BigBang အဖွဲ့ ၇ နှစ်ကြာမှ ပထမဆုံး စင်မြင့်မှာ ပြန်ထွက်ပေါ်လာ

 500

ရောင်နီ (NP News) - စက်တင်ဘာ ၃

K-pop အဖွဲ့ 2NE1 ရဲ့ Reunion Concept Tour သတင်းတွေ ထွက်ပေါ်လာပြီးနောက် မကြာခင်မှာပဲ BigBang အဖွဲ့လည်း ပရိသတ်ရှေ့၊ စင်မြင့်ထက်မှာ ပြန်လည်ပေါ်ထွက်လာခဲ့ပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

Bigbang ရဲ့ အဖွဲ့လိုက်ဖျော်ဖြေမှုဟာ အဖွဲ့ဝင် တေးယန်ရဲ့တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ပြုလုပ်တဲ့ လတ်တလော တစ်ကိုယ်တော်ဖျော်ဖြေပွဲဖြစ်တဲ့ The Light Year မှာ တနင်္ဂနွေနေ့ (စက်တင်ဘာ ၁ ရက်) က ပေါ်ထွက်လာခဲ့တာပါ။ တေးယန်က သီးချင်းတချို့သီဆိုပြီးနောက် အခြားအဖွဲ့ဝင် ဒယ်ဆန်နဲ့ G Dragon တို့ပါ စင်ပေါ်ရောက်လာခဲ့ပြီး ပရိသတ်ကို အံ့ဩဝမ်းသာဖြစ်စေခဲ့ပါတယ်။ အဲဒီနောက် အဖွဲ့လိုက် ဖျော်ဖြေပွဲအဖြစ် ပြောင်းလဲသွားခဲ့ပြီး အဖွဲ့ရဲ့ hit song တစ်ပုဒ်ဖြစ်တဲ့ "We Like 2 party" သီချင်းကို အတူတူ သီဆိုဖျော်ဖြေခဲ့ ကြပါတယ်။ အဲဒီနောက်မှာတော့ G-Dragon ဟာ တေးယန်နဲ့အတူ Good Boy သီချင်းကို စင်ပေါ်မှာ ဆက်လက်သီဆိုဖျော်ဖြေခဲ့ပါတယ။

ဒီလို Bigbang ရဲ့ အဖွဲ့လိုက်ဖျော်ဖြေမှုဟာ ၇ နှစ်အကြာမှာမှ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ BigBang ဟာ Burning Sun မူးယစ်ဆေးဂိုဏ်း အရှုပ်တော်ပုံကြောင့် အငယ်ဆုံးအဖွဲ့ဝင် ဆယ်ဂီ ထောင်နန်းစံခဲ့ရပြီးနောက် အခြားအဖွဲ့ဝင် TOP ကလည်း နှုတ်ထွက်သွားခဲ့ပြီး လက်ရှိ ၃ ယောက်အဖွဲ့အဖြစ် ဆက်လက်ရပ်တည်နေပါတယ်။

Zawgyi Version;
BigBang အဖြဲ႕ ၇ ႏွစ္ၾကာမွ ပထမဆုံး စင္ျမင့္မွာ ျပန္ထြက္ေပၚလာ
ေရာင္နီ (NP News) - စက္တင္ဘာ ၃

K-pop အဖြဲ႕ 2NE1 ရဲ႕ Reunion Concept Tour သတင္းေတြ ထြက္ေပၚလာၿပီးေနာက္ မၾကာခင္မွာပဲ BigBang အဖြဲ႕လည္း ပရိသတ္ေရွ႕၊ စင္ျမင့္ထက္မွာ ျပန္လည္ေပၚထြက္လာခဲ့ၿပီး ပရိသတ္ေတြကို အံ့အားသင့္ေစခဲ့ပါတယ္။

Bigbang ရဲ႕ အဖြဲ႕လိုက္ေဖ်ာ္ေျဖမႈဟာ အဖြဲ႕ဝင္ ေတးယန္ရဲ႕ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕မွာ ျပဳလုပ္တဲ့ လတ္တေလာ တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲျဖစ္တဲ့ The Light Year မွာ တနဂၤေႏြေန႔ (စက္တင္ဘာ ၁ ရက္) က ေပၚထြက္လာခဲ့တာပါ။ ေတးယန္က သီးခ်င္းတခ်ိဳ႕သီဆိုၿပီးေနာက္ အျခားအဖြဲ႕ဝင္ ဒယ္ဆန္နဲ႔ G Dragon တို႔ပါ စင္ေပၚေရာက္လာခဲ့ၿပီး ပရိသတ္ကို အံ့ဩဝမ္းသာျဖစ္ေစခဲ့ပါတယ္။ အဲဒီေနာက္ အဖြဲ႕လိုက္ ေဖ်ာ္ေျဖပြဲအျဖစ္ ေျပာင္းလဲသြားခဲ့ၿပီး အဖြဲ႕ရဲ႕ hit song တစ္ပုဒ္ျဖစ္တဲ့ "We Like 2 party" သီခ်င္းကို အတူတူ သီဆိုေဖ်ာ္ေျဖခဲ့ ၾကပါတယ္။ အဲဒီေနာက္မွာေတာ့ G-Dragon ဟာ ေတးယန္နဲ႔အတူ Good Boy သီခ်င္းကို စင္ေပၚမွာ ဆက္လက္သီဆိုေဖ်ာ္ေျဖခဲ့ပါတယ။

ဒီလို Bigbang ရဲ႕ အဖြဲ႕လိုက္ေဖ်ာ္ေျဖမႈဟာ ၇ ႏွစ္အၾကာမွာမွ ပထမဆုံးအႀကိမ္ျဖစ္ပါတယ္။ BigBang ဟာ Burning Sun မူးယစ္ေဆးဂိုဏ္း အရႈပ္ေတာ္ပုံေၾကာင့္ အငယ္ဆုံးအဖြဲ႕ဝင္ ဆယ္ဂီ ေထာင္နန္းစံခဲ့ရၿပီးေနာက္ အျခားအဖြဲ႕ဝင္ TOP ကလည္း ႏႈတ္ထြက္သြားခဲ့ၿပီး လက္ရွိ ၃ ေယာက္အဖြဲ႕အျဖစ္ ဆက္လက္ရပ္တည္ေနပါတယ္။

Related news

© 2021. All rights reserved.