ကမ္ဘောဒီးယားဝန်ကြီးချုပ် "ဟွန်မာနက်" အကြောင်း တစေ့တစောင်း

 743

ဂျန်ဇက် (NP News) - စက်တင်ဘာ ၆

ကမ္ဘောဒီးယားနိုင်ငံမှာ လက်ရှိဝန်ကြီးချုပ်အဖြစ် နိုင်ငံကို နှစ်ပေါင်းများစွာကြာအုပ်ချုပ်ခဲ့တဲ့ ဝန်ကြီး ချုပ်ဟောင်း ဟွန်ဆန်ရဲ့သားဖြစ်သူ ဟွန်မာနက်က တာဝန်ယူနေပါတယ်။ ဟွန်ဆန်ဟာ ကမ္ဘာဒီးယား နိုင်ငံမှာ နှစ်ပေါင်းများစွာဖြစ်နေတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်အောင်စွမ်းဆောင်ခဲ့သူတွေထဲမှာပါဝင်ခဲ့တဲ့ အဓိကကျသူတစ်ဦးဖြစ်ခဲ့ကာ ကမ္ဘာဒီးယားနိုင်ငံမှာ ဝန်ကြီး၊ ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီးချုပ်အပါအဝင် ရာထူးတာဝန်အမျိုးမျိုးကို နှစ်ပေါင်း (၄၀)ကျော် ကြာတာဝန်ယူခဲ့သူဖြစ်ပါတယ်။ ဟွန်ဆန်ဟာ ပြီးခဲ့တဲ့ (၂၀၂၃)ခုနှစ်မှာ ဝန်ကြီးချုပ်ရာထူးကနုတ် ထွက်ခဲ့ပြီးနောက် သားဖြစ်သူ ဟွန်မာနက်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ်တာဝန်ယူဖို့ လွှဲပြောင်းပေးခဲ့သူဖြစ်ပါတယ်။ ဟွန်မာနက်ဟာ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်အဖြစ် တာဝန်မယူခင် ကမ္ဘောဒီးယားနိုင် ငံရေးသမားတစ်ဦးအဖြစ်လှုပ်ရှားခဲ့ပြီး ကမ္ဘောဒီးယားတော် ဝင်တပ်မတော်ရဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဖြစ်ကာ ကြည်းတပ်ရဲ့စစ်ဦးစီးချုပ်ဖြစ်ပါတယ်။

ဟွန်မာနက်ကို (၁၉၇၇) ခုနှစ် အောက်တိုဘာလ (၂၀) ရက်နေ့က ကမ်ပွန်ချန်ပြည်နယ်မှာမွေးဖွားခဲ့ ပြီး ဖနွမ်းပင်မြို့မှာကြီးပြင်းခဲ့ကာ ပညာသင်ယူခဲ့ပါတယ်။ ဟွန်မာနက်ဟာ (၁၉၉၅)ခုနှစ်မှာ ကမ္ဘောဒီး ယား တော်ဝင်တပ်မတော်ကိုဝင်ရောက်ခဲ့ပြီး အဲဒီနှစ်မှာပဲ အမေရိကန်ပြည်ထောင်စု နယူးယောက်ရှိ အ မေရိကန်စစ်တက္ကသိုလ်ကိုတက်ရောက်ခဲ့ကာ (၁၉၉၉)ခုနှစ်မှာ ဒီပလိုမာရရှိခဲ့တယ်။ အဲဒီနောက် ဟွန်မာနက်ဟာ စီးပွားရေးဘာသာနဲ့ဘွဲ့ရရှိခဲ့ပြီး (၂၀ဝ၂)ခုနှစ်မှာ နယူးယောက်တက္ကသိုလ်မှ ဘွဲ့လွန် ဘွဲ့နဲ့ (၂၀ဝ၉)ခုနှစ်မှာ အင်္ဂလန်နိုင်ငံ ဘရစ်စတွန် တက္ကသိုလ်မှ ပါရဂူဘွဲ့ကို ထပ်မံရရှိခဲ့ပါတယ်။ ဟွန်မာနက်ဟာ (၁၉၉၅) ခုနှစ်မှာ စစ်တပ်ကိုဝင်ရောက်ခဲ့ပြီး နောက် အမေရိကန်ကိုပညာသွားသင်ခဲ့ကာ တော်ဝင် ကြည်းတပ်ရဲ့ ဒုတိယစစ်ဦးစီးချုပ်နဲ့ တော်ဝင်တပ်မ တော်ရဲ့ ဒုတိယညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်လာပြီး လပိုင်းအကြာ (၂၀၁၁)ခုနှစ်မှာ ဗိုလ်ချုပ်ရာထူးရရှိခဲ့ ပါတယ်။ ဟွန်မာနက်ဟာ ဗိုလ်ချုပ်ရာထူးရရှိခဲ့ပြီး နောက် နှစ်နှစ်အကြာ (၂၀၁၃) ခုနှစ်မှာ ဒုတိယဗိုလ် ချုပ်ကြီးဖြစ်လာခဲ့ပြီး (၂၀၁၈) ခုနှစ်မှာ ကြယ်လေးပွင့် အဆင့်ရှိ ဗိုလ်ချုပ်ကြီးရာထူးနဲ့ တော်ဝင်တပ်မတော်ရဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့ပါတယ်။ (၂၀၁၈)ခုနှစ် ဇွန် (၃၀) ရက်နေ့မှာ ရွေးကောက်ပွဲမ တိုင်မီ ဖခင်ဖြစ်သူဟွန်ဆန်က သားဖြစ်သူကို တပ်မ တော်ထိပ်ပိုင်းရာထူးခန့်ခဲ့တာဖြစ်ပါတယ်။ ဟွန်ဆန် က၎င်းအနေနဲ့ နိုင်ငံရေးကနေ အနားယူခဲ့ခြင်း သို့မဟုတ် သေဆုံးခဲ့ပါက ဟွန်မာနက်ကို နိုင်ငံရေးရာထူး လွှဲအပ်နိုင်ဖို့ ရည်ရွယ်ခဲ့တာမျိုးလည်းဖြစ်ပါတယ်။ ဟွန်ဆန်ဟာ (၂၀၂၃) ခုနှစ် ဧပြီ (၂၀)ရက်နေ့မှာ သားဖြစ်သူဟွန်မာနက်ကို ဗိုလ်ချုပ်ကြီးအဖြစ် တရားဝင် ရာထူးတိုးပေးခဲ့တယ်လို့ဆိုပါတယ်။ ဝန်ကြီးချုပ်ဟွန်ဆန်ဟာ သားဖြစ်သူ ဟွန်မာနက်ကို ၎င်းရဲ့နေရာဆက်ခံမယ့်သူအဖြစ် လူသိရှင်ကြားထုတ် ဖော်ကြေညာခြင်းမျိုးမရှိခဲ့ပေမယ့် (၂၀၂၁) ခုနှစ် ဒီဇင်ဘာလမှာတော့ သားဖြစ်သူ ဟွန်မာနက်ကို ၎င်းရဲ့နေရာကို ဆက်ခံရန်လျာထားကြောင်း ပထမဆုံး ကြေညာခဲ့ပါတယ်။

ဟွန်မာနက်ဟာ ဝန်ကြီးချုပ်ရာထူးကို စိတ်အား ထက်သန်ကြောင်း မည်သည့်အခါကမှ လူသိရှင်ကြား မထုတ်ဖော်ခဲ့ပေမယ့် ဝန်ကြီးတွေ၊ ပါတီဝင်တွေရဲ့ ထောက်ခံမှုရခဲ့ပါတယ်။ (၂၀၂၃) ရွေးကောက်ပွဲမှာ ဟွန်မာနက်ဟာ ပထမအဆင့်လွှတ်တော်အမတ်နေရာ အတွက်ရွေးကောက်ခံခဲ့ရပြီး အဲဒီနေရာဟာ ဝန်ကြီး ချုပ်လောင်း ဖြစ်ခွင့်ရှိပါတယ်။ ကမ္ဘောဒီးယားအာဏာရပါတီဖြစ်တဲ့ စီပီပီပါတီဟာ အနိုင်ရခဲ့ပြီးသုံးရက် အကြာမှာ ဝန်ကြီးချုပ်ဟွန်ဆန်ဟာ သားဖြစ်သူကို ဝန်ကြီးချုပ်အဖြစ်လွှဲပြောင်းပေးမယ်လို့ တရားဝင် ထပ်မံကြေညာခဲ့သလို ကမ္ဘောဒီးယားဘုရင် နိုရိုဒွန် သီဟမုနိကလည်း ဟွန်မာနက်ကို ဝန်ကြီးချုပ်အဖြစ် ခွင့်ပြုမိန့်ထုတ်ပြန်ပေးခဲ့ပါတယ်။ ဟွန်မာနက် ဦးဆောင်တဲ့ ကမ္ဘောဒီးယားအစိုးရအဖွဲ့အသစ်မှာ လူငယ်တွေပါဝင်ခဲ့ပေမယ့် အများစုက အနားယူမယ့် ဝန်ကြီးတွေရဲ့သားသမီးတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။ ဟွန်မာနက် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူ ချိန်အတွင်း ကမ္ဘောဒီးယားနိုင်ငံမှာ ပြုပြင်ပြောင်းလဲ မှုတွေ ပိုမိုလုပ်ဆောင်လာဖွယ်ရှိတယ်လို့မျှော်လင့်နေ ပေမယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဖြစ်သလို ၎င်းရဲ့ဖခင်ဖြစ်သူ ဟွန်ဆန်က နောက်ကွယ်က ထိန်း ချုပ်လုပ်ကိုင်မှုတွေရှိနေဆဲဖြစ်တယ်လို့ ဝေဖန်မှုတွေ လည်းရှိနေပါတယ်။ ဟွန်ဆန်ဟာ သားဖြစ်သူကို ဝန် ကြီးချုပ်တာဝန်မလွှဲပြောင်းခင် ၎င်းတို့ရဲ့ အဓိကအ တိုက်ခံပါတီခေါင်းဆောင်တွေကို ဖမ်းဆီးတာ၊ ထောင် ချတာတွေလည်းလုပ်ဆောင်ခဲ့ဖူးပါတယ်။ ဟွန်ဆန်ဟာ ဝန်ကြီးချုပ်ရာထူးကအနားယူသွားပေမယ့် ကမ္ဘောဒီးယားအထက်လွှတ် တော်ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူနေဆဲဖြစ်ရာ သားဖြစ်သူကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ထိန်းချုပ်ဖို့ ကြိုးပမ်းနေဆဲဖြစ်ပါတယ်။ ဟွန်မာနက်ကို ပြုပြင်ပြောင်းလဲရေးသမားဖြစ်လာမလား သို့မဟုတ် အာဏာရှင်တစ်ဦးဖြစ်လာမလားဆိုပြီး ပြည်တွင်းနဲ့ နိုင်ငံတ ကာအသိုင်းအဝိုင်းက စိတ်ဝင်စားနေခဲ့ပါတယ်။ ဟွန်မာနက်ဟာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန် ကာလအတွင်း နိုင်ငံ့စီးပွားရေးကို ပိုမို ကောင်းမွန်စေ ဖို့ကြိုးပမ်းနေရာ ကမ္ဘောဒီးယားနိုင်ငံရဲ့ စီးပွားရေးတိုး တက်မှုနှုန်းဟာ (၇) ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ်။ ဟွန်မာနက်ဟာ ဝန်ကြီးချုပ် အဖြစ်တာ ဝန်ယူချိန်အတွင်း ၎င်းရဲ့လုပ်ပိုင်ခွင့်ထဲကနေ တရုတ် ကုမ္ပဏီတွေထက် နိုင်ငံတကာကုမ္ပဏီတွေကို ပိုမိုရင်း နှီးလုပ်ကိုင်ခွင့်ပေးဖို့ လိုလားနေခဲ့သူဖြစ်ရာ ဝန်ကြီး ချုပ်အဖြစ်တာဝန်ယူတဲ့ တစ်နှစ်အတွင်းမှာပဲ နိုင်ငံ့စီး ပွားရေး အရင်ထက် သိသိသာသာတိုးတက်လာခဲ့ပါ တယ်။ ဖခင်ဖြစ်သူ ဟွန်ဆန် ကမ္ဘောဒီးယားဝန်ကြီး ချုပ်အဖြစ်တာဝန်ယူချိန်အတွင်း နိုင်ငံ့စီးပွားရေး တိုး တက်စေဖို့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ တရုတ်စီး ပွားရေးလုပ်ငန်းရှင်တွေကို အားထားခဲ့ပေမယ့် ဟွန်မာနက်လက်ထက်မှာတော့ တရုတ်စီးပွားရေးလုပ် ငန်းရှင်တွေအပြင် တခြား နိုင်ငံတကာစီးပွားရေးလုပ် ငန်းရှင်တွေနဲ့ ပိုမိုထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းလာခဲ့ပါ တယ်။ ဟွန်မာနက်ဟာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူပြီး နောက် ပြည်တွင်းနိုင်ငံရေးပြဿနာတွေထက် နိုင်ငံ့စီးပွားရေးပိုမိုကောင်းမွန်စေဖို့ ဦးစားပေးလုပ်ဆောင် လာခဲ့ရာ နိုင်ငံ့စီးပွားရေးတိုးတက်လာနေတဲ့အတွက် ပြည်တွင်းနိုင်ငံရေးနဲ့ နိုင်ငံတကာဖိအားတွေလည်း မျှော်လင့်ထားသလောက် တိုးတက်နေတာမျိုးမရှိသေး ပါဘူး။ ဟွန်မာနက်ရဲ့ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်လက်ထက်က ကမ္ဘောဒီးယားနိုင်ငံဟာ ပြည် တွင်းနိုင်ငံရေးဖိအားတွေအပြင် နိုင်ငံတကာဖိအား တွေနဲ့ရင်ဆိုင်ခဲ့ရပေမယ့် ဟွန်မာနက် ဝန်ကြီးချုပ် အဖြစ်တာဝန်ယူချိန်ကာလအတွင်း ပြည်တွင်း နိုင်ငံ ရေးနဲ့ နိုင်ငံတကာဖိအားတွေလည်း