ကုန်ဈေးနှုန်းမြင့်တက်ခြင်းနှင့် အချင်းချင်း ယုံကြည်မှုကျဆင်းခြင်းက ရန်ကုန်၏ အရေအတွက် မနည်းလှသော အငှားယာဉ်မောင်းများအပေါ် ပြင်းပြင်းထန်ထန်ရိုက်ခတ်မှုရှိနေ

 7101

သန့်ဇင် (NP News) - စက်တင်ဘာ ၅

ကုန်ဈေးနှုန်းမြင့်တက်ခြင်းနှင့် အချင်းချင်း ယုံကြည်မှုကျဆင်းခြင်းက ရန်ကုန်မြို့ရှိ အရေအတွက် မနည်းလှသော အငှားယာဉ်မောင်းများအပေါ် ပြင်းပြင်းထန်ထန်ရိုက်ခတ်မှုရှိနေကြောင်း ရန်ကုန်မြို့ရှိ တက္ကစီယာဉ်မောင်းများထံ NP News က ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

လူဦးရေအထူထပ်ဆုံး နှင့် နိုင်ငံ၏စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် နေထိုင်သူများသည် ကုန်စျေးနှုန်းမြင့်မားလာသည့်အတွက် ယခင်ပုံမှန် ရုံးသွား၊ ရုံးပြန် နှင့် အခြားကိစ္စများအတွက် အငှားကားအစီးများသူများက ထွက်ငွေကို လျှော့ချသည့်အနေဖြင့် အငှားကားစီးသည့် အကြိမ်ရေကို လျှော့ချလာကြသည်။ ထိုမျှသာမက မဖြစ်မနေ အငှားကားစီးရမည် ဆိုပါကလည်း လုံခြုံရေး အခြေအနေကြောင့် နီးစပ်သော သို့မဟုတ် စိတ်ချရသော အငှားယာဉ်မောင်းကို ရွေးချယ်စီးနင်းခြင်းမျိုး ရှိလာသည်။

တဖက်က ပြန်ကြည့်လျှင်လည်း ရန်ကုန်မြို့တွင် ယခုနောက်ပိုင်း နှစ်များအတွင်း ငွေရလွယ်မည်ဟု ယူဆသော အငှားယာဉ်မောင်းများအဖြစ်ပြောင်းလဲလုပ်ကိုင်လာကြခြင်းကြောင့် အငှားယာဉ်များအဆမတန်များပြားလာခဲ့ရာ ယခုကဲ့သို့ ခရီးသည် နည်းပါးသွားချိန်တွင် အကျပ်အတည်း ပိုမို ကြုံနေကြရသည်။ ထို့ကြောင့် လက်ရှိ ခရီးသည် ရှားပါးလာချိန်တွင် အငှားယာဉ်မောင်းအချို့က အုံနာထံ ၎င်းတို့၏ အငှားယာဉ်များကို ပြန်အပ်ခြင်းများ ရှိလာကြောင်းလည်း စုံစမ်းသိရှိရသည်။

“ဘာကြောင့် ခရီးသည်ပါးလာရလဲဆိုတာက အခုနောက်ပိုင်းမှာ စီးပွားရေးအခြေအနေတွေမကောင်းကြတာနဲ့ ကုန်ဈေးနှုန်းကြီးမားလာတာတွေ အပေါ်မှာ ချွေတာလာကြတာ။ မလိုအပ်ရင် တက္ကစီတွေမစီးတော့ဘူးပေါ့။ တချို့ကတော့ ခြေလျင်သွားတာရှိတယ်။ တချို့ကတော့ ဘတ်စ်ကားနဲ့သွား တာရှိတယ်။ တကယ်လို့အရေးပေါ်ကြုံတဲ့အချိန်၊ ညနက်တဲ့အချိန်လောက်ပဲ တက္ကစီ စီးကြတော့တယ်။ အဲဒီလိုဖြစ်လာတယ်ပေါ့”ဟု ရန်ကုန်မြို့မှ အငှားယာဉ်မောင်းအမျိုးသားတစ်ဦးက ပြောသည်။

ထို့ပြင် ၎င်းတို့အနေဖြင့် ငွေကြေးလျှော့ချသုံးစွဲလိုသည့်အတွက် မဖြစ်မနေ တက္ကစီကားငှားရမ်းစီးနင်းရာတွင်ပင် ရိုးရိုးတက္ကစီများထက် ဈေးသက်သာသည့် CNG(ဂတ်စ်)တက္ကစီများကိုသာ စီးနင်းခြင်းများပြု လုပ်လာကြကြောင်း သိရသည်။

“နောက်တစ်မျိုးတွေ့တာက CNG ကားတွေကို စီးကြတယ်။ CNG က ကြိုက်သလိုမောင်း။ တစ်နေကုန် ပတ်မောင်း ကျပ်၂၈၀၀၊ ကျပ် ၃၀၀၀ အပြင်ပို မကျဘူးလေ။ အဲဒီလောက်နဲ့တစ်နေကုန် ကောင်းကောင်းမောင်းလို့ရတယ်။ ကျွန်တော်တို့ ဆီကားကတော့ အဲဒီလိုမရတော့ဘူး။ အဲဒီလိုလေး တွေ ကွာသွားလို့မလိုက်နိုင်တော့ အများကြီးတော့ ဟာသွားတာပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။

လက်ရှိတွင် စက်သုံးဈေးနှုန်းများအနည်းငယ်မြင့်တက်လာသောကြောင့်လည်း စက်သုံးဆီ တက္ကစီဈေးနှုန်းများ အနည်းငယ်မြင့်တက်လာရာမှ ပုံမှန်စီးနင်းသူများပင် စီးနင်းခြင်းမရှိတော့သည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း အထက်ပါ တက္ကစီယာဉ်မောင်းက ဆိုသည်။ “တချို့ ကီလိုတက္ကစီလေးတွေရှိတယ်။ တချို့ Grab ကားတွေရှိတယ်။ ကီလိုဆော့ဝဲလ်လေးတွေရှိတယ်။ အဲဒီထဲမှာ ဝင်ဆွဲမယ်ဆိုရင်လည်း မကိုက်ပြန်ဘူး။ ဘာလို့မကိုက်လည်းဆိုတော့ သူတို့လိုတာက တစ်ကီလိုကို ကျပ် (၈၀၀)ပေါ့နော်။ အဲဒီတစ်ကီလိုမှာ ကျွန်တော်တို့က ari-con ပါ ဖွင့်ပေးရတယ်။ အဲဒီမှာ မကိုက်တော့ဘူး။ စအတက်မှာ ကျပ်၂၀၀၀ ရှိတယ်၊။ ကျပ် ၃၀၀၀ ရှိတယ်။ စတက် ကျပ်၂၀၀၀ ထားလိုက်။ တစ်ကီလို ကျပ် ၈၀၀၊ ၁၀ကီ လိုဆိုရင် ကျပ်၈၀၀၀၊ ကျပ်၁၀၀၀၀လောက်ပဲရတယ်။ အဲဒီ ကျပ် ၁၀၀၀၀ တောင် အဝေးကြီး သွားရတာ။ အဲဒီလို ခရီးသည်လိုက်မယ်ဆိုပြန်တော့လည်း ကျွန်တော်တို့အတွက်လည်းမကိုက်တော့ပြန်ဘူး။ ဘယ်ဟာဖြစ်ဖြစ် ဆီကားသမားတွေက ရှုံးတာပေါ့ဗျာ။ အဲဒီတော့ မြို့ထဲမှာ ဟိုနားဒီနား ၃၀၀၀၊ ၄၀၀၀ အဲဒီလောက်လေးတွေပဲသွားရတော့တာပါ”ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိကာလ၌ ရန်ကုန်မြို့တွင် ခိုးဆိုးလုယက်သည့် ဖြစ်စဉ်များ ဖြစ်ပွားမှုများပြားနေသည့်အတွက် တက္ကစီစီးနင်းသူများအနေဖြင့် တက္ကစီနှင့်ယာဉ် မောင်းသူ၏ သွင်ပြင်လက္ခဏာကိုကြည့်ကာ စိတ်ချယုံကြည်မှသာ စီးနင်းခြင်းများလည်းရှိလာကြောင်းလည်း အခြားတက္ကစီယာဉ်မောင်းတစ်ဦးက ဆိုသည်။

