ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ

 524

ယွန်း (NP News) - စက်တင်ဘာ ၂၁

ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့် ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာကြောင်း ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားအရေး ‌ဆောင်ရွက်သူတစ်ဦးက NP News သို့ သုံး သပ်ပြောကြားသည်။

ထိုင်းနိုင်ငံရှိအဖွဲ့အစည်းများမှ ထိုင်းအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ယခုရက်ပိုင်းအတွင်း ရွှေ့ပြောင်းအလုပ်သမား ကိစ္စရပ်များနှင့် ပတ်သက် သည့် အချက်(၈)ချက် တောင်းဆိုစာပေးပို့မှုများရှိခဲ့ကြောင်း သိရသည်။ အဆိုပါအချက်များအတွင်း ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းနိုင်ငံအတွင်း တစ်ကြိမ်လျှင် ရက်(၉ဝ)သာ အလုပ်ခွင့်ပါမစ်ပေးပြီး လူဝင်မှု ကြီးကြပ်ရေးအစီအစဉ်ဖြင့် မိခင်နိုင်ငံသို့ပြန်လည်ပို့ဆောင်ကာ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်လုပ်ကိုင်လိုပါက ရက်ပေါင်း (၃ဝ) စောင့်ဆိုင်းပြီးမှသာ အလုပ်လုပ်ကိုင်ခွင့် ပါမစ်သက်တမ်း ရက် (၉ဝ) ပြန်လည်လျှောက်ထားရန်၊ နိုင်ငံရေးမတည်မငြိမ်မှုမျိုးစုံကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် (၃) နိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးများအားကိုယ်ဝန်ဆောင်ခွင့်မပြုရန် အကယ်၍ကိုယ်ဝန်ရရှိပါက မိခင်နိုင်ငံသို့ လူဝင်မှုကြီးကြပ်ရေး(လဝက) အစီအစဉ်ဖြင့် ပြန်လည်ပို့ဆောင်ရန်စသည်ဖြင့် အချက်များ ပါဝင်သည်။

ထိုင်းနိုင်ငံသားများအနေဖြင့် အထက်ပါကဲ့သို့ တောင်းဆိုချက်များကို မကြာခဏတောင်းဆိုမှုများရှိခဲ့ရာ လူမှုကွန်ယက်စာမျက်နှာများဖြစ်သည့် Tiktok နှင့် Facebook ပေါ်တွင်လည်း တွေ့မြင်နေရပြီး ထိုင်းနိုင်ငံ၌ စီးပွားရေးကျဆင်းလာသည့်အတွက် ထွက်ပေါက်အနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများအပေါ်တွင် ပစ်မှတ်ထားကာ အထက်ပါကဲ့သို့ ‌ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း သိရသည်။

"အရင်ထဲက အဲဒီလိုမျိုးတွေက ရှိခဲ့တာ။ ထိုင်းမှာက စီးပွားရေးကကျလာတယ်။ ကုမ္ပဏီတွေကလည်း ပြန်သိမ်းကြတဲ့အထိ စီးပွားရေးတွေက မပြေ လည်ကြတော့ဘူး။ အဲဒီလိုတွေဖြစ်လာတော့ ထွက်ပေါက်အနေနဲ့ ထိုင်းမှာရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တခြားတရုတ်နိုင်ငံသားနဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်နေကြတဲ့သူတွေက သူတို့ကို ပစ်မှတ်ထားလာကြတယ်။ သူတို့တွေကတော့ အခွန်တွေဆောင်ပြီး အလုပ်လုပ်ရတယ်။ သူတို့မှာတော့ ကြပ်တည်းမှုတွေဖြစ်ပြီးတော့ မြန်မာတွေအပါအဝင် တခြားနိုင်ငံသားတွေကတော့ အဆင်ပြေနေကြတယ်။ ပြီးရင် တခြားအလုပ်သမားအရေးလုပ်တဲ့သူတွေရဲ့ ပြောဆိုချက်တွေပေါ်မှာလည်း နားလည်မှုတွေ လွဲမှားပြီးတော့ သူတို့ရဲ့မကျေနပ်ချက်တွေကို Tiktok တွေမှာရေးလာကြတယ်။ အဲဒီကနေမှ တဖြည်းဖြည်းနဲ့ ပိုပြီးတော့ပွဲဆူလာတာပေါ့" ဟု အထက်ပါ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားအရေး ဆောင်ရွက်သူက ဆိုသည်။

