MAI လေကြောင်းလိုင်း မန္တလေးရုံးခွဲပိတ်သိမ်းခြင်းသည် မန္တလေးမြို့အခြေအနေမတည်ငြိမ်ခြင်းကြောင့် မဟုတ်

 615

နာမူ (NP News) - ဩဂုတ် ၃၁

MAI မန္တလေးရုံးခွဲ ပိတ်သိမ်းခြင်းနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့လျက်ရှိသော သတင်း များမှာ မှန်ကန်မှုမရှိကြောင်း MAI လေကြောင်းလိုင်းရုံးချုပ်က တရားဝင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
လွန်ခဲ့သော သုံးရက်မှ စတင်ကာ FACEBOOOKလှုမှုကွန်ရက်စာမျက်နှာများပေါ်တွင် VOICE OF MANDALAY စာမျက်နှာမှတစ်ဆင့်ဖော်ပြထားသည့် MAI လေကြောင်းလိုင်း၏ မန္တလေးရုံးခွဲပိတ်သိမ်းခြင်းမှာ မန္တလေးမြို့ အခြေအနေမတည်ငြိမ်တော့သောကြောင့်ဖြစ်သည်ဟူသည့် ကောလဟာလများ ရေးသားထားခြင်းဖြစ်သည်။ ပြည်သူများအနေဖြင့်လည်း စိုးရိမ်သောကရောက်ခဲ့ကြရသည်။

ထို့ကြောင့် MAI လေကြောင်းလိုင်းအနေဖြင့် ထွက်ပေါ်လာသော ကောလဟာလများမှာ မဟုတ်မမှန်ကြောင်း ၊ MAI လေကြောင်းလိုင်း၏ မန္တလေးရုံးခွဲ ပိတ်သိမ်းရခြင်းမှာလည်း ယခုကာလများတွင် ပြည်သူများအနေဖြင့် လေယာဉ် လက်မှတ်များကို Online platform များမှ သော်လည်းကောင်း၊ အရောင်းကိုယ်စားလှယ်များမှသော်လည်းကောင်း ဝယ်ယူမှုများ ပိုမိုများပြားလာသည့်အတွက်ကြောင့်ဖြစ်ကြောင်း MAI လေကြောင်းလိုင်း၏ တရားဝင် ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်ကြောင့်ကြကင်းစွာ လေယာဉ်လက်မှတ်များအား MAI နှင့် MINGALAR လေကြောင်းလိုင်း၏ တရားဝင် OLINE PLATFORM များမှ သော်လည်းကောင်း၊ အရောင်းကိုယ်စားလှယ်များတွင် လည်းကောင်း ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။

MAI သည် ၎င်း၏ မိတ်ဖက်လေကြောင်းလိုင်းဖြစ်သည့် MINGALAR လေကြောင်းလိုင်းနှင့်ပူးပေါင်းကာ ၎င်း၏ ဒုတိယအခြေပြု ပြေးဆွဲရာမြို့ဖြစ်သည့် မန္တလေးမြို့မှတစ်ဆင့် မြန်မာနိုင်ငံ၏ အခြားအချက်အချာကျရာမြို့များ ဖြစ်သည့် ရန်ကုန်၊ တာချီလိတ်၊ ကျိုင်းတုံ၊ မြစ်ကြိးနား၊ ပူတာအို၊ ဟုမ္မလင်း နှင့် ကလေးမြို့များသို့ ခရီးစဉ်များကို ချိတ်ဆက်ပြေးဆွဲလျက်ရှိပြီး ပြည်ပခရီးစဉ်များအနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ် နှင့် ဒွန်မောင်းလေဆိပ်များသို့ ပုံမှန်အတိုင်း နေ့စဉ်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည် ။

ခရီးသည်များအနေဖြင့် လေယာဉ်လက်မှတ်များဝယ်ယူခြင်းနှင့် အထွေထွေစုံစမ်းမေးမြန်းမှုများအတွက် MAI နှင့် MINGALAR လေကြောင်းလိုင်းတို့၏ တရားဝင် WEBSITE များဖြစ်သည့် www.maiair.com နှင့် www.mingalaraviation.com တို့တွင် ဝင်ရောက်ကြည့်ရှုမှာယူနိုင်ပြီး မန္တလေးမြို့ရှိ MAI နှင့် MINGALAR လေကြောင်းလိုင်းတို့၏ တရားဝင် အရောင်းကိုယ်စားလှယ်များနှင့် Hotline +95 (01) 967 0007 တွင်လည်း ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

Zawgyi Version;
MAI ေလေၾကာင္းလိုင္း မႏၲေလး႐ုံးခြဲပိတ္သိမ္းျခင္းသည္ မႏၲေလးၿမိဳ႕အေျခအေနမတည္ၿငိမ္ျခင္းေၾကာင့္ မဟုတ္
နာမူ (NP News) - ဩဂုတ္ ၃၁

