မျက်လုံးကိုအဝတ်စနဲ့စည်းကာ ဘတ်စ်ကတ်ဘောလုံးကို အောင်မြင်စွာသွင်းယူပြီး ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့တဲ့ အမေရိကန်အမျိုးသား

 264

Pika (NP News) - စက်တင်ဘာ ၁၂

အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်မှ ဘတ်စ်ကတ်ဘောပရော်ဖက်ရှင်နယ်အမျိုးသားတစ်ဦးသည် မျက်လုံးများ ကို အဝတ်စဖြင့်စည်းထားကာ ပေ(၆၀)အကွာအဝေးမှတစ်ဆင့် ဘတ်စ်ကတ်ဘောလုံးကို အောင်မြင်စွာသွင်းပြနိုင် ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။

Scottsdale မြို့တွင်နေထိုင်သည့် အသက်(၃၂)နှစ်အရွယ် Jeremy Ware သည် မျက်လုံးကို အဝတ်စဖြင့် စည်းထားကာ ဘတ်စ်ကတ်ဘောလုံးကို အောင်မြင်စွာသွင်းပြနိုင်ခဲ့ပြီးနောက် ယခုကဲ့သို့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ယခင်က Jeremy Ware သည် ဘတ်စ်ကတ်ဘောလုံးကို (၈၅ ဒသမ ၅) ပေ အကွာအဝေးမှ နောက်ပြန်ပစ်ကာ သွင်းယူနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ဖူးကြောင်း သိရသည်။ ထို့ပြင် ၎င်း၏ နောက်ဆုံးအကြိမ် ကြိုးပမ်းခဲ့သော ဘတ်စ်ကတ်ဘောစံချိန်မှာ ယခင်စံချိန်များထက် ပိုမိုခက်ခဲကြောင်း Jeremy Ware က ပြောကြားခဲ့သည်။ Jeremy Ware က “ဘတ်စ်ကတ်ဘောကို နောက်ပြန်ပစ်ပြီးသွင်းယူတာက ကိုးကားစရာအချက် တွေရှိနေပြီး အရမ်းကြီးတော့မခက်ခဲပါဘူး။ နောက်ဆုံးကြိုးပမ်းခဲ့တဲ့ဒီစံချိန်ကတော့ အခက်အခဲတွေ ရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ရဲ့မျက်လုံးတွေကို အဝတ်စတွေနဲ့စည်းထားတဲ့အတွက် ဂိုးပေါက်နေရာကို ခန့်မှန်းရတာက ခက်ခဲပါတယ်။ ဒါပေမယ့်လည်း မျက်လုံးကို အဝတ်စနဲ့စည်းထားတဲ့အချိန်မှာ အခုလို အောင်အောင်မြင်မြင်နဲ့ ပစ်သွင်းနိုင်ခဲ့တဲ့အတွက် တကယ်ကိုဝမ်းသာမိပါတယ်” ဟု ပြောခဲ့သည်။

သို့သော်လည်း Jeremy Ware ၏ ဘတ်စ်ကတ်ဘောလုံးကို နောက်ပြန်ပစ်ကာသွင်းယူထားသည့် စံချိန်ကို အခြားလူတစ်ဦးက ထပ်မံချိုးဖျက်ထားသည့်အတွက် လက်ရှိအချိန်တွင် ၎င်းသည်အဆိုပါစံချိန်ကို ပြန်လည်ရယူ နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်းလည်း သိရသည်။

Zawgyi Version;
မ်က္လုံးကိုအဝတ္စနဲ႔စည္းကာ ဘတ္စ္ကတ္ေဘာလုံးကို ေအာင္ျမင္စြာသြင္းယူၿပီး ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ခဲ့တဲ့ အေမရိကန္အမ်ိဳးသား
Pika (NP News) - စက္တင္ဘာ ၁၂

အေမရိကန္ႏိုင္ငံ အရီဇိုးနားျပည္နယ္မွ ဘတ္စ္ကတ္ေဘာပေရာ္ဖက္ရွင္နယ္အမ်ိဳးသားတစ္ဦးသည္ မ်က္လုံးမ်ား ကို အဝတ္စျဖင့္စည္းထားကာ ေပ(၆၀)အကြာအေဝးမွတစ္ဆင့္ ဘတ္စ္ကတ္ေဘာလုံးကို ေအာင္ျမင္စြာသြင္းျပႏိုင္ ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။

Scottsdale ၿမိဳ႕တြင္ေနထိုင္သည့္ အသက္(၃၂)ႏွစ္အ႐ြယ္ Jeremy Ware သည္ မ်က္လုံးကို အဝတ္စျဖင့္ စည္းထားကာ ဘတ္စ္ကတ္ေဘာလုံးကို ေအာင္ျမင္စြာသြင္းျပႏိုင္ခဲ့ၿပီးေနာက္ ယခုကဲ့သို႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။
ယခင္က Jeremy Ware သည္ ဘတ္စ္ကတ္ေဘာလုံးကို (၈၅ ဒသမ ၅) ေပ အကြာအေဝးမွ ေနာက္ျပန္ပစ္ကာ သြင္းယူႏိုင္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ဖူးေၾကာင္း သိရသည္။ ထို႔ျပင္ ၎၏ ေနာက္ဆုံးအႀကိမ္ ႀကိဳးပမ္းခဲ့ေသာ ဘတ္စ္ကတ္ေဘာစံခ်ိန္မွာ ယခင္စံခ်ိန္မ်ားထက္ ပိုမိုခက္ခဲေၾကာင္း Jeremy Ware က ေျပာၾကားခဲ့သည္။ Jeremy Ware က “ဘတ္စ္ကတ္ေဘာကို ေနာက္ျပန္ပစ္ၿပီးသြင္းယူတာက ကိုးကားစရာအခ်က္ ေတြရွိေနၿပီး အရမ္းႀကီးေတာ့မခက္ခဲပါဘူး။ ေနာက္ဆုံးႀကိဳးပမ္းခဲ့တဲ့ဒီစံခ်ိန္ကေတာ့ အခက္အခဲေတြ ရွိခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္ရဲ႕မ်က္လုံးေတြကို အဝတ္စေတြနဲ႔စည္းထားတဲ့အတြက္ ဂိုးေပါက္ေနရာကို ခန႔္မွန္းရတာက ခက္ခဲပါတယ္။ ဒါေပမယ့္လည္း မ်က္လုံးကို အဝတ္စနဲ႔စည္းထားတဲ့အခ်ိန္မွာ အခုလို ေအာင္ေအာင္ျမင္ျမင္နဲ႔ ပစ္သြင္းႏိုင္ခဲ့တဲ့အတြက္ တကယ္ကိုဝမ္းသာမိပါတယ္” ဟု ေျပာခဲ့သည္။

သို႔ေသာ္လည္း Jeremy Ware ၏ ဘတ္စ္ကတ္ေဘာလုံးကို ေနာက္ျပန္ပစ္ကာသြင္းယူထားသည့္ စံခ်ိန္ကို အျခားလူတစ္ဦးက ထပ္မံခ်ိဳးဖ်က္ထားသည့္အတြက္ လက္ရွိအခ်ိန္တြင္ ၎သည္အဆိုပါစံခ်ိန္ကို ျပန္လည္ရယူ ႏိုင္ရန္ ႀကိဳးပမ္းလ်က္ရွိေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.