အိမ်တိုင်ရာရောက် စားအုန်းဆီပို့ဆောင်ရေးစနစ်အတွက် အော်ဒါတင်ရန် ဖုန်းလိုင်းခွဲ (၉၀)အထိ တိုးချဲ့ရန်စီစဉ်နေပြီး မိုဘိုင်းအက်ပလီကေးရှင်းကိုလည်း ပြင်ဆင်နေ

 2165

ယွန်း (NP News) - စက်တင်ဘာ ၁၁

အိမ်တိုင်ရာရောက် စားအုန်းဆီပို့ဆောင် ရေးစနစ်အတွက် အော်ဒါတင်ရန် ဖုန်းလိုင်းခွဲ(၉၀)အထိတိုးချဲ့ရန်စီစဉ်နေပြီး မိုဘိုင်းအပလီကေးရှင်းကိုလည်း ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံဆီကုန် သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းထံ NP News က ဆက်သွယ်‌မေးမြန်းထားချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ရန်ကုန်တိုင်းဒေသကြီး အတွင်း အိမ်တိုင်ရာရောက်စနစ်ဖြင့် စားအုန်းဆီများကို ရောင်းချပေးရန်စီစဉ်ခဲ့ပြီး ပြီးခဲ့သည့် ဇူလိုင် လ(၃၁)ရက်နေ့မှစ၍ အော်ဒါများကို လိုင်းခွဲ(၇)လိုင်းဖြင့် ကောက်ခံခဲ့ကြောင်း သိရသည်။

သို့သော် လုပ်ငန်းလိုအပ်ချက်များနှင့် စား သုံးသူများအနေဖြင့် ဖုန်းဆက်ရာတွင် အခက်အခဲ များဖြစ်ပေါ်လျက်ရှိခြင်းကြောင့် ဖုန်းလိုင်းခွဲများကို ထပ်မံတိုးချဲ့ခဲ့ရာ လက်ရှိတွင် လိုင်းခွဲ(၅၀)အထိ တိုး ချဲ့ထားကြောင်း သိရသည်။

"လက်ရှိမှာ လိုင်းခွဲ(၅၀)နဲ့ ပြန်ပြင်ထား တယ်။ လိုင်းခွဲ(၁၀)ခု၊ (၁၅)ခုလောက်တုန်းက Call Center အခက်အခဲက တော်တော်ကြုံတွေ့လိုက် ရတယ်။ လကုန်ရင် လိုင်းခွဲ(၉၀)လောက်ထိကို ထပ်ချဲ့မယ်။ အများစုက ဖုန်းဆက်လို့မရဘူးဆိုတာ သိရတယ်။ အခုက Call Center တစ်ခုက ပြင်ဆင်ဆဲ အခြေအနေဖြစ်နေလို့လေ။ အရင်ထက်စာရင် တော့ (၅)ဆလောက်ဖြစ်သွားမှာပေါ့။ Call Center နှစ်ခု ဖြစ်သွားတာပေါ့။ လကုန်ဆိုရင် သူတို့ကလည်း လိုင်းခွဲကို (၇၀) လောက်ထိ တိုးပေးသွားမှာ။ နောက်ထပ် Call Center တစ်ခုကလည်း လကုန်လောက်မှာ လိုင်းခွဲ (၃၀)‌ လောက်နဲ့ လက်ခံနိုင်အောင် စီစဉ် ဆောင်ရွက်နေပါတယ်" ဟု မြန်မာနိုင်ငံဆီကုန် သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဒုဥက္ကဋ္ဌ ကိုပိုင်ဖြိုးသန့်က ပြောသည်။

ယခင်က တစ်ရက်လျှင် အော်ဒါအရေ အတွက် (၁၀ဝဝ) အထိသာ လက်ခံထားသော်လည်း ယခုအခါ လိုင်းခွဲများတိုးချဲ့ထားသည့်အတွက် တစ် ရက်လျှင် အိမ်ထောင်စု(၅၀ဝဝ)အထိ ပို့ဆောင် သွားမည်ဖြစ်ကာ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်(၁၄)ခုအနက် ခရိုင်(၈)ခုတွင် Call Center တစ်ခုဖွင့်လှစ်ထားပြီး ကျန်ခရိုင်(၆)ခုတွင် လည်း Call Center ထပ်မံဖွင့်လှစ်ထားကြောင်း သိရသည်။

