ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ

 242

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၄

ပြင်သစ်ဝန်ကြီးချုပ်အသစ်အဖြစ် ရွေးချယ်ခံထားရသော မိုက်ကယ်ဘာနီယာက ရာထူးမှနုတ် ထွက်သွားဖွယ်ရှိနေကြောင်း ပြင်သစ်လက်ယာစွန်း ပါတီတစ်ခုဖြစ်သော Les Republicains ပါတီအဖွဲ့ ဝင်တစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။ ပြင်သစ်နိုင်ငံရေးပါတီများကြားဖြစ်ပွားနေသည့် အငြင်းပွားမှု များကိုဖြေရှင်းကာ ညွန့်ပေါင်းအစိုးရအဖွဲ့အသစ်မဖွဲ့ စည်းနိုင်လျှင် ရာထူးမှနုတ်ထွက်သွားမည်ဖြစ်ကြောင်း Les Republicains ပါတီကပြောသည်။

ဘာနီယာသည် ပြင်သစ်သမ္မတ မက်ခရွန်က ရွေးချယ်ခန့်အပ်ခဲ့သော ဝန်ကြီးချုပ်အသစ်ဖြစ်သော် လည်း အစိုးရအသစ်ဖွဲ့စည်းနိုင်ခြင်းမရှိကြောင်း သိရသည်။ ပြင်သစ်နိုင်ငံတွင် ရွေးကောက်ပွဲပြီးနောက် အနိုင်ရပါတီ ဦးဆောင်ညွန့်ပေါင်းအဖွဲ့များက ရွေးချယ်ခန့်အပ်သော ဝန်ကြီးချုပ်ကို သမ္မတမက်ခရွန်က ငြင်းဆန်ပယ်ချခဲ့ရာ အငြင်းပွားမှုများဖြစ်ပွားနေကြောင်း သိရ သည်။

ပြင်သစ်လွှတ်တော်နှင့် နိုင်ငံရေးပါတီများကြား အစိုးရအသစ် ဖွဲ့စည်းရေးနှင့်ပတ်သက်ပြီး အငြင်း ပွားနေကြောင်း သိရသည်။ Les Republicains ပါတီက "ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားတဲ့ ဝန်ကြီးချုပ်ဟာ နောက်ဆုံးအခွင့်ရေးရှိတယ်။ ဒါ့ပြင် တခြားတစ်ဖက်မှာလည်း ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ရမယ့် အခြေအနေမျိုးတွေရှိနေတယ်။ ဘာနီ ယာဟာ အစိုးရအဖွဲ့ကို ဦးဆောင်မဖွဲ့စည်းနိုင်ဘူးဆိုရင် ရာထူးကနုတ်ထွက်ရမယ်။ လူတွေဟာ ဘာနီယာကို အစိုးရအဖွဲ့ဦးဆောင်ဖွဲ့စည်းနိုင်ခြင်းကနေ တားဆီးတာတွေလည်းရှိနေတယ်။ ပြင်သစ်အစိုးရအဖွဲ့ ဖွဲ့စည်းရေးလုပ်ငန်းစဉ်တွေမှာ သမ္မတမက်ခရွန် ပါဝင်ပတ်သက်နေတယ်။ သမ္မတမက်ခရွန်ဟာ မီးနဲ့ကစားသလိုမျိုးဖြစ်နေတယ်။ ဘာနီယာသာ ဝန်ကြီးချုပ် ရာထူးကနုတ်ထွက်ခဲ့မယ်ဆိုရင် မက်ခရွန်တစ်ဦးတည်း ကျန်ရှိတော့မယ်"ဟုပြောသည်။

