ရွှေပြည်သာမြို့နယ်ရှိ ထရန်စဖော်မာတစ်ခုအနီးတွင် ပေါက်ကွဲမှုဖြစ်ပွား

 4288

NP News - စက်တင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ ထရန်စဖော်မာတစ်ခုအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာလ ၇ ရက်)၊ ည ၇ နာရီ ၄၅ မိနစ်အချိန်တွင် ရွှေပြည်သာမြိုနယ်၊(၂)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း နှင့် နွယ်သာကီလမ်းထောင့်ရှိထရန်စဖော်မာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ထရန်စဖော်မာ၏ အောက်ဘက်တွင်ပေါက်ပြဲခဲ့ရာ ဆီများ ယိုကျခဲ့ပြီး အဆိုပါ ထရမ်စဖော်မာကို ကာရံထားသော သံဇကာမှာလည်း (၆)ပေခန့် ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့နောက် ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ PVC ပိုက်ဖြင့် ပြုလုပ် ထားသော လက်လုပ်ဗုံးအပိုင်းအစများ တွေ့ရှိခဲ့ရကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်ကလည်း တာမွေမြို့နယ်၊ ပျားရည်ကုန်းရပ်ကွက်၊ ဗညားဒလလမ်း၊ မြို့မရဲစခန်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဖူးသည်။

Zawgyi Version;
ေ႐ႊျပည္သာၿမိဳ႕နယ္ရွိ ထရန္စေဖာ္မာတစ္ခုအနီးတြင္ ေပါက္ကြဲမႈျဖစ္ပြား
NP News - စက္တင္ဘာ ၈

ရန္ကုန္တိုင္းေဒသႀကီး၊ ေ႐ႊျပည္သာၿမိဳ႕နယ္ရွိ ထရန္စေဖာ္မာတစ္ခုအနီးတြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(စက္တင္ဘာလ ၇ ရက္)၊ ည ၇ နာရီ ၄၅ မိနစ္အခ်ိန္တြင္ ေ႐ႊျပည္သာၿမိဳနယ္၊(၂)ရပ္ကြက္၊ ဗိုလ္ခ်ဳပ္လမ္း ႏွင့္ ႏြယ္သာကီလမ္းေထာင့္ရွိထရန္စေဖာ္မာအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေပါက္ကြဲမႈတြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း ထရန္စေဖာ္မာ၏ ေအာက္ဘက္တြင္ေပါက္ၿပဲခဲ့ရာ ဆီမ်ား ယိုက်ခဲ့ၿပီး အဆိုပါ ထရမ္စေဖာ္မာကို ကာရံထားေသာ သံဇကာမွာလည္း (၆)ေပခန္႔ ပ်က္စီးခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ျဖစ္စဥ္ျဖစ္ပြားရာေနရာသို႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးခဲ့ရာ PVC ပိုက္ျဖင့္ ျပဳလုပ္ ထားေသာ လက္လုပ္ဗုံးအပိုင္းအစမ်ား ေတြ႕ရွိခဲ့ရေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ ဩဂုတ္လ ၂၈ ရက္ကလည္း တာေမြၿမိဳ႕နယ္၊ ပ်ားရည္ကုန္းရပ္ကြက္၊ ဗညားဒလလမ္း၊ ၿမိဳ႕မရဲစခန္းအတြင္း ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ တစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ဖူးသည္။

Related news

© 2021. All rights reserved.