မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့် စီမံကိန်းများ (အပိုင်း-၂)

 83

ခေတ်မင်းကို (NP News) - စက်တင်ဘာ ၂၅

မြန်မာပြည်တောင်ပိုင်းဒေသမှာ မြဝတီကုန်သွယ်ရေးဇုန်ဟာ ထိုင်းနိုင်ငံရဲ့ လက်ရှိ ပစ်မှတ်ထားတဲ့ ခြေလှမ်းဖြစ်မယ်ဆိုရင် ထားဝယ်ရေနက်ဆိပ်ကမ်း နဲ့ အထူးစီးပွားရေးဇုန်ဟာ ထိုင်းနိုင်ငံရဲ့ အနာဂတ် အိပ်မက်အကောင် အထည်ဖော်ခြင်းပါ။ ထိုင်းနိုင်ငံ အနေနဲ့ ဘင်္ဂလားပင်လယ်အော်နဲ့ အက်ဒမန်ပင်လယ် ပြင်ထွက်ပေါက် တွေရှိနေပေမယ့် စီးပွားရေးအတွက် အသုံးချဖို့ခက်ခဲနေပါတယ်။ ဘာကြောင့်လဲဆိုရင် ဖူးခက်(Phuket)နဲ့ ဆူရက် တာနီ(Surat Thani)မှာ ဆိပ်ကမ်းတွေရှိပေမယ့် စီးပွားရေးအရ ကုန်ထုတ် လုပ် မှုနည်းပါးပါတယ်။ ဖူးခက် (Phuket)နဲ့ ဆူရက်တာနီ (Surat Thani) ဟာ ထိုင်းနိုင်ငံခရီးသွား လုပ်ငန်းအတွက် အဓိကအသုံးပြုနေတာ ဖြစ်တဲ့အပြင် တောင်ပိုင်း စီးပွားရေးစင်္ကြံစီမံကိန်းတွေ (Southem Econ­omic Corridor) အလှမ်းဝေးတဲ့ ဆိပ်ကမ်းမြို့တွေပါပဲ။ ဒါကြောင့် ထိုင်းနိုင်ငံဟာ နိုင်ငံရဲ့အနောက်ဘက် ပင်လယ်ထွက်ပေါက်လိုအပ်လာတာကြောင့် ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်း ကို ဝင်ရောက်လုပ်ကိုင်ဖို့သဘောတူခဲ့တဲ့အပြင် စီမံကိန်းအကောင်အထည်ဖော်မှုတွေလည်း ဒီမိုကရေစီ အရပ်သားအစိုး ရတွေလက်ထက်မှ စတင်ခဲ့ပါတယ်။ သမ္မတ ဦးသိန်း စိန်လက်ထက်မှာ ထားဝယ် ရေ နက်ဆိပ်ကမ်းနဲ့ အထူး စီးပွားရေးဇုန်ကိုစတင်ခဲ့ပေမယ့် (၂၀၂၁)နိုင်ငံရေး အပြောင်းအလဲတွေ နောက် ပိုင်းမှာတော့ ထိုင်းရဲ့ ရင်း နှီးမြှုပ်နှံမှုတွေ ထားဝယ်‌ဒေသကနေပြန်လည်ထွက်ခွာသွားပါတယ်။ ဒါဟာ လည်း အထူးစီးပွားရေးဇုန်စီမံကိန်းတစ်ခုပဲထွက်ခွာတာဖြစ်ပြီးတော့ ရေနက်ဆိပ် ကမ်းကိုတော့ မြန်မာအစိုးရနဲ့ ပူးပေါင်းပြီး ဆက်လက် တည်ဆောက်နေဆဲပါ။

ထားဝယ်ရေနက်ဆိပ်ကမ်းကနေ ထိုင်းနိုင်ငံဘက်ကို နယ်စပ်ထွက်ပေါက်ဂိတ်ဖြစ်တဲ့ ထီးခီးနယ် စပ်ဂိတ် ကနေတစ်ဆင့် ထိုင်းနိုင်ငံနယ်စပ် ဖူနမ်ရိုက နေ ကမ်ချနာပူရီမြို့အထိဆက်သွယ်မယ့် လမ်းကြောင်း ဖြစ် ပါတယ်။ ထားဝယ်ကနေတစ်ဆင့် ဘန်ကောက်အထိ ခရီးဆက်နိုင်မယ့် တောင်ပိုင်း စီးပွားရေးစင်္ကြံ စီမံ ကိန်းတွေရဲ့ ဒုတိယအဆင့် အကောင်အထည်ဖော်မှုဖြစ်ပါတယ်။ အာရှစင်္ကြံပထမ အဆင့်စီမံကိန်းအောင် မြင်မှုကိုအခြေပြုပြီး ဒုတိယ အဆင့်စတင်မှာဖြစ်ပေမယ့် အခြေခံအဆောက်အအုံတွေကို စတင်ဆောက် လုပ်နေပါတယ်။ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အပြင် မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ နိုင်ငံရေး ပြဿနာတွေကို ထဲထဲဝင်ဝင်နားလည်သဘောပေါက်တဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ (၇၅)နှစ်ကျော်ကြာ မြန်မာပြည်တွင်းစစ် အရှိန်မြင့်လိုက် ကျသွားလိုက်ဖြစ်နေချိန်တွေမှာ ထိုင်းနိုင်ငံဟာ အကျိုးအမြတ်များစွာရရှိခဲ့ပါတယ်။ ဒါဟာ ထိုင်းဘုရင့်နိုင်ငံတော်အတွက် အကျိုး ကျေးဇူး တွေ ရှိခဲ့ပေမယ့်လည်း ထိုင်းနယ်စပ်တွေမှာ စစ်ဘေးရှောင်တိုင်းရင်းသားတွေ အမြောက်အမြား ထိုင်းနိုင်ငံထဲမှာနေထိုင်ကြလို့ ပြဿနာ အများအပြားလည်းဖြစ်ပေါ်ခဲ့ပါ တယ်။ ထိုင်းပြည်သူတွေနဲ့ မြန်မာ ပြည်သူတွေဟာ တခြား အာဆီယံ နိုင်ငံတွေက ပြည်သူတွေထက် ပိုမိုရင်းနှီးကြတဲ့အပြင် ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားတွေ အများဆုံး အလုပ်လုပ်ကိုင် နေကြပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံအတွက် မြန်မာ ပြည်နဲ့ချိတ်ဆက် အကောင် အထည်ဖော်နေတဲ့စီမံကိန်း တွေဟာ အလွန်အရေး ကြီးပါတယ်။
စီးပွားရေးအပြင် နိုင်ငံရေးအရပါ အရေးပါနေတာကြောင့် ရှမ်းပြည် မြောက်ပိုင်းက တရုတ် BRI စီမံကိန်းတွေလိုအဖြစ်မျိုး ရောက်ရှိသွားမှာကို ထိုင်းဘက်က မလိုလားပါဘူး။ တည်ငြိမ်ပြီး စဉ်ဆက် မပြတ် တိုးတက်မှုရှိဖို့ ထိုင်းနိုင်ငံဘက်ကလိုလားတာကြောင့် မြန်မာပြည်တောင်ပိုင်းက စစ်ပွဲတွေနဲ့ တိုက်ရိုက်အကျိုးသက်ရောက် နေပါတယ်။ မြန်မာပြည်တောင်ပိုင်းမှာ ကရင့်တော်လှန်ရေးဟာ သက်တမ်းအရှည်ဆုံးဖြစ်သလို မြန်မာအစိုးရအဆက်ဆက်နဲ့ တိုက်ပွဲဆင်နွှဲခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းကာလတစ်လျှောက်လုံး နယ်မြေမငြိမ်းချမ်းတာကြောင့် ဘာစီးပွားရေးလုပ်ငန်းမှ မလုပ်နိုင်ခဲ့ ပါဘူး။ ဒါပေမဲ့ (၁၉၇၀)ပြည့်နှစ်နောက်ပိုင်းမှာတော့ မဆလအစိုးရရဲ့ စီးပွားရေး တံခါးပိတ် မူဝါဒတွေ ကြောင့် ထိုင်း ထုတ်ကုန်တွေကို မြန်မာပြည်ထဲကို မှောင်ခိုတင်သွင်းတဲ့ဈေးကွက် ပေါ်လာတဲ့အပြင် မြန်မာဘက်ကလည်း တန်ဖိုးကြီး ကုန်စည်တွေနဲ့ ရှေးဟောင်းပစ္စည်းတွေ တင်ပို့ခဲ့ပါတယ်။ အစိုးရခေတ် အဆက်ဆက် မြဝတီနယ်စပ်ဟာ တရားဝင်ကုန်သွယ် ရေးထိထိရောက်ရောက်မလုပ်နိုင်ခဲ့ပေမယ့် (၂၀၁၀) ပြည့်နှစ်နောက်ပိုင်းမှာ အပြောင်းလဲ အများကြီး ဖြစ်ပေါ် ခဲ့ပါတယ်။ (၂၀၁၀)ကနေ (၂၀၂၀) အတွင်း ကရင်နယ်မြေ ငြိမ်းချမ်းရေးရလာတဲ့အပြင် စီပွားရေးပါ ဖွံ့ဖြိုးလာပါတယ်။ ဒါပေမဲ့ (၂၀၂၁) နောက်ပိုင်း လက်နက်ကိုင် ပုန်ကန်မှုကာလမှာတော့ လုံးဝပြောင်းလဲသွားပါတယ်။ မြန်မာပြည် တောင်ပိုင်း တိုက်ပွဲတွေဟာ နယ်မြေထိန်းချုပ်ဖို့ လတ်တလော တိုက်ခိုက်နေတာတွေရှိ ပေမယ့် လုံးဝအပြီးသတ် မြို့သိမ်း၊ ရွာသိမ်းထိန်းချုပ် တာမျိုး မရှိသေးပါဘူး။
မြန်မာပြည်မှာ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အင်အားအများဆုံးနဲ့ စီးပွားရေးအရလည်း အင်အား တောင့်တင်းပါတယ်။ KNU မှာ တပ်မဟာ ခုနစ် ခုရှိပြီးတော့ တပ်မဟာ(၁) သထုံခရိုင်၊ တပ်မ ဟာ(၂) တောင်ငူ ခရိုင်၊ တပ်မဟာ(၃) ညောင်လေးပင် ခရိုင်၊ တပ်မဟာ(၄) ထားဝယ်ခရိုင်၊ တပ်မဟာ (၅) မူတြော် (ဖာပွန်)ခရိုင်၊ တပ်မဟာ(၆) ဒူးပလာယာ ခရိုင်(ကော့ ကရိတ်)၊ တပ်မဟာ(၇)ဘားအံခရိုင် ဆိုပြီး ဖွဲ့စည်းထားတာပါ။ အဲဒီ တပ်မဟာတွေမှာ လူဦးရေဘယ်လောက်၊ တပ်သားနဲ့ တိုက်ခိုက်စွမ်းရည် ဘယ်လောက် ရှိတယ်ဆိုတာကို အတိအကျ ခန့်မှန်းဖို့ မလွယ်ပါဘူး။ တပ်မဟာတစ်ခုအောက်မှာ တပ် ရင်း (၁၆)ခုရှိနေတာကြောင့် ကျန်ကရင်တပ်ဖွဲ့တွေ မပါဝင်ရင်တောင် အင်အားကြီးမားပါတယ်။ ဒါ့ပြင် ကရင်ပြည်မှာ KNLA(PC)၊ DKBA နဲ့ စောချစ်သူ ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်(KNA)တို့လည်း ကျန်ပါ သေးတယ်။ ဒါ့ပြင် မွန်တိုင်းရင်းသား လက်နက်ကိုင်တွေဟာလည်း မြန်မာပြည်တောင်ပိုင်း တနင်္သာရီဒေသမှာလည်း အင်းအားကောင်းလာတဲ့အပြင် ထားဝယ် ထီးခီးလမ်းကိုထိန်းချုပ်ထားပါတယ်။ ကရင်တိုင်းရင်းသား အသင့်ရှိပြီးဖြစ်တာကြောင့် ကော်သူလေး ကရင်တိုင်းပြည်အိပ်မက်ကို ရခိုင်တွေလို အကောင်အထည်ဖော်လာနိုင်ပါတယ်။

