ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော

 960

သန့်ဇင် (NP News) - စက်တင်ဘာ ၁၄

ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန်နှင့် ရေဘေးသင့်ပြည်သူများအား အမြန်ဆုံးထောက်ပံ ပေးနိုင်ရေးလိုအပ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့(စက်တင်ဘာ ၁၃ ရက်)က နေပြည်တော်တွင် ရေကြီးရေလျှံမှုအခြေအနေများကို သွားရောက်ကြည့်ရှုစဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတစ်ဝန်းရှိ ရေကြီးရေလျှံမှုဒဏ်ခံခဲ့ရသည့် ဒေသများတွင် ကူညီကယ် ဆယ်ရေးလုပ်ငန်းများကို အင်ပြည့်အားပြည့်ဖြင့် အမြန်ဆုံး ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း ၎င်းကဆိုသည်။ ထို့ပြင် ရေဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ ကူညီကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေးပစ္စည်းများ အမြန်ဆုံးရောက်ရှိရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်းထည့် သွင်းပြောကြားခဲ့သည်။

ရေကြီးရေလျှံမှုများ ခံစားခဲ့ရသည့် အခြားနိုင်ငံများနည်းတူ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ အမြန်ဆုံး ရရှိနိုင်ရေးအတွက် ဆောင်ရွက်သွားရန်နှင့် ရေဘေးသင့်ပြည်သူများအား အမြန်ဆုံး ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိတွင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော ဒေသများ၌ ရေပြန်လည်ကျဆင်းလျက်ရှိသော်လည်း သံလွင်မြစ်၊ စစ်တောင်းမြစ်နှင့် ပဲခူးမြစ်တို့တွင် စိုးရိမ်ရေအမှတ်ထက်မြင့်တက်နေသောကြောင့် အဆိုပါမြစ်များအနီးရှိ အနိမ့်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်နေလျက်ရှိကြောင်း သိရသည်။

zawgyi version
ေရႀကီးေရလွ်ံမႈအတြက္ ျပည္ပႏိုင္ငံမ်ားမွ ကူညီမႈမ်ားရရွိေအာင္ ခ်ိတ္ဆက္ရန္ ႏွင့္ ေရေဘးသင့္မ်ားအား အျမန္ဆုံး ေထာက္ပံ့ရန္ နစကဥကၠ႒ေျပာ

သန႔္ဇင္ (NP News) - စက္တင္ဘာ ၁၄

ေရႀကီးေရလွ်ံမႈအတြက္ ျပည္ပႏိုင္ငံမ်ားမွ ကူညီမႈမ်ားရရွိေအာင္ ခ်ိတ္ဆက္ရန္ႏွင့္ ေရေဘးသင့္ျပည္သူမ်ားအား အျမန္ဆုံးေထာက္ပံ ေပးႏိုင္ေရးလိုအပ္ေၾကာင္း နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။

နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယမန္ေန႔(စက္တင္ဘာ ၁၃ ရက္)က ေနျပည္ေတာ္တြင္ ေရႀကီးေရလွ်ံမႈအေျခအေနမ်ားကို သြားေရာက္ၾကည့္ရႈစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံတစ္ဝန္းရွိ ေရႀကီးေရလွ်ံမႈဒဏ္ခံခဲ့ရသည့္ ေဒသမ်ားတြင္ ကူညီကယ္ ဆယ္ေရးလုပ္ငန္းမ်ားကို အင္ျပည့္အားျပည့္ျဖင့္ အျမန္ဆုံး ဆက္လက္ေဆာင္႐ြက္သြားရန္လိုေၾကာင္း ၎ကဆိုသည္။ ထို႔ျပင္ ေရေဘးသင့္ျပည္သူမ်ား၏ လက္ဝယ္သို႔ ကူညီကယ္ဆယ္ေရးႏွင့္ေထာက္ပံ့ေရးပစၥည္းမ်ား အျမန္ဆုံးေရာက္ရွိေရးအတြက္လည္း ေဆာင္႐ြက္သြားရန္လိုေၾကာင္းထည့္ သြင္းေျပာၾကားခဲ့သည္။

ေရႀကီးေရလွ်ံမႈမ်ား ခံစားခဲ့ရသည့္ အျခားႏိုင္ငံမ်ားနည္းတူ ျပည္ပႏိုင္ငံမ်ားမွ ကူညီကယ္ဆယ္ေရးႏွင့္ ေထာက္ပံ့ေရးပစၥည္းမ်ား အျမန္ဆုံး ရရွိႏိုင္ေရးအတြက္ ေဆာင္႐ြက္သြားရန္ႏွင့္ ေရေဘးသင့္ျပည္သူမ်ားအား အျမန္ဆုံး ေထာက္ပံ့ေပးႏိုင္ေရး ေဆာင္႐ြက္သြားရန္ လိုအပ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။

လက္ရွိတြင္ ေနျပည္ေတာ္ေကာင္စီနယ္ေျမအပါအဝင္ ေရႀကီးေရလွ်ံမႈျဖစ္ပြားခဲ့ေသာ ေဒသမ်ား၌ ေရျပန္လည္က်ဆင္းလ်က္ရွိေသာ္လည္း သံလြင္ျမစ္၊ စစ္ေတာင္းျမစ္ႏွင့္ ပဲခူးျမစ္တို႔တြင္ စိုးရိမ္ေရအမွတ္ထက္ျမင့္တက္ေနေသာေၾကာင့္ အဆိုပါျမစ္မ်ားအနီးရွိ အနိမ့္ပိုင္းေဒသမ်ားတြင္ ေရႀကီးေရလွ်ံမႈမ်ား ဆက္လက္ျဖစ္ေပၚေနလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.