အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော

 538

ချယ်ရီ (NP News) - စက်တင်ဘာ ၂ဝ

အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက NP News ကို ပြောသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်မှစတင်ကာ မိုးသည်း ထန်စွာရွာသွန်းမှုများကြောင့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်(၇)ခုရှိ မြို့နယ်ပေါင်း(၅၀)ကျော်တွင် ရေကြီးရေလျှံမှုများ အပြင်းအထန်ဖြစ်ပေါ်ခဲ့သည်။ လက်ရှိတွင် အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ပြောင်းလဲမှုနှင့်အတူ မကြာခဏဆိုသကဲ့သို့ ဖြစ်ပွားလာနေသည့်အတွက် သဘာဝဘေးနှင့်ပတ်သက်၍ မပေါ့ဆရန်လိုကြောင်း မိုးဇလက ဆိုသည်။

“သဘာဝဘေးနဲ့ပတ်သက်ရင် မပေါ့ဖို့လိုတယ်။ အရင်တုန်းကမဖြစ်ဘူး။ သို့သော် အခုက ရာသီဥတုပြောင်းလဲမှု၊ မိုးရွာသွန်းမှုကလည်း အချိန်တိုအတွင်းတော့မဟုတ်ဘူး။ ၃၊၄ရက်မှာ မိုးဆက်တိုက်ရွာတယ်။ ဒီလိုအစွန်းရောက်မိုးလေဝသဖြစ်စဉ်တွေဟာ ရာသီဥတုပြောင်းလဲမှုနဲ့အတူ မကြာခဏဖြစ်ပေါ်တဲ့အတွက် အရင်လိုတော့ ပေါ့လို့တော့မရဘူး။ ကိုယ့်ဒေသမှာ ဘေးအန္တရာယ်ကြောက်ရမယ့်အခြေအနေရှိရင် ပျက်စီးဆုံးရှုံးမှုတွေ လျော့ချနိုင်ဖို့၊ ထိခိုက်ဆုံးရှုံးမှုတွေ လျော့ချနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့တော့ လိုမယ်”ဟု ညွှန်ကြားရေးမှူး ဦးလှထွန်းကပြော သည်။

လာမည့် အောက်တိုဘာလလယ်ပိုင်းမှစ၍ မြန်မာနိုင်ငံမှ မုတ်သုံပြန်လည်ထွက်ခွာနိုင်သော်လည်း မိုးရွာသွန်းမှုများ ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း သိရသည်။ “မုတ်သုံထွက်ပေမယ့် မိုးကမထွက်သေးဘူး။ မိုးကတော့ ချက်ချင်းကြီးထွက်သွားမှာ မဟုတ်သေးဘူး။ အစောကပြောတဲ့ အရှေ့ဘက်က လေပွေလှိုင်းတွေ၊ ဘင်္ဂလားပင်လယ်အော်မှာဖြစ်နိုင်တဲ့ လေဖိအားနည်းရပ်ဝန်းတွေ၊ မုန်တိုင်းတွေကြောင့် မုတ်သုံကသာ သူ့ဟာသူ အချိန်တန်လို့ ဆုတ်သွားတာ။ သို့သော် မုတ်သုံဆုတ်တဲ့အချိန်မှာ ဖြစ်ပေါ်တဲ့ အရှေ့ဘက်က လေပွေလှိုင်းတွေလည်း ဒါစောင့်ရမယ်။ ပြီးရင် ကြည့်ရမယ်။ ဘင်္ဂလားပင်လယ်အော်ထဲမှာဖြစ်နိုင်တဲ့ မုတ်သုံကုန်သွားတာနဲ့ မုန်တိုင်းမဖြစ်ဘူးလို့ ပြောလို့မရဘူး။ အဲဒီတော့ မုတ်သုံအဆုတ်မှာ ဘင်္ဂလားပင်လယ် အော်မှာ လေဖိအားနည်းရပ်ဝန်းမုန်တိုင်းက ပိုတောင်မှပဲ ဖြစ်နိုင်သေးတယ်။ အဲဒီတော့ မုတ်သုံက ဆုတ်ခွာနိုင်သော်လည်း မိုးကတော့ တော်တော်နဲ့မကုန်သေးဘူး”ဟု ဦးလှထွန်းက ဆက်လက်ပြောသည်။

ထို့ကြောင့် မိုးနှောင်းကာလတွင် မိုးဆက်လက်ရွာသွန်းနိုင်သည့်အတွက် တောင်သူများအနေဖြင့် ၎င်းတို့၏စိုက်ပျိုးသီးနှံများ မပျက်စီးစေရေးအတွက် မိုးလေဝသသတင်းများကို သတိပြုစောင့်ကြည့်သွားရန် လိုအပ်ကြောင်း မိုးဇလက အကြံပြုတိုက်တွန်းထားသည်။ ယခုရက်ပိုင်းအတွင်း နိုင်ငံ၌ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကြောင့် တောင်သူများ၏ လယ်ယာစိုက်ပျိုးသီးနှံဧကပေါင်း (၆)သိန်းကျော် ထိခိုက်မှုများရှိခဲ့သည်။

