ကပ်ဘေးနဲ့ စစ်ပွဲဒဏ်ကြောင့် ပျက်သုဉ်းမှုတွေရှိခဲ့တဲ့ ပြင်သစ်တို့ရဲ့ မြို့တော်ပဲရစ် ဒါမှမဟုတ် အလင်းမြို့တော်အကြောင်း
127
Pika (NP News) - ဩဂုတ် ၃၁
ပြင်သစ်နိုင်ငံမြို့တော်ဖြစ်သော ပဲရစ်မြို့သည် ၂၀၂၃ခုနှစ် ဇန်နဝါရီလတွင် နေထိုင်သူ(၂၁၀၂၆၅၀)ဦးဖြင့် နိုင်ငံတွင်းတွင် အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး ၎င်း၏အထင်ကရဖြစ်သော အီဖယ်မျှော်စင်ကြောင့် နာမည်ကျော်ကြားသည်။ပဲရစ်မြို့၏ အကျယ်အဝန်းမှာ (၁၀၅)စတုရန်းကီလိုမီတာကျော်ရှိပြီး ၂၀၂၂ခုနှစ်တွင် ကမ္ဘာပေါ်မှာ (၃၀)ခုမြောက်လူဦးရေအထူထပ်ဆုံးမြို့ဖြစ်ခဲ့ကာ ဥရောပသမဂ္ဂတွင် စတုတ္တမြောက်အကြီးဆုံးမြို့ဖြစ်ကြောင်းလည်းသိရသည်။(၁၇)ရာစုတည်းက ပဲရစ်မြို့သည် ကမ္ဘာပေါ်တွင် ဘဏ္ဍာရေး၊ သံတမန်ရေးရာ၊ ကူးသန်းရောင်းဝယ်ရေး၊ ယဉ်ကျေးမှု၊ ဖက်ရှင်နှင့် အစားအစာဆိုင်ရာ အဓိကနေရာများထဲမှတစ်ခုဖြစ်ခဲ့သည်။အနုပညာနှင့် သိပ္ပံကဏ္ဍများတွင် ဦးဆောင်နိုင်မှုနှင့်အတူ ကျယ်ပြန့်သော လမ်းမီးအလင်းရောင်စနစ်တို့ကြောင့် ပဲရစ်မြို့သည် ၁၉ ရာစုတည်းက အလင်းမြို့တော်အဖြစ် လူသိများလာခဲ့ကြောင်းသိရသည်။ပဲရစ်မြို့သည် ခန့်မှန်းခြေလူဦးရေ(၁၂ ဒသမ ၂၇)သန်းကျော် သို့မဟုတ် ပြင်သစ်နိုင်ငံစုစုပေါင်းလူဦးရေ၏(၁၉)ရာခိုင်နှုန်းခန့် ရှိသော ပဲရစ်ဒေသ၏ဗဟိုဖြစ်ကြောင်းလည်းသိရသည်။ ၂၀၂၁ခုနှစ်တွင် ပဲရစ်ဒေသ၏ ဂျီဒီပီမှာ ယူရို(၇၆၅)ဘီလျံရှိခဲ့ပြီး ဥရောပသမဂ္ဂတွင် ဂျီဒီပီအမြင့်ဆုံးဖြစ်ကြောင်းလည်းသိရသည်။ Economist Intelligence Unit Worldwide Cost of Living Survey အရ ၂၀၂၂ ခုနှစ်တွင် ပဲရစ်မြို့သည် ကမ္ဘာပေါ်တွင် နေထိုင်မှုစရိတ် (၉)ခုမြောက်အမြင့်ဆုံး မြို့တစ်မြို့ဖြစ်ခဲ့ကြောင်းသိရသည်။ ပဲရစ်မြို့သည် အဓိကမီးရထားလမ်း၊အဝေးပြေးလမ်းမကြီးနှင့် လေကြောင်းပို့ဆောင်ရေးအချက်အချာကျသည့် နိုင်ငံတကာလေဆိပ်နှစ်ခုဖြစ်သော ဥရောပတွင် အလုပ်အများဆုံးလေဆိပ်ဖြစ်သည့် Charles de Gaulle လေဆိပ်နှင့် Orlyလေဆိပ်တို့ တည်ရှိရာနေရာဖြစ်သည်။ ၁၉၀၀ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော ပဲရစ်မြို့၏ မြေအောက်မီးရထားလမ်းစနစ် Paris Métro သည် နေ့စဉ်ခရီးသည် (၅ ဒသမ ၂၃)သန်းကို ဝန်ဆောင်မှုပေးလျက်ရှိသည်။အဆိုပါ Paris Métro မြေအောက်မီးရထားစနစ်သည် ဥရောပတွင် ရုရှားနိုင်ငံ၏ Moscow Metroပြီးလျှင် ဒုတိယမြောက်အလုပ်အများဆုံးမြေအောက်မီးရထားစနစ်ဖြစ်သည်။ပဲရစ်မြို့တွင် ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးစနစ်ရှိပြီး ကမ္ဘာပေါ်တွင် ရေရှည်တည်တံ့သောသယ်ယူပို့ဆောင်ရေးဆုကို နှစ်ကြိမ်ရရှိခဲ့ဖူးသော မြို့(၂)မြို့အနက် တစ်မြို့ဖြစ်ကြောင်းလည်းသိရသည်။ပဲရစ်မြို့သည် ၎င်း၏ပြတိုက်များနှင့် ဗိသုကာဆိုင်ရာ အထင်ကရနေရာများကြောင့် လူသိများသည်။ The Louvre ပြတိုက်သည် ၂၀၂၃ခုနှစ်တွင် လာရောက်လည်ပတ်သူ(၈ဒသမ၉)သန်းရှိခဲ့ပြီး ကမ္ဘာပေါ်တွင်လာရောက်လည်ပတ်မှုအများဆုံး အနုပညာပြတိုက်အဖြစ် ရပ်တည်နိုင်ခဲ့သည်။ The Musée d'Orsay ပြတိုက်၊Musée Marmottan Monet ပြတိုက်နှင့် Musée de l'Orangerie ပြတိုက်တို့သည် ၎င်းတို့၏ပြင်သစ်အနုပညာစုဆောင်းမှုများကြောင့် နာမည်ကျော်ကြားကြောင်းသိရသည်။ The Pompidou Centre Musée National d'Art Moderneပြတိုက်၊ Musée Rodin ပြတိုက်နှင့် Musée Picasso ပြတိုက်တို့သည် ၎င်းတို့၏ခေတ်သစ်နှင့် ခေတ်ပြိုင်အနုပညာစုဆောင်းမှုများကြောင့် နာမည်ကျော်ကြားသည်။ပဲရစ်မြို့သည် ယူနက်စကိုအပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်း အများအပြား၏နေအိမ်ဖြစ်ပြီး OECD၊OECDဖွံ့ဖြိုးတိုးတက်ရေးစင်တာ၊နိုင်ငံတကာအလေးချိန်နှင့် တိုင်းတာမှုဗျူရို၊နိုင်ငံတကာစွမ်းအင်အေဂျင်စီ၊နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ချုပ်တို့ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများအပြင် ဥရောပအာကာသအေဂျင်စီ၊ဥရောပဘဏ်လုပ်ငန်းအာဏာပိုင်အဖွဲ့၊ဥရောပလုံခြုံရေးနှင့်ဈေးကွက်အာဏာပိုင်အဖွဲ့တို့ကဲ့သို့သော ဥရောပအဖွဲ့အစည်းများ၏ နေအိမ်လည်းဖြစ်သည်။ ထို့ပြင် ပီအက်စ်ဂျီဘောလုံးအသင်းနှင့် rugby union ကလပ် Stade Français တို့လည်း ပဲရစ်မြို့တွင် အခြေစိုက်သည်။ပဲရစ်မြို့သည် ၁၉၀၀ခုနှစ်၊၁၉၂၄ခုနှစ်နှင့် ၂၀၂၄ခုနှစ် နွေရာသီအိုလံပစ်ပြိုင်ပွဲတို့ကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ကြောင်းလည်းသိရသည်။ထို့ပြင် ၁၉၃၈ခုနှစ်နှင့် ၁၉၉၈ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ၊၂၀၁၉ဖီဖာအမျိုးသမီးကမ္ဘာ့ဖလား၊၂၀၀၇ Rugbyကမ္ဘာ့ဖလားအပြင် ၁၉၆၀ခုနှစ်၊၁၉၈၄ခုနှစ်နှင့် ၂၀၁၆ခုနှစ် ဥရောပချန်ပီယံရှစ်ပြိုင်ပွဲများကို ပဲရစ်မြို့တွင် ကျင်းပခဲ့ကြောင်းလည်းသိရသည်။