“အခုနောက်ပိုင်းမှာ တချို့က ကားကိုရွေးကြတာပေါ့နော်။ ကိုယ်နဲ့သိတဲ့မိတ်ဆွေတွေလောက်ပဲသွားတယ်။ တချို့ကလည်း ကားမှာ Logo လေးတွေ စတေကာလေးတွေရှိတယ်။ Grab တို့လို တံဆိပ်လေးတွေရှိရင် စစ်ဆေးဖြစ်တယ်။ အဲဒီလိုမျိုးစစ်ဆေးတယ်။ တချို့ကလည်း အရေးပေါ်ကြုံလာရင် ဘယ်ကားဖြစ်ဖြစ်ငှားလိုက်တာမျိုးတွေလည်း တွေ့ရတယ်။ ဒါပေမဲ့ အခုချိန်မှာတော်တော်များကို ကျွန်တော်တွေ့ရသလောက်က ကားကောလူကော အနေအထားကြည့်ပြီး စီးတာတွေများတယ်။ အခုကျွန်တော်တို့ကို ခရီးသည်က တားလိုက်ပြီဆိုရင် လူအနေအထားကြည့်တယ်။ ကားအနေအထားကြည့်တယ်။ လူကော ကားကောကို စိတ်သန့်ပြီဆိုမှ သူတို့လိုက်တယ်။ စိတ်ထဲမှာ သူတို့မသန့်ဘူးဆိုရင် ဈေးကိုပေါက်ကရတွေပြန်ပြောလိုက်တယ်။ ဥပမာ - ဆူးလေကနေ လှည်းတန်းကို ကျပ် ၈၀၀၀ ဆိုရင် ၅၀၀၀ ပါ ၊ ၄၀၀၀ ပါဆိုပြီး ငှားတဲ့သူက မဖြစ်နိုင်တဲ့ စျေးပြောပြီး လျှော်ပစ်လိုက်တယ်။ အဓိကတော့ မလိုက်စေချင်လို့ပါ။ အဲဒီလိုမျိုးတွေလည်း တွေ့ရတယ်”ဟု ၎င်းကပြောသည်။

တက္ကစီယာဉ်မောင်းများအနေဖြင့် အထက်ပါအခြေအနေများအပြင် စက်ချို့ ယွင်းမှုတစ်ခုခုဖြစ်ပေါ်ပါက အပိုပစ္စည်းဈေးနှုန်းများကြီးမားခြင်း၊ ပြင်ဆင်စ ရိတ်ကြီးမားခြင်းနှင့် Owner ကြေးမြင့်မားစွာပေးချေရခြင်း စသောအခက် အခဲများနှင့်လည်း ကြုံတွေ့နေရကြောင်း သိရသည်။

zawgyi version
ကုန္ေဈးႏႈန္းျမင့္တက္ျခင္းႏွင့္ အခ်င္းခ်င္း ယုံၾကည္မႈက်ဆင္းျခင္းက ရန္ကုန္၏ အေရအတြက္ မနည္းလွေသာ အငွားယာဥ္ေမာင္းမ်ားအေပၚ ျပင္းျပင္းထန္ထန္႐ိုက္ခတ္မႈရွိေန
သန႔္ဇင္ (NP News) - စက္တင္ဘာ ၅

ကုန္ေဈးႏႈန္းျမင့္တက္ျခင္းႏွင့္ အခ်င္းခ်င္း ယုံၾကည္မႈက်ဆင္းျခင္းက ရန္ကုန္ၿမိဳ႕ရွိ အေရအတြက္ မနည္းလွေသာ အငွားယာဥ္ေမာင္းမ်ားအေပၚ ျပင္းျပင္းထန္ထန္႐ိုက္ခတ္မႈရွိေနေၾကာင္း ရန္ကုန္ၿမိဳ႕ရွိ တကၠစီယာဥ္ေမာင္းမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