လျော့နည်းလာခဲ့ တယ်လို့ဆိုနိုင်ပါတယ်။ ဟွန်မာနက်လက်ထက်မှာ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေနဲ့ ဆက်ဆံရေးပြန်လည်ကောင်းမွန်အောင်တည်ဆောက် ဖို့ ကြိုးပမ်းနေပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင်ကိုယ်တိုင် ကမ္ဘောဒီးယားနိုင်ငံကို လာရောက်ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် နဲ့ တွေ့ဆုံဆွေးနွေးတာတွေရှိခဲ့ပါတယ်။ ဟွန်မာနက် ရဲ့ဖခင်ဖြစ်သူ ဟွန်ဆန် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူ ချိန်ကာလတုန်းက အမေရိကန်နိုင်ငံဟာ ဟွန်ဆန်ကို အာဏာရှင်တစ်ဦးအဖြစ် ဝေဖန်ပြစ်တင်ခဲ့ပြီး စီးပွား ရေးပိတ်ဆို့မှုတွေ ချမှတ်ခဲ့ဖူးပါတယ်။

လက်ရှိအချိန်မှာတော့ ဟွန်မာနက် ဝန်ကြီးချုပ် အဖြစ်တာဝန်ယူတဲ့ တစ်နှစ်နီးပါးကာလအတွင်းမှာ နိုင် ငံကို တည်ငြိမ်အောင်ထိန်းထားနိုင်သလို နိုင်ငံ့စီးပွား ရေးနဲ့ နိုင်ငံတကာဆက်ဆံရေးကို ကောင်းမွန်အောင် ဆောင်ရွက်ထားနိုင်သူဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ဟွန်မာနက် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်ကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံရဲ့အခြေအနေတွေဟာ ယခင်နဲ့မတူဘဲ နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေး တိုး တက်မှုနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဖြစ်ထွန်း လာနေရာ ဟွန်မာနက် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ နေတဲ့သက်တမ်းအတွင်း နိုင်ငံ့အခြေအနေတွေကို ပို မိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မလား ဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။ ကမ္ဘော ဒီးယားနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဆို ရင် (၂၀၂၃) ခုနှစ်မှာ နိုင်ငံဝန်ကြီးချုပ်အဖြစ် ရွေး ချယ်ခန့်အပ်နိုင်ခဲ့ပေမယ့် ဝန်ကြီးချုပ်ဆာရက် သာ တာဗီဆင်လက်ထက်မှာ ထိုင်းနိုင်ငံရဲ့စီးပွားရေးနဲ့နိုင် ငံရေးတည်ငြိမ်မှုတွေဟာ ကမ္ဘောဒီးယားနိုင်ငံလောက် ကောင်းမွန်မှုမရှိဘဲ ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာ ဗီဆင်ဆိုရင် တစ်နှစ်ကျော်အတွင်း ဝန်ကြီးချုပ်အဖြစ် ကထုတ်ပယ်ခံခဲ့ရပါတယ်။ ထိုင်းနဲ့ကမ္ဘောဒီးယား နိုင်ငံမှာ (၂၀၂၃) ခုနှစ်က ဝန်ကြီးချုပ်အသစ်တွေခန့် အပ်ခဲ့ပေမယ့် ဟွန်မာနက်ဟာ ဝန်ကြီးချုပ်အဖြစ် တာ ဝန်ယူချိန်အတွင်း နိုင်ငံစီးပွားရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုပိုင်းတွေကို ပိုမိုလုပ်ဆောင်နိုင်တယ် လို့ သုံးသပ်တင်ပြလိုက်ပါတယ်။