စီးပွားရေး
ပဲရစ်မြို့၏စီးပွားရေးသည် အဓိကအားဖြင့် ဝန်ဆောင်မှုနှင့် ကူးသန်းရောင်းဝယ်မှုအပေါ် အခြေခံထားသည်။ပဲရစ်မြို့ရှိ လုပ်ငန်းပေါင်း(၃၉၀၄၈၀)ခုတွင် (၈၀ဒသမ၆)ရာခိုင်နှုန်းမှာ ကူးသန်းရောင်းဝယ်ရေး၊သယ်ယူပို့ဆောင်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းတို့ဖြစ်ပြီး (၆ဒသမ၅)ရာခိုင်နှုန်းမှာ ဆောက်လုပ်ရေးလုပ်ငန်းနှင့် (၃ဒသမ၈)ရာခိုင်နှုန်းမှာ စက်မှုလုပ်ငန်းဖြစ်သည်။ပဲရစ်ဒေသ၏စီးပွားရေးမှာ ပဲရစ်မြို့နှင့်ဆင်ပြီး လုပ်ငန်းများ၏(၇၆ဒသမ၇)ရာခိုင်နှုန်းမှာ ကူးသန်းရောင်းဝယ်ရေးနှင့်ဝန်ဆောင်မှုလုပ်ငန်း၊(၃ဒသမ၄)ရာခိုင်နှုန်းမှာ စက်မှုလုပ်ငန်းတို့ဖြစ်ကြောင်းသိရသည်။၂၀၁၂ခုနှစ် သန်းခေါင်စာရင်းအရ ပဲရစ်ဒေသရှိ အလုပ်အကိုင်များ၏(၅၉ဒသမ၅)ရာခိုင်နှုန်းမှာ ဈေးကွက်ဝန်ဆောင်မှုလုပ်ငန်း၊(၂၆ဒသမ၉)ရာခိုင်နှုန်းမှာ ဈေးကွက်မဟုတ်သောဝန်ဆောင်မှုလုပ်ငန်း၊(၈ဒသမ၂)ရာခိုင်နှုန်းမှာ ကုန်ထုတ်လုပ်ရေးနှင့်အသုံးအဆောင်ပစ္စည်းလုပ်ငန်း၊(၅ဒသမ၂)ရာခိုင်နှုန်းမှာ ဆောက်လုပ်ရေးလုပ်ငန်းနှင့် (သုညဒသမ၂)ရာခိုင်နှုန်းမှာ စိုက်ပျိုးရေးလုပ်ငန်းတို့ဖြစ်ကြောင်းသိရသည်။၂၀၂၁ခုနှစ်တွင် Fortune Global 500စာရင်းမှာ ပါဝင်သော ပြင်သစ်ထိပ်တန်းကုမ္ပဏီများ၏ ရုံးချုပ်များသည် ပဲရစ်ဒေသတွင် အခြေစိုက်ကြကြောင်းသိရသည်။ပဲရစ်ဒေသသည် ပြင်သစ်နိုင်ငံ၏စီးပွားရေးလုပ်ငန်းအတွက် ထိပ်တန်းဒေသတစ်ခုဖြစ်ပြီး ဂျီဒီပီမှာ ယူရို(၇၆၅)ဘီလျံရှိခဲ့ကာ ပဲရစ်မြို့၏ဂျီဒီပီမှာ ယူရို(၂၅၃)ဘီလျံရှိကြောင်းသိရသည်။၂၀၂၁ခုနှစ်တွင် ပဲရစ်ဒေသ၏ဂျီဒီပီသည် ဥရောပသမဂ္ဂ၏ မြို့ပြဒေသများကြားတွင် ပထမဆုံးအဆင့်တွင်ရှိပြီး ၎င်း၏တစ်ဦးချင်းဂျီဒီပီမှာ (၈)ခုမြောက် အမြင့်ဆုံးဖြစ်ကြောင်းလည်းသိရသည်။ပဲရစ်ဒေသ၏စီးပွားရေးသည် စက်မှုလုပ်ငန်းမှ တန်ဖိုးမြင့်ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော ဘဏ္ဍာရေး၊ ITဝန်ဆောင်မှုများနှင့် နည်းပညာမြင့်ထုတ်လုပ်ရေးလုပ်ငန်းများဖြစ်သော အီလက်ထရွန်းနစ်၊အလင်း၊အာကာသစသည်တို့သို့ တဖြည်းဖြည်းပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။ပဲရစ်ဒေသ၏စီးပွားရေးကို ဝန်ဆောင်မှုများက လွှမ်းမိုးထားပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အလုပ်အကိုင်များ သိသိသာသာကျဆင်းလာသော်လည်း ပဲရစ်ဒေသသည် အထူးသဖြင့် လေကြောင်း၊မော်တော်ကားနှင့် ဂေဟစနစ်စက်မှုလုပ်ငန်းများအတွက် အရေးကြီးသောကုန်ထုတ်လုပ်မှုစင်တာအဖြစ် ရှိနေဆဲဖြစ်ကြောင်းသိရသည်။
