ထားဝယ်တွင် မျောက်ကျောက် သံသယ လူနာ တွေ့သည်ဟု ဆိုသော်လည်း ရောဂါ လက္ခဏာ မတူသည့် အတွက် ဖြစ်နိုင်ခြေ နည်းပါး

 709

NP News - စက်တင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် မျောက်ကျောက် ကူးစက်ခံ သံသယ လူနာ တွေ့သည်ဟု ဆိုသော်လည်း ရောဂါ လက္ခဏာ မတူသည့် အတွက် ဖြစ်နိုင်ခြေ နည်းပါးကြောင်း နီးစပ်သူများထံ NP News က မေးမြန်းထားချက်များအရ သိရသည်။

အဆိုပါ သံသယ လူနာမှာ ထားဝယ်မြို့၊ ဝဲကျွန်း ရပ်ကွက် တွင် နေထိုင်သော အသက် ၅၃ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦး ဖြစ်ကာ ပြီးခဲ့သည့် နှစ်လ ခန့်က မလေးရှား နိုင်ငံမှ ပြန်လာသူ ဖြစ်ပြီး လက်ရှိတွင် ထားဝယ် ပြည်သူ့ဆေးရုံ၏ အထူးကုပြင်ပ လူနာဌာနတွင် ကုသမှုပေးနေကြောင်း သိရသည်။

“မျောက်ကျောက် လက္ခဏာနဲ့တော့ မတူဘူးပေါ့။ (မလေးရှားက ပြန်လာတာဆိုတာက) သူက နှစ်လလောက် ကြာပါပြီ။ မလေးရှားက ပြန်လာတာတော့ မှန်တယ်။ တိုင်းကျန်းမာက မဖြစ်နိုင်ဘူး ပြောတယ်။ လုပ်စရာ ရှိတာ ဆက်လုပ်နေပါတယ်။ မျောက်ကျောက် ဆိုတာကလည်း သိတာနဲ့ ကြေငြာမှာပါ။ အခုက အထူးကြပ်မတ်ဆောင်မှာပဲ ထားတာပါ။ လူနာက ကျန်းမာရေး ကောင်းပါတယ်” ဟု NP News ၏ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

လူနာ၏ ကျောပြင်တွင် အရည်ကြည်ဖု ပုံစံ မဟုတ်သော်လည်း အဖုငယ် များကို တွေ့မြင်ရကြောင်းလည်း ၎င်းက ဆိုသည်။

“ကျန်းမာရေး(ဌာန) ကတော့ သေချာကြည့်တော့ လက္ခဏာတွေက မတူလို့ မျောက်ကျောက်လို့ မယူဆဘူး။ လမ်းညွှန်ချက်တော့ တင်ထားတာပေါ့။ ခွဲခြားပြီးတော့ စောင့်ကြည့်နေပါတယ်” ဟု ၎င်းက ဆိုသည်။

ပုံစာ - အွန်လိုင်းတွင် ပြန့်နေသော သံသယ လူနာ ၏ ဓာတ်ပုံ

zawgyi version
ထားဝယ္တြင္ ေမ်ာက္ေက်ာက္ သံသယ လူနာ ေတြ႕သည္ဟု ဆိုေသာ္လည္း ေရာဂါ လကၡဏာ မတူသည့္ အတြက္ ျဖစ္ႏိုင္ေျခ နည္းပါး
NP News - စက္တင္ဘာ ၃
တနသၤာရီတိုင္းေဒသႀကီး၊ ထားဝယ္ၿမိဳ႕တြင္ ေမ်ာက္ေက်ာက္ ကူးစက္ခံ သံသယ လူနာ ေတြ႕သည္ဟု ဆိုေသာ္လည္း ေရာဂါ လကၡဏာ မတူသည့္ အတြက္ ျဖစ္ႏိုင္ေျခ နည္းပါးေၾကာင္း နီးစပ္သူမ်ားထံ NP News က ေမးျမန္းထားခ်က္မ်ားအရ သိရသည္။

အဆိုပါ သံသယ လူနာမွာ ထားဝယ္ၿမိဳ႕၊ ဝဲကြၽန္း ရပ္ကြက္ တြင္ ေနထိုင္ေသာ အသက္ ၅၃ ႏွစ္အ႐ြယ္ အမ်ိဳးသမီးႀကီး တစ္ဦး ျဖစ္ကာ ၿပီးခဲ့သည့္ ႏွစ္လ ခန႔္က မေလးရွား ႏိုင္ငံမွ ျပန္လာသူ ျဖစ္ၿပီး လက္ရွိတြင္ ထားဝယ္ ျပည္သူ႔ေဆး႐ုံ၏ အထူးကုျပင္ပ လူနာဌာနတြင္ ကုသမႈေပးေနေၾကာင္း သိရသည္။

“ေမ်ာက္ေက်ာက္ လကၡဏာနဲ႔ေတာ့ မတူဘူးေပါ့။ (မေလးရွားက ျပန္လာတာဆိုတာက) သူက ႏွစ္လေလာက္ ၾကာပါၿပီ။ မေလးရွားက ျပန္လာတာေတာ့ မွန္တယ္။ တိုင္းက်န္းမာက မျဖစ္ႏိုင္ဘူး ေျပာတယ္။ လုပ္စရာ ရွိတာ ဆက္လုပ္ေနပါတယ္။ ေမ်ာက္ေက်ာက္ ဆိုတာကလည္း သိတာနဲ႔ ေၾကျငာမွာပါ။ အခုက အထူးၾကပ္မတ္ေဆာင္မွာပဲ ထားတာပါ။ လူနာက က်န္းမာေရး ေကာင္းပါတယ္” ဟု NP News ၏ သတင္းရင္းျမစ္ တစ္ဦးက ေျပာသည္။

လူနာ၏ ေက်ာျပင္တြင္ အရည္ၾကည္ဖု ပုံစံ မဟုတ္ေသာ္လည္း အဖုငယ္ မ်ားကို ေတြ႕ျမင္ရေၾကာင္းလည္း ၎က ဆိုသည္။

“က်န္းမာေရး(ဌာန) ကေတာ့ ေသခ်ာၾကည့္ေတာ့ လကၡဏာေတြက မတူလို႔ ေမ်ာက္ေက်ာက္လို႔ မယူဆဘူး။ လမ္းၫႊန္ခ်က္ေတာ့ တင္ထားတာေပါ့။ ခြဲျခားၿပီးေတာ့ ေစာင့္ၾကည့္ေနပါတယ္” ဟု ၎က ဆိုသည္။

ပုံစာ - အြန္လိုင္းတြင္ ျပန႔္ေနေသာ သံသယ လူနာ ၏ ဓာတ္ပုံ

Related news

© 2021. All rights reserved.