မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်

 201

Pika (NP News) - စက်တင်ဘာ ၁၈

စက်တင်ဘာလ(၁၈)ရက်နေ့မှာ မြောက်ကိုရီးယားဟာ ၎င်းရဲ့နိုင်ငံအရှေ့ဖက်ကမ်းရိုးတန်းပင်လယ်ပြင်ထဲကို တာတိုပစ်ပဲ့ထိန်းဒုံးကျည်အများအပြား စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားအစိုးရက ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားအစိုးရဟာ ယူရေနီယမ်သန့်စင်တဲ့စက်ရုံရဲ့ ဓါတ်ပုံတွေကို ပထမဆုံးအကြိမ်ထုတ်ပြန်ပြသခဲ့ပြီး နိုင်ငံရဲ့နျူကလီးယားလက်နက်တိုက်ကို တိုးမြှင့်သွားမယ်လို့ ကတိပြုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုစမ်းသပ်ပစ်လွှတ်မှုတွေထွက်ပေါ်လာတာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားအစိုးရဟာ တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ပြုံးယမ်းမြို့မြောက်ဖက် Kaechon မြို့ကနေ နံနက်(၆)နာရီ(၅၀)မိနစ်မှာ စမ်းသပ်ပစ်လွှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဒုံးကျည်တွေဟာ အရှေ့မြောက်ဦးတည်ချက်အတိုင်း အကွာအဝေး (၄၀၀) ကီလိုမီတာလောက်အထိ ပျံသန်းခဲ့တယ်လို့ တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံး(JCS)က ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒုံးကျည်အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတဲ့အချက်နဲ့ ဘယ်နားမှာ ပျက်ကျသွားခဲ့တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို (JCS)က ထုတ်ပြန် ပြောကြားခဲ့တာမျိုးမရှိဘူးလို့လည်း သိရပါတယ်။

JCS က "မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေဟာ ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ပြင်းပြင်းထန်ထန် ခြိမ်း ခြောက်နေတဲ့ ရှင်းလင်းပြတ်သားတဲ့ ရန်စမှုတွေဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ အဲဒီလိုလုပ်ရပ်တွေကို ကျွန်တော်တို့ ပြစ်တင်ရှုတ်ချပါတယ်။ နောက် ထပ်ရန်စမှုတွေရှိလာမယ်ဆိုရင် လက်တုံ့ပြန်မှုတွေကို ချက်ချင်းလုပ်ဆောင်သွားမှာပါ"လို့ ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေကိုသတိပြုမိပြီး တောင်ကိုရီးယား၊ ဂျပန်တို့နဲ့အတူ တိုင်ပင်ဆွေး နွေးမှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန် အင်ဒို-ပစိဖိတ်ဒေသကွပ်ကဲမှုဌာနချုပ်က ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့စက်တင် ဘာလ(၁၂)ရက်နေ့မှာ တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး သီတင်းပတ်(၁)ပတ်မပြည့်ခင်မှာပဲ ယခုလိုထပ်မံစမ်းသပ်ပစ်လွှတ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

zawgyi version
ေျမာက္ကိုရီးယားက တာတိုပစ္ပဲ့ထိန္းဒုံးက်ည္ေတြကို ထပ္မံစမ္းသပ္ပစ္လႊတ္
Pika (NP News) - စက္တင္ဘာ ၁၈

စက္တင္ဘာလ(၁၈)ရက္ေန႔မွာ ေျမာက္ကိုရီးယားဟာ ၎ရဲ႕ႏိုင္ငံအေရွ႕ဖက္ကမ္း႐ိုးတန္းပင္လယ္ျပင္ထဲကို တာတိုပစ္ပဲ့ထိန္းဒုံးက်ည္အမ်ားအျပား စမ္းသပ္ပစ္လႊတ္ခဲ့တယ္လို႔ ေတာင္ကိုရီးယားအစိုးရက ေျပာၾကားခဲ့ပါတယ္။