ဒါ့ပြင် ‌(၂၀၂၁) နောက်ပိုင်းပေါ်ထွက်လာတဲ့ NUG ရဲ့ အဓိကမဟာမိတ်ဖြစ်နေတဲ့အပြင် NUG ရဲ့ PDF တပ်ရင်းတွေဟာ ကရင်ထိန်းချုပ်နယ်မြေတွေမှာ အခြေစိုက်လှုပ်ရှားနေကြတာပါ။ မွန်၊ ကရင်နဲ့ ဒေသခံ ပြောက်ကျားတွေ၊ NUG တပ်တွေအားလုံးပေါင်းပြီး တောင်ပိုင်းမှာ စစ်ရေးအကောင်အထည်ဖော် လာမယ်ဆိုရင် ရန်ကုန် နဲ့ပဲခူးဟာ စစ်ရေးခြိမ်းခြောက်လာနိုင်ပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူး စီးပွားရေးဇုန်ဟာ တောင်ပိုင်းစစ်ဒေသရဲ့ အဓိက နိုင်ငံတကာ စီမံကိန်းဖြစ်နေတာကြောင့် ထိုင်းနိုင်ငံဘက်ကလည်း အထူးစောင့်ကြည့်နေပါတယ်။ ကရင်လက်နက်ကိုင် အဖွဲ့တွေရဲ့ လက်ရှိ နစကအပေါ် သဘောထားအခြေအနေဟာ မြန်မာပြည်တောင်ပိုင်း စစ်ရေးအခြေအနေကို အပြောင်း အလဲ ကြီးကြီးမားမားဖြစ်ပေါ်လာနိုင်ပါတယ်။ မော်လမြိုင်ကနေ ထားဝယ်ကိုသွားတဲ့လမ်းကို KNU လက်အောက်ခံ PDF တွေက ထိန်းချုပ်ထားပြီးတော့၊ ထားဝယ်အနီး လောင်းလုံမှာပဲ နစကရဲ့လုံခြုံရေး ပြတ်တောက်နေပါတယ်။ ဒါ့ပြင် မြိတ်နဲ့အနီးဆုံး ပုလောမြို့ကို PDF တွေ စတင်ထိန်းချုပ်နေတာကြောင့် မြန်မာပြည်တောင်ပိုင်းဟာ အချိန်မရွေးပေါက်ကွဲနိုင်တဲ့ စစ်ရေးအခြေအနေရှိပါတယ်။ထားဝယ်မှာတော့ အထူးစီးပွားရေးဇုန်နဲ့ ရေနက် ဆိပ်ကမ်းနေရာတွေမှာ အောင်ဇေယျစစ်ကြောင်းရဲ့ အင်အားတွေရောက် ရှိပြီး အကာအကွယ်ပေးထားပါတယ်။ မြန်မာပြည်တောင်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ လက်နက်ကိုင်နိုင်ငံရေးအဖွဲ့အစည်း တချို့ဟာ အမျိုးသားအဆင့်ငြိမ်းချမ်းရေးစာချုပ် NCA ကို လက်မှတ် ထိုးထားပါတယ်။ NCA စာချုပ်အရ နစကအနေနဲ့ စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းရေးလုပ်ဖို့ ကရင် နယ်မြေမှာ မလွယ်ကူနိုင်ပါဘူး။ ကရင်လူထုအများစုက လက်ရှိအချိန်မှာ မြို့ပေါ်တိုက်ပွဲတွေ ဖော်ဆောင် တာကို မနှစ်သက်ပါဘူး။ ဒါဟာ မြန်မာပြည်တောင်ပိုင်းဒေသမှာ နစက စစ်မြေပြင် အခြေအနေ ဖြစ်ပါတယ်။

မြန်မာပြည်နယ်စပ်နဲ့ တိုင်းရင်းသားဒေသတွေ အကုန်လုံးမှာ လက်နက်ကိုင်လှုပ်ရှားမှုတွေ (၂၀၂၄) ခုနှစ် ထဲမှာ ပြင်းပြင်းထန်ထန်ပေါ်ပေါက်နေပါတယ်။ ရခိုင်ပြည်နယ်မှာဆိုရင် မြို့တော် စစ်တွေ အပြင် စစ်ဌာနချုပ်ရှိရာ အမ်းမြို့နဲ့ အထူးစီးပွားရေးဇုန်ရှိရာ ကျောက်ဖြူမြို့တွေမှာပဲ စစ်ပွဲမရှိဘဲ ကျန်မြို့ နယ်တွေမှာ စစ်ဘေးသင့် နေပါ တယ်။ မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည် မြောက်ပိုင်း၊ ကယားပြည်နယ်အထိ အကုန်နီးပါး တိုက်ပွဲတွေဖြစ်ပွားနေပြီး တည်ငြိမ်မှု ခြိမ်းခြောက် နေပါတယ်။ ဒီလို အခြေအနေမှာ နိုင်ငံတကာ စီမံကိန်းတွေအတွက် မျှော်လင့်စရာ ဘာမှမရှိပါဘူး။ လတ် တလောမှာလည်း မြောက်ပိုင်းညီနောင် မဟာမိတ် သုံးဖွဲ့ကို အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာထားတာ ကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေနိုင်ပါတယ်။ ပြည်မနဲ့ နယ်စပ်ဒေသတွေက စီးပွားရေး စီမံ ကိန်းတွေအတွက် စစ်ပွဲဟာ ဘာမှအကျိုးမရှိပါဘူး။ ဒီသဘောတရားကို အရင်ဆုံး သဘောပေါက် နားလည်တဲ့ တိုင်းရင်းသားတွေကတော့ ကော်သူလေး တိုင်းပြည်တည်ထောင်ချင်သူ ကရင်လူမျိုးတွေ ပါပဲ။ ကရင်လူမျိုးတွေအနေနဲ့ မြို့ပြတွေပျက်စီးသွားမှာ လေကြောင်းဗုံးကျဲမှုတွေ ရင်ဆိုင်ရမှာ ကို မလိုလားပါဘူး။ အထိအခိုက်အနည်းဆုံးနဲ့ တော်လှန်ရေးပုံစံကို ပုံဖော်နေတာတွေ့ရပါတယ်။

ဒါပေမဲ့ စစ်ပွဲဟာ အမြဲရှိနေမှာမဟုတ်ပါဘူး။ တစ်ချိန်မှာ ရပ်တန့်သွားမှာပါ။ စစ်ပွဲတွေရပ်တန့်တဲ့အချိန် မှာ စီမံကိန်းတွေပြန်လည်စတင်ဖို့အတွက်သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင် တွေအနေနဲ့ကြိုတင် ပြင်ဆင်ရမှာပါ။ မြန်မာပြည်တောင်ပိုင်း စစ်ဒေသမှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့တိုက်ပွဲတွေဟာ အစောဆုံး ပေါ်ပေါက် လာတာဖြစ်ပေမယ့် လက်ရှိမှာတော့ တိုက်ပွဲအနည်းဆုံးပါ။ ကရင်တိုင်းရင်းသား လက်နက်ကိုင်တွေဟာ စီးပွားရေး လုပ်ငန်းတွေကို ထူထောင်ထားနိုင်တာကြောင့် လက်နက်ကိုင်ပုန်ကန် မှုဟာ အကန့်အသတ်နဲ့ ပြောက်ကျား တိုက်ပွဲပုံစံသာ ဖြစ်ပေါ်နေပါတယ်။ ရှမ်းပြည်တောင်ပိုင်းနဲ့ ရွှေတြိဂံ‌ တွေမှာလိုပဲ သက်ဆိုင်ရာတိုင်ရင်းသား အုပ်စုအလိုက် ကိုယ်ပိုင်စီးပွားရေးတွေ လုပ်ကိုင်နေတဲ့ပုံစံနဲ့ ဆင်တူပါတယ်။ ဒါကြောင့် လက်နက်ကိုင်ပုန်ကန်မှုတွေ KNU ရဲ့ တပ်မဟာခုနစ်ခုရှိရာဒေသတွေမှာ တစ်ပြိုင်တည်း ပေါ်ပေါက်လာနိုင်ပေမယ့် မြန်မာပြည်အထက်ပိုင်းဒေသတွေလို စစ်ပွဲအခြေအနေကို လတ်တလော မြင်တွေ့ ရမလားဆိုတာတော့စောင့်ကြည့်ရမှာပါ။ န.စ.က အနေနဲ့ (၂၀၂၅) ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပပြီး အရပ်သား အစိုးရကို အာဏာလွှဲပြောင်းမယ်လို့ကြေညာထားပါတယ်။ ဒါဟာ တောင်ပိုင်းဒေသ စစ်ဆင်ရေးအခြေအနေကို ဘယ်လိုပြောင်းလဲနိုင်မလဲ၊ ကရင် လက်နက်ကိုင် တပ်ဖွဲ့ တွေရဲ့ စုစည်းမှုနဲ့ စစ်ရေးဖော်ဆောင်မှု ဘယ်လိုရှိမလဲ ဆိုတာစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ လတ် တလောမှာ န.စ.ကနဲ့ ရုရှားကုမ္ပဏီ တစ်ခု ပူးပေါင်းပြီး ထားဝယ်အထူးစီးပွားရေးဇုန်တည်ဆောက် ဖို့ ပြင်ဆင်နေကြောင်း သတင်းတွေထွက်ပေါ်လာပါတယ်။ ထိုင်းနိုင်ငံကလည်း ထားဝယ်အထူး စီးပွားရေး ဇုန် အခြေအနေကို ဆက်လက်စောင့်ကြည့်နေပြီးတော့ အရှေ့အနောက် အာရှစီပွားရေးစင်္ကြံစီမံကိန်းမှာ ရုရှားနိုင်ငံက ဘယ်လိုပါဝင်လာမလဲဆိုတာ အရေးပါနေပါတယ်။ ထားဝယ်မှ ဘန်ကောက်၊ ဘန်ကောက် မှ ကမ္ဘောဒီးယား အတွင်းပိုင်းအထိ ဆက်သွယ်ပြီးတော့ လမ်းကြောင်းနှစ်ခုခွဲကာ ဗီယက်နမ် တောင် တရုတ်ပင်လယ်က ဆိပ်ကမ်းတွေကိုချိတ်ဆက်မယ့် အရှေ့တောင်ပိုင်းစီးပွားရေးစင်္ကြံရဲ့ အနောက်ဘက် အဆုံး ဆိပ်ကမ်းနယ်မြေဟာ မြန်မာပြည်တောင်ပိုင်းပါ။ မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင်တိုက်ပွဲ တွေဟာ အာဆီယံဒေသ အထူးစီးပွားရေး စီမံကိန်းတွေအပေါ် အကျိုးသက်ရောက်မှုရှိနေတာကြောင့် လာမယ့်အနာဂတ်ကို သက်ဆိုင်သူအားလုံး သေချာစွာ ပုံဖော်ရမှာ ဖြစ်ပါတယ်။

