မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ထောင်ဒဏ်တစ်နှစ်ချမှတ်ခံလိုက်ရတဲ့ နာမည်ကြီး တောင်ကိုရီးယားမင်းသား Yoo Ah-in

 2918

Pika (NP News) - စက်တင်ဘာ ၁၁

နာမည်ကြီး တောင်ကိုရီးယားမင်းသား Yoo Ah-in သည် ထုံဆေး propofol အား တရားမဝင်သုံးစွဲမှုဖြင့် စက်တင်ဘာလ(၃)ရက်နေ့တွင် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီးနောက် ထောင်ဒဏ်(၁)နှစ်ချမှတ်ခံခဲ့ရကြောင်း Yonhap သတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့သည်။

အမည်ရင်း Uhm Hong-sik ဖြစ်သော Yoo Ah-in သည် ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ထုံဆေး propofol ကို (၁၈၁)ကြိမ်အထိ အသုံးပြုခဲ့သည်ဟု စွပ်စွဲခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ Yoo Ah-in သည် အဆိုပါမူးယစ်ဆေး ဝါးများကို အလှကုန်လုပ်ထုံးလုပ်နည်းများပြုလုပ်ပြီးသည့်ဟန်ဖြင့် ပရော်ဖက်ရှင်နယ်ဆေးခန်းများတွင် စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။တရားစွဲဆိုမှုက Hellbound ဇာတ်ကား သရုပ်ဆောင် အသက်(၃၇)နှစ်အရွယ် Yoo Ah-in ကို ထောင်ဒဏ်လေးနှစ်အထိ ချမှတ်ရန် ကြိုးပမ်းခဲ့သော် လည်း ဆိုးလ်အလယ်ပိုင်းခရိုင်တရားရုံးက ၎င်းကို ထောင်ဒဏ်(၁)နှစ်သာ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း Yonhap ၏ ဖော်ပြချက်အရ သိရသည်။

တရားရုံးက " Yoo Ah-in ဟာ မူးယစ်ဆေးဝါးသုံးစွဲမှုအတွက် ၎င်းရဲ့ဝယ်ယူမှုအားလုံးနဲ့ပတ်သက်ပြီး အပြစ်ရှိကြောင်းတွေ့ရှိခဲ့ပါတယ်"ဟု စီရင်ချက်တွင် ရေးသားဖော်ပြထားသည်။ Yoo Ah-in သည် သက်ဆိုင်ရာစည်းမျဉ်းများကို ဂရုမစိုက်ဘဲ ပြစ်မှုများကို ကျူးလွန်ခဲ့ကြောင်းနှင့် မူးယစ်ဆေးဝါး ပစ္စည်းများအပေါ် သတိထားမှုကင်းမဲ့ကြောင်း ပြသခဲ့သည်ဟု တရားရုံးက ပြောကြားခဲ့သည်။ ထို့ပြင် Yoo Ah-in အတွက် သင့်လျော်သော ဆေးညွှန်းမပါဘဲ propofol ကို စီစဉ်ပေးခဲ့သော ဆရာဝန်တစ်ဦးကို ပြီးခဲ့သည့်လက ဒဏ်ငွေဝမ်သန်း(၄၀)ဒဏ်ရိုက်ခဲ့ကြောင်းလည်း သိရသည်။ Propofol ကို ခွဲစိတ်ထုံဆေးအဖြစ် အဓိကထားအသုံးပြုသော်လည်း တစ်ခါတစ်ရံတွင် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် အပန်းဖြေသည့်နေရာတွင် အလွဲသုံးစားလုပ်၍ရကြောင်းလည်း သိရသည်။

zawgyi version
မူးယစ္ေဆးဝါးသုံးစြဲမႈေၾကာင့္ ေထာင္ဒဏ္တစ္ႏွစ္ခ်မွတ္ခံလိုက္ရတဲ့ နာမည္ ႀကီး ေတာင္ကိုရီးယားမင္းသား Yoo Ah-in
Pika (NP News) - စက္တင္ဘာ ၁၁