ခရီးသွားလုပ်ငန်း
ပဲရစ်ဒေသ၏ခရီးသွားလုပ်ငန်းသည် ၂၀၂၂ခုနှစ်တွင် ပြန်လည်ကောင်းမွန်လာခဲ့ပြီး လာရောက်လည်ပတ်သူမှာ (၄၄)သန်းအထိမြင့်တက်လာကာ ၂၀၂၁ခုနှစ်နှင့် နှိုင်းယှဉ်မည်ဆိုပါက (၉၅)ရာခိုင်နှုန်းတိုးမြင့်လာခဲ့သော်လည်း ၂၀၁၉ခုနှစ်နှင့်နှိုင်းယှဉ်မည်ဆိုပါက (၁၃)ရာခိုင်နှုန်း လျော့နည်းနေဆဲဖြစ်ကြောင်းသိရသည်။Euromonitor Global Cities Destination Index၏ တိုင်းတာချက်များအရ ၂၀၁၈ခုနှစ်တွင် ပဲရစ်မြို့သည် ကမ္ဘာပေါ်တွင်ဒုတိယမြောက် အလုပ်အများဆုံးလေကြောင်းနေရာတစ်ခုဖြစ်ခဲ့ပြီး လာရောက်လည်ပတ်သူ(၁၉ဒသမ၁၀)သန်းရှိခဲ့ကြောင်းသိရသည်။၂၀၂၂ခုနှစ်တွင် ပဲရစ်မြို့၏ ထိပ်တန်းယဉ်ကျေးမှုဆွဲဆောင်ရာနေရာများမှာ The Louvreပြတိုက်(လာရောက်လည်ပတ်သူ (၇ဒသမ၇)သန်း)၊အီဖယ်မျှော်စင်(လာရောက်လည်ပတ်သူ(၅ဒသမ၈)သန်း)၊Musée d'Orsayပြတိုက်(လာရောက်လည်ပတ်သူ(၃ဒသမ၂၇)သန်း)နှင့် Centre Pompidou ယဉ်ကျေးမှုစင်တာ(လာရောက်လည်ပတ်သူ(၃)သန်း)တို့ဖြစ်ကြောင်းသိရသည်။
မြို့ပြနှင့်ဗိသုကာပညာ
ပဲရစ်မြို့သည် ကပ်ဘေးနှင့်စစ်ပွဲကြောင့် ပျက်သုဉ်းမှုများရှိခဲ့သော ကမ္ဘာမြို့တော်ထဲများထဲမှ တစ်မြို့ဖြစ်သည်။ရလဒ်အနေဖြင့် ၎င်း၏အစောပိုင်းသမိုင်းကြောင်းကို လမ်းကြောင်းပြမြေပုံတွင် မြင်တွေ့ရပြီး ရာစုနှစ်ပေါင်းများစွာအုပ်ချုပ်သူများသည် ၎င်းတို့၏သက်ဆိုင်ရာ ဗိသုကာအမှတ်အသားများကို ပေါင်းထည့်ခဲ့ကြခြင်းကြောင့် ပဲရစ်မြို့တွင် သမိုင်းကြွယ်ဝသော အထိမ်းအမှတ်အဆောက်အအုံများနှင့်အဆောက်အဦးများစွာ ရှိကြောင်းသိရသည်။၁၈၅၃ ခုနှစ်နှင့် ၁၈၇၀ ခုနှစ်ကြားတွင် ပဲရစ်အာဏာပိုင်များသည် မြို့လယ်ခေါင်ကိုပြန်လည်တည်ဆောက်ကာ ကျယ်ဝန်းသောလမ်းမကြီးများနှင့်ရင်ပြင်များကို ဖန်တီးခဲ့ကြောင်းသိရသည်။ ထို့ပြင် အာဏာပိုင်များသည် ပဲရစ်မြို့လယ်ခေါင်တစ်ဝိုက်တွင် အဓိကပန်းခြံများစွာကို တည်ဆောက်ခဲ့ကြကြောင်းလည်းသိရသည်။ပဲရစ်မြို့လယ်ခေါင်တွင် လူနေထိုင်မှုမြင့်မားမှုသည် ပဲရစ်မြို့ကို အခြားအနောက်အုပ်စုနိုင်ငံများ၏မြို့ကြီးများစွာနှင့် သိသိသာသာကွဲပြားသွားစေခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။
