တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းရှိ တိရစ္ဆာန်ရုံတစ်ခုမှာ ပန်ဒါပုံစံခွေးလေးတွေ ခရီးသွားတွေကြား ရေပန်းစားနေ

 2513

ရောင်နီ (NP News) - စက်တင်ဘာ ၂၂

တရုတ်နိုင်ငံရှိ ဂွမ်ဒေါင်းပြည်နယ်ရှိ၊ တိရစ္ဆာန်ရုံတစ်ခုမှာ ပန်ဒါပုံစံ ဆေးခြယ်ထားတဲ့ ခွေးလေးနှစ်ကောင်ဟာ လာရောက်လည်ပတ်သူတွေကြား ရေပန်းစားနေပါတယ်။

ဂွမ်ဒေါင်းပြည်နယ် တောင်ပိုင်းမှာ တည်ရှိတဲ့ အဆိုပါတိရစ္ဆာန်ရုံကို လာရောက်လည်ပတ်သူတစ်ဦး ရိုက်ကူးထားတဲ့ ဗီဒီယိုမှာ နိုင်ငံရဲ့အမျိုးသား တိရစ္ဆာန် ပန်ဒါဝက်ဝံတွေနဲ့ ဆင်တူအောင်ခြယ်သထားတဲ့ Chow Chow ခွေးတွေကို မြင်တွေ့ရပြီး အဲဒီဗီဒီယိုဟာ တရုတ်နိုင်ငံရဲ့ဗီဒီယိုပလက်ဖောင်း Douyin မှာ Share ၁ ဒသမ ၄ သန်းကျော်ထိ ရရှိခဲ့ပါတယ်။
ဆိုရှယ်မီဒီယာမှာ အခြားအသုံးပြုသူတစ်ဦးက မျှဝေထားတဲ့ ဓာတ်ပုံတစ်ပုံမှာလည်း "ဆေးခြယ်ထားသော ခွေးများ” ဆိုတဲ့ ဆိုင်းဘုတ်နဲ့ အဖြူအမည်း ခွေး ၂ ကောင်ကို အကာအရံခြံတစ်ခုမှာ မြင်တွေ့ရပါတယ်။ "ငါတို့ကို Panda Dogs လို့ခေါ်ပါတယ်။ Chow Chow ခွေးကို ပန်ဒါနဲ့တူအောင် ဆေးဆိုးထားတာပါ။ ငါတို့က နူးညံ့တယ်၊ စမတ်ကျတယ်၊ ဖော်ရွေတယ်၊ ချစ်စရာကောင်းတယ်" ဆိုတဲ့ ဆိုင်းဘုတ်လည်း တွေ့ရပါတယ်။

တရုတ်နိုင်ငံမှာ ပန်ဒါနဲ့တူအောင် ခွေးတွေကို ဆေးခြယ်ခြင်းဟာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ မေလ ကလည်း ဂျန်ဆုပြည်နယ် အရှေ့ပိုင်းရှိ တိရစ္ဆာန်ရုံတစ်ရုံမှာ ခွေးနှစ်ကောင်ကို ပန်ဒါဝက်ဝံတွေနဲ့ တူအောင် ဆေးခြယ်ပြီး လာရောက်လည်ပတ်သူတွေကို ဆွဲဆောင်ခဲ့ပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံ၊ ဂြမ္ေဒါင္းရွိ တိရစာၦန္႐ုံတစ္ခုမွာ ပန္ဒါပုံစံေခြးေလးေတြ ခရီးသြားေတြၾကား ေရပန္းစားေန
ေရာင္နီ (NP News) - စက္တင္ဘာ ၂၂

တ႐ုတ္ႏိုင္ငံရွိ ဂြမ္ေဒါင္းျပည္နယ္ရွိ၊ တိရစာၦန္႐ုံတစ္ခုမွာ ပန္ဒါပုံစံ ေဆးျခယ္ထားတဲ့ ေခြးေလးႏွစ္ေကာင္ဟာ လာေရာက္လည္ပတ္သူေတြၾကား ေရပန္းစားေနပါတယ္။

ဂြမ္ေဒါင္းျပည္နယ္ ေတာင္ပိုင္းမွာ တည္ရွိတဲ့ အဆိုပါတိရစာၦန္႐ုံကို လာေရာက္လည္ပတ္သူတစ္ဦး ႐ိုက္ကူးထားတဲ့ ဗီဒီယိုမွာ ႏိုင္ငံရဲ႕အမ်ိဳးသား တိရစာၦန္ ပန္ဒါဝက္ဝံေတြနဲ႔ ဆင္တူေအာင္ျခယ္သထားတဲ့ Chow Chow ေခြးေတြကို ျမင္ေတြ႕ရၿပီး အဲဒီဗီဒီယိုဟာ တ႐ုတ္ႏိုင္ငံရဲ႕ဗီဒီယိုပလက္ေဖာင္း Douyin မွာ Share ၁ ဒသမ ၄ သန္းေက်ာ္ထိ ရရွိခဲ့ပါတယ္။
ဆိုရွယ္မီဒီယာမွာ အျခားအသုံးျပဳသူတစ္ဦးက မွ်ေဝထားတဲ့ ဓာတ္ပုံတစ္ပုံမွာလည္း "ေဆးျခယ္ထားေသာ ေခြးမ်ား” ဆိုတဲ့ ဆိုင္းဘုတ္နဲ႔ အျဖဴအမည္း ေခြး ၂ ေကာင္ကို အကာအရံၿခံတစ္ခုမွာ ျမင္ေတြ႕ရပါတယ္။ "ငါတို႔ကို Panda Dogs လို႔ေခၚပါတယ္။ Chow Chow ေခြးကို ပန္ဒါနဲ႔တူေအာင္ ေဆးဆိုးထားတာပါ။ ငါတို႔က ႏူးညံ့တယ္၊ စမတ္က်တယ္၊ ေဖာ္ေ႐ြတယ္၊ ခ်စ္စရာေကာင္းတယ္" ဆိုတဲ့ ဆိုင္းဘုတ္လည္း ေတြ႕ရပါတယ္။

တ႐ုတ္ႏိုင္ငံမွာ ပန္ဒါနဲ႔တူေအာင္ ေခြးေတြကို ေဆးျခယ္ျခင္းဟာ ဒါပထမဆုံးအႀကိမ္ေတာ့ မဟုတ္ပါဘူး။ ေမလ ကလည္း ဂ်န္ဆုျပည္နယ္ အေရွ႕ပိုင္းရွိ တိရစာၦန္႐ုံတစ္႐ုံမွာ ေခြးႏွစ္ေကာင္ကို ပန္ဒါဝက္ဝံေတြနဲ႔ တူေအာင္ ေဆးျခယ္ၿပီး လာေရာက္လည္ပတ္သူေတြကို ဆြဲေဆာင္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.