽဲကူး ေရပါဆိုသကဲ့သို႔ ေဒသမ်ားစြာတို႔အတြက္ အသီး အပြင့္မ်ားစြာကို ခံစားခဲ့ၾကရသည္။
အထင္ကရ ၿမိဳ႕ႀကီးမ်ားျဖစ္သည့္ ျပည္ၿမိဳ႕၊ မေကြးၿမိဳ႕၊ ပခုကၠဴၿမိဳ႕တို႔ကဲ့သို႔ ၿမိဳ႕ႀကီးမ်ားအနီး ျဖတ္သြားသည့္အျပင္ ျမန္မာတို႔၏ ႏွလုံးသည္းပြတ္ ပုဂံ ေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမသို႔လည္း ဆက္ သြယ္ထားေသာလမ္းမ်ားမွ သြားႏိုင္ေသးသည္။ လမ္းမႀကီးတစ္ခုတည္းျဖင့္ ထင္ရွားေသာေနရာမ်ား၊ စီးပြားေရးေကာင္းေသာၿမိဳ႕မ်ားကို ခ်ိတ္ဆက္သြား လာႏိုင္သည္ျဖစ္ရာ ခဲတစ္လုံးျဖင့္ ငွက္ေပါင္းမ်ားစြာကို ပစ္ထားေသာ လမ္းမႀကီးဟုပင္ တင္စားႏိုင္သည္။
ထို႔ေၾကာင့္ ပုသိမ္ - မုံ႐ြာ လမ္းမႀကီးသည္ ပင္စည္ ဆိုပါက ၎ႏွင့္ ခ်ိတ္ဆက္ရာလမ္းမ်ားသည္ သစ္ကိုင္းမ်ားသဖြယ္ျဖစ္ၿပီး ၿမိဳ႕မ်ား၊ ေက်း႐ြာမ်ားမွာ ယင္းသစ္ခက္၊ သစ္ကိုင္းမ်ားထက္ တြဲလြဲခိုပြင့္ဖူး သည့္ ငြားငြားစြင့္စြင့္ ပန္းပြင့္မ်ားျဖစ္ေပလိမ့္မည္။ ယင္းကား ပုသိမ္ - မုံ႐ြာ လမ္းမႀကီး၏ ၿငိမ္းခ်မ္းစဥ္က ပကတိအရွိတရား ျဖစ္သည္။
ျပည္သူမ်ားအတြက္ ေကာင္းက်ိဳးမ်ားစြာ ရွိေသာ ယင္းလမ္းမႀကီးသို႔ စစ္မီးသည္ တျဖည္းျဖည္း နီးကပ္လာခဲ့သည္။ သို႔ေသာ္ ကနဦးက မီးဟပ္ျခင္းမွ် သာျဖစ္ေလရာ ျပည္သူတို႔ ေကာင္းစြာအသုံးျပဳႏိုင္ ေသး၏။ လက္ရွိတြင္မူ လမ္းမႀကီး၏အစိတ္အပိုင္း တို႔မွာ စစ္မီး၏ ေလာင္ကြၽမ္းျခင္း သို႔မဟုတ္ ျပင္းျပင္း ထန္ထန္ ေလာင္ၿမိဳက္ျခင္းတို႔ကို ခံေနရေပၿပီ။
ကနဦးက သစ္ပင္တစ္ပင္ဟု စာေရးသူ တင္စားခဲ့ပါ၏။ သို႔ေသာ္ ယင္းမွာ ၿငိမ္းခ်မ္းစဥ္ကဟု စကားခံခဲ့ပါသည္။ ယခု အေျခအေနမွာကား စစ္၏ လက္ခ်က္ျဖင့္ အပိုင္းပိုင္းျပတ္ေနေသာႁမြတစ္ ေကာင္အျဖစ္ အသြင္ေျပာင္းလဲသြားခဲ့ၿပီျဖစ္ေၾကာင္း ဆက္လက္ နမူနာ ျပလိုပါသည္။ ထို႔အတြက္ စာေရး သူႏွင့္အတူ ပုသိမ္-မုံ႐ြာလမ္းကို ယခုေဆာင္းပါးက တစ္ဆင့္ စာမ်က္ႏွာေပၚမွခရီးသြားၾကည့္ၾကပါစို႔။