zawgyi version
ကပ္ေဘးနဲ႔ စစ္ပြဲဒဏ္ေၾကာင့္ ပ်က္သုဥ္းမႈေတြရွိခဲ့တဲ့ ျပင္သစ္တို႔ရဲ႕ ၿမိဳ႕ေတာ္ပဲရစ္ ဒါမွမဟုတ္ အလင္းၿမိဳ႕ေတာ္အေၾကာင္း
Pika (NP News) - ဩဂုတ္ ၃၁
ျပင္သစ္ႏိုင္ငံၿမိဳ႕ေတာ္ျဖစ္ေသာ ပဲရစ္ၿမိဳ႕သည္ ၂၀၂၃ခုႏွစ္ ဇန္နဝါရီလတြင္ ေနထိုင္သူ(၂၁၀၂၆၅၀)ဦးျဖင့္ ႏိုင္ငံတြင္းတြင္ အႀကီးဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ၎၏အထင္ကရျဖစ္ေသာ အီဖယ္ေမွ်ာ္စင္ေၾကာင့္ နာမည္ေက်ာ္ၾကားသည္။ပဲရစ္ၿမိဳ႕၏ အက်ယ္အဝန္းမွာ (၁၀၅)စတုရန္းကီလိုမီတာေက်ာ္ရွိၿပီး ၂၀၂၂ခုႏွစ္တြင္ ကမာၻေပၚမွာ (၃၀)ခုေျမာက္လူဦးေရအထူထပ္ဆုံးၿမိဳ႕ျဖစ္ခဲ့ကာ ဥေရာပသမဂၢတြင္ စတုတၱေျမာက္အႀကီးဆုံးၿမိဳ႕ျဖစ္ေၾကာင္းလည္းသိရသည္။(၁၇)ရာစုတည္းက ပဲရစ္ၿမိဳ႕သည္ ကမာၻေပၚတြင္ ဘ႑ာေရး၊ သံတမန္ေရးရာ၊ ကူးသန္းေရာင္းဝယ္ေရး၊ ယဥ္ေက်းမႈ၊ ဖက္ရွင္ႏွင့္ အစားအစာဆိုင္ရာ အဓိကေနရာမ်ားထဲမွတစ္ခုျဖစ္ခဲ့သည္။အႏုပညာႏွင့္ သိပၸံက႑မ်ားတြင္ ဦးေဆာင္ႏိုင္မႈႏွင့္အတူ က်ယ္ျပန႔္ေသာ လမ္းမီးအလင္းေရာင္စနစ္တို႔ေၾကာင့္ ပဲရစ္ၿမိဳ႕သည္ ၁၉ ရာစုတည္းက အလင္းၿမိဳ႕ေတာ္အျဖစ္ လူသိမ်ားလာခဲ့ေၾကာင္းသိရသည္။ပဲရစ္ၿမိဳ႕သည္ ခန႔္မွန္းေျခလူဦးေရ(၁၂ ဒသမ ၂၇)သန္းေက်ာ္ သို႔မဟုတ္ ျပင္သစ္ႏိုင္ငံစုစုေပါင္းလူဦးေရ၏(၁၉)ရာခိုင္ႏႈန္းခန႔္ ရွိေသာ ပဲရစ္ေဒသ၏ဗဟိုျဖစ္ေၾကာင္းလည္းသိရသည္။ ၂၀၂၁ခုႏွစ္တြင္ ပဲရစ္ေဒသ၏ ဂ်ီဒီပီမွာ ယူ႐ို(၇၆၅)ဘီလ်ံရွိခဲ့ၿပီး ဥေရာပသမဂၢတြင္ ဂ်ီဒီပီအျမင့္ဆုံးျဖစ္ေၾကာင္းလည္းသိရသည္။ Economist Intelligence Unit Worldwide Cost of Living Survey အရ ၂၀၂၂ ခုႏွစ္တြင္ ပဲရစ္ၿမိဳ႕သည္ ကမာၻေပၚတြင္ ေနထိုင္မႈစရိတ္ (၉)ခုေျမာက္အျမင့္ဆုံး ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ခဲ့ေၾကာင္းသိရသည္။ ပဲရစ္ၿမိဳ႕သည္ အဓိကမီးရထားလမ္း၊အေဝးေျပးလမ္းမႀကီးႏွင့္ ေလေၾကာင္းပို႔ေဆာင္ေရးအခ်က္အခ်ာက်သည့္ ႏိုင္ငံတကာေလဆိပ္ႏွစ္ခုျဖစ္ေသာ ဥေရာပတြင္ အလုပ္အမ်ားဆုံးေလဆိပ္ျဖစ္သည့္ Charles de Gaulle ေလဆိပ္ႏွင့္ Orlyေလဆိပ္တို႔ တည္ရွိရာေနရာျဖစ္သည္။ ၁၉၀၀ ခုႏွစ္တြင္ စတင္ဖြင့္လွစ္ခဲ့ေသာ ပဲရစ္ၿမိဳ႕၏ ေျမေအာက္မီးရထားလမ္းစနစ္ Paris Métro သည္ ေန႔စဥ္ခရီးသည္ (၅ ဒသမ ၂၃)သန္းကို ဝန္ေဆာင္မႈေပးလ်က္ရွိသည္။အဆိုပါ Paris Métro ေျမေအာက္မီးရထားစနစ္သည္ ဥေရာပတြင္ ႐ုရွားႏိုင္ငံ၏ Moscow Metroၿပီးလွ်င္ ဒုတိယေျမာက္အလုပ္အမ်ားဆုံးေျမေအာက္မီးရထားစနစ္ျဖစ္သည္။ပဲရစ္ၿမိဳ႕တြင္ ေရရွည္တည္တံ့ေသာ သယ္ယူပို႔ေဆာင္ေရးစနစ္ရွိၿပီး ကမာၻေပၚတြင္ ေရရွည္တည္တံ့ေသာသယ္ယူပို႔ေဆာင္ေရးဆုကို ႏွစ္ႀကိမ္ရရွိခဲ့ဖူးေသာ ၿမိဳ႕(၂)ၿမိဳ႕အနက္ တစ္ၿမိဳ႕ျဖစ္ေၾကာင္းလည္းသိရသည္။ပဲရစ္ၿမိဳ႕သည္ ၎၏ျပတိုက္မ်ားႏွင့္ ဗိသုကာဆိုင္ရာ အထင္ကရေနရာမ်ားေၾကာင့္ လူသိမ်ားသည္။ The Louvre ျပတိုက္သည္ ၂၀၂၃ခုႏွစ္တြင္ လာေရာက္လည္ပတ္သူ(၈ဒသမ၉)သန္းရွိခဲ့ၿပီး ကမာၻေပၚတြင္လာေရာက္လည္ပတ္မႈအမ်ားဆုံး အႏုပညာျပတိုက္အျဖစ္ ရပ္တည္ႏိုင္ခဲ့သည္။ The Musée d'Orsay ျပတိုက္၊Musée Marmottan Monet ျပတိုက္ႏွင့္ Musée de l'Orangerie ျပတိုက္တို႔သည္ ၎တို႔၏ျပင္သစ္အႏုပညာစုေဆာင္းမႈမ်ားေၾကာင့္ နာမည္ေက်ာ္ၾကားေၾကာင္းသိရသည္။ The Pompidou Centre Musée National d'Art Moderneျပတိုက္၊ Musée Rodin ျပတိုက္ႏွင့္ Musée Picasso ျပတိုက္တို႔သည္ ၎တို႔၏ေခတ္သစ္ႏွင့္ ေခတ္ၿပိဳင္အႏုပညာစုေဆာင္းမႈမ်ားေၾကာင့္ နာမည္ေက်ာ္ၾကားသည္။ပဲရစ္ၿမိဳ႕သည္ ယူနက္စကိုအပါအဝင္ ကုလသမဂၢအဖြဲ႕အစည္း အမ်ားအျပား၏ေနအိမ္ျဖစ္ၿပီး OECD၊OECDဖြံ႕ၿဖိဳးတိုးတက္ေရးစင္တာ၊ႏိုင္ငံတကာအေလးခ်ိန္ႏွင့္ တိုင္းတာမႈဗ်ဴ႐ို၊ႏိုင္ငံတကာစြမ္းအင္ေအဂ်င္စီ၊ႏိုင္ငံတကာလူ႔အခြင့္အေရးအဖြဲ႕ခ်ဳပ္တို႔ကဲ့သို႔ေသာ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားအျပင္ ဥေရာပအာကာသေအဂ်င္စီ၊ဥေရာပဘဏ္လုပ္ငန္းအာဏာပိုင္အဖြဲ႕၊ဥေရာပလုံၿခဳံေရးႏွင့္ေဈးကြက္အာဏာပိုင္အဖြဲ႕တို႔ကဲ့သို႔ေသာ ဥေရာပအဖြဲ႕အစည္းမ်ား၏ ေနအိမ္လည္းျဖစ္သည္။ ထို႔ျပင္ ပီအက္စ္ဂ်ီေဘာလုံးအသင္းႏွင့္ rugby union ကလပ္ Stade Français တို႔လည္း ပဲရစ္ၿမိဳ႕တြင္ အေျခစိုက္သည္။ပဲရစ္ၿမိဳ႕သည္ ၁၉၀၀ခုႏွစ္၊၁၉၂၄ခုႏွစ္ႏွင့္ ၂၀၂၄ခုႏွစ္ ေႏြရာသီအိုလံပစ္ၿပိဳင္ပြဲတို႔ကို အိမ္ရွင္အျဖစ္လက္ခံက်င္းပခဲ့ေၾကာင္းလည္းသိရသည္။ထို႔ျပင္ ၁၉၃၈ခုႏွစ္ႏွင့္ ၁၉၉၈ခုႏွစ္ ဖီဖာကမာၻ႔ဖလားၿပိဳင္ပြဲ၊၂၀၁၉ဖီဖာအမ်ိဳးသမီးကမာၻ႔ဖလား၊၂၀၀၇ Rugbyကမာၻ႔ဖလားအျပင္ ၁၉၆၀ခုႏွစ္၊၁၉၈၄ခုႏွစ္ႏွင့္ ၂၀၁၆ခုႏွစ္ ဥေရာပခ်န္ပီယံရွစ္ၿပိဳင္ပြဲမ်ားကို ပဲရစ္ၿမိဳ႕တြင္ က်င္းပခဲ့ေၾကာင္းလည္းသိရသည္။