ေျမာက္ကိုရီးယားအစိုးရဟာ ယူေရနီယမ္သန႔္စင္တဲ့စက္႐ုံရဲ႕ ဓါတ္ပုံေတြကို ပထမဆုံးအႀကိမ္ထုတ္ျပန္ျပသခဲ့ၿပီး ႏိုင္ငံရဲ႕န်ဴကလီးယားလက္နက္တိုက္ကို တိုးျမႇင့္သြားမယ္လို႔ ကတိျပဳခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလိုစမ္းသပ္ပစ္လႊတ္မႈေတြထြက္ေပၚလာတာ ျဖစ္ပါတယ္။ ေျမာက္ကိုရီးယားအစိုးရဟာ တာတိုပစ္ပဲ့ထိန္းဒုံးက်ည္ေတြကို ၿပဳံးယမ္းၿမိဳ႕ေျမာက္ဖက္ Kaechon ၿမိဳ႕ကေန နံနက္(၆)နာရီ(၅၀)မိနစ္မွာ စမ္းသပ္ပစ္လႊတ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

အဲဒီဒုံးက်ည္ေတြဟာ အေရွ႕ေျမာက္ဦးတည္ခ်က္အတိုင္း အကြာအေဝး (၄၀၀) ကီလိုမီတာေလာက္အထိ ပ်ံသန္းခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္ဦးစီးခ်ဳပ္မ်ား႐ုံး(JCS)က ေျပာၾကားခဲ့ပါတယ္။ ဒါေပမဲ့လည္း ဒုံးက်ည္အေရအတြက္ ဘယ္ေလာက္ရွိတယ္ဆိုတဲ့အခ်က္နဲ႔ ဘယ္နားမွာ ပ်က္က်သြားခဲ့တယ္ဆိုတဲ့ အေသးစိတ္အခ်က္အလက္ေတြကို (JCS)က ထုတ္ျပန္ ေျပာၾကားခဲ့တာမ်ိဳးမရွိဘူးလို႔လည္း သိရပါတယ္။

JCS က "ေျမာက္ကိုရီးယားရဲ႕ ဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈေတြဟာ ကိုရီးယားကြၽန္းဆြယ္မွာ ၿငိမ္းခ်မ္းေရးနဲ႔တည္ၿငိမ္ေရးကို ျပင္းျပင္းထန္ထန္ ၿခိမ္း ေျခာက္ေနတဲ့ ရွင္းလင္းျပတ္သားတဲ့ ရန္စမႈေတြျဖစ္ပါတယ္။ ေျမာက္ကိုရီးယားရဲ႕ အဲဒီလိုလုပ္ရပ္ေတြကို ကြၽန္ေတာ္တို႔ ျပစ္တင္ရႈတ္ခ်ပါတယ္။ ေနာက္ ထပ္ရန္စမႈေတြရွိလာမယ္ဆိုရင္ လက္တုံ႔ျပန္မႈေတြကို ခ်က္ခ်င္းလုပ္ေဆာင္သြားမွာပါ"လို႔ ေျပာဆိုခဲ့ပါတယ္။ ေျမာက္ကိုရီးယားရဲ႕ ဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈေတြကိုသတိျပဳမိၿပီး ေတာင္ကိုရီးယား၊ ဂ်ပန္တို႔နဲ႔အတူ တိုင္ပင္ေဆြး ေႏြးမႈေတြကို လုပ္ေဆာင္ခဲ့တယ္လို႔ အေမရိကန္ အင္ဒို-ပစိဖိတ္ေဒသကြပ္ကဲမႈဌာနခ်ဳပ္က ေျပာၾကားခဲ့ပါတယ္။ ေျမာက္ကိုရီးယားဟာ ၿပီးခဲ့တဲ့စက္တင္ ဘာလ(၁၂)ရက္ေန႔မွာ တာတိုပစ္ပဲ့ထိန္းဒုံးက်ည္ေတြကို စမ္းသပ္ပစ္လႊတ္ခဲ့ၿပီး သီတင္းပတ္(၁)ပတ္မျပည့္ခင္မွာပဲ ယခုလိုထပ္မံစမ္းသပ္ပစ္လႊတ္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.