စစ္၏ ဆိုးက်ိဳးကို စစ္ကိုင္းတိုင္းေဒသႀကီး ႏွင့္ မေကြးတိုင္းေဒသႀကီးမွ ပုသိမ္ - မုံ႐ြာ လမ္းပိုင္း အျခမ္းက စတင္ေတြ႕ႀကဳံခဲ့ၾကရသည္။ လမ္းတြင္ မိုင္းမ်ား ေရာက္လာသည္။ တိုက္ပြဲမ်ားလည္း ရံဖန္ရံ ခါ ရွိလာသည္။
" စစခ်င္း လမ္းပိုင္းမွာမေကာင္းတာက ေတာ့ ယင္းမာပင္ မုံ႐ြာလမ္းပိုင္းကေန စမေကာင္း တာေပါ့။ မေကာင္းမေကာင္းနဲ႔ အခု AA က တိုက္ ေတာ့ ဧရာဝတီဘက္ပါမေကာင္းေတာ့တာ" ဟု ယင္းလမ္းပိုင္းကို ပုံမွန္အသုံးျပဳသြားလာခဲ့ေသာ သတင္းရင္းျမစ္တစ္ဦးက ဆိုသည္။
စစ္ကိုင္းတိုင္းေဒသႀကီးဘက္ျခမ္းမွ ပုသိမ္ - မုံ႐ြာလမ္းပိုင္းသည္ ဆားလင္းႀကီးၿမိဳ႕အနီးမွလည္း ျဖတ္သည္။ လက္ရွိ နယ္ေျမမၿငိမ္သက္ေသာ ယင္းမာပင္ၿမိဳ႕နယ္ႏွင့္ ပုလဲၿမိဳ႕နယ္တို႔ႏွင့္လည္း လမ္းပိုင္းအရ ခ်ိတ္ဆက္ေနသည္။ ထို႔ျပင္ စစ္ကိုင္း တိုင္းေဒသႀကီး၏ၿမိဳ႕ေတာ္ျဖစ္ေသာ မုံ႐ြာပင္လွ်င္ ယင္းၿမိဳ႕နယ္တြင္ PDF တို႔က ေဒသခံမ်ားထံက ဆက္ေၾကးအမ်ိဳးမ်ိဳးေကာက္ခံေနျခင္း ျဖစ္သည္။
မေကြးတိုင္းေဒသႀကီးအတြင္းက ပုသိမ္ - မုံ႐ြာ လမ္းသည္ကား အေတာ္ပင္ ရွည္လ်ားသည္ဟု ဆိုရမည္ ျဖစ္သည္။ ၿမိဳင္ၿမိဳ႕၊ ေပါက္ၿမိဳ႕ စသည္ျဖင့္ ၿမိဳ႕မ်ားအျပင္ အျခားၿမိဳ႕မ်ားစြာတို႔ကို တိုက္႐ိုက္ ေသာ္လည္းေကာင္း၊ အနီးအနားမွေသာ္လည္း ေကာင္း ျဖတ္သန္းသည္။ ထို႔ျပင္ PDF မ်ား ႂထြကရာ ေနရာအခ်ိဳ႕တို႔သည္လည္း ယင္းလမ္းေဘးတြင္ ရွိေလရာ အဘယ္တြင္ လုံၿခဳံပါေတာ့မည္နည္း။ " စစ္ကိုင္းနဲ႔ မေကြးတိုင္းပဲ ဆိုပါစို႔။ အဲဒီမွာက သုံးမရ ဘူးေတာ့ မဟုတ္ဘူး။ သုံးလို႔ရေသာ္လည္းပဲ လမ္းပိုင္း ေတြ မိုင္းေထာင္လို႔ ပ်က္စီးတာနဲ႔ PDF ေတြ ဆက္ေၾကးေကာက္တာက ရွိေသးတာကိုး။ သူတို႔နဲ႔ အဆင္ ေျပတဲ့သူေတြေတာ့ သြားလို႔ရတယ္" ဟု မုံ႐ြာေဒသခံ တစ္ဦးက ဆိုသည္။