စီးပြားေရး
ပဲရစ္ၿမိဳ႕၏စီးပြားေရးသည္ အဓိကအားျဖင့္ ဝန္ေဆာင္မႈႏွင့္ ကူးသန္းေရာင္းဝယ္မႈအေပၚ အေျခခံထားသည္။ပဲရစ္ၿမိဳ႕ရွိ လုပ္ငန္းေပါင္း(၃၉၀၄၈၀)ခုတြင္ (၈၀ဒသမ၆)ရာခိုင္ႏႈန္းမွာ ကူးသန္းေရာင္းဝယ္ေရး၊သယ္ယူပို႔ေဆာင္ေရးႏွင့္ ဝန္ေဆာင္မႈလုပ္ငန္းတို႔ျဖစ္ၿပီး (၆ဒသမ၅)ရာခိုင္ႏႈန္းမွာ ေဆာက္လုပ္ေရးလုပ္ငန္းႏွင့္ (၃ဒသမ၈)ရာခိုင္ႏႈန္းမွာ စက္မႈလုပ္ငန္းျဖစ္သည္။ပဲရစ္ေဒသ၏စီးပြားေရးမွာ ပဲရစ္ၿမိဳ႕ႏွင့္ဆင္ၿပီး လုပ္ငန္းမ်ား၏(၇၆ဒသမ၇)ရာခိုင္ႏႈန္းမွာ ကူးသန္းေရာင္းဝယ္ေရးႏွင့္ဝန္ေဆာင္မႈလုပ္ငန္း၊(၃ဒသမ၄)ရာခိုင္ႏႈန္းမွာ စက္မႈလုပ္ငန္းတို႔ျဖစ္ေၾကာင္းသိရသည္။၂၀၁၂ခုႏွစ္ သန္းေခါင္စာရင္းအရ ပဲရစ္ေဒသရွိ အလုပ္အကိုင္မ်ား၏(၅၉ဒသမ၅)ရာခိုင္ႏႈန္းမွာ ေဈးကြက္ဝန္ေဆာင္မႈလုပ္ငန္း၊(၂၆ဒသမ၉)ရာခိုင္ႏႈန္းမွာ ေဈးကြက္မဟုတ္ေသာဝန္ေဆာင္မႈလုပ္ငန္း၊(၈ဒသမ၂)ရာခိုင္ႏႈန္းမွာ ကုန္ထုတ္လုပ္ေရးႏွင့္အသုံးအေဆာင္ပစၥည္းလုပ္ငန္း၊(၅ဒသမ၂)ရာခိုင္ႏႈန္းမွာ ေဆာက္လုပ္ေရးလုပ္ငန္းႏွင့္ (သုညဒသမ၂)ရာခိုင္ႏႈန္းမွာ စိုက္ပ်ိဳးေရးလုပ္ငန္းတို႔ျဖစ္ေၾကာင္းသိရသည္။၂၀၂၁ခုႏွစ္တြင္ Fortune Global 500စာရင္းမွာ ပါဝင္ေသာ ျပင္သစ္ထိပ္တန္းကုမၸဏီမ်ား၏ ႐ုံးခ်ဳပ္မ်ားသည္ ပဲရစ္ေဒသတြင္ အေျခစိုက္ၾကေၾကာင္းသိရသည္။ပဲရစ္ေဒသသည္ ျပင္သစ္ႏိုင္ငံ၏စီးပြားေရးလုပ္ငန္းအတြက္ ထိပ္တန္းေဒသတစ္ခုျဖစ္ၿပီး ဂ်ီဒီပီမွာ ယူ႐ို(၇၆၅)ဘီလ်ံရွိခဲ့ကာ ပဲရစ္ၿမိဳ႕၏ဂ်ီဒီပီမွာ ယူ႐ို(၂၅၃)ဘီလ်ံရွိေၾကာင္းသိရသည္။၂၀၂၁ခုႏွစ္တြင္ ပဲရစ္ေဒသ၏ဂ်ီဒီပီသည္ ဥေရာပသမဂၢ၏ ၿမိဳ႕ျပေဒသမ်ားၾကားတြင္ ပထမဆုံးအဆင့္တြင္ရွိၿပီး ၎၏တစ္ဦးခ်င္းဂ်ီဒီပီမွာ (၈)ခုေျမာက္ အျမင့္ဆုံးျဖစ္ေၾကာင္းလည္းသိရသည္။ပဲရစ္ေဒသ၏စီးပြားေရးသည္ စက္မႈလုပ္ငန္းမွ တန္ဖိုးျမင့္ဝန္ေဆာင္မႈလုပ္ငန္းမ်ားျဖစ္ေသာ ဘ႑ာေရး၊ ITဝန္ေဆာင္မႈမ်ားႏွင့္ နည္းပညာျမင့္ထုတ္လုပ္ေရးလုပ္ငန္းမ်ားျဖစ္ေသာ အီလက္ထ႐ြန္းနစ္၊အလင္း၊အာကာသစသည္တို႔သို႔ တျဖည္းျဖည္းေျပာင္းလဲလာခဲ့ျခင္းျဖစ္သည္။ပဲရစ္ေဒသ၏စီးပြားေရးကို ဝန္ေဆာင္မႈမ်ားက လႊမ္းမိုးထားၿပီး ကုန္ထုတ္လုပ္မႈက႑တြင္ အလုပ္အကိုင္မ်ား သိသိသာသာက်ဆင္းလာေသာ္လည္း ပဲရစ္ေဒသသည္ အထူးသျဖင့္ ေလေၾကာင္း၊ေမာ္ေတာ္ကားႏွင့္ ေဂဟစနစ္စက္မႈလုပ္ငန္းမ်ားအတြက္ အေရးႀကီးေသာကုန္ထုတ္လုပ္မႈစင္တာအျဖစ္ ရွိေနဆဲျဖစ္ေၾကာင္းသိရသည္။
