ယခုဘဏ္ဍာနှစ်အတွင်း အခွန်ငွေကျပ်ဘီလျံ (၉၃၀ဝ)ကျော် ရရှိရန် လျာထားအိမ်ခြံမြေကဏ္ဍတွင် အခွန်ရှောင်မှု အများဆုံး ရှိနေ

 158

မြူနစ်၊ ယွန်း (NP News) - စက်တင်ဘာ ၂၅

ယခု (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင် နိုင်ငံတော်အနေဖြင့် အခွန်ငွေ ကျပ်ဘီလျံ (၉၃၀ဝ) ကျော် ရရှိရန် လျာထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။

ပြီးခဲ့သော (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် နိုင်ငံတော်အနေဖြင့် အခွန်ငွေကျပ် (၈၀၅၂)ဘီလျံ ကျော် ရရှိရန်လျာထားခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် ငွေကျပ် (၉၃၇၈)ဘီလျံကျော်အထိ တိုးမြှင့်ရရှိရန် လျာထားကြောင်းတွေ့ရသည်။

ပြည်တွင်းထွက်ကုန်နှင့် ပြည်သူပြည်သားများ သုံးစွဲမှုအပေါ်ကောက်ခံသည့်အခွန်အကောက်တွင် ယဇ်မျိုးခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ပါမစ်ကြေး၊ မော်တော်ယာဉ်၊ ယာဉ်မောင်းလိုင်စင်၊ လုပ်ငန်း လိုင်စင် ဆိုင်ရာ အခငွေ၊ ရုံးခွန်နှင့်တံဆိပ်ခေါင်းခွန်၊ အထူးကုန်စည်ခွန် စသည့်အမျိုးအစားများပါဝင်ပြီး ယခုနှစ်တွင် နိုင်ငံတော်အနေဖြင့် ငွေကျပ် (၄၇၀၂)ဘီလျံကျော်အထိ ရရှိရန် လျာထားသည်။

“ အခွန်က ကင်းလွတ်တာမဟုတ်ဘူး။ ရသင့် ရထိုက်သလောက်မရဘဲနဲ့ နိုင်ငံတော်က ဆုံးရှုံး နေတာ။ ကျန်တဲ့လုပ်ငန်းတွေမှာတော့ ခုနောက်ပိုင်း တင်းတင်းကြပ်ကြပ်ကောက်ခံလာတာတွေ ရှိတယ်။ ဒါပေမဲ့ အိမ်ခြံမြေအရောင်းအဝယ်တွေမှာတော့ အခွန်က ရသင့်ရထိုက်တဲ့အခွန်ကို မရဘူးဖြစ်နေတာ အများကြီး ရှိတယ်။ အဲဒါက ဘယ်လိုနေရာမျိုးတွေမှာ လဲဆိုရင် ဥပမာ-မြေ တစ်ကွက် ဝယ်တယ်ဆိုရင် ရာဖြတ်တန်ဖိုးကို အခွန်သတ်မှတ်တဲ့နှုန်းထားနဲ့ ဖြတ်လိုက်တယ်။ ဖြတ်ပြီးသွားလို့ရှိရင် အဲဒီအခွန်ကို (၃၀) ရာခိုင်နှုန်း သက်သာအောင်ဆိုပြီး အပြည့်ဆောင်ချင်ရင်တောင် အခွန်မှူးတွေ၊ အခွန်စာရေးတွေက ညှိနှိုင်းတာတွေ ရှိတယ်။ အခွန်အပြည့်မဆောင်နဲ့ (၄၀) ရာခိုင်နှုန်းလောက် သက်သာအောင် အခွန်ရှောင် ပေးမယ်ဆိုပြီး ဖြတ်ယူလိုက်တာတွေရှိတယ်။ တကယ်ဆောင်တဲ့သူအနေနဲ့ သက်သာသွားတယ်။ ငွေပိုထွက်လာတယ်။ အောက်ခြေမှာ အဲဒီလိုတွေ ဖြစ်လာတယ်။အပြည့်အဝဆောင်ချင်ရင်တောင် အတိုက်အခံ ပြောပြီးကို ယူနေရတယ်။ အဲဒီလိုမျိုးတွေနဲ့ အခွန် တွေက အများကြီးဆုံးရှုံးနေတယ်။ ကျန်တဲ့ လုပ်ငန်းတွေမှာတော့ တော်တော်ကိုတင်းကြပ်နေတာတော့ တွေ့တယ်။ အိမ်ခြံမြေမှာ ရောင်းတဲ့သူဆိုရင် ၁၀ ရာခိုင်နှုန်း ဆောင်ရတယ်။ အဲဒီအပေါ်မှာလည်း လုပ်နေ တဲ့သူလည်းရှိတယ်” ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက NP News ကို ပြောသည်။