zawgyi version
ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ "ဟြန္မာနက္" အေၾကာင္း တေစ့တေစာင္း
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၆

ကေမာၻဒီးယားႏိုင္ငံမွာ လက္ရွိဝန္ႀကီးခ်ဳပ္အျဖစ္ ႏိုင္ငံကို ႏွစ္ေပါင္းမ်ားစြာၾကာအုပ္ခ်ဳပ္ခဲ့တဲ့ ဝန္ႀကီး ခ်ဳပ္ေဟာင္း ဟြန္ဆန္ရဲ႕သားျဖစ္သူ ဟြန္မာနက္က တာဝန္ယူေနပါတယ္။ ဟြန္ဆန္ဟာ ကမာၻဒီးယား ႏိုင္ငံမွာ ႏွစ္ေပါင္းမ်ားစြာျဖစ္ေနတဲ့ ျပည္တြင္းစစ္ကို အဆုံးသတ္ႏိုင္ေအာင္စြမ္းေဆာင္ခဲ့သူေတြထဲမွာပါဝင္ခဲ့တဲ့ အဓိကက်သူတစ္ဦးျဖစ္ခဲ့ကာ ကမာၻဒီးယားႏိုင္ငံမွာ ဝန္ႀကီး၊ ဒုတိယဝန္ႀကီးခ်ဳပ္၊ ဝန္ႀကီးခ်ဳပ္အပါအဝင္ ရာထူးတာဝန္အမ်ိဳးမ်ိဳးကို ႏွစ္ေပါင္း (၄၀)ေက်ာ္ ၾကာတာဝန္ယူခဲ့သူျဖစ္ပါတယ္။ ဟြန္ဆန္ဟာ ၿပီးခဲ့တဲ့ (၂၀၂၃)ခုႏွစ္မွာ ဝန္ႀကီးခ်ဳပ္ရာထူးကႏုတ္ ထြက္ခဲ့ၿပီးေနာက္ သားျဖစ္သူ ဟြန္မာနက္ကို ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူဖို႔ လႊဲေျပာင္းေပးခဲ့သူျဖစ္ပါတယ္။ ဟြန္မာနက္ဟာ ကေမာၻဒီးယားႏိုင္ငံ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္မယူခင္ ကေမာၻဒီးယားႏိုင္ ငံေရးသမားတစ္ဦးအျဖစ္လႈပ္ရွားခဲ့ၿပီး ကေမာၻဒီးယားေတာ္ ဝင္တပ္မေတာ္ရဲ႕ ဒုတိယကာကြယ္ေရးဦးစီးခ်ဳပ္ ျဖစ္ကာ ၾကည္းတပ္ရဲ႕စစ္ဦးစီးခ်ဳပ္ျဖစ္ပါတယ္။

ဟြန္မာနက္ကို (၁၉၇၇) ခုႏွစ္ ေအာက္တိုဘာလ (၂၀) ရက္ေန႔က ကမ္ပြန္ခ်န္ျပည္နယ္မွာေမြးဖြားခဲ့ ၿပီး ဖႏြမ္းပင္ၿမိဳ႕မွာႀကီးျပင္းခဲ့ကာ ပညာသင္ယူခဲ့ပါတယ္။ ဟြန္မာနက္ဟာ (၁၉၉၅)ခုႏွစ္မွာ ကေမာၻဒီး ယား ေတာ္ဝင္တပ္မေတာ္ကိုဝင္ေရာက္ခဲ့ၿပီး အဲဒီႏွစ္မွာပဲ အေမရိကန္ျပည္ေထာင္စု နယူးေယာက္ရွိ အ ေမရိကန္စစ္တကၠသိုလ္ကိုတက္ေရာက္ခဲ့ကာ (၁၉၉၉)ခုႏွစ္မွာ ဒီပလိုမာရရွိခဲ့တယ္။ အဲဒီေနာက္ ဟြန္မာနက္ဟာ စီးပြားေရးဘာသာနဲ႔ဘြဲ႕ရရွိခဲ့ၿပီး (၂၀ဝ၂)ခုႏွစ္မွာ နယူးေယာက္တကၠသိုလ္မွ ဘြဲ႕လြန္ ဘြဲ႕နဲ႔ (၂၀ဝ၉)ခုႏွစ္မွာ အဂၤလန္ႏိုင္ငံ ဘရစ္စတြန္ တကၠသိုလ္မွ ပါရဂူဘြဲ႕ကို ထပ္မံရရွိခဲ့ပါတယ္။ ဟြန္မာနက္ဟာ (၁၉၉၅) ခုႏွစ္မွာ စစ္တပ္ကိုဝင္ေရာက္ခဲ့ၿပီး ေနာက္ အေမရိကန္ကိုပညာသြားသင္ခဲ့ကာ ေတာ္ဝင္ ၾကည္းတပ္ရဲ႕ ဒုတိယစစ္ဦးစီးခ်ဳပ္နဲ႔ ေတာ္ဝင္တပ္မ ေတာ္ရဲ႕ ဒုတိယညႇိႏႈိင္းကြပ္ကဲေရးမႉးျဖစ္လာၿပီး လပိုင္းအၾကာ (၂၀၁၁)ခုႏွစ္မွာ ဗိုလ္ခ်ဳပ္ရာထူးရရွိခဲ့ ပါတယ္။ ဟြန္မာနက္ဟာ ဗိုလ္ခ်ဳပ္ရာထူးရရွိခဲ့ၿပီး ေနာက္ ႏွစ္ႏွစ္အၾကာ (၂၀၁၃) ခုႏွစ္မွာ ဒုတိယဗိုလ္ ခ်ဳပ္ႀကီးျဖစ္လာခဲ့ၿပီး (၂၀၁၈) ခုႏွစ္မွာ ၾကယ္ေလးပြင့္ အဆင့္ရွိ ဗိုလ္ခ်ဳပ္ႀကီးရာထူးနဲ႔ ေတာ္ဝင္တပ္မေတာ္ရဲ႕ ဒုတိယကာကြယ္ေရးဦးစီးခ်ဳပ္ျဖစ္လာခဲ့ပါတယ္။ (၂၀၁၈)ခုႏွစ္ ဇြန္ (၃၀) ရက္ေန႔မွာ ေ႐ြးေကာက္ပြဲမ တိုင္မီ ဖခင္ျဖစ္သူဟြန္ဆန္က သားျဖစ္သူကို တပ္မ ေတာ္ထိပ္ပိုင္းရာထူးခန႔္ခဲ့တာျဖစ္ပါတယ္။ ဟြန္ဆန္ က၎အေနနဲ႔ ႏိုင္ငံေရးကေန အနားယူခဲ့ျခင္း သို႔မဟုတ္ ေသဆုံးခဲ့ပါက ဟြန္မာနက္ကို ႏိုင္ငံေရးရာထူး လႊဲအပ္ႏိုင္ဖို႔ ရည္႐ြယ္ခဲ့တာမ်ိဳးလည္းျဖစ္ပါတယ္။ ဟြန္ဆန္ဟာ (၂၀၂၃) ခုႏွစ္ ဧၿပီ (၂၀)ရက္ေန႔မွာ သားျဖစ္သူဟြန္မာနက္ကို ဗိုလ္ခ်ဳပ္ႀကီးအျဖစ္ တရားဝင္ ရာထူးတိုးေပးခဲ့တယ္လို႔ဆိုပါတယ္။ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ဟာ သားျဖစ္သူ ဟြန္မာနက္ကို ၎ရဲ႕ေနရာဆက္ခံမယ့္သူအျဖစ္ လူသိရွင္ၾကားထုတ္ ေဖာ္ေၾကညာျခင္းမ်ိဳးမရွိခဲ့ေပမယ့္ (၂၀၂၁) ခုႏွစ္ ဒီဇင္ဘာလမွာေတာ့ သားျဖစ္သူ ဟြန္မာနက္ကို ၎ရဲ႕ေနရာကို ဆက္ခံရန္လ်ာထားေၾကာင္း ပထမဆုံး ေၾကညာခဲ့ပါတယ္။

ဟြန္မာနက္ဟာ ဝန္ႀကီးခ်ဳပ္ရာထူးကို စိတ္အား ထက္သန္ေၾကာင္း မည္သည့္အခါကမွ လူသိရွင္ၾကား မထုတ္ေဖာ္ခဲ့ေပမယ့္ ဝန္ႀကီးေတြ၊ ပါတီဝင္ေတြရဲ႕ ေထာက္ခံမႈရခဲ့ပါတယ္။ (၂၀၂၃) ေ႐ြးေကာက္ပြဲမွာ ဟြန္မာနက္ဟာ ပထမအဆင့္လႊတ္ေတာ္အမတ္ေနရာ အတြက္ေ႐ြးေကာက္ခံခဲ့ရၿပီး အဲဒီေနရာဟာ ဝန္ႀကီး ခ်ဳပ္ေလာင္း ျဖစ္ခြင့္ရွိပါတယ္။ ကေမာၻဒီးယားအာဏာရပါတီျဖစ္တဲ့ စီပီပီပါတီဟာ အႏိုင္ရခဲ့ၿပီးသုံးရက္ အၾကာမွာ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ဟာ သားျဖစ္သူကို ဝန္ႀကီးခ်ဳပ္အျဖစ္လႊဲေျပာင္းေပးမယ္လို႔ တရားဝင္ ထပ္မံေၾကညာခဲ့သလို ကေမာၻဒီးယားဘုရင္ ႏို႐ိုဒြန္ သီဟမုနိကလည္း ဟြန္မာနက္ကို ဝန္ႀကီးခ်ဳပ္အျဖစ္ ခြင့္ျပဳမိန႔္ထုတ္ျပန္ေပးခဲ့ပါတယ္။ ဟြန္မာနက္ ဦးေဆာင္တဲ့ ကေမာၻဒီးယားအစိုးရအဖြဲ႕အသစ္မွာ လူငယ္ေတြပါဝင္ခဲ့ေပမယ့္ အမ်ားစုက အနားယူမယ့္ ဝန္ႀကီးေတြရဲ႕သားသမီးေတြ ပါဝင္ေနတယ္လို႔ ဆိုပါတယ္။ ဟြန္မာနက္ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူ ခ်ိန္အတြင္း ကေမာၻဒီးယားႏိုင္ငံမွာ ျပဳျပင္ေျပာင္းလဲ မႈေတြ ပိုမိုလုပ္ေဆာင္လာဖြယ္ရွိတယ္လို႔ေမွ်ာ္လင့္ေန ေပမယ့္ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ေဟာင္းျဖစ္သလို ၎ရဲ႕ဖခင္ျဖစ္သူ ဟြန္ဆန္က ေနာက္ကြယ္က ထိန္း ခ်ဳပ္လုပ္ကိုင္မႈေတြရွိေနဆဲျဖစ္တယ္လို႔ ေဝဖန္မႈေတြ လည္းရွိေနပါတယ္။ ဟြန္ဆန္ဟာ သားျဖစ္သူကို ဝန္ ႀကီးခ်ဳပ္တာဝန္မလႊဲေျပာင္းခင္ ၎တို႔ရဲ႕ အဓိကအ တိုက္ခံပါတီေခါင္းေဆာင္ေတြကို ဖမ္းဆီးတာ၊ ေထာင္ ခ်တာေတြလည္းလုပ္ေဆာင္ခဲ့ဖူးပါတယ္။ ဟြန္ဆန္ဟာ ဝန္ႀကီးခ်ဳပ္ရာထူးကအနားယူသြားေပမယ့္ ကေမာၻဒီးယားအထက္လႊတ္ ေတာ္ဥကၠ႒အျဖစ္ ဆက္လက္တာဝန္ယူေနဆဲျဖစ္ရာ သားျဖစ္သူကို တိုက္႐ိုက္ သို႔မဟုတ္ သြယ္ဝိုက္ၿပီး ထိန္းခ်ဳပ္ဖို႔ ႀကိဳးပမ္းေနဆဲျဖစ္ပါတယ္။ ဟြန္မာနက္ကို ျပဳျပင္ေျပာင္းလဲေရးသမားျဖစ္လာမလား သို႔မဟုတ္ အာဏာရွင္တစ္ဦးျဖစ္လာမလားဆိုၿပီး ျပည္တြင္းနဲ႔ ႏိုင္ငံတ ကာအသိုင္းအဝိုင္းက စိတ္ဝင္စားေနခဲ့ပါတယ္။ ဟြန္မာနက္ဟာ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္ ကာလအတြင္း ႏိုင္ငံ့စီးပြားေရးကို ပိုမို ေကာင္းမြန္ေစ ဖို႔ႀကိဳးပမ္းေနရာ ကေမာၻဒီးယားႏိုင္ငံရဲ႕ စီးပြားေရးတိုး တက္မႈႏႈန္းဟာ (၇) ရာခိုင္ႏႈန္းအထိ တိုးတက္လာခဲ့ပါတယ္။ ဟြန္မာနက္ဟာ ဝန္ႀကီးခ်ဳပ္ အျဖစ္တာ ဝန္ယူခ်ိန္အတြင္း ၎ရဲ႕လုပ္ပိုင္ခြင့္ထဲကေန တ႐ုတ္ ကုမၸဏီေတြထက္ ႏိုင္ငံတကာကုမၸဏီေတြကို ပိုမိုရင္း ႏွီးလုပ္ကိုင္ခြင့္ေပးဖို႔ လိုလားေနခဲ့သူျဖစ္ရာ ဝန္ႀကီး ခ်ဳပ္အျဖစ္တာဝန္ယူတဲ့ တစ္ႏွစ္အတြင္းမွာပဲ ႏိုင္ငံ့စီး ပြားေရး အရင္ထက္ သိသိသာသာတိုးတက္လာခဲ့ပါ တယ္။ ဖခင္ျဖစ္သူ ဟြန္ဆန္ ကေမာၻဒီးယားဝန္ႀကီး ခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္အတြင္း ႏိုင္ငံ့စီးပြားေရး တိုး တက္ေစဖို႔ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းေတြမွာ တ႐ုတ္စီး ပြားေရးလုပ္ငန္းရွင္ေတြကို အားထားခဲ့ေပမယ့္ ဟြန္မာနက္လက္ထက္မွာေတာ့ တ႐ုတ္စီးပြားေရးလုပ္ ငန္းရွင္ေတြအျပင္ တျခား ႏိုင္ငံတကာစီးပြားေရးလုပ္ ငန္းရွင္ေတြနဲ႔ ပိုမိုထိေတြ႕ဆက္ဆံဖို႔ ႀကိဳးပမ္းလာခဲ့ပါ တယ္။ ဟြန္မာနက္ဟာ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူၿပီး ေနာက္ ျပည္တြင္းႏိုင္ငံေရးျပႆနာေတြထက္ ႏိုင္ငံ့စီးပြားေရးပိုမိုေကာင္းမြန္ေစဖို႔ ဦးစားေပးလုပ္ေဆာင္ လာခဲ့ရာ ႏိုင္ငံ့စီးပြားေရးတိုးတက္လာေနတဲ့အတြက္ ျပည္တြင္းႏိုင္ငံေရးနဲ႔ ႏိုင္ငံတကာဖိအားေတြလည္း ေမွ်ာ္လင့္ထားသေလာက္ တိုးတက္ေနတာမ်ိဳးမရွိေသး ပါဘူး။ ဟြန္မာနက္ရဲ႕ဖခင္ျဖစ္သူ ဝန္ႀကီးခ်ဳပ္ေဟာင္း ဟြန္ဆန္လက္ထက္က ကေမာၻဒီးယားႏိုင္ငံဟာ ျပည္ တြင္းႏိုင္ငံေရးဖိအားေတြအျပင္ ႏိုင္ငံတကာဖိအား ေတြနဲ႔ရင္ဆိုင္ခဲ့ရေပမယ့္ ဟြန္မာနက္ ဝန္ႀကီးခ်ဳပ္ အျဖစ္တာဝန္ယူခ်ိန္ကာလအတြင္း ျပည္တြင္း ႏိုင္ငံ ေရးနဲ႔ ႏိုင္ငံတကာဖိအားေတြလည္း ေလ်ာ့နည္းလာခဲ့ တယ္လို႔ဆိုႏိုင္ပါတယ္။ ဟြန္မာနက္လက္ထက္မွာ အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံေတြနဲ႔ ဆက္ဆံေရးျပန္လည္ေကာင္းမြန္ေအာင္တည္ေဆာက္ ဖို႔ ႀကိဳးပမ္းေနၿပီး အေမရိကန္ကာကြယ္ေရးဝန္ႀကီး လြိဳင္ေအာ္စတင္ကိုယ္တိုင္ ကေမာၻဒီးယားႏိုင္ငံကို လာေရာက္ၿပီး ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္မာနက္ နဲ႔ ေတြ႕ဆုံေဆြးေႏြးတာေတြရွိခဲ့ပါတယ္။ ဟြန္မာနက္ ရဲ႕ဖခင္ျဖစ္သူ ဟြန္ဆန္ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူ ခ်ိန္ကာလတုန္းက အေမရိကန္ႏိုင္ငံဟာ ဟြန္ဆန္ကို အာဏာရွင္တစ္ဦးအျဖစ္ ေဝဖန္ျပစ္တင္ခဲ့ၿပီး စီးပြား ေရးပိတ္ဆို႔မႈေတြ ခ်မွတ္ခဲ့ဖူးပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ဟြန္မာနက္ ဝန္ႀကီးခ်ဳပ္ အျဖစ္တာဝန္ယူတဲ့ တစ္ႏွစ္နီးပါးကာလအတြင္းမွာ ႏိုင္ ငံကို တည္ၿငိမ္ေအာင္ထိန္းထားႏိုင္သလို ႏိုင္ငံ့စီးပြား ေရးနဲ႔ ႏိုင္ငံတကာဆက္ဆံေရးကို ေကာင္းမြန္ေအာင္ ေဆာင္႐ြက္ထားႏိုင္သူျဖစ္တယ္လို႔ဆိုႏိုင္ပါတယ္။ဟြန္မာနက္ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္ကာလအတြင္း ကေမာၻဒီးယားႏိုင္ငံရဲ႕အေျခအေနေတြဟာ ယခင္နဲ႔မတူဘဲ ႏိုင္ငံေရးတည္ၿငိမ္မႈ၊ စီးပြားေရး တိုး တက္မႈနဲ႔ ႏိုင္ငံတကာရင္းႏွီးျမႇဳပ္ႏွံမႈေတြ ပိုမိုျဖစ္ထြန္း လာေနရာ ဟြန္မာနက္ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူ ေနတဲ့သက္တမ္းအတြင္း ႏိုင္ငံ့အေျခအေနေတြကို ပို မိုတိုးတက္ေကာင္းမြန္ေအာင္ ေဆာင္႐ြက္ႏိုင္မလား ဆိုတာ စိတ္ဝင္စားဖြယ္ေကာင္းေနပါတယ္။ ကေမာၻ ဒီးယားႏိုင္ငံရဲ႕အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့ ထိုင္းႏိုင္ငံဆို ရင္ (၂၀၂၃) ခုႏွစ္မွာ ႏိုင္ငံဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြး ခ်ယ္ခန႔္အပ္ႏိုင္ခဲ့ေပမယ့္ ဝန္ႀကီးခ်ဳပ္ဆာရက္ သာ တာဗီဆင္လက္ထက္မွာ ထိုင္းႏိုင္ငံရဲ႕စီးပြားေရးနဲ႔ႏိုင္ ငံေရးတည္ၿငိမ္မႈေတြဟာ ကေမာၻဒီးယားႏိုင္ငံေလာက္ ေကာင္းမြန္မႈမရွိဘဲ ထိုင္းဝန္ႀကီးခ်ဳပ္ ဆာရက္သာတာ ဗီဆင္ဆိုရင္ တစ္ႏွစ္ေက်ာ္အတြင္း ဝန္ႀကီးခ်ဳပ္အျဖစ္ ကထုတ္ပယ္ခံခဲ့ရပါတယ္။ ထိုင္းနဲ႔ကေမာၻဒီးယား ႏိုင္ငံမွာ (၂၀၂၃) ခုႏွစ္က ဝန္ႀကီးခ်ဳပ္အသစ္ေတြခန႔္ အပ္ခဲ့ေပမယ့္ ဟြန္မာနက္ဟာ ဝန္ႀကီးခ်ဳပ္အျဖစ္ တာ ဝန္ယူခ်ိန္အတြင္း ႏိုင္ငံစီးပြားေရး၊ တည္ၿငိမ္ေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္မႈပိုင္းေတြကို ပိုမိုလုပ္ေဆာင္ႏိုင္တယ္ လို႔ သုံးသပ္တင္ျပလိုက္ပါတယ္။

Related news

© 2021. All rights reserved.