လူဦးေရအထူထပ္ဆုံး ႏွင့္ ႏိုင္ငံ၏စီးပြားေရးၿမိဳ႕ေတာ္ျဖစ္ေသာ ရန္ကုန္ၿမိဳ႕တြင္ ေနထိုင္သူမ်ားသည္ ကုန္ေစ်းႏႈန္းျမင့္မားလာသည့္အတြက္ ယခင္ပုံမွန္ ႐ုံးသြား၊ ႐ုံးျပန္ ႏွင့္ အျခားကိစၥမ်ားအတြက္ အငွားကားအစီးမ်ားသူမ်ားက ထြက္ေငြကို ေလွ်ာ့ခ်သည့္အေနျဖင့္ အငွားကားစီးသည့္ အႀကိမ္ေရကို ေလွ်ာ့ခ်လာၾကသည္။ ထိုမွ်သာမက မျဖစ္မေန အငွားကားစီးရမည္ ဆိုပါကလည္း လုံၿခဳံေရး အေျခအေနေၾကာင့္ နီးစပ္ေသာ သို႔မဟုတ္ စိတ္ခ်ရေသာ အငွားယာဥ္ေမာင္းကို ေ႐ြးခ်ယ္စီးနင္းျခင္းမ်ိဳး ရွိလာသည္။

တဖက္က ျပန္ၾကည့္လွ်င္လည္း ရန္ကုန္ၿမိဳ႕တြင္ ယခုေနာက္ပိုင္း ႏွစ္မ်ားအတြင္း ေငြရလြယ္မည္ဟု ယူဆေသာ အငွားယာဥ္ေမာင္းမ်ားအျဖစ္ေျပာင္းလဲလုပ္ကိုင္လာၾကျခင္းေၾကာင့္ အငွားယာဥ္မ်ားအဆမတန္မ်ားျပားလာခဲ့ရာ ယခုကဲ့သို႔ ခရီးသည္ နည္းပါးသြားခ်ိန္တြင္ အက်ပ္အတည္း ပိုမို ႀကဳံေနၾကရသည္။ ထို႔ေၾကာင့္ လက္ရွိ ခရီးသည္ ရွားပါးလာခ်ိန္တြင္ အငွားယာဥ္ေမာင္းအခ်ိဳ႕က အုံနာထံ ၎တို႔၏ အငွားယာဥ္မ်ားကို ျပန္အပ္ျခင္းမ်ား ရွိလာေၾကာင္းလည္း စုံစမ္းသိရွိရသည္။

“ဘာေၾကာင့္ ခရီးသည္ပါးလာရလဲဆိုတာက အခုေနာက္ပိုင္းမွာ စီးပြားေရးအေျခအေနေတြမေကာင္းၾကတာနဲ႔ ကုန္ေဈးႏႈန္းႀကီးမားလာတာေတြ အေပၚမွာ ေခြၽတာလာၾကတာ။ မလိုအပ္ရင္ တကၠစီေတြမစီးေတာ့ဘူးေပါ့။ တခ်ိဳ႕ကေတာ့ ေျခလ်င္သြားတာရွိတယ္။ တခ်ိဳ႕ကေတာ့ ဘတ္စ္ကားနဲ႔သြား တာရွိတယ္။ တကယ္လို႔အေရးေပၚႀကဳံတဲ့အခ်ိန္၊ ညနက္တဲ့အခ်ိန္ေလာက္ပဲ တကၠစီ စီးၾကေတာ့တယ္။ အဲဒီလိုျဖစ္လာတယ္ေပါ့”ဟု ရန္ကုန္ၿမိဳ႕မွ အငွားယာဥ္ေမာင္းအမ်ိဳးသားတစ္ဦးက ေျပာသည္။