အလားတူ အထက်ပါကဲ့သို့ အခွန်တိမ်းရှောင်သည့်ဖြစ်စဉ်များသည် ကားအရောင်းအဝယ် ကဏ္ဍ များတွင်လည်းရှိနေပြီး အခွန်ကောက်ခံမှုများနှင့် ပတ်သက်၍ တင်းတင်းကြပ်ကြပ် စိစစ်သင့်ကြောင်း ၎င်းက ဆက်လက်အကြံပြုထားသည်။

ထို့ပြင် ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတော်အနေဖြင့် ဝင်ငွေနှင့် ပိုင်ဆိုင်မှုအပေါ် ကောက်ခံသည့် အခွန်အကောက်(ဝင်ငွေခွန်)မှ ငွေကျပ် (၃၄၃၇)ဘီလျံ ကျော်ရရှိရန်လျာထားကြောင်း နစက၏ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အသိပေးထားသည်။

“ ဝင်ငွေခွန်ကိုလည်း အောက်ခြေကလူတွေအတွက် လျှော့ပေးသင့်တယ်။ တစ်လကို (၄)သိန်း၊ (၅)သိန်းရတဲ့သူက သူ့မိသားစု စရိတ်တောင် မလောက်တာကို ဝင်ငွေခွန်ကောက်တာက အရမ်း များ တယ်။ အနည်းဆုံး (၁၀) သိန်းလောက်ရမှ ကောက်သင့်တယ်။ တကယ်တော့ လစာရဲ့ ဘယ်လောက် ဆိုတဲ့ဟာကို ကောက်သင့်တယ်။ တကယ်တော့ ဝင်ငွေခွန်က (၅) ရာခိုင်နှုန်းနဲ့ (၁၀) ရာခိုင်နှုန်းပဲ ကောက်သင့်တာ။ သူများနိုင်ငံမှာဆို ဘယ် လောက်အထိက (၅) ၊ ဘယ်လောက်အထိက (၁၀) ဆိုတာ မျိုးရှိတယ်။ အဲဒါမျိုး ပြင်မယ်ဆိုရင် အားလုံးလည်း ဝင်ငွေခွန်အပြည့်နဲ့ ဆောင်နိုင်ကြမယ်။ အခွန်က ကောက်သင့်တယ်။ ဝင်ငွေများရင် များသလို ရာခိုင်နှုန်းတက်၊ နည်းရင်နည်းသလို ရာခိုင်နှုန်း ကို လျှော့ထားရမှာ။ ဝင်ငွေခွန်ဆိုတာ ဘယ်နိုင်ငံမှာမဆို တစ်နှစ်ကို သိန်း (၁၀ဝ)ရတဲ့သူနဲ့၊ သိန်း(၃၀ဝ) ရတဲ့သူနဲ့ အခွန် မတူဘူး။ အဲဒါမှ လူတန်းစားက တဖြည်းဖြည်းနဲ့ ညီလာမှာ” ဟု စီးပွားရေးလုပ်ငန်း ရှင်က သုံးသပ်ပြောကြားသည်။

နိုင်ငံတော်အနေဖြင့် အကောက်ခွန်မှ ငွေကျပ် (၄၆၀)ဘီလျံကျော် ရရှိရန် လျားထားသကဲ့သို့ နိုင်ငံပိုင်သယံဇာတများ ထုတ်ယူသုံးစွဲမှုအပေါ် ကောက်ခံသည့်အခွန် အကောက်မှ ငွေကျပ် (၇၆၀) ဘီလျံကျော် ရရှိရန် လျာထားကြောင်း တွေ့ရသည်။

