မျှစ်ခြောက်ကို နိုင်ငံတကာနည်းပညာများဖြင့် ထုတ်လုပ်၍ တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရန် စီစဉ်နေ

 1784

ယွန်း (NP News) - စက်တင်ဘာ ၇

ပြည်ပဝယ်လိုအားရှိနေသော မျှစ်ခြောက်ကို နိုင်ငံတကာနည်းပညာများဖြင့် ထုတ်လုပ်ကာ တရုတ်နိုင်ငံသို့ အဓိကတင်ပို့ရန် စီစဉ်နေကြောင်း ဝါးစိုက်ပျိုးထုတ်လုပ်သည့်လုပ်ငန်းရှင် ဦးကျော်ဝင်းက NP News ကို ပြောသည်။

ပြည်တွင်းဈေးကွက်၌ ရောင်းချလျက်ရှိသည့် မျှစ်ခြောက်များကို ပြည် ပဝယ်လိုအား ရှိနေသည့်အတွက် ဂျပန်နှင့် တရုတ်နိုင်ငံတို့မှ နိုင်ငံတကာ နည်းပညာများဖြင့် ယခုနှစ်တွင် နမူနာ ထုတ်လုပ်မည် ဖြစ်ကြောင်း သိရသည်။

'မျှစ်ခြောက်ဆိုတာ နှစ်ကြိမ်လောက် ပြုတ်ပြီး အခြောက်ခံရတာမျိုး။ ဒါကိုနိုင်ငံတကာက စားတဲ့အတွက် ပြည်တွင်းဈေးကွက်တင်မဟုတ်ဘူး။ နိုင်ငံတကာ ဈေးကွက်အထိ သွားလို့ရအောင် လုပ်နေတယ်။ ပြည်တွင်းမှာပေါတဲ့ မျှစ်ခြောက်ကိုပဲ တစ်ဆင့်မြှင့်ပြီးလုပ်တဲ့သဘောပေါ့။ ဒီနှစ်မှစလုပ်တာ။ အရင်တုန်းကတော့ ပြည်တွင်းဈေးကွက်မှာရှိပြီးသား။ အခုကတော့ နိုင်ငံတကာအထိသွားလို့ရအောင် နိုင်ငံ တကာနည်းပညာနဲ့ လုပ်မှာပေါ့။ အဓိကက ဂျပန်တို့၊ တရုတ်တို့က နည်းပညာနဲ့ပေါ့။ သုံးတာကလည်း သူတို့ကအဓိကသုံးကြတာလေ။ အခုက တရုတ်ပြည် ဈေးကွက်ကို သွားနေကျပဲ။ အခုကတော့ ပိုပြီးစနစ် တကျနဲ့ အော်ဒါတွေကို ပို့နိုင်တဲ့အနေအထားတော့ ရောက်သွားမှာပေါ့။ ဒီနှစ်တော့ နမူနာတင်ပြီး ပြည်တွင်းဈေးကွက်ကို စသွားဖို့ရည်ရွယ်ထားတယ်'ဟု ဦးကျော်ဝင်းက ဆိုသည်။

လက်ရှိတွင် မျှစ်နှင့်ဝါး စိုက်ပျိုး၊ ထုတ်လုပ်သူ မျိုးတူစုအဖွဲ့ (နေပြည် တော်) မှ မျှစ်လုပ်ငန်းရှင် စုစုပေါင်း(၃၈)ဦးက စမ်းသပ်လုပ်ဆောင်နေပြီး အဆို ပါမျှစ်ခြောက်များကို တရုတ်နိုင်ငံမှ အဓိကဝယ်လိုအား ရှိနေကာ ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကိုလည်း တင်ပို့ နိုင်ရန် စီစဉ်နေရာ နှစ်စဉ်တန်ချိန်(၂၀ဝ)ခန့် ဝယ်လိုအား ရှိနေကြောင်းသိရသည်။

သို့သော် အမှန်တကယ်ထုတ်လုပ်နိုင်ရာ တွင် ကုန်ကြမ်းအခက်အခဲ ရှိနိုင်သည့်အတွက် လို အပ်သည့်တန်ချိန်ရနိုင်ရေးအတွက် အခြားဒေသများ နှင့် ပူးပေါင်း၍ ဈေးကွက်ချိတ်ဆက်မှုများကိုလည်း ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။