ပြင်သစ်နိုင်ငံ၌ ဇွန်လနှင့် ဇူလိုင်တို့တွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့သော်လည်း နှစ်လကျော်ကြာချိန်အထိ အစိုးရအသစ်ဖွဲ့စည်းနိုင်ခြင်းမရှိဘဲ ပြင်သစ်သမ္မတနှင့် ရွေးကောက်ပွဲအနိုင်ရပါတီများကြား အငြင်း ပွားမှုများရှိနေကြောင်း သိရသည်။ ရွေးကောက်ပွဲတွင် လက်ယာစွန်းပါတီဖြစ်သော New Popular Front (NPF)ပါတီက အနိုင်ရခဲ့ သော်လည်း အစိုးရအဖွဲ့ကို သီးသန့်ဖွဲ့စည်းနိုင်သော မဲရလဒ်မျိုးမဟုတ်ဘဲ အခြားပါတီများနှင့်ပူးပေါင်းပြီး အစိုးရအဖွဲ့ ဖွဲ့စည်းရဖွယ်ရှိနေရာ ပြင်သစ်သမ္မတမက် ခရွန်က တားဆီးကန့်ကွက်ခြင်းများရှိနေသည်။ အဆိုပါ ပါတီသည် လွှတ် တော်အတွင်းမဲအများဆုံးရရှိသည့်ပါတီအဖြစ်ရပ်တည်နေပြီး လူစီကက်တက်စ်ကို ဝန်ကြီးချုပ် အသစ်အဖြစ်ရွေးချယ်ခန့်အပ်ခဲ့ကာ မက် ခရွန်က ခြိမ်းခြောက်ခဲ့ကြောင်းသိရသည်။ ပြင်သစ်သမ္မတမက်ခရွန်က ဝန်ကြီးချုပ်အသစ်အဖြစ်ရွေး ချယ်ထားသော ဘာနီယာ၏ပါတီဖြစ်သည့် Les Republicains ပါတီသည် ရွေးကောက်ပွဲ၌ မဲဆန္ဒနယ်အနည်းငယ်တွင် အနိုင်ရခဲ့ကြောင်းသိရသည်။

ပြင်သစ်နိုင်ငံတွင် လက်ဝဲစွန်းပါတီ၊ သမ္မတ မက်ခရွန်၏အလယ် အလတ်လမ်းစဉ်ပါတီနှင့် လက်ယာစွန်းပါတီများကြား အငြင်းပွားမှုများဖြစ်ပွားနေခြင်းကြောင့် အစိုးရအသစ်ဖွဲ့စည်းနိုင်ရန် နှောင့်နှေးနေကြောင်းသိရသည်။

zawgyi version
ျပင္သစ္သမၼတက ေ႐ြးခ်ယ္ခန႔္အပ္ထားသည့္ ဝန္ႀကီးခ်ဳပ္အသစ္ ႏုတ္ထြက္ရဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၄

ျပင္သစ္ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ ေ႐ြးခ်ယ္ခံထားရေသာ မိုက္ကယ္ဘာနီယာက ရာထူးမွႏုတ္ ထြက္သြားဖြယ္ရွိေနေၾကာင္း ျပင္သစ္လက္ယာစြန္း ပါတီတစ္ခုျဖစ္ေသာ Les Republicains ပါတီအဖြဲ႕ ဝင္တစ္ဦးက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ျပင္သစ္ႏိုင္ငံေရးပါတီမ်ားၾကားျဖစ္ပြားေနသည့္ အျငင္းပြားမႈ မ်ားကိုေျဖရွင္းကာ ၫြန႔္ေပါင္းအစိုးရအဖြဲ႕အသစ္မဖြဲ႕ စည္းႏိုင္လွ်င္ ရာထူးမွႏုတ္ထြက္သြားမည္ျဖစ္ေၾကာင္း Les Republicains ပါတီကေျပာသည္။

ဘာနီယာသည္ ျပင္သစ္သမၼတ မက္ခ႐ြန္က ေ႐ြးခ်ယ္ခန႔္အပ္ခဲ့ေသာ ဝန္ႀကီးခ်ဳပ္အသစ္ျဖစ္ေသာ္ လည္း အစိုးရအသစ္ဖြဲ႕စည္းႏိုင္ျခင္းမရွိေၾကာင္း သိရသည္။ ျပင္သစ္ႏိုင္ငံတြင္ ေ႐ြးေကာက္ပြဲၿပီးေနာက္ အႏိုင္ရပါတီ ဦးေဆာင္ၫြန႔္ေပါင္းအဖြဲ႕မ်ားက ေ႐ြးခ်ယ္ခန႔္အပ္ေသာ ဝန္ႀကီးခ်ဳပ္ကို သမၼတမက္ခ႐ြန္က ျငင္းဆန္ပယ္ခ်ခဲ့ရာ အျငင္းပြားမႈမ်ားျဖစ္ပြားေနေၾကာင္း သိရ သည္။