“အခွန်ကောက်တဲ့နေရာအားလုံး အားနည်း နေတာ။ ရပ်ကွက်ထဲက ဈေးဆိုင်လေးတွေ၊ ကုန်စုံ ဆိုင်လေးတွေ၊ လက်ဖက်ရည်ဆိုင်တွေ ကအစ စနစ်တကျကောက်ဖို့လိုတယ်။ တံဆိပ် ခေါင်းကပ်လား မကပ်လားဆိုတဲ့နေရာမှာတောင် လုပ်စားနေကြတာရှိတယ်။ ပြင်စရာတွေကတော့ အများကြီးပဲ။ အမှန်ကတော့ အကုန်လုံးကို ရအောင်ကောက်နိုင်ရမှာလေ။ အစိုးရကလည်း သေချာတဲ့ ဝန်ဆောင်မှု မျိုးတွေပေးဖို့လိုတယ်။ လမ်းခင်းတာတို့၊ တံတားဆောက်တာတို့၊ လျှပ်စစ်မီးပေးတဲ့ကိစ္စတွေကလည်း အခွန်တွေနဲ့ပဲ ပေးရတာဖြစ်တော့ သေချာလုပ်ပေးရင်တော့ တဖြည်းဖြည်းနဲ့ ပြေလည်သွားမှာပေါ့။ အဲဒီလို ဆိုရင်တော့ ဆောင်တဲ့သူလည်းဆောင်ချင်လာမှာပေါ့။ သေချာလေးကောင်းကောင်းမွန်မွန်နဲ့ တန်ဖိုး ရှိရှိလေးပြန် ပေးဖို့လိုတယ်။ အဲဒါတွေကိုလည်း ပြန်ပြီးကြပ်မတ်သင့်တယ်” ဟု အထက်ပါလုပ်ငန်းရှင်ကဆိုသည်။

zawgyi version
ယခုဘ႑ာႏွစ္အတြင္း အခြန္ေငြက်ပ္ဘီလ်ံ (၉၃၀ဝ)ေက်ာ္ ရရွိရန္ လ်ာထား အိမ္ၿခံေျမက႑တြင္ အခြန္ေရွာင္မႈ အမ်ားဆုံး ရွိေန

ျမဴနစ္၊ ယြန္း (NP News) - စက္တင္ဘာ ၂၅

ယခု (၂၀၂၄-၂၀၂၅) ဘ႑ာႏွစ္တြင္ ႏိုင္ငံေတာ္အေနျဖင့္ အခြန္ေငြ က်ပ္ဘီလ်ံ (၉၃၀ဝ) ေက်ာ္ ရရွိရန္ လ်ာထားေၾကာင္း စီမံကိန္းႏွင့္ဘ႑ာ ေရးဝန္ႀကီးဌာန၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

ၿပီးခဲ့ေသာ (၂၀၂၃-၂၀၂၄) ဘ႑ာႏွစ္တြင္ ႏိုင္ငံေတာ္အေနျဖင့္ အခြန္ေငြက်ပ္ (၈၀၅၂)ဘီလ်ံ ေက်ာ္ ရရွိရန္လ်ာထားခဲ့ၿပီး ယခုဘ႑ာႏွစ္တြင္ ေငြက်ပ္ (၉၃၇၈)ဘီလ်ံေက်ာ္အထိ တိုးျမႇင့္ရရွိရန္ လ်ာထားေၾကာင္းေတြ႕ရသည္။

ျပည္တြင္းထြက္ကုန္ႏွင့္ ျပည္သူျပည္သားမ်ား သုံးစြဲမႈအေပၚေကာက္ခံသည့္အခြန္အေကာက္တြင္ ယဇ္မ်ိဳးခြန္၊ ကုန္သြယ္လုပ္ငန္းခြန္၊ ပါမစ္ေၾကး၊ ေမာ္ေတာ္ယာဥ္၊ ယာဥ္ေမာင္းလိုင္စင္၊ လုပ္ငန္း လိုင္စင္ ဆိုင္ရာ အခေငြ၊ ႐ုံးခြန္ႏွင့္တံဆိပ္ေခါင္းခြန္၊ အထူးကုန္စည္ခြန္ စသည့္အမ်ိဳးအစားမ်ားပါဝင္ၿပီး ယခုႏွစ္တြင္ ႏိုင္ငံေတာ္အေနျဖင့္ ေငြက်ပ္ (၄၇၀၂)ဘီလ်ံေက်ာ္အထိ ရရွိရန္ လ်ာထားသည္။