'ဒါပေမဲ့တကယ်လုပ်ကြည့်လို့ ဘာအခက် အခဲတွေရှိလာဦးမလဲတော့ မသိဘူး။ ကုန်ကြမ်းကော ရပါ့မလား။ ပြည်ပနိုင်ငံတွေကို ပို့မယ်ဆိုရင်တော့ အ ခုသွားနေတဲ့ ဝါးစိုက်ခင်းကလည်း ဖြစ်မှရမှာပေါ့။ ဝါး စိုက်ခင်းဆိုရင်တော့ ၄ ပေ၊ ၅ ပေရှိတဲ့မျှစ်တွေကို ချိုးလိုက်ရင်တော့ ပြည်ပနိုင်ငံတွေကို ဈေးကွက်ဝင်တဲ့ ဝါးကို ရမှာပေါ့။ အခုက မျှစ်ကို တစ်ပေဝန်းကျင်ဆိုရင် ချိုးကြတယ်။ လိုချင်တဲ့ တန်ချိန်ရအောင်တော့ တခြားဒေသကလူတွေနဲ့ ပူးပေါင်းပြီးမှ ဈေးကွက် ချိတ် ဆက်ဖို့တော့ ဆောင်ရွက်ရမှာပေါ့။ အဓိက ပြဿနာက ကုန်ကြမ်းကမရနိုင်ဘူး။ ဈေးကွက်မှာ ပေါနေတဲ့မျှစ်နဲ့ ဒီနှစ်တော့စမ်းလုပ်ရမှာပေါ့'ဟု ၎င်းက ဆိုထားသည်။

အဆိုပါစနစ်သည် အလုပ်အကိုင်အခွင့်အလမ်းများလည်း ဖော်ဆောင်ပေးနိုင်မည့်အပြင် နိုင်ငံတကာဈေးကွက်ရှိနေသည့်အတွက် နိုင်ငံခြား ဝင် ငွေလည်းရရှိနိုင်မည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။ ထို့ပြင် တစ်နေရာတည်းတွင် ဝါးစိုက်ပျိုးပြီး ပြည်သူများကို လက်တွေ့သင်တန်းပေးနိုင်ရေး အတွက် ဝါးနှင့်ပတ်သက်သည့် Development Zone တစ်ခုလိုအပ်ကြောင်း ၎င်းက ဆိုထားသည်။

'ဒီလုပ်ငန်းကိုလုပ်မယ်ဆိုရင် ပညာပေးဖို့က အရင်လိုတာပေါ့။ ကျန်းမာရေးအရလည်း အဆင် ပြေတယ်။ စားသုံးလို့လည်းအဆင်ပြေတယ်ဆိုတာ မျိုးကို သိလာအောင်လုပ်ရမှာပေါ့။ အဲဒီလို လုပ်ဖို့ကလည်း Development Zone လိုမယ်။ နေရာတစ်ခုတည်းမှာ ထုတ်မယ်။ ပြီးရင် လက်တွေ့လည်း အဲဒီ နေရာမှပဲပြမယ်။ လူတွေကိုလမ်းòန်လို့ရမယ့် လမ်း ပန်းဆက်သွယ်ရေးကောင်းမယ့် နေရာတစ်ခုမှာ Development Zone ရရင်တော့ ဝါးတွေကို နမူနာ ပြစိုက်မယ်။ ပြီးရင် စိုက်နည်း၊ ပျိုးနည်း၊ မျိုးပွားနည်းကအစ သင်တန်း ပေးမယ်။ Development Zone ဆိုတာက အနည်းဆုံး (၁၀) ဧက ကနေ ဧက (၅၀)၊ (၁၀ဝ) လောက်တော့ လိုမှာပေါ့။ ပညာပေးစခန်းကို (၃) ဧက လောက်ပေးပြီး။ စိုက်ခင်းကို ကျန်တာပေးရင် လည်းဖြစ်တာပေါ့' ဟု ဦးကျော်ဝင်းက ဆိုသည်။ ထို့ပြင် ဝါးစိုက်ပျိုးရောင်းချ၊ ဝယ်ယူလိုသူများ၊ စိတ်ဝင်စားသူများ တစ်နေရာတည်းတွင် စုစည်းရရှိနိုင်ရန် ရည်ရွယ်၍ နေပြည်တော်တွင် ဝါးအထူးစံပြဇုန်တည်ထောင်ရန် ကြိုးစားနေကြောင်း သိရသည်။

zawgyi version
မွ်စ္ေျခာက္ကို ႏိုင္ငံတကာနည္းပညာမ်ားျဖင့္ ထုတ္လုပ္၍ တ႐ုတ္ႏိုင္ငံသို႔ အဓိက တင္ပို႔ရန္ စီစဥ္ေန
ယြန္း (NP News) - စက္တင္ဘာ ၇