“သဘာဝဘေးကတော့ မဖြစ်ပါနဲ့လို့တော့ တားမရဘူး။ တားမရတော့ ဘဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့ပါးအောင်လို့တော့ လုပ်လို့ရတယ်။ ဘယ်လိုလုပ်မလဲ။ ကြိုတင်သတိပေးချက်တွေ၊ မိုးလေဝသကြိုတင်သတိပေးချက်တွေကို သိရှိဖို့လိုမယ်။ နောက်ပြီးတော့ ကိုယ့်ဒေသမှာ ဒီလိုမိုးရွာသွန်းမှုများရင်း ထိခိုက်ဆုံးရှုံးမှု ဖြစ်လာနိုင်တယ်ဆိုတာ နားလည်ထားဖို့လိုမယ်”ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ပြောသည်။

ယခုရက်ပိုင်းအတွင်း နိုင်ငံအနှံ့ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကြောင့် လူဦးရေ ရာနှင့်ချီကာသေဆုံးခဲ့ရပြီး လူနေအိမ်(၂၁၁၆)လုံးထိခိုက်ပျက်စီးကာ တိရစ္ဆာန်မျိုးစုံ စုစုပေါင်း(၁၂၈ ၃၄၄)ကောင် သေဆုံးခဲ့ကြောင်း သိရသည်။

zawgyi version
အစြန္းေရာက္မိုးေလဝသျဖစ္စဥ္မ်ားသည္ ရာသီဥတုေျပာင္းလဲမႈႏွင့္အတူ မၾကာခဏျဖစ္ေပၚေန၍ ေပါ့ဆ၍မရေတာ့ဟု မိုးဇလတာဝန္ရွိသူေျပာ
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၂ဝ

အစြန္းေရာက္မိုးေလဝသျဖစ္စဥ္မ်ားသည္ ရာသီဥတုေျပာင္းလဲမႈႏွင့္အတူ မၾကာခဏျဖစ္ေပၚေန၍ ေပါ့ဆ၍မရေတာ့ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးလွထြန္းက NP News ကို ေျပာသည္။

ျမန္မာႏိုင္ငံတြင္ ၿပီးခဲ့သည့္ စက္တင္ဘာလ ၉ ရက္မွစတင္ကာ မိုးသည္း ထန္စြာ႐ြာသြန္းမႈမ်ားေၾကာင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ အပါအဝင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္(၇)ခုရွိ ၿမိဳ႕နယ္ေပါင္း(၅၀)ေက်ာ္တြင္ ေရႀကီးေရလွ်ံမႈမ်ား အျပင္းအထန္ျဖစ္ေပၚခဲ့သည္။ လက္ရွိတြင္ အစြန္းေရာက္မိုးေလဝသျဖစ္စဥ္မ်ားသည္ ေျပာင္းလဲမႈႏွင့္အတူ မၾကာခဏဆိုသကဲ့သို႔ ျဖစ္ပြားလာေနသည့္အတြက္ သဘာဝေဘးႏွင့္ပတ္သက္၍ မေပါ့ဆရန္လိုေၾကာင္း မိုးဇလက ဆိုသည္။

“သဘာဝေဘးနဲ႔ပတ္သက္ရင္ မေပါ့ဖို႔လိုတယ္။ အရင္တုန္းကမျဖစ္ဘူး။ သို႔ေသာ္ အခုက ရာသီဥတုေျပာင္းလဲမႈ၊ မိုး႐ြာသြန္းမႈကလည္း အခ်ိန္တိုအတြင္းေတာ့မဟုတ္ဘူး။ ၃၊၄ရက္မွာ မိုးဆက္တိုက္႐ြာတယ္။ ဒီလိုအစြန္းေရာက္မိုးေလဝသျဖစ္စဥ္ေတြဟာ ရာသီဥတုေျပာင္းလဲမႈနဲ႔အတူ မၾကာခဏျဖစ္ေပၚတဲ့အတြက္ အရင္လိုေတာ့ ေပါ့လို႔ေတာ့မရဘူး။ ကိုယ့္ေဒသမွာ ေဘးအႏၲရာယ္ေၾကာက္ရမယ့္အေျခအေနရွိရင္ ပ်က္စီးဆုံးရႈံးမႈေတြ ေလ်ာ့ခ်ႏိုင္ဖို႔၊ ထိခိုက္ဆုံးရႈံးမႈေတြ ေလ်ာ့ခ်ႏိုင္ဖို႔ ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ထားဖို႔ေတာ့ လိုမယ္”ဟု ၫႊန္ၾကားေရးမႉး ဦးလွထြန္းကေျပာ သည္။