ျပင္သစ္လႊတ္ေတာ္ႏွင့္ ႏိုင္ငံေရးပါတီမ်ားၾကား အစိုးရအသစ္ ဖြဲ႕စည္းေရးႏွင့္ပတ္သက္ၿပီး အျငင္း ပြားေနေၾကာင္း သိရသည္။ Les Republicains ပါတီက "ျပင္သစ္သမၼတက ေ႐ြးခ်ယ္ခန႔္အပ္ထားတဲ့ ဝန္ႀကီးခ်ဳပ္ဟာ ေနာက္ဆုံးအခြင့္ေရးရွိတယ္။ ဒါ့ျပင္ တျခားတစ္ဖက္မွာလည္း ဝန္ႀကီးခ်ဳပ္ရာထူးက ႏုတ္ထြက္ရမယ့္ အေျခအေနမ်ိဳးေတြရွိေနတယ္။ ဘာနီ ယာဟာ အစိုးရအဖြဲ႕ကို ဦးေဆာင္မဖြဲ႕စည္းႏိုင္ဘူးဆိုရင္ ရာထူးကႏုတ္ထြက္ရမယ္။ လူေတြဟာ ဘာနီယာကို အစိုးရအဖြဲ႕ဦးေဆာင္ဖြဲ႕စည္းႏိုင္ျခင္းကေန တားဆီးတာေတြလည္းရွိေနတယ္။ ျပင္သစ္အစိုးရအဖြဲ႕ ဖြဲ႕စည္းေရးလုပ္ငန္းစဥ္ေတြမွာ သမၼတမက္ခ႐ြန္ ပါဝင္ပတ္သက္ေနတယ္။ သမၼတမက္ခ႐ြန္ဟာ မီးနဲ႔ကစားသလိုမ်ိဳးျဖစ္ေနတယ္။ ဘာနီယာသာ ဝန္ႀကီးခ်ဳပ္ ရာထူးကႏုတ္ထြက္ခဲ့မယ္ဆိုရင္ မက္ခ႐ြန္တစ္ဦးတည္း က်န္ရွိေတာ့မယ္"ဟုေျပာသည္။

ျပင္သစ္ႏိုင္ငံ၌ ဇြန္လႏွင့္ ဇူလိုင္တို႔တြင္ ေ႐ြးေကာက္ပြဲ ေအာင္ျမင္စြာက်င္းပႏိုင္ခဲ့ေသာ္လည္း ႏွစ္လေက်ာ္ၾကာခ်ိန္အထိ အစိုးရအသစ္ဖြဲ႕စည္းႏိုင္ျခင္းမရွိဘဲ ျပင္သစ္သမၼတႏွင့္ ေ႐ြးေကာက္ပြဲအႏိုင္ရပါတီမ်ားၾကား အျငင္း ပြားမႈမ်ားရွိေနေၾကာင္း သိရသည္။ ေ႐ြးေကာက္ပြဲတြင္ လက္ယာစြန္းပါတီျဖစ္ေသာ New Popular Front (NPF)ပါတီက အႏိုင္ရခဲ့ ေသာ္လည္း အစိုးရအဖြဲ႕ကို သီးသန႔္ဖြဲ႕စည္းႏိုင္ေသာ မဲရလဒ္မ်ိဳးမဟုတ္ဘဲ အျခားပါတီမ်ားႏွင့္ပူးေပါင္းၿပီး အစိုးရအဖြဲ႕ ဖြဲ႕စည္းရဖြယ္ရွိေနရာ ျပင္သစ္သမၼတမက္ ခ႐ြန္က တားဆီးကန႔္ကြက္ျခင္းမ်ားရွိေနသည္။ အဆိုပါ ပါတီသည္ လႊတ္ ေတာ္အတြင္းမဲအမ်ားဆုံးရရွိသည့္ပါတီအျဖစ္ရပ္တည္ေနၿပီး လူစီကက္တက္စ္ကို ဝန္ႀကီးခ်ဳပ္ အသစ္အျဖစ္ေ႐ြးခ်ယ္ခန႔္အပ္ခဲ့ကာ မက္ ခ႐ြန္က ၿခိမ္းေျခာက္ခဲ့ေၾကာင္းသိရသည္။ ျပင္သစ္သမၼတမက္ခ႐ြန္က ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ေ႐ြး ခ်ယ္ထားေသာ ဘာနီယာ၏ပါတီျဖစ္သည့္ Les Republicains ပါတီသည္ ေ႐ြးေကာက္ပြဲ၌ မဲဆႏၵနယ္အနည္းငယ္တြင္ အႏိုင္ရခဲ့ေၾကာင္းသိရသည္။

ျပင္သစ္ႏိုင္ငံတြင္ လက္ဝဲစြန္းပါတီ၊ သမၼတ မက္ခ႐ြန္၏အလယ္ အလတ္လမ္းစဥ္ပါတီႏွင့္ လက္ယာစြန္းပါတီမ်ားၾကား အျငင္းပြားမႈမ်ားျဖစ္ပြားေနျခင္းေၾကာင့္ အစိုးရအသစ္ဖြဲ႕စည္းႏိုင္ရန္ ေႏွာင့္ေႏွးေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.