“ အခြန္က ကင္းလြတ္တာမဟုတ္ဘူး။ ရသင့္ ရထိုက္သေလာက္မရဘဲနဲ႔ ႏိုင္ငံေတာ္က ဆုံးရႈံး ေနတာ။ က်န္တဲ့လုပ္ငန္းေတြမွာေတာ့ ခုေနာက္ပိုင္း တင္းတင္းၾကပ္ၾကပ္ေကာက္ခံလာတာေတြ ရွိတယ္။ ဒါေပမဲ့ အိမ္ၿခံေျမအေရာင္းအဝယ္ေတြမွာေတာ့ အခြန္က ရသင့္ရထိုက္တဲ့အခြန္ကို မရဘူးျဖစ္ေနတာ အမ်ားႀကီး ရွိတယ္။ အဲဒါက ဘယ္လိုေနရာမ်ိဳးေတြမွာ လဲဆိုရင္ ဥပမာ-ေျမ တစ္ကြက္ ဝယ္တယ္ဆိုရင္ ရာျဖတ္တန္ဖိုးကို အခြန္သတ္မွတ္တဲ့ႏႈန္းထားနဲ႔ ျဖတ္လိုက္တယ္။ ျဖတ္ၿပီးသြားလို႔ရွိရင္ အဲဒီအခြန္ကို (၃၀) ရာခိုင္ႏႈန္း သက္သာေအာင္ဆိုၿပီး အျပည့္ေဆာင္ခ်င္ရင္ေတာင္ အခြန္မႉးေတြ၊ အခြန္စာေရးေတြက ညႇိႏႈိင္းတာေတြ ရွိတယ္။ အခြန္အျပည့္မေဆာင္နဲ႔ (၄၀) ရာခိုင္ႏႈန္းေလာက္ သက္သာေအာင္ အခြန္ေရွာင္ ေပးမယ္ဆိုၿပီး ျဖတ္ယူလိုက္တာေတြရွိတယ္။ တကယ္ေဆာင္တဲ့သူအေနနဲ႔ သက္သာသြားတယ္။ ေငြပိုထြက္လာတယ္။ ေအာက္ေျခမွာ အဲဒီလိုေတြ ျဖစ္လာတယ္။အျပည့္အဝေဆာင္ခ်င္ရင္ေတာင္ အတိုက္အခံ ေျပာၿပီးကို ယူေနရတယ္။ အဲဒီလိုမ်ိဳးေတြနဲ႔ အခြန္ ေတြက အမ်ားႀကီးဆုံးရႈံးေနတယ္။ က်န္တဲ့ လုပ္ငန္းေတြမွာေတာ့ ေတာ္ေတာ္ကိုတင္းၾကပ္ေနတာေတာ့ ေတြ႕တယ္။ အိမ္ၿခံေျမမွာ ေရာင္းတဲ့သူဆိုရင္ ၁၀ ရာခိုင္ႏႈန္း ေဆာင္ရတယ္။ အဲဒီအေပၚမွာလည္း လုပ္ေန တဲ့သူလည္းရွိတယ္” ဟု စီးပြားေရး လုပ္ငန္းရွင္တစ္ဦးက NP News ကို ေျပာသည္။

အလားတူ အထက္ပါကဲ့သို႔ အခြန္တိမ္းေရွာင္သည့္ျဖစ္စဥ္မ်ားသည္ ကားအေရာင္းအဝယ္ က႑ မ်ားတြင္လည္းရွိေနၿပီး အခြန္ေကာက္ခံမႈမ်ားႏွင့္ ပတ္သက္၍ တင္းတင္းၾကပ္ၾကပ္ စိစစ္သင့္ေၾကာင္း ၎က ဆက္လက္အႀကံျပဳထားသည္။

ထို႔ျပင္ ယခုဘ႑ာႏွစ္တြင္ ႏိုင္ငံေတာ္အေနျဖင့္ ဝင္ေငြႏွင့္ ပိုင္ဆိုင္မႈအေပၚ ေကာက္ခံသည့္ အခြန္အေကာက္(ဝင္ေငြခြန္)မွ ေငြက်ပ္ (၃၄၃၇)ဘီလ်ံ ေက်ာ္ရရွိရန္လ်ာထားေၾကာင္း နစက၏ စီမံကိန္း ႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနက အသိေပးထားသည္။