နာမည္ႀကီး ေတာင္ကိုရီးယားမင္းသား Yoo Ah-in သည္ ထုံေဆး propofol အား တရားမဝင္သုံးစြဲမႈျဖင့္ စက္တင္ဘာလ(၃)ရက္ေန႔တြင္ အျပစ္ရွိေၾကာင္း ေတြ႕ရွိခဲ့ၿပီးေနာက္ ေထာင္ဒဏ္(၁)ႏွစ္ခ်မွတ္ခံခဲ့ရေၾကာင္း Yonhap သတင္းေအဂ်င္စီက ေရးသားေဖာ္ျပခဲ့သည္။

အမည္ရင္း Uhm Hong-sik ျဖစ္ေသာ Yoo Ah-in သည္ ၂၀၂၀ ခုႏွစ္မွ ၂၀၂၂ ခုႏွစ္အတြင္း ထုံေဆး propofol ကို (၁၈၁)ႀကိမ္အထိ အသုံးျပဳခဲ့သည္ဟု စြပ္စြဲခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။ Yoo Ah-in သည္ အဆိုပါမူးယစ္ေဆး ဝါးမ်ားကို အလွကုန္လုပ္ထုံးလုပ္နည္းမ်ားျပဳလုပ္ၿပီးသည့္ဟန္ျဖင့္ ပေရာ္ဖက္ရွင္နယ္ေဆးခန္းမ်ားတြင္ စီမံေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။တရားစြဲဆိုမႈက Hellbound ဇာတ္ကား သ႐ုပ္ေဆာင္ အသက္(၃၇)ႏွစ္အ႐ြယ္ Yoo Ah-in ကို ေထာင္ဒဏ္ေလးႏွစ္အထိ ခ်မွတ္ရန္ ႀကိဳးပမ္းခဲ့ေသာ္ လည္း ဆိုးလ္အလယ္ပိုင္းခ႐ိုင္တရား႐ုံးက ၎ကို ေထာင္ဒဏ္(၁)ႏွစ္သာ ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း Yonhap ၏ ေဖာ္ျပခ်က္အရ သိရသည္။

တရား႐ုံးက " Yoo Ah-in ဟာ မူးယစ္ေဆးဝါးသုံးစြဲမႈအတြက္ ၎ရဲ႕ဝယ္ယူမႈအားလုံးနဲ႔ပတ္သက္ၿပီး အျပစ္ရွိေၾကာင္းေတြ႕ရွိခဲ့ပါတယ္"ဟု စီရင္ခ်က္တြင္ ေရးသားေဖာ္ျပထားသည္။ Yoo Ah-in သည္ သက္ဆိုင္ရာစည္းမ်ဥ္းမ်ားကို ဂ႐ုမစိုက္ဘဲ ျပစ္မႈမ်ားကို က်ဴးလြန္ခဲ့ေၾကာင္းႏွင့္ မူးယစ္ေဆးဝါး ပစၥည္းမ်ားအေပၚ သတိထားမႈကင္းမဲ့ေၾကာင္း ျပသခဲ့သည္ဟု တရား႐ုံးက ေျပာၾကားခဲ့သည္။ ထို႔ျပင္ Yoo Ah-in အတြက္ သင့္ေလ်ာ္ေသာ ေဆးၫႊန္းမပါဘဲ propofol ကို စီစဥ္ေပးခဲ့ေသာ ဆရာဝန္တစ္ဦးကို ၿပီးခဲ့သည့္လက ဒဏ္ေငြဝမ္သန္း(၄၀)ဒဏ္႐ိုက္ခဲ့ေၾကာင္းလည္း သိရသည္။ Propofol ကို ခြဲစိတ္ထုံေဆးအျဖစ္ အဓိကထားအသုံးျပဳေသာ္လည္း တစ္ခါတစ္ရံတြင္ ေဆးဘက္ဆိုင္ရာကြၽမ္းက်င္ပညာရွင္မ်ား၏ ပူးေပါင္းပါဝင္မႈျဖင့္ အပန္းေျဖသည့္ေနရာတြင္ အလြဲသုံးစားလုပ္၍ရေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.