"ပြီးခဲ့တဲ့လကဆိုရင် (၁၀ဝဝ)၊ (၁၂၀ဝ) မှန်းထားပေမယ့် Call Center အခက်အခဲကြောင့် (၈၀ဝ) လောက်ပဲ ပို့နိုင်တယ်။ အခုက တစ်ရက်ကို အမှာစာ (၄၀ဝဝ) နဲ့ (၅၀ဝဝ) ကြားအထိကို လက်ခံဖို့ ပြင်ဆင်ထားပါတယ်။ ခရိုင် (၁၄) ခရိုင်မှာ (၈) ခရိုင် ကို Call Center တစ်ခု လိုင်းခွဲ (၃၀)။ နောက်ထပ် ခရိုင် (၆) ခုကို Call Center (၁) ခု လိုင်းခွဲ (၂၀) နဲ့ လက်ခံမှာပါ။ တကယ်ကို Call Center ထပ်တိုး လာရင် ခရိုင်ခွဲထားတာကို ပြန်ဆွဲထုတ်သွားမှာပါ" ဟု ကိုပိုင်ဖြိုးသန့်က ဆက်လက်ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်းအနေဖြင့် တစ်ရက်လျှင် အော်ဒါအရေအတွက် (၈၀ဝဝ) အထိ တိုးချဲ့ပို့ ဆောင်နိုင်ရန်လည်း စီစဉ်နေပြီး လိုအပ်ချက်ရှိလာ ပါက အော်ဒါတင်နိုင်ရေးအတွက် အက်ပလီကေးရှင်း ရေးဆွဲရေးကို ပြင်ဆင်နေကြောင်းသိရသည်။

အဆိုပါစနစ်အရ အိမ်ထောင်စုတစ်စုအတွက် တစ်လတစ်ကြိမ် ဆီ(၂)ပိဿာနှုန်းဖြင့် ရောင်း ချပေးသွားမည်ဖြစ်ပြီး သယ်ယူပို့ဆောင်ခကို ဝယ်ယူ သူဘက်က ပေးဆောင်ရမည်ဖြစ်ကြောင်း မြန်မာနိုင် ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက အသိပေး ထုတ်ပြန်ထားပြီးဖြစ်သည်။

zawgyi version
အိမ္တိုင္ရာေရာက္ စားအုန္းဆီပို႔ေဆာင္ေရးစနစ္အတြက္ ေအာ္ဒါတင္ရန္ ဖုန္းလိုင္းခြဲ(၉၀)အထိ တိုးခ်ဲ႕ရန္စီစဥ္ေနၿပီး မိုဘိုင္းအက္ပလီေကးရွင္းကိုလည္း ျပင္ဆင္ေန
ယြန္း (NP News) - စက္တင္ဘာ ၁၁

အိမ္တိုင္ရာေရာက္ စားအုန္းဆီပို႔ေဆာင္ ေရးစနစ္အတြက္ ေအာ္ဒါတင္ရန္ ဖုန္းလိုင္းခြဲ(၉၀)အထိတိုးခ်ဲ႕ရန္စီစဥ္ေနၿပီး မိုဘိုင္းအပလီေကးရွင္းကိုလည္း ျပင္ဆင္ေနေၾကာင္း ျမန္မာႏိုင္ငံဆီကုန္ သည္ႏွင့္ဆီလုပ္ငန္းရွင္မ်ားအသင္းထံ NP News က ဆက္သြယ္‌ေမးျမန္းထားခ်က္အရ သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ ႀကီးၾကပ္မႈျဖင့္ ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္းက ရန္ကုန္တိုင္းေဒသႀကီး အတြင္း အိမ္တိုင္ရာေရာက္စနစ္ျဖင့္ စားအုန္းဆီမ်ားကို ေရာင္းခ်ေပးရန္စီစဥ္ခဲ့ၿပီး ၿပီးခဲ့သည့္ ဇူလိုင္ လ(၃၁)ရက္ေန႔မွစ၍ ေအာ္ဒါမ်ားကို လိုင္းခြဲ(၇)လိုင္းျဖင့္ ေကာက္ခံခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္ လုပ္ငန္းလိုအပ္ခ်က္မ်ားႏွင့္ စား သုံးသူမ်ားအေနျဖင့္ ဖုန္းဆက္ရာတြင္ အခက္အခဲ မ်ားျဖစ္ေပၚလ်က္ရွိျခင္းေၾကာင့္ ဖုန္းလိုင္းခြဲမ်ားကို ထပ္မံတိုးခ်ဲ႕ခဲ့ရာ လက္ရွိတြင္ လိုင္းခြဲ(၅၀)အထိ တိုး ခ်ဲ႕ထားေၾကာင္း သိရသည္။