zawgyi version
ျမန္မာျပည္ေတာင္ပိုင္း လက္နက္ကိုင္ တိုက္ပြဲမ်ားႏွင့္ ႀကီးမားေသာ ႏိုင္ငံ ေတာ္အဆင့္ စီမံကိန္းမ်ား
(အပိုင္း-၂)
ေခတ္မင္းကို (NP News) - စက္တင္ဘာ ၂၅

ျမန္မာျပည္ေတာင္ပိုင္းေဒသမွာ ျမဝတီကုန္သြယ္ေရးဇုန္ဟာ ထိုင္းႏိုင္ငံရဲ႕ လက္ရွိ ပစ္မွတ္ထားတဲ့ ေျခလွမ္းျဖစ္မယ္ဆိုရင္ ထားဝယ္ေရနက္ဆိပ္ကမ္း နဲ႔ အထူးစီးပြားေရးဇုန္ဟာ ထိုင္းႏိုင္ငံရဲ႕ အနာဂတ္ အိပ္မက္အေကာင္ အထည္ေဖာ္ျခင္းပါ။ ထိုင္းႏိုင္ငံ အေနနဲ႔ ဘဂၤလားပင္လယ္ေအာ္နဲ႔ အက္ဒမန္ပင္လယ္ ျပင္ထြက္ေပါက္ ေတြရွိေနေပမယ့္ စီးပြားေရးအတြက္ အသုံးခ်ဖို႔ခက္ခဲေနပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ဖူးခက္(Phuket)နဲ႔ ဆူရက္ တာနီ(Surat Thani)မွာ ဆိပ္ကမ္းေတြရွိေပမယ့္ စီးပြားေရးအရ ကုန္ထုတ္ လုပ္ မႈနည္းပါးပါတယ္။ ဖူးခက္ (Phuket)နဲ႔ ဆူရက္တာနီ (Surat Thani) ဟာ ထိုင္းႏိုင္ငံခရီးသြား လုပ္ငန္းအတြက္ အဓိကအသုံးျပဳေနတာ ျဖစ္တဲ့အျပင္ ေတာင္ပိုင္း စီးပြားေရးစႀကႍစီမံကိန္းေတြ (Southem Econ­omic Corridor) အလွမ္းေဝးတဲ့ ဆိပ္ကမ္းၿမိဳ႕ေတြပါပဲ။ ဒါေၾကာင့္ ထိုင္းႏိုင္ငံဟာ ႏိုင္ငံရဲ႕အေနာက္ဘက္ ပင္လယ္ထြက္ေပါက္လိုအပ္လာတာေၾကာင့္ ထားဝယ္ ေရနက္ဆိပ္ကမ္းစီမံကိန္း ကို ဝင္ေရာက္လုပ္ကိုင္ဖို႔သေဘာတူခဲ့တဲ့အျပင္ စီမံကိန္းအေကာင္အထည္ေဖာ္မႈေတြလည္း ဒီမိုကေရစီ အရပ္သားအစိုး ရေတြလက္ထက္မွ စတင္ခဲ့ပါတယ္။ သမၼတ ဦးသိန္း စိန္လက္ထက္မွာ ထားဝယ္ ေရ နက္ဆိပ္ကမ္းနဲ႔ အထူး စီးပြားေရးဇုန္ကိုစတင္ခဲ့ေပမယ့္ (၂၀၂၁)ႏိုင္ငံေရး အေျပာင္းအလဲေတြ ေနာက္ ပိုင္းမွာေတာ့ ထိုင္းရဲ႕ ရင္း ႏွီးျမႇဳပ္ႏွံမႈေတြ ထားဝယ္‌ေဒသကေနျပန္လည္ထြက္ခြာသြားပါတယ္။ ဒါဟာ လည္း အထူးစီးပြားေရးဇုန္စီမံကိန္းတစ္ခုပဲထြက္ခြာတာျဖစ္ၿပီးေတာ့ ေရနက္ဆိပ္ ကမ္းကိုေတာ့ ျမန္မာအစိုးရနဲ႔ ပူးေပါင္းၿပီး ဆက္လက္ တည္ေဆာက္ေနဆဲပါ။

ထားဝယ္ေရနက္ဆိပ္ကမ္းကေန ထိုင္းႏိုင္ငံဘက္ကို နယ္စပ္ထြက္ေပါက္ဂိတ္ျဖစ္တဲ့ ထီးခီးနယ္ စပ္ဂိတ္ ကေနတစ္ဆင့္ ထိုင္းႏိုင္ငံနယ္စပ္ ဖူနမ္႐ိုက ေန ကမ္ခ်နာပူရီၿမိဳ႕အထိဆက္သြယ္မယ့္ လမ္းေၾကာင္း ျဖစ္ ပါတယ္။ ထားဝယ္ကေနတစ္ဆင့္ ဘန္ေကာက္အထိ ခရီးဆက္ႏိုင္မယ့္ ေတာင္ပိုင္း စီးပြားေရးစႀကႍ စီမံ ကိန္းေတြရဲ႕ ဒုတိယအဆင့္ အေကာင္အထည္ေဖာ္မႈျဖစ္ပါတယ္။ အာရွစႀကႍပထမ အဆင့္စီမံကိန္းေအာင္ ျမင္မႈကိုအေျချပဳၿပီး ဒုတိယ အဆင့္စတင္မွာျဖစ္ေပမယ့္ အေျခခံအေဆာက္အအုံေတြကို စတင္ေဆာက္ လုပ္ေနပါတယ္။ ထိုင္းႏိုင္ငံဟာ ျမန္မာႏိုင္ငံနဲ႔အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့အျပင္ ျမန္မာႏိုင္ငံရဲ႕ လက္နက္ကိုင္ ေတာ္လွန္ေရးအဖြဲ႕ေတြနဲ႔ ႏိုင္ငံေရး ျပႆနာေတြကို ထဲထဲဝင္ဝင္နားလည္သေဘာေပါက္တဲ့ ႏိုင္ငံတစ္ခု ျဖစ္ပါတယ္။ (၇၅)ႏွစ္ေက်ာ္ၾကာ ျမန္မာျပည္တြင္းစစ္ အရွိန္ျမင့္လိုက္ က်သြားလိုက္ျဖစ္ေနခ်ိန္ေတြမွာ ထိုင္းႏိုင္ငံဟာ အက်ိဳးအျမတ္မ်ားစြာရရွိခဲ့ပါတယ္။ ဒါဟာ ထိုင္းဘုရင့္ႏိုင္ငံေတာ္အတြက္ အက်ိဳး ေက်းဇူး ေတြ ရွိခဲ့ေပမယ့္လည္း ထိုင္းနယ္စပ္ေတြမွာ စစ္ေဘးေရွာင္တိုင္းရင္းသားေတြ အေျမာက္အျမား ထိုင္းႏိုင္ငံထဲမွာေနထိုင္ၾကလို႔ ျပႆနာ အမ်ားအျပားလည္းျဖစ္ေပၚခဲ့ပါ တယ္။ ထိုင္းျပည္သူေတြနဲ႔ ျမန္မာ ျပည္သူေတြဟာ တျခား အာဆီယံ ႏိုင္ငံေတြက ျပည္သူေတြထက္ ပိုမိုရင္းႏွီးၾကတဲ့အျပင္ ထိုင္းႏိုင္ငံမွာ ျမန္မာလုပ္သားေတြ အမ်ားဆုံး အလုပ္လုပ္ကိုင္ ေနၾကပါတယ္။ ဒါေၾကာင့္ ထိုင္းႏိုင္ငံအတြက္ ျမန္မာ ျပည္နဲ႔ခ်ိတ္ဆက္ အေကာင္ အထည္ေဖာ္ေနတဲ့စီမံကိန္း ေတြဟာ အလြန္အေရး ႀကီးပါတယ္။
စီးပြားေရးအျပင္ ႏိုင္ငံေရးအရပါ အေရးပါေနတာေၾကာင့္ ရွမ္းျပည္ ေျမာက္ပိုင္းက တ႐ုတ္ BRI စီမံကိန္းေတြလိုအျဖစ္မ်ိဳး ေရာက္ရွိသြားမွာကို ထိုင္းဘက္က မလိုလားပါဘူး။ တည္ၿငိမ္ၿပီး စဥ္ဆက္ မျပတ္ တိုးတက္မႈရွိဖို႔ ထိုင္းႏိုင္ငံဘက္ကလိုလားတာေၾကာင့္ ျမန္မာျပည္ေတာင္ပိုင္းက စစ္ပြဲေတြနဲ႔ တိုက္႐ိုက္အက်ိဳးသက္ေရာက္ ေနပါတယ္။ ျမန္မာျပည္ေတာင္ပိုင္းမွာ ကရင့္ေတာ္လွန္ေရးဟာ သက္တမ္းအရွည္ဆုံးျဖစ္သလို ျမန္မာအစိုးရအဆက္ဆက္နဲ႔ တိုက္ပြဲဆင္ႏႊဲခဲ့ပါတယ္။ လြတ္လပ္ေရးရၿပီး ေနာက္ပိုင္းကာလတစ္ေလွ်ာက္လုံး နယ္ေျမမၿငိမ္းခ်မ္းတာေၾကာင့္ ဘာစီးပြားေရးလုပ္ငန္းမွ မလုပ္ႏိုင္ခဲ့ ပါဘူး။ ဒါေပမဲ့ (၁၉၇၀)ျပည့္ႏွစ္ေနာက္ပိုင္းမွာေတာ့ မဆလအစိုးရရဲ႕ စီးပြားေရး တံခါးပိတ္ မူဝါဒေတြ ေၾကာင့္ ထိုင္း ထုတ္ကုန္ေတြကို ျမန္မာျပည္ထဲကို ေမွာင္ခိုတင္သြင္းတဲ့ေဈးကြက္ ေပၚလာတဲ့အျပင္ ျမန္မာဘက္ကလည္း တန္ဖိုးႀကီး ကုန္စည္ေတြနဲ႔ ေရွးေဟာင္းပစၥည္းေတြ တင္ပို႔ခဲ့ပါတယ္။ အစိုးရေခတ္ အဆက္ဆက္ ျမဝတီနယ္စပ္ဟာ တရားဝင္ကုန္သြယ္ ေရးထိထိေရာက္ေရာက္မလုပ္ႏိုင္ခဲ့ေပမယ့္ (၂၀၁၀) ျပည့္ႏွစ္ေနာက္ပိုင္းမွာ အေျပာင္းလဲ အမ်ားႀကီး ျဖစ္ေပၚ ခဲ့ပါတယ္။ (၂၀၁၀)ကေန (၂၀၂၀) အတြင္း ကရင္နယ္ေျမ ၿငိမ္းခ်မ္းေရးရလာတဲ့အျပင္ စီပြားေရးပါ ဖြံ႕ၿဖိဳးလာပါတယ္။ ဒါေပမဲ့ (၂၀၂၁) ေနာက္ပိုင္း လက္နက္ကိုင္ ပုန္ကန္မႈကာလမွာေတာ့ လုံးဝေျပာင္းလဲသြားပါတယ္။ ျမန္မာျပည္ ေတာင္ပိုင္း တိုက္ပြဲေတြဟာ နယ္ေျမထိန္းခ်ဳပ္ဖို႔ လတ္တေလာ တိုက္ခိုက္ေနတာေတြရွိ ေပမယ့္ လုံးဝအၿပီးသတ္ ၿမိဳ႕သိမ္း၊ ႐ြာသိမ္းထိန္းခ်ဳပ္ တာမ်ိဳး မရွိေသးပါဘူး။
ျမန္မာျပည္မွာ ကရင္လက္နက္ကိုင္တပ္ဖြဲ႕ေတြဟာ အင္အားအမ်ားဆုံးနဲ႔ စီးပြားေရးအရလည္း အင္အား ေတာင့္တင္းပါတယ္။ KNU မွာ တပ္မဟာ ခုနစ္ ခုရွိၿပီးေတာ့ တပ္မဟာ(၁) သထုံခ႐ိုင္၊ တပ္မ ဟာ(၂) ေတာင္ငူ ခ႐ိုင္၊ တပ္မဟာ(၃) ေညာင္ေလးပင္ ခ႐ိုင္၊ တပ္မဟာ(၄) ထားဝယ္ခ႐ိုင္၊ တပ္မဟာ (၅) မူေၾတာ္ (ဖာပြန္)ခ႐ိုင္၊ တပ္မဟာ(၆) ဒူးပလာယာ ခ႐ိုင္(ေကာ့ ကရိတ္)၊ တပ္မဟာ(၇)ဘားအံခ႐ိုင္ ဆိုၿပီး ဖြဲ႕စည္းထားတာပါ။ အဲဒီ တပ္မဟာေတြမွာ လူဦးေရဘယ္ေလာက္၊ တပ္သားနဲ႔ တိုက္ခိုက္စြမ္းရည္ ဘယ္ေလာက္ ရွိတယ္ဆိုတာကို အတိအက် ခန႔္မွန္းဖို႔ မလြယ္ပါဘူး။ တပ္မဟာတစ္ခုေအာက္မွာ တပ္ ရင္း (၁၆)ခုရွိေနတာေၾကာင့္ က်န္ကရင္တပ္ဖြဲ႕ေတြ မပါဝင္ရင္ေတာင္ အင္အားႀကီးမားပါတယ္။ ဒါ့ျပင္ ကရင္ျပည္မွာ KNLA(PC)၊ DKBA နဲ႔ ေစာခ်စ္သူ ဦးေဆာင္တဲ့ နယ္ျခားေစာင့္တပ္(KNA)တို႔လည္း က်န္ပါ ေသးတယ္။ ဒါ့ျပင္ မြန္တိုင္းရင္းသား လက္နက္ကိုင္ေတြဟာလည္း ျမန္မာျပည္ေတာင္ပိုင္း တနသၤာရီေဒသမွာလည္း အင္းအားေကာင္းလာတဲ့အျပင္ ထားဝယ္ ထီးခီးလမ္းကိုထိန္းခ်ဳပ္ထားပါတယ္။ ကရင္တိုင္းရင္းသား အသင့္ရွိၿပီးျဖစ္တာေၾကာင့္ ေကာ္သူေလး ကရင္တိုင္းျပည္အိပ္မက္ကို ရခိုင္ေတြလို အေကာင္အထည္ေဖာ္လာႏိုင္ပါတယ္။

