ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ

 232

ရောင်နီ (NP News) - စက်တင်ဘာ ၂၂

ဂျပန်နိုင်ငံ အလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မကြုံစဖူး မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် လူထောင်ပေါင်းများစွာ နေရာရွှေ့ပြောင်းခဲ့ရပြီး လူတစ်ဦး သေဆုံးကာ အနည်းဆုံး လူ ခုနှစ်ဦး ထက်မနည်း ပျောက်ဆုံးနေတယ်လို့ စက်တင်ဘာ ၂၁ ရက်က တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံအလယ်ပိုင်း အနောက်ဘက်ကမ်းရိုးတန်းရှိ မြစ်နေရာ တစ်ဒါဇင်ထက်မနည်းမှာ စက်တင်ဘာ ၂၁ ရက်၊ ဒေသစံတော်ချိန် နံနက် ၁၁ နာရီက ကမ်းပါးပြိုကျမှုဖြစ်ခဲ့တယ်လို့ မြေယာဝန်ကြီးဌာနမှ တာဝန်ရှိသူ မာဆာရုကို ဂျီမာ က ပြောကြားခဲ့ပါတယ်။ မိုးသည်ထန်စွာရွာသွန်းခြင်းကြောင့် အိုက်ရှီကာဝါမှာ လူတစ်ဦးသေဆုံးပြီး သုံးဦး ပျောက်ဆုံးနေကာ လူနှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ဒေသဆိုင်ရာအစိုးရရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
အိုက်ရှီကာဝါဒေသရဲ့၊ ဝါဂျီမာမြို့မှာလည်း လမ်းပြင် အလုပ်သမား လေးဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေးသမားတွေက အခင်းဖြစ်ပွားရာ နေရာကို သွားနေပေမယ့် မြေပြိုမှုတွေကြောင့် လမ်းခရီးပိတ်ဆို့မှု တွေဖြစ်နေပါတယ်။ အဆောက်အဦးအများအပြား ရေနစ်မြုပ်ခဲ့ပြီး လျှပ်စစ်မီးမရရှိတဲ့ အိမ်ထောင်စု ၆၀၀၀ ခန့် ရှိနေကာ ရေမရရှိတဲ့ အိမ်ထောင်စုအရေအတွက် မသိရသေးဘူးလို့ အိုက်ရှီကာဝါအစိုးရက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဝါဂျီမာ နဲ့ ဆုဇူ မြို့တွေအပြင် နိုတိုမြို့မှာလည်း ဒေသခံ ၄၄,၇၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းဖို့ အမိန့်ပေး ထားပြီး အိုက်ရှီကာဝါ မြောက်ဘက် နီဂါတာနဲ့ ရာမာဂါတာ စီရင်စုများမှ အခြားနေထိုင်သူ ၁၆,၇၀၀ ကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းခဲ့တယ်လို့ မီးသတ်နဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီက ပြောကြားခဲ့ပါ တယ်။

Zawgyi Version;
ဂ်ပန္ႏိုင္ငံအလယ္ပိုင္း၊ အိုက္ရွီကာဝါမွာ မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေရႀကီးေရလွ်ံမႈေတြေၾကာင့္ ေပ်ာက္ဆုံး ေသဆုံးသူမ်ားရွိေန
ေရာင္နီ (NP News) - စက္တင္ဘာ ၂၂

ဂ်ပန္ႏိုင္ငံ အလယ္ပိုင္း၊ အိုက္ရွီကာဝါမွာ မႀကဳံစဖူး မိုးသည္းထန္စြာ႐ြာသြန္းျခင္းေၾကာင့္ လူေထာင္ေပါင္းမ်ားစြာ ေနရာေ႐ႊ႕ေျပာင္းခဲ့ရၿပီး လူတစ္ဦး ေသဆုံးကာ အနည္းဆုံး လူ ခုႏွစ္ဦး ထက္မနည္း ေပ်ာက္ဆုံးေနတယ္လို႔ စက္တင္ဘာ ၂၁ ရက္က တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။

ဂ်ပန္ႏိုင္ငံအလယ္ပိုင္း အေနာက္ဘက္ကမ္း႐ိုးတန္းရွိ ျမစ္ေနရာ တစ္ဒါဇင္ထက္မနည္းမွာ စက္တင္ဘာ ၂၁ ရက္၊ ေဒသစံေတာ္ခ်ိန္ နံနက္ ၁၁ နာရီက ကမ္းပါးၿပိဳက်မႈျဖစ္ခဲ့တယ္လို႔ ေျမယာဝန္ႀကီးဌာနမွ တာဝန္ရွိသူ မာဆာ႐ုကို ဂ်ီမာ က ေျပာၾကားခဲ့ပါတယ္။ မိုးသည္ထန္စြာ႐ြာသြန္းျခင္းေၾကာင့္ အိုက္ရွီကာဝါမွာ လူတစ္ဦးေသဆုံးၿပီး သုံးဦး ေပ်ာက္ဆုံးေနကာ လူႏွစ္ဦး ဒဏ္ရာအျပင္းအထန္ရရွိခဲ့တယ္လို႔ ေဒသဆိုင္ရာအစိုးရရဲ႕ထုတ္ျပန္ခ်က္မွာ ေဖာ္ျပ ထားပါတယ္။
အိုက္ရွီကာဝါေဒသရဲ႕၊ ဝါဂ်ီမာၿမိဳ႕မွာလည္း လမ္းျပင္ အလုပ္သမား ေလးဦး ေပ်ာက္ဆုံးေနတယ္လို႔ သိရပါတယ္။ ကယ္ဆယ္ေရးသမားေတြက အခင္းျဖစ္ပြားရာ ေနရာကို သြားေနေပမယ့္ ေျမၿပိဳမႈေတြေၾကာင့္ လမ္းခရီးပိတ္ဆို႔မႈ ေတြျဖစ္ေနပါတယ္။ အေဆာက္အဦးအမ်ားအျပား ေရနစ္ျမဳပ္ခဲ့ၿပီး လွ်ပ္စစ္မီးမရရွိတဲ့ အိမ္ေထာင္စု ၆၀၀၀ ခန႔္ ရွိေနကာ ေရမရရွိတဲ့ အိမ္ေထာင္စုအေရအတြက္ မသိရေသးဘူးလို႔ အိုက္ရွီကာဝါအစိုးရက ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဝါဂ်ီမာ နဲ႔ ဆုဇူ ၿမိဳ႕ေတြအျပင္ ႏိုတိုၿမိဳ႕မွာလည္း ေဒသခံ ၄၄,၇၀၀ ခန႔္ကို ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းဖို႔ အမိန႔္ေပး ထားၿပီး အိုက္ရွီကာဝါ ေျမာက္ဘက္ နီဂါတာနဲ႔ ရာမာဂါတာ စီရင္စုမ်ားမွ အျခားေနထိုင္သူ ၁၆,၇၀၀ ကိုလည္း ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းခိုင္းခဲ့တယ္လို႔ မီးသတ္နဲ႔ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲေရးေအဂ်င္စီက ေျပာၾကားခဲ့ပါ တယ္။

Related news

© 2021. All rights reserved.