လာမည့္ ေအာက္တိုဘာလလယ္ပိုင္းမွစ၍ ျမန္မာႏိုင္ငံမွ မုတ္သုံျပန္လည္ထြက္ခြာႏိုင္ေသာ္လည္း မိုး႐ြာသြန္းမႈမ်ား ဆက္လက္ျဖစ္ပြားေနမည္ျဖစ္ေၾကာင္း သိရသည္။ “မုတ္သုံထြက္ေပမယ့္ မိုးကမထြက္ေသးဘူး။ မိုးကေတာ့ ခ်က္ခ်င္းႀကီးထြက္သြားမွာ မဟုတ္ေသးဘူး။ အေစာကေျပာတဲ့ အေရွ႕ဘက္က ေလေပြလႈိင္းေတြ၊ ဘဂၤလားပင္လယ္ေအာ္မွာျဖစ္ႏိုင္တဲ့ ေလဖိအားနည္းရပ္ဝန္းေတြ၊ မုန္တိုင္းေတြေၾကာင့္ မုတ္သုံကသာ သူ႔ဟာသူ အခ်ိန္တန္လို႔ ဆုတ္သြားတာ။ သို႔ေသာ္ မုတ္သုံဆုတ္တဲ့အခ်ိန္မွာ ျဖစ္ေပၚတဲ့ အေရွ႕ဘက္က ေလေပြလႈိင္းေတြလည္း ဒါေစာင့္ရမယ္။ ၿပီးရင္ ၾကည့္ရမယ္။ ဘဂၤလားပင္လယ္ေအာ္ထဲမွာျဖစ္ႏိုင္တဲ့ မုတ္သုံကုန္သြားတာနဲ႔ မုန္တိုင္းမျဖစ္ဘူးလို႔ ေျပာလို႔မရဘူး။ အဲဒီေတာ့ မုတ္သုံအဆုတ္မွာ ဘဂၤလားပင္လယ္ ေအာ္မွာ ေလဖိအားနည္းရပ္ဝန္းမုန္တိုင္းက ပိုေတာင္မွပဲ ျဖစ္ႏိုင္ေသးတယ္။ အဲဒီေတာ့ မုတ္သုံက ဆုတ္ခြာႏိုင္ေသာ္လည္း မိုးကေတာ့ ေတာ္ေတာ္နဲ႔မကုန္ေသးဘူး”ဟု ဦးလွထြန္းက ဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ မိုးေႏွာင္းကာလတြင္ မိုးဆက္လက္႐ြာသြန္းႏိုင္သည့္အတြက္ ေတာင္သူမ်ားအေနျဖင့္ ၎တို႔၏စိုက္ပ်ိဳးသီးႏွံမ်ား မပ်က္စီးေစေရးအတြက္ မိုးေလဝသသတင္းမ်ားကို သတိျပဳေစာင့္ၾကည့္သြားရန္ လိုအပ္ေၾကာင္း မိုးဇလက အႀကံျပဳတိုက္တြန္းထားသည္။ ယခုရက္ပိုင္းအတြင္း ႏိုင္ငံ၌ျဖစ္ပြားခဲ့ေသာ ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ ေတာင္သူမ်ား၏ လယ္ယာစိုက္ပ်ိဳးသီးႏွံဧကေပါင္း (၆)သိန္းေက်ာ္ ထိခိုက္မႈမ်ားရွိခဲ့သည္။

“သဘာဝေဘးကေတာ့ မျဖစ္ပါနဲ႔လို႔ေတာ့ တားမရဘူး။ တားမရေတာ့ ဘဘာဝေဘးေၾကာင့္ ထိခိုက္ဆုံးရႈံးမႈ ေလ်ာ့ပါးေအာင္လို႔ေတာ့ လုပ္လို႔ရတယ္။ ဘယ္လိုလုပ္မလဲ။ ႀကိဳတင္သတိေပးခ်က္ေတြ၊ မိုးေလဝသႀကိဳတင္သတိေပးခ်က္ေတြကို သိရွိဖို႔လိုမယ္။ ေနာက္ၿပီးေတာ့ ကိုယ့္ေဒသမွာ ဒီလိုမိုး႐ြာသြန္းမႈမ်ားရင္း ထိခိုက္ဆုံးရႈံးမႈ ျဖစ္လာႏိုင္တယ္ဆိုတာ နားလည္ထားဖို႔လိုမယ္”ဟု မိုးေလဝသႏွင့္ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးက ေျပာသည္။

ယခုရက္ပိုင္းအတြင္း ႏိုင္ငံအႏွံ႔ျဖစ္ပြားခဲ့ေသာ ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ လူဦးေရ ရာႏွင့္ခ်ီကာေသဆုံးခဲ့ရၿပီး လူေနအိမ္(၂၁၁၆)လုံးထိခိုက္ပ်က္စီးကာ တိရစာၦန္မ်ိဳးစုံ စုစုေပါင္း(၁၂၈ ၃၄၄)ေကာင္ ေသဆုံးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.