ဒါ့ျပင္ ‌(၂၀၂၁) ေနာက္ပိုင္းေပၚထြက္လာတဲ့ NUG ရဲ႕ အဓိကမဟာမိတ္ျဖစ္ေနတဲ့အျပင္ NUG ရဲ႕ PDF တပ္ရင္းေတြဟာ ကရင္ထိန္းခ်ဳပ္နယ္ေျမေတြမွာ အေျခစိုက္လႈပ္ရွားေနၾကတာပါ။ မြန္၊ ကရင္နဲ႔ ေဒသခံ ေျပာက္က်ားေတြ၊ NUG တပ္ေတြအားလုံးေပါင္းၿပီး ေတာင္ပိုင္းမွာ စစ္ေရးအေကာင္အထည္ေဖာ္ လာမယ္ဆိုရင္ ရန္ကုန္ နဲ႔ပဲခူးဟာ စစ္ေရးၿခိမ္းေျခာက္လာႏိုင္ပါတယ္။ ထားဝယ္ေရနက္ဆိပ္ကမ္းနဲ႔ အထူး စီးပြားေရးဇုန္ဟာ ေတာင္ပိုင္းစစ္ေဒသရဲ႕ အဓိက ႏိုင္ငံတကာ စီမံကိန္းျဖစ္ေနတာေၾကာင့္ ထိုင္းႏိုင္ငံဘက္ကလည္း အထူးေစာင့္ၾကည့္ေနပါတယ္။ ကရင္လက္နက္ကိုင္ အဖြဲ႕ေတြရဲ႕ လက္ရွိ နစကအေပၚ သေဘာထားအေျခအေနဟာ ျမန္မာျပည္ေတာင္ပိုင္း စစ္ေရးအေျခအေနကို အေျပာင္း အလဲ ႀကီးႀကီးမားမားျဖစ္ေပၚလာႏိုင္ပါတယ္။ ေမာ္လၿမိဳင္ကေန ထားဝယ္ကိုသြားတဲ့လမ္းကို KNU လက္ေအာက္ခံ PDF ေတြက ထိန္းခ်ဳပ္ထားၿပီးေတာ့၊ ထားဝယ္အနီး ေလာင္းလုံမွာပဲ နစကရဲ႕လုံၿခဳံေရး ျပတ္ေတာက္ေနပါတယ္။ ဒါ့ျပင္ ၿမိတ္နဲ႔အနီးဆုံး ပုေလာၿမိဳ႕ကို PDF ေတြ စတင္ထိန္းခ်ဳပ္ေနတာေၾကာင့္ ျမန္မာျပည္ေတာင္ပိုင္းဟာ အခ်ိန္မေ႐ြးေပါက္ကြဲႏိုင္တဲ့ စစ္ေရးအေျခအေနရွိပါတယ္။ထားဝယ္မွာေတာ့ အထူးစီးပြားေရးဇုန္နဲ႔ ေရနက္ ဆိပ္ကမ္းေနရာေတြမွာ ေအာင္ေဇယ်စစ္ေၾကာင္းရဲ႕ အင္အားေတြေရာက္ ရွိၿပီး အကာအကြယ္ေပးထားပါတယ္။ ျမန္မာျပည္ေတာင္ပိုင္းက တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ လက္နက္ကိုင္ႏိုင္ငံေရးအဖြဲ႕အစည္း တခ်ိဳ႕ဟာ အမ်ိဳးသားအဆင့္ၿငိမ္းခ်မ္းေရးစာခ်ဳပ္ NCA ကို လက္မွတ္ ထိုးထားပါတယ္။ NCA စာခ်ဳပ္အရ နစကအေနနဲ႔ စစ္ေၾကာင္းထိုးၿပီး နယ္ေျမရွင္းလင္းေရးလုပ္ဖို႔ ကရင္ နယ္ေျမမွာ မလြယ္ကူႏိုင္ပါဘူး။ ကရင္လူထုအမ်ားစုက လက္ရွိအခ်ိန္မွာ ၿမိဳ႕ေပၚတိုက္ပြဲေတြ ေဖာ္ေဆာင္ တာကို မႏွစ္သက္ပါဘူး။ ဒါဟာ ျမန္မာျပည္ေတာင္ပိုင္းေဒသမွာ နစက စစ္ေျမျပင္ အေျခအေန ျဖစ္ပါတယ္။

ျမန္မာျပည္နယ္စပ္နဲ႔ တိုင္းရင္းသားေဒသေတြ အကုန္လုံးမွာ လက္နက္ကိုင္လႈပ္ရွားမႈေတြ (၂၀၂၄) ခုႏွစ္ ထဲမွာ ျပင္းျပင္းထန္ထန္ေပၚေပါက္ေနပါတယ္။ ရခိုင္ျပည္နယ္မွာဆိုရင္ ၿမိဳ႕ေတာ္ စစ္ေတြ အျပင္ စစ္ဌာနခ်ဳပ္ရွိရာ အမ္းၿမိဳ႕နဲ႔ အထူးစီးပြားေရးဇုန္ရွိရာ ေက်ာက္ျဖဴၿမိဳ႕ေတြမွာပဲ စစ္ပြဲမရွိဘဲ က်န္ၿမိဳ႕ နယ္ေတြမွာ စစ္ေဘးသင့္ ေနပါ တယ္။ ျမန္မာႏိုင္ငံေျမာက္ပိုင္း၊ ကခ်င္ျပည္နယ္၊ စစ္ကိုင္းတိုင္း၊ ရွမ္းျပည္ ေျမာက္ပိုင္း၊ ကယားျပည္နယ္အထိ အကုန္နီးပါး တိုက္ပြဲေတြျဖစ္ပြားေနၿပီး တည္ၿငိမ္မႈ ၿခိမ္းေျခာက္ ေနပါတယ္။ ဒီလို အေျခအေနမွာ ႏိုင္ငံတကာ စီမံကိန္းေတြအတြက္ ေမွ်ာ္လင့္စရာ ဘာမွမရွိပါဘူး။ လတ္ တေလာမွာလည္း ေျမာက္ပိုင္းညီေနာင္ မဟာမိတ္ သုံးဖြဲ႕ကို အၾကမ္းဖက္ အဖြဲ႕အျဖစ္ ေၾကညာထားတာ ေၾကာင့္ တိုက္ပြဲေတြ ဆက္လက္ျပင္းထန္ေနႏိုင္ပါတယ္။ ျပည္မနဲ႔ နယ္စပ္ေဒသေတြက စီးပြားေရး စီမံ ကိန္းေတြအတြက္ စစ္ပြဲဟာ ဘာမွအက်ိဳးမရွိပါဘူး။ ဒီသေဘာတရားကို အရင္ဆုံး သေဘာေပါက္ နားလည္တဲ့ တိုင္းရင္းသားေတြကေတာ့ ေကာ္သူေလး တိုင္းျပည္တည္ေထာင္ခ်င္သူ ကရင္လူမ်ိဳးေတြ ပါပဲ။ ကရင္လူမ်ိဳးေတြအေနနဲ႔ ၿမိဳ႕ျပေတြပ်က္စီးသြားမွာ ေလေၾကာင္းဗုံးက်ဲမႈေတြ ရင္ဆိုင္ရမွာ ကို မလိုလားပါဘူး။ အထိအခိုက္အနည္းဆုံးနဲ႔ ေတာ္လွန္ေရးပုံစံကို ပုံေဖာ္ေနတာေတြ႕ရပါတယ္။

ဒါေပမဲ့ စစ္ပြဲဟာ အၿမဲရွိေနမွာမဟုတ္ပါဘူး။ တစ္ခ်ိန္မွာ ရပ္တန႔္သြားမွာပါ။ စစ္ပြဲေတြရပ္တန႔္တဲ့အခ်ိန္ မွာ စီမံကိန္းေတြျပန္လည္စတင္ဖို႔အတြက္သက္ဆိုင္ရာတိုင္းရင္းသားလက္နက္ကိုင္ ေတြအေနနဲ႔ႀကိဳတင္ ျပင္ဆင္ရမွာပါ။ ျမန္မာျပည္ေတာင္ပိုင္း စစ္ေဒသမွာ လက္နက္ကိုင္တပ္ဖြဲ႕ေတြရဲ႕တိုက္ပြဲေတြဟာ အေစာဆုံး ေပၚေပါက္ လာတာျဖစ္ေပမယ့္ လက္ရွိမွာေတာ့ တိုက္ပြဲအနည္းဆုံးပါ။ ကရင္တိုင္းရင္းသား လက္နက္ကိုင္ေတြဟာ စီးပြားေရး လုပ္ငန္းေတြကို ထူေထာင္ထားႏိုင္တာေၾကာင့္ လက္နက္ကိုင္ပုန္ကန္ မႈဟာ အကန႔္အသတ္နဲ႔ ေျပာက္က်ား တိုက္ပြဲပုံစံသာ ျဖစ္ေပၚေနပါတယ္။ ရွမ္းျပည္ေတာင္ပိုင္းနဲ႔ ေ႐ႊႀတိဂံ‌ ေတြမွာလိုပဲ သက္ဆိုင္ရာတိုင္ရင္းသား အုပ္စုအလိုက္ ကိုယ္ပိုင္စီးပြားေရးေတြ လုပ္ကိုင္ေနတဲ့ပုံစံနဲ႔ ဆင္တူပါတယ္။ ဒါေၾကာင့္ လက္နက္ကိုင္ပုန္ကန္မႈေတြ KNU ရဲ႕ တပ္မဟာခုနစ္ခုရွိရာေဒသေတြမွာ တစ္ၿပိဳင္တည္း ေပၚေပါက္လာႏိုင္ေပမယ့္ ျမန္မာျပည္အထက္ပိုင္းေဒသေတြလို စစ္ပြဲအေျခအေနကို လတ္တေလာ ျမင္ေတြ႕ ရမလားဆိုတာေတာ့ေစာင့္ၾကည့္ရမွာပါ။ န.စ.က အေနနဲ႔ (၂၀၂၅) ခုႏွစ္မွာ ေ႐ြးေကာက္ပြဲက်င္းပၿပီး အရပ္သား အစိုးရကို အာဏာလႊဲေျပာင္းမယ္လို႔ေၾကညာထားပါတယ္။ ဒါဟာ ေတာင္ပိုင္းေဒသ စစ္ဆင္ေရးအေျခအေနကို ဘယ္လိုေျပာင္းလဲႏိုင္မလဲ၊ ကရင္ လက္နက္ကိုင္ တပ္ဖြဲ႕ ေတြရဲ႕ စုစည္းမႈနဲ႔ စစ္ေရးေဖာ္ေဆာင္မႈ ဘယ္လိုရွိမလဲ ဆိုတာစိတ္ဝင္စားဖို႔ေကာင္းေနပါတယ္။ လတ္ တေလာမွာ န.စ.ကနဲ႔ ႐ုရွားကုမၸဏီ တစ္ခု ပူးေပါင္းၿပီး ထားဝယ္အထူးစီးပြားေရးဇုန္တည္ေဆာက္ ဖို႔ ျပင္ဆင္ေနေၾကာင္း သတင္းေတြထြက္ေပၚလာပါတယ္။ ထိုင္းႏိုင္ငံကလည္း ထားဝယ္အထူး စီးပြားေရး ဇုန္ အေျခအေနကို ဆက္လက္ေစာင့္ၾကည့္ေနၿပီးေတာ့ အေရွ႕အေနာက္ အာရွစီပြားေရးစႀကႍစီမံကိန္းမွာ ႐ုရွားႏိုင္ငံက ဘယ္လိုပါဝင္လာမလဲဆိုတာ အေရးပါေနပါတယ္။ ထားဝယ္မွ ဘန္ေကာက္၊ ဘန္ေကာက္ မွ ကေမာၻဒီးယား အတြင္းပိုင္းအထိ ဆက္သြယ္ၿပီးေတာ့ လမ္းေၾကာင္းႏွစ္ခုခြဲကာ ဗီယက္နမ္ ေတာင္ တ႐ုတ္ပင္လယ္က ဆိပ္ကမ္းေတြကိုခ်ိတ္ဆက္မယ့္ အေရွ႕ေတာင္ပိုင္းစီးပြားေရးစႀကႍရဲ႕ အေနာက္ဘက္ အဆုံး ဆိပ္ကမ္းနယ္ေျမဟာ ျမန္မာျပည္ေတာင္ပိုင္းပါ။ ျမန္မာျပည္ေတာင္ပိုင္း လက္နက္ကိုင္တိုက္ပြဲ ေတြဟာ အာဆီယံေဒသ အထူးစီးပြားေရး စီမံကိန္းေတြအေပၚ အက်ိဳးသက္ေရာက္မႈရွိေနတာေၾကာင့္ လာမယ့္အနာဂတ္ကို သက္ဆိုင္သူအားလုံး ေသခ်ာစြာ ပုံေဖာ္ရမွာ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.