နျူကလီးယားလက်နက်အရေအတွက်ကို တိုးမြှင့်သွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းပြော

 623

Pika (NP News) - စက်တင်ဘာ ၁ဝ

မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားလက်နက်အရေအတွက်ကို လျင်လျင်မြန်မြန်တိုးမြှင့်ဖို့အတွက် နျူကလီးယားအင်အားတည်ဆောက်ရေးမူဝါဒကို ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံ တည်ထောင်တဲ့နှစ်ပတ်လည်နေ့ စက်တင်ဘာလ (၉)ရက်နေ့မှာ ကင်ဂျုံအန်းက ယခုလိုမိန့်ခွန်းပြောကြားခဲ့တာဖြစ်တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က ရေးသားဖော်ပြခဲ့ပါတယ်။ ကင်ဂျုံအန်းက 'မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းရဲ့လုံခြုံရေးအခွင့်အရေးတွေကို အာမခံနိုင်ဖို့အတွက် နျူကလီးယားစွမ်းရည်တွေနဲ့ အဆင့်သင့်ဖြစ်မှုတွေကို အချိန်မရွေးမှန်ကန်စွာအသုံးပြုဖို့ ပြင်ဆင်မှုတွေကို ပိုမိုလုပ်ဆောင်ရပါမယ်”လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် အမေရိကန်နဲ့၎င်းရဲ့မိတ်ဖက်နိုင်ငံတွေရဲ့ အမျိုးမျိုးသောခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့အတွက် အားကောင်းတဲ့စစ်တပ်တည်ရှိမှုကို လိုအပ်တယ်လို့လည်း ကင်ဂျုံအန်းက ပြောကြားခဲ့ပါတယ်။ ကင်ဂျုံအန်းဟာ ခေတ်မီရေတပ်အခြေစိုက်စခန်းအသစ်တစ်ခု တည်ဆောက်ရာနေရာကို သွားရောက်လည်ပတ်ခဲ့ပြီး နိုင်ငံရေကြောင်းတပ်ဖွဲ့တွေကို ပိုမိုဖွံ့ဖြိုးတိုး တက်လာအောင်လုပ်ဆောင်ဖို့ ကတိပြုခဲ့ပြီးနောက် တစ်ရက်အကြာမှာ ယခုလိုပြောဆိုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ အရှေ့ဘက်နဲ့အနောက်ဘက်ခြမ်းတို့မှာ ပင်လယ်ပြင်ရှိတာကြောင့် ယခုတည်ဆောက်နေတဲ့ ရေတပ်အခြေစိုက်စခန်းအသစ်ဟာ နိုင်ငံအတွက် အရေးပါတယ်လို့လည်း ကင်ဂျုံအန်းကပြောကြားခဲ့ပါတယ်။ ပြီးတော့ နိုင်ငံရေတပ်အတွက် အခြေစိုက်စခန်းအဖြစ်ဆောင်ရွက်မယ့် ခေတ်မီဆိပ်ကမ်းမြို့ကို တည်ဆောက်မယ့် အစီ အစဉ်တွေရှိတယ်လို့လည်း ကင်ဂျုံအန်းက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

zawgyi version
န်ဴကလီးယားလက္နက္အေရအတြက္ကို တိုးျမႇင့္သြားမယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းေျပာ
Pika (NP News) - စက္တင္ဘာ ၁ဝ

ေျမာက္ကိုရီးယားႏိုင္ငံဟာ န်ဴကလီးယားလက္နက္အေရအတြက္ကို လ်င္လ်င္ျမန္ျမန္တိုးျမႇင့္ဖို႔အတြက္ န်ဴကလီးယားအင္အားတည္ေဆာက္ေရးမူဝါဒကို က်င့္သုံးေနတယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္းက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ေျမာက္ကိုရီးယားႏိုင္ငံ တည္ေထာင္တဲ့ႏွစ္ပတ္လည္ေန႔ စက္တင္ဘာလ (၉)ရက္ေန႔မွာ ကင္ဂ်ဳံအန္းက ယခုလိုမိန႔္ခြန္းေျပာၾကားခဲ့တာျဖစ္တယ္လို႔ ႏိုင္ငံပိုင္မီဒီယာ KCNA က ေရးသားေဖာ္ျပခဲ့ပါတယ္။ ကင္ဂ်ဳံအန္းက 'ေျမာက္ကိုရီးယားႏိုင္ငံဟာ ၎ရဲ႕လုံၿခဳံေရးအခြင့္အေရးေတြကို အာမခံႏိုင္ဖို႔အတြက္ န်ဴကလီးယားစြမ္းရည္ေတြနဲ႔ အဆင့္သင့္ျဖစ္မႈေတြကို အခ်ိန္မေ႐ြးမွန္ကန္စြာအသုံးျပဳဖို႔ ျပင္ဆင္မႈေတြကို ပိုမိုလုပ္ေဆာင္ရပါမယ္”လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ အေမရိကန္နဲ႔၎ရဲ႕မိတ္ဖက္ႏိုင္ငံေတြရဲ႕ အမ်ိဳးမ်ိဳးေသာၿခိမ္းေျခာက္မႈေတြကို ရင္ဆိုင္ဖို႔အတြက္ အားေကာင္းတဲ့စစ္တပ္တည္ရွိမႈကို လိုအပ္တယ္လို႔လည္း ကင္ဂ်ဳံအန္းက ေျပာၾကားခဲ့ပါတယ္။ ကင္ဂ်ဳံအန္းဟာ ေခတ္မီေရတပ္အေျခစိုက္စခန္းအသစ္တစ္ခု တည္ေဆာက္ရာေနရာကို သြားေရာက္လည္ပတ္ခဲ့ၿပီး ႏိုင္ငံေရေၾကာင္းတပ္ဖြဲ႕ေတြကို ပိုမိုဖြံ႕ၿဖိဳးတိုး တက္လာေအာင္လုပ္ေဆာင္ဖို႔ ကတိျပဳခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ယခုလိုေျပာဆိုမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံဟာ အေရွ႕ဘက္နဲ႔အေနာက္ဘက္ျခမ္းတို႔မွာ ပင္လယ္ျပင္ရွိတာေၾကာင့္ ယခုတည္ေဆာက္ေနတဲ့ ေရတပ္အေျခစိုက္စခန္းအသစ္ဟာ ႏိုင္ငံအတြက္ အေရးပါတယ္လို႔လည္း ကင္ဂ်ဳံအန္းကေျပာၾကားခဲ့ပါတယ္။ ၿပီးေတာ့ ႏိုင္ငံေရတပ္အတြက္ အေျခစိုက္စခန္းအျဖစ္ေဆာင္႐ြက္မယ့္ ေခတ္မီဆိပ္ကမ္းၿမိဳ႕ကို တည္ေဆာက္မယ့္ အစီ အစဥ္ေတြရွိတယ္လို႔လည္း ကင္ဂ်ဳံအန္းက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.