ခရီးသြားလုပ္ငန္း
ပဲရစ္ေဒသ၏ခရီးသြားလုပ္ငန္းသည္ ၂၀၂၂ခုႏွစ္တြင္ ျပန္လည္ေကာင္းမြန္လာခဲ့ၿပီး လာေရာက္လည္ပတ္သူမွာ (၄၄)သန္းအထိျမင့္တက္လာကာ ၂၀၂၁ခုႏွစ္ႏွင့္ ႏႈိင္းယွဥ္မည္ဆိုပါက (၉၅)ရာခိုင္ႏႈန္းတိုးျမင့္လာခဲ့ေသာ္လည္း ၂၀၁၉ခုႏွစ္ႏွင့္ႏႈိင္းယွဥ္မည္ဆိုပါက (၁၃)ရာခိုင္ႏႈန္း ေလ်ာ့နည္းေနဆဲျဖစ္ေၾကာင္းသိရသည္။Euromonitor Global Cities Destination Index၏ တိုင္းတာခ်က္မ်ားအရ ၂၀၁၈ခုႏွစ္တြင္ ပဲရစ္ၿမိဳ႕သည္ ကမာၻေပၚတြင္ဒုတိယေျမာက္ အလုပ္အမ်ားဆုံးေလေၾကာင္းေနရာတစ္ခုျဖစ္ခဲ့ၿပီး လာေရာက္လည္ပတ္သူ(၁၉ဒသမ၁၀)သန္းရွိခဲ့ေၾကာင္းသိရသည္။၂၀၂၂ခုႏွစ္တြင္ ပဲရစ္ၿမိဳ႕၏ ထိပ္တန္းယဥ္ေက်းမႈဆြဲေဆာင္ရာေနရာမ်ားမွာ The Louvreျပတိုက္(လာေရာက္လည္ပတ္သူ (၇ဒသမ၇)သန္း)၊အီဖယ္ေမွ်ာ္စင္(လာေရာက္လည္ပတ္သူ(၅ဒသမ၈)သန္း)၊Musée d'Orsayျပတိုက္(လာေရာက္လည္ပတ္သူ(၃ဒသမ၂၇)သန္း)ႏွင့္ Centre Pompidou ယဥ္ေက်းမႈစင္တာ(လာေရာက္လည္ပတ္သူ(၃)သန္း)တို႔ျဖစ္ေၾကာင္းသိရသည္။
ၿမိဳ႕ျပႏွင့္ဗိသုကာပညာ
ပဲရစ္ၿမိဳ႕သည္ ကပ္ေဘးႏွင့္စစ္ပြဲေၾကာင့္ ပ်က္သုဥ္းမႈမ်ားရွိခဲ့ေသာ ကမာၻၿမိဳ႕ေတာ္ထဲမ်ားထဲမွ တစ္ၿမိဳ႕ျဖစ္သည္။ရလဒ္အေနျဖင့္ ၎၏အေစာပိုင္းသမိုင္းေၾကာင္းကို လမ္းေၾကာင္းျပေျမပုံတြင္ ျမင္ေတြ႕ရၿပီး ရာစုႏွစ္ေပါင္းမ်ားစြာအုပ္ခ်ဳပ္သူမ်ားသည္ ၎တို႔၏သက္ဆိုင္ရာ ဗိသုကာအမွတ္အသားမ်ားကို ေပါင္းထည့္ခဲ့ၾကျခင္းေၾကာင့္ ပဲရစ္ၿမိဳ႕တြင္ သမိုင္းႂကြယ္ဝေသာ အထိမ္းအမွတ္အေဆာက္အအုံမ်ားႏွင့္အေဆာက္အဦးမ်ားစြာ ရွိေၾကာင္းသိရသည္။၁၈၅၃ ခုႏွစ္ႏွင့္ ၁၈၇၀ ခုႏွစ္ၾကားတြင္ ပဲရစ္အာဏာပိုင္မ်ားသည္ ၿမိဳ႕လယ္ေခါင္ကိုျပန္လည္တည္ေဆာက္ကာ က်ယ္ဝန္းေသာလမ္းမႀကီးမ်ားႏွင့္ရင္ျပင္မ်ားကို ဖန္တီးခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ အာဏာပိုင္မ်ားသည္ ပဲရစ္ၿမိဳ႕လယ္ေခါင္တစ္ဝိုက္တြင္ အဓိကပန္းၿခံမ်ားစြာကို တည္ေဆာက္ခဲ့ၾကေၾကာင္းလည္းသိရသည္။ပဲရစ္ၿမိဳ႕လယ္ေခါင္တြင္ လူေနထိုင္မႈျမင့္မားမႈသည္ ပဲရစ္ၿမိဳ႕ကို အျခားအေနာက္အုပ္စုႏိုင္ငံမ်ား၏ၿမိဳ႕ႀကီးမ်ားစြာႏွင့္ သိသိသာသာကြဲျပားသြားေစခဲ့ျခင္းျဖစ္ေၾကာင္းလည္းသိရသည္။