ထို႔ျပင္ ၎တို႔အေနျဖင့္ ေငြေၾကးေလွ်ာ့ခ်သုံးစြဲလိုသည့္အတြက္ မျဖစ္မေန တကၠစီကားငွားရမ္းစီးနင္းရာတြင္ပင္ ႐ိုး႐ိုးတကၠစီမ်ားထက္ ေဈးသက္သာသည့္ CNG(ဂတ္စ္)တကၠစီမ်ားကိုသာ စီးနင္းျခင္းမ်ားျပဳ လုပ္လာၾကေၾကာင္း သိရသည္။

“ေနာက္တစ္မ်ိဳးေတြ႕တာက CNG ကားေတြကို စီးၾကတယ္။ CNG က ႀကိဳက္သလိုေမာင္း။ တစ္ေနကုန္ ပတ္ေမာင္း က်ပ္၂၈၀၀၊ က်ပ္ ၃၀၀၀ အျပင္ပို မက်ဘူးေလ။ အဲဒီေလာက္နဲ႔တစ္ေနကုန္ ေကာင္းေကာင္းေမာင္းလို႔ရတယ္။ ကြၽန္ေတာ္တို႔ ဆီကားကေတာ့ အဲဒီလိုမရေတာ့ဘူး။ အဲဒီလိုေလး ေတြ ကြာသြားလို႔မလိုက္ႏိုင္ေတာ့ အမ်ားႀကီးေတာ့ ဟာသြားတာေပါ့”ဟု ၎ကဆက္လက္ေျပာသည္။

လက္ရွိတြင္ စက္သုံးေဈးႏႈန္းမ်ားအနည္းငယ္ျမင့္တက္လာေသာေၾကာင့္လည္း စက္သုံးဆီ တကၠစီေဈးႏႈန္းမ်ား အနည္းငယ္ျမင့္တက္လာရာမွ ပုံမွန္စီးနင္းသူမ်ားပင္ စီးနင္းျခင္းမရွိေတာ့သည့္ အေျခအေနႏွင့္ ႀကဳံေတြ႕ေနရေၾကာင္း အထက္ပါ တကၠစီယာဥ္ေမာင္းက ဆိုသည္။ “တခ်ိဳ႕ ကီလိုတကၠစီေလးေတြရွိတယ္။ တခ်ိဳ႕ Grab ကားေတြရွိတယ္။ ကီလိုေဆာ့ဝဲလ္ေလးေတြရွိတယ္။ အဲဒီထဲမွာ ဝင္ဆြဲမယ္ဆိုရင္လည္း မကိုက္ျပန္ဘူး။ ဘာလို႔မကိုက္လည္းဆိုေတာ့ သူတို႔လိုတာက တစ္ကီလိုကို က်ပ္ (၈၀၀)ေပါ့ေနာ္။ အဲဒီတစ္ကီလိုမွာ ကြၽန္ေတာ္တို႔က ari-con ပါ ဖြင့္ေပးရတယ္။ အဲဒီမွာ မကိုက္ေတာ့ဘူး။ စအတက္မွာ က်ပ္၂၀၀၀ ရွိတယ္၊။ က်ပ္ ၃၀၀၀ ရွိတယ္။ စတက္ က်ပ္၂၀၀၀ ထားလိုက္။ တစ္ကီလို က်ပ္ ၈၀၀၊ ၁၀ကီ လိုဆိုရင္ က်ပ္၈၀၀၀၊ က်ပ္၁၀၀၀၀ေလာက္ပဲရတယ္။ အဲဒီ က်ပ္ ၁၀၀၀၀ ေတာင္ အေဝးႀကီး သြားရတာ။ အဲဒီလို ခရီးသည္လိုက္မယ္ဆိုျပန္ေတာ့လည္း ကြၽန္ေတာ္တို႔အတြက္လည္းမကိုက္ေတာ့ျပန္ဘူး။ ဘယ္ဟာျဖစ္ျဖစ္ ဆီကားသမားေတြက ရႈံးတာေပါ့ဗ်ာ။ အဲဒီေတာ့ ၿမိဳ႕ထဲမွာ ဟိုနားဒီနား ၃၀၀၀၊ ၄၀၀၀ အဲဒီေလာက္ေလးေတြပဲသြားရေတာ့တာပါ”ဟု ၎က ဆက္လက္ေျပာသည္။

လက္ရွိကာလ၌ ရန္ကုန္ၿမိဳ႕တြင္ ခိုးဆိုးလုယက္သည့္ ျဖစ္စဥ္မ်ား ျဖစ္ပြားမႈမ်ားျပားေနသည့္အတြက္ တကၠစီစီးနင္းသူမ်ားအေနျဖင့္ တကၠစီႏွင့္ယာဥ္ ေမာင္းသူ၏ သြင္ျပင္လကၡဏာကိုၾကည့္ကာ စိတ္ခ်ယုံၾကည္မွသာ စီးနင္းျခင္းမ်ားလည္းရွိလာေၾကာင္းလည္း အျခားတကၠစီယာဥ္ေမာင္းတစ္ဦးက ဆိုသည္။

“အခုေနာက္ပိုင္းမွာ တခ်ိဳ႕က ကားကိုေ႐ြးၾကတာေပါ့ေနာ္။ ကိုယ္နဲ႔သိတဲ့မိတ္ေဆြေတြေလာက္ပဲသြားတယ္။ တခ်ိဳ႕ကလည္း ကားမွာ Logo ေလးေတြ စေတကာေလးေတြရွိတယ္။ Grab တို႔လို တံဆိပ္ေလးေတြရွိရင္ စစ္ေဆးျဖစ္တယ္။ အဲဒီလိုမ်ိဳးစစ္ေဆးတယ္။ တခ်ိဳ႕ကလည္း အေရးေပၚႀကဳံလာရင္ ဘယ္ကားျဖစ္ျဖစ္ငွားလိုက္တာမ်ိဳးေတြလည္း ေတြ႕ရတယ္။ ဒါေပမဲ့ အခုခ်ိန္မွာေတာ္ေတာ္မ်ားကို ကြၽန္ေတာ္ေတြ႕ရသေလာက္က ကားေကာလူေကာ အေနအထားၾကည့္ၿပီး စီးတာေတြမ်ားတယ္။ အခုကြၽန္ေတာ္တို႔ကို ခရီးသည္က တားလိုက္ၿပီဆိုရင္ လူအေနအထားၾကည့္တယ္။ ကားအေနအထားၾကည့္တယ္။ လူေကာ ကားေကာကို စိတ္သန႔္ၿပီဆိုမွ သူတို႔လိုက္တယ္။ စိတ္ထဲမွာ သူတို႔မသန႔္ဘူးဆိုရင္ ေဈးကိုေပါက္ကရေတြျပန္ေျပာလိုက္တယ္။ ဥပမာ - ဆူးေလကေန လွည္းတန္းကို က်ပ္ ၈၀၀၀ ဆိုရင္ ၅၀၀၀ ပါ ၊ ၄၀၀၀ ပါဆိုၿပီး ငွားတဲ့သူက မျဖစ္ႏိုင္တဲ့ ေစ်းေျပာၿပီး ေလွ်ာ္ပစ္လိုက္တယ္။ အဓိကေတာ့ မလိုက္ေစခ်င္လို႔ပါ။ အဲဒီလိုမ်ိဳးေတြလည္း ေတြ႕ရတယ္”ဟု ၎ကေျပာသည္။

တကၠစီယာဥ္ေမာင္းမ်ားအေနျဖင့္ အထက္ပါအေျခအေနမ်ားအျပင္ စက္ခ်ိဳ႕ ယြင္းမႈတစ္ခုခုျဖစ္ေပၚပါက အပိုပစၥည္းေဈးႏႈန္းမ်ားႀကီးမားျခင္း၊ ျပင္ဆင္စ ရိတ္ႀကီးမားျခင္းႏွင့္ Owner ေၾကးျမင့္မားစြာေပးေခ်ရျခင္း စေသာအခက္ အခဲမ်ားႏွင့္လည္း ႀကဳံေတြ႕ေနရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.