MAI မႏၲေလး႐ုံးခြဲ ပိတ္သိမ္းျခင္းႏွင့္ပတ္သက္၍ လူမႈကြန္ရက္စာမ်က္ႏွာမ်ားေပၚတြင္ ပ်ံ႕ႏွံ႔လ်က္ရွိေသာ သတင္း မ်ားမွာ မွန္ကန္မႈမရွိေၾကာင္း MAI ေလေၾကာင္းလိုင္း႐ုံးခ်ဳပ္က တရားဝင္ ထုတ္ျပန္လိုက္ေၾကာင္း သိရသည္။
လြန္ခဲ့ေသာ သုံးရက္မွ စတင္ကာ FACEBOOOKလႈမႈကြန္ရက္စာမ်က္ႏွာမ်ားေပၚတြင္ VOICE OF MANDALAY စာမ်က္ႏွာမွတစ္ဆင့္ေဖာ္ျပထားသည့္ MAI ေလေၾကာင္းလိုင္း၏ မႏၲေလး႐ုံးခြဲပိတ္သိမ္းျခင္းမွာ မႏၲေလးၿမိဳ႕ အေျခအေနမတည္ၿငိမ္ေတာ့ေသာေၾကာင့္ျဖစ္သည္ဟူသည့္ ေကာလဟာလမ်ား ေရးသားထားျခင္းျဖစ္သည္။ ျပည္သူမ်ားအေနျဖင့္လည္း စိုးရိမ္ေသာကေရာက္ခဲ့ၾကရသည္။

ထို႔ေၾကာင့္ MAI ေလေၾကာင္းလိုင္းအေနျဖင့္ ထြက္ေပၚလာေသာ ေကာလဟာလမ်ားမွာ မဟုတ္မမွန္ေၾကာင္း ၊ MAI ေလေၾကာင္းလိုင္း၏ မႏၲေလး႐ုံးခြဲ ပိတ္သိမ္းရျခင္းမွာလည္း ယခုကာလမ်ားတြင္ ျပည္သူမ်ားအေနျဖင့္ ေလယာဥ္ လက္မွတ္မ်ားကို Online platform မ်ားမွ ေသာ္လည္းေကာင္း၊ အေရာင္းကိုယ္စားလွယ္မ်ားမွေသာ္လည္းေကာင္း ဝယ္ယူမႈမ်ား ပိုမိုမ်ားျပားလာသည့္အတြက္ေၾကာင့္ျဖစ္ေၾကာင္း MAI ေလေၾကာင္းလိုင္း၏ တရားဝင္ ထုတ္ျပန္ ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ ျပည္သူမ်ားအေနျဖင့္ စိုးရိမ္ေၾကာင့္ၾကကင္းစြာ ေလယာဥ္လက္မွတ္မ်ားအား MAI ႏွင့္ MINGALAR ေလေၾကာင္းလိုင္း၏ တရားဝင္ OLINE PLATFORM မ်ားမွ ေသာ္လည္းေကာင္း၊ အေရာင္းကိုယ္စားလွယ္မ်ားတြင္ လည္းေကာင္း ဝယ္ယူရရွိႏိုင္ေၾကာင္း သိရသည္။

MAI သည္ ၎၏ မိတ္ဖက္ေလေၾကာင္းလိုင္းျဖစ္သည့္ MINGALAR ေလေၾကာင္းလိုင္းႏွင့္ပူးေပါင္းကာ ၎၏ ဒုတိယအေျချပဳ ေျပးဆြဲရာၿမိဳ႕ျဖစ္သည့္ မႏၲေလးၿမိဳ႕မွတစ္ဆင့္ ျမန္မာႏိုင္ငံ၏ အျခားအခ်က္အခ်ာက်ရာၿမိဳ႕မ်ား ျဖစ္သည့္ ရန္ကုန္၊ တာခ်ီလိတ္၊ က်ိဳင္းတုံ၊ ျမစ္ႀကိးနား၊ ပူတာအို၊ ဟုမၼလင္း ႏွင့္ ကေလးၿမိဳ႕မ်ားသို႔ ခရီးစဥ္မ်ားကို ခ်ိတ္ဆက္ေျပးဆြဲလ်က္ရွိၿပီး ျပည္ပခရီးစဥ္မ်ားအေနျဖင့္ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ သုဝဏၰဘူမိေလဆိပ္ ႏွင့္ ဒြန္ေမာင္းေလဆိပ္မ်ားသို႔ ပုံမွန္အတိုင္း ေန႔စဥ္ေျပးဆြဲေပးလ်က္ရွိေၾကာင္း သိရသည္ ။

ခရီးသည္မ်ားအေနျဖင့္ ေလယာဥ္လက္မွတ္မ်ားဝယ္ယူျခင္းႏွင့္ အေထြေထြစုံစမ္းေမးျမန္းမႈမ်ားအတြက္ MAI ႏွင့္ MINGALAR ေလေၾကာင္းလိုင္းတို႔၏ တရားဝင္ WEBSITE မ်ားျဖစ္သည့္ www.maiair.com ႏွင့္ www.mingalaraviation.com တို႔တြင္ ဝင္ေရာက္ၾကည့္ရႈမွာယူႏိုင္ၿပီး မႏၲေလးၿမိဳ႕ရွိ MAI ႏွင့္ MINGALAR ေလေၾကာင္းလိုင္းတို႔၏ တရားဝင္ အေရာင္းကိုယ္စားလွယ္မ်ားႏွင့္ Hotline +95 (01) 967 0007 တြင္လည္း ဆက္သြယ္ဝယ္ယူႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.