ယခင္က စိမ္း၊ က်က္ လူတန္းစား မေ႐ြး သြားလာႏိုင္ခဲ့ေသာ္လည္း PDF တို႔၏ ေငြေၾကး ေကာက္ခံဂိတ္မ်ားေၾကာင့္ စစ္ကိုင္းတိုင္းေဒသႀကီး ႏွင့္ မေကြးတိုင္းေဒသႀကီးအတြင္းက ပုသိမ္ - မုံ႐ြာ လမ္းပိုင္း ေနရာအခ်ိဳ႕မွာ ပိုက္ဆံတတ္ႏိုင္သူမ်ားသာ သြားလာႏိုင္ေသာ အေျခအေနသို႔ ေရာက္သြားခဲ့သည္။ ပိုက္ဆံမတတ္ႏိုင္သူမ်ားအေနျဖင့္ ယင္းလမ္းကို မသုံးဘဲ ၿမိဳ႕ခ်င္းဆက္၊ ႐ြာခ်င္းဆက္ ေရွာင္ကြင္းလမ္း မ်ားကို သုံးႏိုင္ေသာ္လည္း ခရီးတာရွည္၏။
" PDF ဂိတ္က ေန႔တိုင္းရွိတာေတာ့ မဟုတ္ဘူး။ ဂိတ္က ဝမ္ေပါင္အထြက္ကတည္းက ရွိတယ္။ ဆားလင္းႀကီးဘက္ကထြက္ၿပီး လင္းက ေတာလမ္းဆုံးအထိအေရာက္ကေတာ့ ပုံမွန္ရွိတယ္။ ၿမိဳင္ဘက္အျခမ္းေတာ့ တိုက္ပြဲရွိတယ္။ မုံ႐ြာဘက္ ေတာ့တိုက္ပြဲမရွိဘူး" ဟု ယင္းေဒသခံက ရွင္းျပ သည္။
ယင္း PDF ဂိတ္မ်ားတြင္ သာမန္ကားမ်ား ကိုလည္း ေသာင္းႏွင့္ခ်ီအခြန္ေကာက္ခံျခင္းမ်ားရွိ သည္။ ထို႔ျပင္ က်ည္ဖိုးဟုဆိုကာ က်ပ္သုံးေထာင္ခန႔္ လည္း အနည္းဆုံးထားကာ အလႉခံျခင္းမ်ားရွိလာ ၏။ ဝတ္ျဖဴစင္ၾကယ္ျဖင့္ အလႉခံဖလားပိုက္ၿပီး အလႉခံလွ်င္မထည့္၍ရေသာ္လည္း ဥပေဒမရွိ ေသာ သူပုန္ကိုကား ေၾကာက္ရသည္ျဖစ္ေသာေၾကာင့္ ျပည္သူမ်ား သဒၶါတရားနည္းလွ်င္ျဖစ္ေစ၊ လုံးဝ မရွိလွ်င္ျဖစ္ေစ ထည့္ရသည္သာ။
ထို႔ျပင္ PDF မ်ားအေနျဖင့္ ေနာက္ထပ္ ပါဝါျပေသာလုပ္ရပ္တစ္ခုမွာ ရန္ကုန္ - ပုသိမ္ လမ္းေပၚသို႔ လမ္းပိုင္းစစ္ေဆးသည္ဟုဆိုကာ တက္လာတတ္ျခင္း ျဖစ္သည္။ NP News က စုံစမ္းရရွိေသာအခ်က္အလက္မ်ားအရ မေကြးတိုင္းေဒသႀကီးတြင္ ယင္းျဖစ္စဥ္မ်ိဳးကို မၾကာ ခဏေတြ႕ရ၏။ အစြမ္းျပလိုျခင္းျဖစ္သေလာ သို႔မဟုတ္ ဂိတ္ ေၾကးေကာက္ရန္ နယ္ေျမစမ္းသေလာ မသိႏိုင္ေသာ္လည္း ေသနတ္လြယ္ထားသည့္ ဥပေဒ ေဘာင္ ျပင္ပက အမ်ိဳးအမည္မသိရေသာလူတို႔၏ စစ္ေဆးျခင္းကို ခံရသည္မွာ ေက်ာခ်မ္းဖြယ္ေကာင္းေၾကာင္းကို ယင္းေဒသမွ ျပည္သူအခ်ိဳ႕သိၿပီး ျဖစ္ပါ သည္။