သို့သော် အဆိုပါ တောင်းဆိုချက်များသည် တရားဝင်နေထိုင်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများအပေါ်၌ သက်ရောက်မှုမရှိနိုင်သော် လည်း ကိုယ်ပိုင်အလုပ်လုပ်ကိုင်နေသူများ၊ အလုပ်ရှင်၊ အလုပ်သမားမှား ယွင်းနေသူများနှင့် အထောက်အထားမပြည့်စုံသည့် တရားမဝင်ရွှေ့‌ပြောင်းအလုပ်သမားများအနေဖြင့် ဂရုစိုက်နေထိုင်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ဆုံးဖြတ်ချက်များကိုသာ စောင့်ကြည့်နေရသည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။ "ဥပဒေဘောင်ထဲမှာပဲ လုပ်ရတာဖြစ်တဲ့အတွက် ဥပဒေအတိုင်းမဟုတ်ရင်တော့ ဂရုစိုက်ရမှာပေါ့။ တစ်ချို့ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့သူတွေအတွက်ကတော့ ပိုပြီးဂရုစိုက်ရမယ်။ ပိုပြီးကြပ်တည်းလာမယ်ပေါ့။ ပြီးရင် သူတို့တောင်းဆိုချက်တွေကတော့ မြန်မာအတွက်ပဲမဟုတ်ပဲနဲ့ လာအို၊ ကမ္ဘောဒီးယား အစရှိသဖြင့် (၃)နိုင်ငံ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့ကိစ္စကြီးဖြစ်နေတော့ သက်ဆိုင်ရာတာဝန်ရှိတဲ့အစိုးရဘက်က ဘယ်လိုသဘောထားမှတ်ချက်ပေးမလဲ၊ ဘယ်လိုဆုံးဖြတ်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့နော်။ ဒါပေမဲ့ သူတို့ရဲ့တောင်းဆိုချက်ထဲမှာဆိုရင် မဖြစ်နိုင်တဲ့ဟာတွေလည်း ပါဝင်နေတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဘာဆက်ဖြစ်လာမလဲ စောင့်ကြည့်ရမှာပေါ့"ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့ကြောင့် ထိုင်းနိုင်ငံရှိ မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ယခင်ထက်ပိုမိုဂရုစိုက်နေထိုင်ရန်လိုအပ်ပြီး အိမ်ရှင်နိုင်ငံသားများ အမြင်စောင်း၊ အထင်မှားစေမည့် အပြုအမူ၊ အပြောအဆိုများကို မပြုလုပ်ရန် အထက်ပါ ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားအရေး ‌ဆောင်ရွက်သူက အကြံပြုထားသည်။

"တစ်ချို့မြန်မာနိုင်ငံသား အလုပ်သမားတွေအနေနဲ့လည်း အိမ်ရှင်နိုင်ငံသားတွေကို အမြင်စောင်း၊ အထင်မှားစေမယ့် အပြောအဆို၊ အပြုအမူတွေကို ပိုပြီးတော့ ဂရုစိုက်ဖို့လိုအပ်လာပြီလို့ ကျွန်တော်ထင်တယ်။ ကိုယ်တစ်ခုခုလုပ်မယ်ဆိုရင် ကိုယ့်နိုင်ငံသားတွေရှိတယ်ဆိုတဲ့ အသိစိတ်ကိုတော့ ထားဖို့လိုအပ်လာပြီ။ မဆင်မခြင်တွေ မပြောဆိုဖို့၊ အိမ်ရှင်နိုင်ငံသားတွေ စိတ်ပျက်စေမယ့် အပြောအဆိုတွေ၊ အရေးအသားတွေမလုပ်ကြဖို့ လိုအပ်တာပေါ့။ ကျွန်တော်တို့ရောက်ရှိနေတဲ့ အိမ်ရှင်နိုင်ငံရဲ့နိုင်ငံသားတွေက ကျွန်တော်တို့အပေါ်မှာ ဒီလိုမျိုးအမြင်မှား၊ အထင်မှားဖြစ်နေတဲ့အပေါ်မှာ အခြေအနေတွေပိုပြီးမဆိုးသွားအောင် ကျွန်တော်တို့ဘက်ကလည်း အစစအရာရာ ဂရုစိုက်ဖို့ကို ပြောချင်ပါတယ်" ဟု ၎င်းက ဆိုသည်။