"လက္ရွိမွာ လိုင္းခြဲ(၅၀)နဲ႔ ျပန္ျပင္ထား တယ္။ လိုင္းခြဲ(၁၀)ခု၊ (၁၅)ခုေလာက္တုန္းက Call Center အခက္အခဲက ေတာ္ေတာ္ႀကဳံေတြ႕လိုက္ ရတယ္။ လကုန္ရင္ လိုင္းခြဲ(၉၀)ေလာက္ထိကို ထပ္ခ်ဲ႕မယ္။ အမ်ားစုက ဖုန္းဆက္လို႔မရဘူးဆိုတာ သိရတယ္။ အခုက Call Center တစ္ခုက ျပင္ဆင္ဆဲ အေျခအေနျဖစ္ေနလို႔ေလ။ အရင္ထက္စာရင္ ေတာ့ (၅)ဆေလာက္ျဖစ္သြားမွာေပါ့။ Call Center ႏွစ္ခု ျဖစ္သြားတာေပါ့။ လကုန္ဆိုရင္ သူတို႔ကလည္း လိုင္းခြဲကို (၇၀) ေလာက္ထိ တိုးေပးသြားမွာ။ ေနာက္ထပ္ Call Center တစ္ခုကလည္း လကုန္ေလာက္မွာ လိုင္းခြဲ (၃၀)‌ ေလာက္နဲ႔ လက္ခံႏိုင္ေအာင္ စီစဥ္ ေဆာင္႐ြက္ေနပါတယ္" ဟု ျမန္မာႏိုင္ငံဆီကုန္ သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္းမွ ဒုဥကၠ႒ ကိုပိုင္ၿဖိဳးသန႔္က ေျပာသည္။

ယခင္က တစ္ရက္လွ်င္ ေအာ္ဒါအေရ အတြက္ (၁၀ဝဝ) အထိသာ လက္ခံထားေသာ္လည္း ယခုအခါ လိုင္းခြဲမ်ားတိုးခ်ဲ႕ထားသည့္အတြက္ တစ္ ရက္လွ်င္ အိမ္ေထာင္စု(၅၀ဝဝ)အထိ ပို႔ေဆာင္ သြားမည္ျဖစ္ကာ လက္ရွိတြင္ ရန္ကုန္တိုင္းေဒသႀကီး အတြင္းရွိ ခ႐ိုင္(၁၄)ခုအနက္ ခ႐ိုင္(၈)ခုတြင္ Call Center တစ္ခုဖြင့္လွစ္ထားၿပီး က်န္ခ႐ိုင္(၆)ခုတြင္ လည္း Call Center ထပ္မံဖြင့္လွစ္ထားေၾကာင္း သိရသည္။

"ၿပီးခဲ့တဲ့လကဆိုရင္ (၁၀ဝဝ)၊ (၁၂၀ဝ) မွန္းထားေပမယ့္ Call Center အခက္အခဲေၾကာင့္ (၈၀ဝ) ေလာက္ပဲ ပို႔ႏိုင္တယ္။ အခုက တစ္ရက္ကို အမွာစာ (၄၀ဝဝ) နဲ႔ (၅၀ဝဝ) ၾကားအထိကို လက္ခံဖို႔ ျပင္ဆင္ထားပါတယ္။ ခ႐ိုင္ (၁၄) ခ႐ိုင္မွာ (၈) ခ႐ိုင္ ကို Call Center တစ္ခု လိုင္းခြဲ (၃၀)။ ေနာက္ထပ္ ခ႐ိုင္ (၆) ခုကို Call Center (၁) ခု လိုင္းခြဲ (၂၀) နဲ႔ လက္ခံမွာပါ။ တကယ္ကို Call Center ထပ္တိုး လာရင္ ခ႐ိုင္ခြဲထားတာကို ျပန္ဆြဲထုတ္သြားမွာပါ" ဟု ကိုပိုင္ၿဖိဳးသန႔္က ဆက္လက္ေျပာသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ ဆီ လုပ္ငန္းရွင္မ်ားအသင္းအေနျဖင့္ တစ္ရက္လွ်င္ ေအာ္ဒါအေရအတြက္ (၈၀ဝဝ) အထိ တိုးခ်ဲ႕ပို႔ ေဆာင္ႏိုင္ရန္လည္း စီစဥ္ေနၿပီး လိုအပ္ခ်က္ရွိလာ ပါက ေအာ္ဒါတင္ႏိုင္ေရးအတြက္ အက္ပလီေကးရွင္း ေရးဆြဲေရးကို ျပင္ဆင္ေနေၾကာင္းသိရသည္။

အဆိုပါစနစ္အရ အိမ္ေထာင္စုတစ္စုအတြက္ တစ္လတစ္ႀကိမ္ ဆီ(၂)ပိႆာႏႈန္းျဖင့္ ေရာင္း ခ်ေပးသြားမည္ျဖစ္ၿပီး သယ္ယူပို႔ေဆာင္ခကို ဝယ္ယူ သူဘက္က ေပးေဆာင္ရမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ ငံဆီကုန္သည္ႏွင့္ဆီလုပ္ငန္းရွင္မ်ားအသင္းက အသိေပး ထုတ္ျပန္ထားၿပီးျဖစ္သည္။

Related news

© 2021. All rights reserved.