ပဲခူးတိုင္းေဒသႀကီးတြင္မူ ပုသိမ္ - မုံ႐ြာ လမ္း ျဖတ္သြားသည့္ အကြာေဝးက အလြန္အမင္း မက်ယ္လွ။ သို႔ေသာ္ စစ္ရိပ္စစ္ေငြ႕ သမ္းခဲ့ေသးသည္။ ေညာင္က်ိဳးဂိတ္ကို AA က လာတိုက္ေသာအခါ ယင္းေနရာႏွင့္ ခရီးမိုင္ အလြန္အမင္း မကြာေဝးေသာ ဥသွ်စ္ပင္ၿမိဳ႕ကို ပုသိမ္ - မုံ႐ြာ လမ္းက တည့္တည့္ႀကီး ျဖတ္သြားသည္ျဖစ္ရာ ထိုကာလက ျပည္သူတို႔ စိုးစိတ္ ပိုခဲ့ၾကရေသးသည္။
ယင္းေနာက္ ျဖတ္သန္းသြားလွ်င္ ဧရာဝတီ တိုင္းအတြင္းသို႔ ေရာက္ၿပီ ျဖစ္သည္။ တိုင္းဧရာ ကား AA ႏွင့္ ၎တို႔ ေနာက္ၿမီးဆြဲ လက္နက္ကိုင္မ်ား မဝင္မီအထိ ေအးခ်မ္းစြာ တည္ရွိခဲ့သည္။ ေအးခ်မ္းစြာ ေနထိုင္လိုသူတို႔၏ သုခဘုံလည္း ျဖစ္ခဲ့သည္။ သို႔ ေသာ္ စစ္က ယင္းၿငိမ္းခ်မ္းမႈကို ၿဖိဳခြဲကာ ျပည္သူတို႔၏ ေန႔စဥ္ ဘဝမ်ားသို႔ အပူမီးကို ေရာက္ရွိေစခဲ့သည္။
ဧရာဝတီတိုင္းေဒသႀကီး၏ ေရၾကည္ၿမိဳ႕ နယ္၊ ငါးသိုင္းေခ်ာင္းၿမိဳ႕နယ္ႏွင့္ ေလးမ်က္ႏွာၿမိဳ႕နယ္ တို႔တြင္ AA ပူးေပါင္းအဖြဲ႕က တိုက္ပြဲမ်ား ေဖာ္ေဆာင္ ခဲ့ရာ ယခင္က သမိုင္းတစ္ေလွ်ာက္ ၿငိမ္းခ်မ္းခဲ့ေသာ ဧရာဝတီတိုင္းေဒသႀကီးမွ ပုသိမ္ - မုံ႐ြာ လမ္းသည္လည္း စစ္ေဘးကို ႀကဳံရေလေတာ့သည္။ ျပည္သူတို႔ မွာ ယင္းလမ္းကို ေျဖာင့္ေျဖာင့္တန္းတန္း မသြားရဲ ေတာ့။ တိုက္ပြဲျဖစ္ပြားရာေနရာတို႔သည္ လမ္းႏွင့္ ထိစပ္သည္။ အခ်ိဳ႕ေနရာမ်ားတြင္ကား လမ္းႏွင့္ တိုက္႐ိုက္ ထိစပ္ျခင္းမရွိေသာ္ျငား စစ္ရိပ္စစ္ေငြ႕ သမ္းေနေလရာ ျပည္သူတို႔သြားလာရန္ အခက္ေတြ႕ ၾကရသည္။
ပိုဆိုးသည္မွာ စစ္က ေနာက္ဆက္တြဲ ေဆာင္ယူလာေသာ စိုးရိမ္စိတ္ျဖစ္သည္။ မျမင္ကြယ္ ရာမွ " ဘြားခနဲ" ထြက္လာမည့္ ဥပေဒ ျပင္ပမွ လက္နက္ ကိုင္မ်ားကို စိုးရိမ္သည္။ ယင္းလက္နက္ ကိုင္မ်ားႏွင့္ မေတြ႕လိုၾက။ စစ္ကို မရင္းႏွီးၾကရွာေသာ၊ ေသနတ္ ေမာင္းခလုတ္ဆြဲရန္ မဆိုထားဘိ ေသနတ္ ကိုပင္ ျပင္ပတြင္ ေကာင္းစြာ မျမင္ဖူးေသာ ျပည္သူ တို႔မွာ ေတြးမိ႐ုံျဖင့္ ေက်ာခ်မ္းမိၾကသည္။