zawgyi version
ေ႐ႊ႕ေျပာင္းျမန္မာအလုပ္သမားမ်ားႏွင့္ပတ္သက္၍ ထိုင္းတြင္ ပြဲဆူေနသည့္အေပၚ ယခင္ထက္ပိုမိုသတိထားေနထိုင္ရန္ လိုအပ္လာ
ယြန္း (NP News) - စက္တင္ဘာ ၂၁

ေ႐ႊ႕ေျပာင္းျမန္မာအလုပ္သမားမ်ားႏွင့္ ပတ္သက္၍ ထိုင္းတြင္ ပြဲဆူေနသည့္အေပၚ ယခင္ထက္ပိုမိုသတိထားေနထိုင္ရန္ လိုအပ္လာေၾကာင္း ထိုင္းႏိုင္ငံေရာက္ျမန္မာလုပ္သားအေရး ‌ေဆာင္႐ြက္သူတစ္ဦးက NP News သို႔ သုံး သပ္ေျပာၾကားသည္။

ထိုင္းႏိုင္ငံရွိအဖြဲ႕အစည္းမ်ားမွ ထိုင္းအစိုးရ၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာနသို႔ ယခုရက္ပိုင္းအတြင္း ေ႐ႊ႕ေျပာင္းအလုပ္သမား ကိစၥရပ္မ်ားႏွင့္ ပတ္သက္ သည့္ အခ်က္(၈)ခ်က္ ေတာင္းဆိုစာေပးပို႔မႈမ်ားရွိခဲ့ေၾကာင္း သိရသည္။ အဆိုပါအခ်က္မ်ားအတြင္း ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအား ထိုင္းႏိုင္ငံအတြင္း တစ္ႀကိမ္လွ်င္ ရက္(၉ဝ)သာ အလုပ္ခြင့္ပါမစ္ေပးၿပီး လူဝင္မႈ ႀကီးၾကပ္ေရးအစီအစဥ္ျဖင့္ မိခင္ႏိုင္ငံသို႔ျပန္လည္ပို႔ေဆာင္ကာ ထိုင္းႏိုင္ငံသို႔ ျပန္လည္ဝင္ေရာက္လုပ္ကိုင္လိုပါက ရက္ေပါင္း (၃ဝ) ေစာင့္ဆိုင္းၿပီးမွသာ အလုပ္လုပ္ကိုင္ခြင့္ ပါမစ္သက္တမ္း ရက္ (၉ဝ) ျပန္လည္ေလွ်ာက္ထားရန္၊ ႏိုင္ငံေရးမတည္မၿငိမ္မႈမ်ိဳးစုံေၾကာင့္ ထြက္ေျပးတိမ္းေရွာင္လာသည့္ (၃) ႏိုင္ငံမွ ေ႐ႊ႕ေျပာင္းအလုပ္သမား အမ်ိဳးသမီးမ်ားအားကိုယ္ဝန္ေဆာင္ခြင့္မျပဳရန္ အကယ္၍ကိုယ္ဝန္ရရွိပါက မိခင္ႏိုင္ငံသို႔ လူဝင္မႈႀကီးၾကပ္ေရး(လဝက) အစီအစဥ္ျဖင့္ ျပန္လည္ပို႔ေဆာင္ရန္စသည္ျဖင့္ အခ်က္မ်ား ပါဝင္သည္။

ထိုင္းႏိုင္ငံသားမ်ားအေနျဖင့္ အထက္ပါကဲ့သို႔ ေတာင္းဆိုခ်က္မ်ားကို မၾကာခဏေတာင္းဆိုမႈမ်ားရွိခဲ့ရာ လူမႈကြန္ယက္စာမ်က္ႏွာမ်ားျဖစ္သည့္ Tiktok ႏွင့္ Facebook ေပၚတြင္လည္း ေတြ႕ျမင္ေနရၿပီး ထိုင္းႏိုင္ငံ၌ စီးပြားေရးက်ဆင္းလာသည့္အတြက္ ထြက္ေပါက္အေနျဖင့္ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအေပၚတြင္ ပစ္မွတ္ထားကာ အထက္ပါကဲ့သို႔ ‌ေဆာင္႐ြက္ျခင္းျဖစ္ႏိုင္ေၾကာင္း သိရသည္။

"အရင္ထဲက အဲဒီလိုမ်ိဳးေတြက ရွိခဲ့တာ။ ထိုင္းမွာက စီးပြားေရးကက်လာတယ္။ ကုမၸဏီေတြကလည္း ျပန္သိမ္းၾကတဲ့အထိ စီးပြားေရးေတြက မေျပ လည္ၾကေတာ့ဘူး။ အဲဒီလိုေတြျဖစ္လာေတာ့ ထြက္ေပါက္အေနနဲ႔ ထိုင္းမွာရွိေနတဲ့ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြနဲ႔ တျခားတ႐ုတ္ႏိုင္ငံသားနဲ႔ ကိုယ္ပိုင္စီးပြားေရးလုပ္ေနၾကတဲ့သူေတြက သူတို႔ကို ပစ္မွတ္ထားလာၾကတယ္။ သူတို႔ေတြကေတာ့ အခြန္ေတြေဆာင္ၿပီး အလုပ္လုပ္ရတယ္။ သူတို႔မွာေတာ့ ၾကပ္တည္းမႈေတြျဖစ္ၿပီးေတာ့ ျမန္မာေတြအပါအဝင္ တျခားႏိုင္ငံသားေတြကေတာ့ အဆင္ေျပေနၾကတယ္။ ၿပီးရင္ တျခားအလုပ္သမားအေရးလုပ္တဲ့သူေတြရဲ႕ ေျပာဆိုခ်က္ေတြေပၚမွာလည္း နားလည္မႈေတြ လြဲမွားၿပီးေတာ့ သူတို႔ရဲ႕မေက်နပ္ခ်က္ေတြကို Tiktok ေတြမွာေရးလာၾကတယ္။ အဲဒီကေနမွ တျဖည္းျဖည္းနဲ႔ ပိုၿပီးေတာ့ပြဲဆူလာတာေပါ့" ဟု အထက္ပါ ထိုင္းႏိုင္ငံေရာက္ ျမန္မာလုပ္သားအေရး ေဆာင္႐ြက္သူက ဆိုသည္။

သို႔ေသာ္ အဆိုပါ ေတာင္းဆိုခ်က္မ်ားသည္ တရားဝင္ေနထိုင္လုပ္ကိုင္ေနသည့္ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအေပၚ၌ သက္ေရာက္မႈမရွိႏိုင္ေသာ္ လည္း ကိုယ္ပိုင္အလုပ္လုပ္ကိုင္ေနသူမ်ား၊ အလုပ္ရွင္၊ အလုပ္သမားမွား ယြင္းေနသူမ်ားႏွင့္ အေထာက္အထားမျပည့္စုံသည့္ တရားမဝင္ေ႐ႊ႕‌ေျပာင္းအလုပ္သမားမ်ားအေနျဖင့္ ဂ႐ုစိုက္ေနထိုင္ရန္ လိုအပ္ေၾကာင္း ၎က ဆိုသည္။