“ ဝင္ေငြခြန္ကိုလည္း ေအာက္ေျခကလူေတြအတြက္ ေလွ်ာ့ေပးသင့္တယ္။ တစ္လကို (၄)သိန္း၊ (၅)သိန္းရတဲ့သူက သူ႔မိသားစု စရိတ္ေတာင္ မေလာက္တာကို ဝင္ေငြခြန္ေကာက္တာက အရမ္း မ်ား တယ္။ အနည္းဆုံး (၁၀) သိန္းေလာက္ရမွ ေကာက္သင့္တယ္။ တကယ္ေတာ့ လစာရဲ႕ ဘယ္ေလာက္ ဆိုတဲ့ဟာကို ေကာက္သင့္တယ္။ တကယ္ေတာ့ ဝင္ေငြခြန္က (၅) ရာခိုင္ႏႈန္းနဲ႔ (၁၀) ရာခိုင္ႏႈန္းပဲ ေကာက္သင့္တာ။ သူမ်ားႏိုင္ငံမွာဆို ဘယ္ ေလာက္အထိက (၅) ၊ ဘယ္ေလာက္အထိက (၁၀) ဆိုတာ မ်ိဳးရွိတယ္။ အဲဒါမ်ိဳး ျပင္မယ္ဆိုရင္ အားလုံးလည္း ဝင္ေငြခြန္အျပည့္နဲ႔ ေဆာင္ႏိုင္ၾကမယ္။ အခြန္က ေကာက္သင့္တယ္။ ဝင္ေငြမ်ားရင္ မ်ားသလို ရာခိုင္ႏႈန္းတက္၊ နည္းရင္နည္းသလို ရာခိုင္ႏႈန္း ကို ေလွ်ာ့ထားရမွာ။ ဝင္ေငြခြန္ဆိုတာ ဘယ္ႏိုင္ငံမွာမဆို တစ္ႏွစ္ကို သိန္း (၁၀ဝ)ရတဲ့သူနဲ႔၊ သိန္း(၃၀ဝ) ရတဲ့သူနဲ႔ အခြန္ မတူဘူး။ အဲဒါမွ လူတန္းစားက တျဖည္းျဖည္းနဲ႔ ညီလာမွာ” ဟု စီးပြားေရးလုပ္ငန္း ရွင္က သုံးသပ္ေျပာၾကားသည္။

ႏိုင္ငံေတာ္အေနျဖင့္ အေကာက္ခြန္မွ ေငြက်ပ္ (၄၆၀)ဘီလ်ံေက်ာ္ ရရွိရန္ လ်ားထားသကဲ့သို႔ ႏိုင္ငံပိုင္သယံဇာတမ်ား ထုတ္ယူသုံးစြဲမႈအေပၚ ေကာက္ခံသည့္အခြန္ အေကာက္မွ ေငြက်ပ္ (၇၆၀) ဘီလ်ံေက်ာ္ ရရွိရန္ လ်ာထားေၾကာင္း ေတြ႕ရသည္။

“အခြန္ေကာက္တဲ့ေနရာအားလုံး အားနည္း ေနတာ။ ရပ္ကြက္ထဲက ေဈးဆိုင္ေလးေတြ၊ ကုန္စုံ ဆိုင္ေလးေတြ၊ လက္ဖက္ရည္ဆိုင္ေတြ ကအစ စနစ္တက်ေကာက္ဖို႔လိုတယ္။ တံဆိပ္ ေခါင္းကပ္လား မကပ္လားဆိုတဲ့ေနရာမွာေတာင္ လုပ္စားေနၾကတာရွိတယ္။ ျပင္စရာေတြကေတာ့ အမ်ားႀကီးပဲ။ အမွန္ကေတာ့ အကုန္လုံးကို ရေအာင္ေကာက္ႏိုင္ရမွာေလ။ အစိုးရကလည္း ေသခ်ာတဲ့ ဝန္ေဆာင္မႈ မ်ိဳးေတြေပးဖို႔လိုတယ္။ လမ္းခင္းတာတို႔၊ တံတားေဆာက္တာတို႔၊ လွ်ပ္စစ္မီးေပးတဲ့ကိစၥေတြကလည္း အခြန္ေတြနဲ႔ပဲ ေပးရတာျဖစ္ေတာ့ ေသခ်ာလုပ္ေပးရင္ေတာ့ တျဖည္းျဖည္းနဲ႔ ေျပလည္သြားမွာေပါ့။ အဲဒီလို ဆိုရင္ေတာ့ ေဆာင္တဲ့သူလည္းေဆာင္ခ်င္လာမွာေပါ့။ ေသခ်ာေလးေကာင္းေကာင္းမြန္မြန္နဲ႔ တန္ဖိုး ရွိရွိေလးျပန္ ေပးဖို႔လိုတယ္။ အဲဒါေတြကိုလည္း ျပန္ၿပီးၾကပ္မတ္သင့္တယ္” ဟု အထက္ပါလုပ္ငန္းရွင္ကဆိုသည္။

Related news

© 2021. All rights reserved.