စာေရးသူက ေဆာင္းပါးအတြင္း ပုသိမ္ - မုံ႐ြာ လမ္းကို အပိုင္းပိုင္းျပတ္ေနေသာေႁမြအျဖစ္ တင္စားခဲ့ေၾကာင္း မွတ္မိၾကလိမ့္မည္ထင္ပါသည္။ ပုသိမ္ - မုံ႐ြာလမ္းသည္ အမွန္တကယ္တြင္လည္း အသုံးျပဳသူ ျပည္သူမ်ားအတြက္ အမွန္တကယ္ပင္ အပိုင္းပိုင္းျပတ္ေနၿပီ ျဖစ္သည္။ ျပည္သူတို႔သည္ အခက္အခဲမ်ားၾကားမွာ ရွင္သန္ေရးအတြက္ လမ္းစ မ်ား ရွာေဖြၾကရသည္။ ထိုအခါ လုံၿခဳံေရးအရ ပုသိမ္ - မုံ႐ြာ လမ္းမႀကီးမွ လုံၿခဳံမည့္လမ္းပိုင္းကိုေ႐ြးကာ အသုံးျပဳျခင္းမ်ား ျပဳလာၾကရျခင္း ျဖစ္သည္။
" ကြၽန္ေတာ္ကေတာ့ ကြင္းေကာက္ တာဆုံ ကေန ျဖတ္ထြက္ၿပီး သြားတယ္။ ၾကားေတာ့ ၾကားေန ရတယ္။ ေလးမ်က္ႏွာ ပန္းေတာႀကီးဘက္ ျဖစ္တယ္ လို႔ ဟိုရက္က ၾကားတယ္။ အခုေတာ့ (၃၄၄) တပ္ရင္း ဘက္ ၿဖိဳးတိုးေျဖာက္ေတာက္ ၾကားတယ္။ လမ္းက သြားတယ္ဆို ေရနံ႔သာဘက္က ပိတ္ထားမွာစိုးလို႔ တြက္ၿပီး ငါးသိုင္းေခ်ာင္းကေန ေလးမ်က္ႏွာ လမ္းခြဲ ျဖတ္တယ္။ ၿပီးေတာ့ ကြင္းေကာက္ဘက္ကို ျဖတ္ ထြက္တဲ့လမ္းက ျဖတ္ထြက္ၿပီး ပုသိမ္ - မုံ႐ြာ လမ္း ေပၚ ျပန္တက္တယ္။ ျဖတ္သုံးေနရတာေပါ့။ ကြၽန္ ေတာ္တို႔က သတင္းၾကားလို႔ စိုးရိမ္ၿပီး မသြားတာ" ဟု ဧရာဝတီတိုင္းေဒသႀကီးမွ ေဒသခံတစ္ဦးကဆိုသည္။
ယင္းမွာ ဧရာဝတီတိုင္းေဒသႀကီးမွ အသံ သာျဖစ္ၿပီး အျခား ယင္းလမ္းပိုင္းျဖတ္သန္းရာ ေဒသအခ်ိဳ႕တြင္လည္း အလားတူပင္ NP News သို႔ ေျပာၾကားၾကသည္။ အခ်ိဳ႕ ယာဥ္လိုင္းမ်ား ဆိုလွ်င္ ပုသိမ္ - မုံ႐ြာ လမ္းမႀကီးကို လုံၿခဳံေရးအရ လုံးဝ မသုံးေတာ့ျခင္းမ်ားလည္း ျဖစ္လာသည္။