လက္ရွိတြင္ ထိုင္းႏိုင္ငံရွိ သက္ဆိုင္ရာတာဝန္ရွိသူမ်ား၏ ဆုံးျဖတ္ခ်က္မ်ားကိုသာ ေစာင့္ၾကည့္ေနရသည့္ အေျခအေနတြင္ ရွိေနေၾကာင္း သိရသည္။ "ဥပေဒေဘာင္ထဲမွာပဲ လုပ္ရတာျဖစ္တဲ့အတြက္ ဥပေဒအတိုင္းမဟုတ္ရင္ေတာ့ ဂ႐ုစိုက္ရမွာေပါ့။ တစ္ခ်ိဳ႕ကိုယ္ပိုင္စီးပြားေရးလုပ္ေနတဲ့သူေတြအတြက္ကေတာ့ ပိုၿပီးဂ႐ုစိုက္ရမယ္။ ပိုၿပီးၾကပ္တည္းလာမယ္ေပါ့။ ၿပီးရင္ သူတို႔ေတာင္းဆိုခ်က္ေတြကေတာ့ ျမန္မာအတြက္ပဲမဟုတ္ပဲနဲ႔ လာအို၊ ကေမာၻဒီးယား အစရွိသျဖင့္ (၃)ႏိုင္ငံ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြနဲ႔ သက္ဆိုင္တဲ့ကိစၥႀကီးျဖစ္ေနေတာ့ သက္ဆိုင္ရာတာဝန္ရွိတဲ့အစိုးရဘက္က ဘယ္လိုသေဘာထားမွတ္ခ်က္ေပးမလဲ၊ ဘယ္လိုဆုံးျဖတ္မလဲဆိုတာေတာ့ ေစာင့္ၾကည့္ရမွာေပါ့ေနာ္။ ဒါေပမဲ့ သူတို႔ရဲ႕ေတာင္းဆိုခ်က္ထဲမွာဆိုရင္ မျဖစ္ႏိုင္တဲ့ဟာေတြလည္း ပါဝင္ေနတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ကေတာ့ ဘာဆက္ျဖစ္လာမလဲ ေစာင့္ၾကည့္ရမွာေပါ့"ဟု ၎က ဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ ထိုင္းႏိုင္ငံရွိ ျမန္မာအပါအဝင္ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအေနျဖင့္ ယခင္ထက္ပိုမိုဂ႐ုစိုက္ေနထိုင္ရန္လိုအပ္ၿပီး အိမ္ရွင္ႏိုင္ငံသားမ်ား အျမင္ေစာင္း၊ အထင္မွားေစမည့္ အျပဳအမူ၊ အေျပာအဆိုမ်ားကို မျပဳလုပ္ရန္ အထက္ပါ ထိုင္းႏိုင္ငံေရာက္ျမန္မာလုပ္သားအေရး ‌ေဆာင္႐ြက္သူက အႀကံျပဳထားသည္။

"တစ္ခ်ိဳ႕ျမန္မာႏိုင္ငံသား အလုပ္သမားေတြအေနနဲ႔လည္း အိမ္ရွင္ႏိုင္ငံသားေတြကို အျမင္ေစာင္း၊ အထင္မွားေစမယ့္ အေျပာအဆို၊ အျပဳအမူေတြကို ပိုၿပီးေတာ့ ဂ႐ုစိုက္ဖို႔လိုအပ္လာၿပီလို႔ ကြၽန္ေတာ္ထင္တယ္။ ကိုယ္တစ္ခုခုလုပ္မယ္ဆိုရင္ ကိုယ့္ႏိုင္ငံသားေတြရွိတယ္ဆိုတဲ့ အသိစိတ္ကိုေတာ့ ထားဖို႔လိုအပ္လာၿပီ။ မဆင္မျခင္ေတြ မေျပာဆိုဖို႔၊ အိမ္ရွင္ႏိုင္ငံသားေတြ စိတ္ပ်က္ေစမယ့္ အေျပာအဆိုေတြ၊ အေရးအသားေတြမလုပ္ၾကဖို႔ လိုအပ္တာေပါ့။ ကြၽန္ေတာ္တို႔ေရာက္ရွိေနတဲ့ အိမ္ရွင္ႏိုင္ငံရဲ႕ႏိုင္ငံသားေတြက ကြၽန္ေတာ္တို႔အေပၚမွာ ဒီလိုမ်ိဳးအျမင္မွား၊ အထင္မွားျဖစ္ေနတဲ့အေပၚမွာ အေျခအေနေတြပိုၿပီးမဆိုးသြားေအာင္ ကြၽန္ေတာ္တို႔ဘက္ကလည္း အစစအရာရာ ဂ႐ုစိုက္ဖို႔ကို ေျပာခ်င္ပါတယ္" ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.