ျပည္ပဝယ္လိုအားရွိေနေသာ မွ်စ္ေျခာက္ကို ႏိုင္ငံတကာနည္းပညာမ်ားျဖင့္ ထုတ္လုပ္ကာ တ႐ုတ္ႏိုင္ငံသို႔ အဓိကတင္ပို႔ရန္ စီစဥ္ေနေၾကာင္း ဝါးစိုက္ပ်ိဳးထုတ္လုပ္သည့္လုပ္ငန္းရွင္ ဦးေက်ာ္ဝင္းက NP News ကို ေျပာသည္။

ျပည္တြင္းေဈးကြက္၌ ေရာင္းခ်လ်က္ရွိသည့္ မွ်စ္ေျခာက္မ်ားကို ျပည္ ပဝယ္လိုအား ရွိေနသည့္အတြက္ ဂ်ပန္ႏွင့္ တ႐ုတ္ႏိုင္ငံတို႔မွ ႏိုင္ငံတကာ နည္းပညာမ်ားျဖင့္ ယခုႏွစ္တြင္ နမူနာ ထုတ္လုပ္မည္ ျဖစ္ေၾကာင္း သိရသည္။

'မွ်စ္ေျခာက္ဆိုတာ ႏွစ္ႀကိမ္ေလာက္ ျပဳတ္ၿပီး အေျခာက္ခံရတာမ်ိဳး။ ဒါကိုႏိုင္ငံတကာက စားတဲ့အတြက္ ျပည္တြင္းေဈးကြက္တင္မဟုတ္ဘူး။ ႏိုင္ငံတကာ ေဈးကြက္အထိ သြားလို႔ရေအာင္ လုပ္ေနတယ္။ ျပည္တြင္းမွာေပါတဲ့ မွ်စ္ေျခာက္ကိုပဲ တစ္ဆင့္ျမႇင့္ၿပီးလုပ္တဲ့သေဘာေပါ့။ ဒီႏွစ္မွစလုပ္တာ။ အရင္တုန္းကေတာ့ ျပည္တြင္းေဈးကြက္မွာရွိၿပီးသား။ အခုကေတာ့ ႏိုင္ငံတကာအထိသြားလို႔ရေအာင္ ႏိုင္ငံ တကာနည္းပညာနဲ႔ လုပ္မွာေပါ့။ အဓိကက ဂ်ပန္တို႔၊ တ႐ုတ္တို႔က နည္းပညာနဲ႔ေပါ့။ သုံးတာကလည္း သူတို႔ကအဓိကသုံးၾကတာေလ။ အခုက တ႐ုတ္ျပည္ ေဈးကြက္ကို သြားေနက်ပဲ။ အခုကေတာ့ ပိုၿပီးစနစ္ တက်နဲ႔ ေအာ္ဒါေတြကို ပို႔ႏိုင္တဲ့အေနအထားေတာ့ ေရာက္သြားမွာေပါ့။ ဒီႏွစ္ေတာ့ နမူနာတင္ၿပီး ျပည္တြင္းေဈးကြက္ကို စသြားဖို႔ရည္႐ြယ္ထားတယ္'ဟု ဦးေက်ာ္ဝင္းက ဆိုသည္။

လက္ရွိတြင္ မွ်စ္ႏွင့္ဝါး စိုက္ပ်ိဳး၊ ထုတ္လုပ္သူ မ်ိဳးတူစုအဖြဲ႕ (ေနျပည္ ေတာ္) မွ မွ်စ္လုပ္ငန္းရွင္ စုစုေပါင္း(၃၈)ဦးက စမ္းသပ္လုပ္ေဆာင္ေနၿပီး အဆို ပါမွ်စ္ေျခာက္မ်ားကို တ႐ုတ္ႏိုင္ငံမွ အဓိကဝယ္လိုအား ရွိေနကာ ဂ်ပန္ႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔ကိုလည္း တင္ပို႔ ႏိုင္ရန္ စီစဥ္ေနရာ ႏွစ္စဥ္တန္ခ်ိန္(၂၀ဝ)ခန႔္ ဝယ္လိုအား ရွိေနေၾကာင္းသိရသည္။

သို႔ေသာ္ အမွန္တကယ္ထုတ္လုပ္ႏိုင္ရာ တြင္ ကုန္ၾကမ္းအခက္အခဲ ရွိႏိုင္သည့္အတြက္ လို အပ္သည့္တန္ခ်ိန္ရႏိုင္ေရးအတြက္ အျခားေဒသမ်ား ႏွင့္ ပူးေပါင္း၍ ေဈးကြက္ခ်ိတ္ဆက္မႈမ်ားကိုလည္း ေဆာင္႐ြက္ရန္ စီစဥ္ထားေၾကာင္း သိရသည္။