" ဥပမာေပါ့ဗ်ာ။ ပခုကၠဴကထြက္တဲ့ ခရီး သည္တင္ကားေပါ့။ မနက္ေလးနာရီ ထြက္ၿပီး ပခုကၠဴ - ေက်ာက္ပန္းေတာင္း - ေရနံေခ်ာင္း - မေကြး။ မေကြးကေန လူတင္ၿပီးေတာ့ မင္းဘူးကူး ၿပီးေတာ့ ပဒါန္းလမ္းဆုံကေန ခ်ိဳးခ်လိုက္ရင္ ပုသိမ္ - မုံ႐ြာ လမ္းႀကီးေပၚ ေရာက္သြားတာ။ အဲဒီကေန ဥသွ်စ္ ပင္ကို ျဖတ္ထြက္တာ။ သူ အဲဒီလမ္း မသုံးတာေတာင္ ငါးလ၊ ေျခာက္လ ရွိသြားၿပီ" ဟု မေကြးတိုင္း ေဒသႀကီးမွ ေဒသခံတစ္ဦးက ဆိုသည္။
ယင္းမွာ လမ္းပိုင္းကိုျဖတ္ၿပီး အသုံးျပဳသူ မ်ားအတြက္ ဆိုလိုျခင္းျဖစ္ၿပီး အခ်ိဳ႕ကမူ လမ္းမည္မွ် ေဝးေစကာမူ ပုသိမ္ - မုံ႐ြာ လမ္းမႀကီးကို ေက်ာခိုင္း ကာ ၿမိဳ႕ခ်င္းဆက္ လမ္းကြန္ရက္အတိုင္း အသုံးျပဳ ျခင္းမ်ားလည္း ရွိလာသည္။ လိုရင္းသို႔ေရာက္ရန္ ေဝးပင္ေဝးေစကာမူ အသက္ေဘးအတြက္ ၾကာခ်ိန္ ကို မမႈႏိုင္အားၾကေတာ့။
တစ္ဖက္ကၾကည့္လွ်င္ ကုန္စည္တို႔ ေႏွာင့္ ေႏွးသည္။ ထို႔ျပင္ PDF တို႔ ၏ ဂိတ္ေၾကးမ်ားကလည္း ကုန္ေဈးႏႈန္းတက္ရန္ စိန္ေခၚသကဲ့သို႔ ျဖစ္လာသည္။ ဧရာဝတီမွ ဆန္ႏွင့္ ငါးေျခာက္တို႔သည္ အညာသို႔ ေျဖာင့္ေျဖာင့္တန္းတန္း မေရာက္ႏိုင္ေတာ့ၿပီ။ အညာ ကုန္မ်ားသည္လည္း ဧရာဝတီသို႔လာရန္ တစ္ေကြ႕ တစ္ပတ္ သြားေနၾကရေတာ့၏။
စာရႈသူတို႔ခင္ဗ်ား ဤတြင္ စာေရးသူ ေခၚ ေဆာင္ခဲ့သည့္ ပုသိမ္ - မုံ႐ြာ လမ္းခရီးစဥ္ ၿပီးဆုံးၿပီ ျဖစ္ပါသည္။ စစ္သည္ ပုသိမ္ - မုံ႐ြာ လမ္းကို ထိပါး ေႏွာင့္ယွက္ၿပီး ယခင္ ၿမိဳ႕ခ်င္းဆက္လမ္းမ်ားကို အားကိုးရေသာေခတ္သို႔ ပို႔ေဆာင္လိုက္ၿပီျဖစ္ ေၾကာင္းကို ေတြ႕ရေပမည္။
သစ္ပင္တို႔အုပ္ဆိုင္းေနေသာ သြားခ်င္ စဖြယ္လမ္းမႀကီးသည္ ယခုေတာ့ စစ္၏ကာဆီးမႈ ေၾကာင့္ ခရီးလမ္းမေျဖာင့္ျဖဴးေတာ့ေပ။ သို႔ေသာ္ ခရီး လမ္းတစ္ခုတည္းသာမဟုတ္ဘဲ ယင္းလမ္းမႀကီးကို မွီခိုရာ ျပည္သူတို႔၏ လူမႈစီးပြား ဘဝႏွင့္ အနာဂတ္ကိုပါ ပိတ္ဆို႔လိုက္ျခင္း ျဖစ္ေၾကာင္းကိုမူကား ေဒသခံမ်ား ထက္ မည္သူမွ် ပိုသိႏိုင္မည္မဟုတ္ေပ။