'ဒါေပမဲ့တကယ္လုပ္ၾကည့္လို႔ ဘာအခက္ အခဲေတြရွိလာဦးမလဲေတာ့ မသိဘူး။ ကုန္ၾကမ္းေကာ ရပါ့မလား။ ျပည္ပႏိုင္ငံေတြကို ပို႔မယ္ဆိုရင္ေတာ့ အ ခုသြားေနတဲ့ ဝါးစိုက္ခင္းကလည္း ျဖစ္မွရမွာေပါ့။ ဝါး စိုက္ခင္းဆိုရင္ေတာ့ ၄ ေပ၊ ၅ ေပရွိတဲ့မွ်စ္ေတြကို ခ်ိဳးလိုက္ရင္ေတာ့ ျပည္ပႏိုင္ငံေတြကို ေဈးကြက္ဝင္တဲ့ ဝါးကို ရမွာေပါ့။ အခုက မွ်စ္ကို တစ္ေပဝန္းက်င္ဆိုရင္ ခ်ိဳးၾကတယ္။ လိုခ်င္တဲ့ တန္ခ်ိန္ရေအာင္ေတာ့ တျခားေဒသကလူေတြနဲ႔ ပူးေပါင္းၿပီးမွ ေဈးကြက္ ခ်ိတ္ ဆက္ဖို႔ေတာ့ ေဆာင္႐ြက္ရမွာေပါ့။ အဓိက ျပႆနာက ကုန္ၾကမ္းကမရႏိုင္ဘူး။ ေဈးကြက္မွာ ေပါေနတဲ့မွ်စ္နဲ႔ ဒီႏွစ္ေတာ့စမ္းလုပ္ရမွာေပါ့'ဟု ၎က ဆိုထားသည္။

အဆိုပါစနစ္သည္ အလုပ္အကိုင္အခြင့္အလမ္းမ်ားလည္း ေဖာ္ေဆာင္ေပးႏိုင္မည့္အျပင္ ႏိုင္ငံတကာေဈးကြက္ရွိေနသည့္အတြက္ ႏိုင္ငံျခား ဝင္ ေငြလည္းရရွိႏိုင္မည့္ လုပ္ငန္းတစ္ခုျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ တစ္ေနရာတည္းတြင္ ဝါးစိုက္ပ်ိဳးၿပီး ျပည္သူမ်ားကို လက္ေတြ႕သင္တန္းေပးႏိုင္ေရး အတြက္ ဝါးႏွင့္ပတ္သက္သည့္ Development Zone တစ္ခုလိုအပ္ေၾကာင္း ၎က ဆိုထားသည္။

'ဒီလုပ္ငန္းကိုလုပ္မယ္ဆိုရင္ ပညာေပးဖို႔က အရင္လိုတာေပါ့။ က်န္းမာေရးအရလည္း အဆင္ ေျပတယ္။ စားသုံးလို႔လည္းအဆင္ေျပတယ္ဆိုတာ မ်ိဳးကို သိလာေအာင္လုပ္ရမွာေပါ့။ အဲဒီလို လုပ္ဖို႔ကလည္း Development Zone လိုမယ္။ ေနရာတစ္ခုတည္းမွာ ထုတ္မယ္။ ၿပီးရင္ လက္ေတြ႕လည္း အဲဒီ ေနရာမွပဲျပမယ္။ လူေတြကိုလမ္းòန္လို႔ရမယ့္ လမ္း ပန္းဆက္သြယ္ေရးေကာင္းမယ့္ ေနရာတစ္ခုမွာ Development Zone ရရင္ေတာ့ ဝါးေတြကို နမူနာ ျပစိုက္မယ္။ ၿပီးရင္ စိုက္နည္း၊ ပ်ိဳးနည္း၊ မ်ိဳးပြားနည္းကအစ သင္တန္း ေပးမယ္။ Development Zone ဆိုတာက အနည္းဆုံး (၁၀) ဧက ကေန ဧက (၅၀)၊ (၁၀ဝ) ေလာက္ေတာ့ လိုမွာေပါ့။ ပညာေပးစခန္းကို (၃) ဧက ေလာက္ေပးၿပီး။ စိုက္ခင္းကို က်န္တာေပးရင္ လည္းျဖစ္တာေပါ့' ဟု ဦးေက်ာ္ဝင္းက ဆိုသည္။ ထို႔ျပင္ ဝါးစိုက္ပ်ိဳးေရာင္းခ်၊ ဝယ္ယူလိုသူမ်ား၊ စိတ္ဝင္စားသူမ်ား တစ္ေနရာတည္းတြင္ စုစည္းရရွိႏိုင္ရန္ ရည္႐ြယ္၍ ေနျပည္ေတာ္တြင္ ဝါးအထူးစံျပဇုန္တည္ေထာင္ရန္ ႀကိဳးစားေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.