နာတာရှည်ပဋိပက္ခများနှင့် အရှေ့အလယ်ပိုင်းဒေသ၏ အနာဂတ်လားရာ (ဘာသာပြန်ဆောင်းပါး)

 173

တင်ဇာလင်း (NP News) - စက်တင်ဘာ ၂၇

အရှေ့အလယ်ပိုင်းဒေသသည် (၂၀၁၁) ခုနှစ် အာရပ်သူပုန်များ ထြွကလာမှုနှင့် အာရပ်တော်လှန် ရေးဖြစ်ပွားပြီးကတည်းက ဒေသတွင်း တည်ငြိမ်အေး ချမ်းရေးတို့ပျောက်ဆုံးခဲ့ရသည်။ ဒေသတွင်း နိုင်ငံ များ အားလုံး အထူးသဖြင့် အာရပ်နိုင်ငံများသည် ယင်းပဋိ ပက္ခများ၏ အကျိုးဆက်များကို ရှည်ကြာစွာ ခံစားနေရသည်။ ထို့ကြောင့် ဒေသတွင်းနိုင်ငံအများစုသည် ပါလက်စတိုင်းတွင် အစ္စရေး၏ ရက်စက် ကြမ်းကြုတ် မှုများကိုရပ်တန့်ပေးရန်နှင့် အပစ်အခတ်ရပ်စဲရေးကို လက်ခံရန် တိုက်တွန်းတောင်းဆို ထားသည်။ အောက်တိုဘာ (၇) ရက်နောက်ပိုင်း အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားလာသော အစ္စရေး-ဟားမတ်စ် စစ်ပွဲကြောင့် ဒေသတွင်းတင်းမာမှုများကို ပိုမိုအရှိန်အဟုန်မြင့် မားလာစေသည်။ အရှေ့ အလယ်ပိုင်းတွင် နိုင်ငံရေး အပြောင်းအလဲများကိုဖြစ်ပေါ်စေခဲ့သည့် အာရပ်နွေဦး အစတွင် အလားတူ အခြေအနေများကို ကြုံတွေ့ခဲ့ရဖူးသည်။ ဒေသတွင်းဇာတ်ကောင်များသည် အာရပ်နွေဦးကဲ့သို့ ပဋိပက္ခ များကိုရှောင်ရှားနိုင်ရန် (၂၀၂၀) ပြည့်နှစ်မှစတင်ကာ ဒေသတွင်းနိုင်ငံများအကြား ပုံမှန်ဆက်ဆံရေး ပြန်လည် ထူထောင်ဖို့ကြိုးပမ်းခဲ့ကြသည်။ သို့သော် အဆုံးသတ်တွင် ပဋိပက္ခဆီသို့သာ ဦးတည်သွားခဲ့ သည်။ အစ္စရေး၏ ရန်လိုသည့်လုပ်ရပ် များနှင့် ဒေသတွင်းတင်းမာမှုများအပေါ် သက်ရောက်မှုများ ကြောင့် အရှေ့အလယ်ပိုင်းဒေသသည် ယခုအချိန်အထိ ဒုက္ခပင်လယ်ဝေနေခဲ့သည်။ လက်ရှိ ပဋိပက္ခမှ ဖန်တီးပုံဖော်လာသော အနေအထားသစ်များကြောင့် အရှေ့အလယ်ပိုင်းဒေသသည် လာမည့် နှစ်များ အတွင်း အခြေအနေသုံးမျိုးနှင့် ရင်ဆိုင်ရနိုင် ဖွယ်ရှိနေသည်။

ပိုမိုဆိုးရွားလာမည့် လုံခြုံရေးအခြေအနေ
ဤအခြေအနေတွင် ဒေသသည် အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုသံသရာတို့ အမြစ်တွယ် လည် နေဆဲ ဖြစ်သည်။ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး ဆင်နွှဲနေသော စစ်ဆင်ရေးများနှင့်အတူ လက်ဘနွန် ရှိ ဟစ်ဇ်ဘိုလာများနှင့်လည်း အဆက်မပြတ် တိုက်ပွဲ၈များ ဖြစ်ပေါ်လျက်ရှိနေသည်။ ထိုကဲ့သို့ ပဋိပက္ခများ ဆက်လက်အုံကြွလာချိန်တွင် အစ္စရေးနှင့် အီရန်တို့ ကြား စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံနိုင်မည့်အန္တရာယ် ကို တိုးပွားလာစေသည်။ ဆီးရီးယားနှင့် အခြားနေရာများတွင် အစ္စရေးက အီရန်၏ပိုင်ဆိုင်မှုများကို ပစ်မှတ်ထားလာနေသည်။ အစ္စရေး၏လုပ်ရပ်များကို အီရန်က လက်တုံ့ပြန်ရာတွင်မူ လက်ဘနွန်ရှိ ဟစ်ဇ် ဘိုလာ၊ ယီမင်ရှိ ဟူသီများနှင့် အီရတ်ရှိ ရှီယိုက်ပြည် သူ့စစ်များအပါအဝင် ဒေသတွင်းအနှံ့အပြားရှိ ゞင်း၏လက်ဝေခံများပါ ပါဝင်လာခဲ့ပြီး ပိုမိုကြီးမား ကျယ်ပြန့်သော ဒေသတွင်းပဋိပက္ခများကို ဦးတည်လာစေခဲ့ သည်။ ပြည်တွင်းစစ်ကြောင့် ယခင်က တည်းက အား ပျော့နေပြီဖြစ်သော ဆီးရီးယားသည် အစ္စရေး-အီရန် ပဋိပက္ခများအတွက် စစ်မြေပြင် ဖြစ်လာပြန်သည်။ ဆီးရီးယားရှိ အီရန်၏ အခြေစိုက်စခန်းများကို အစ္စ ရေးလေကြောင်းမှ တိုက်ခိုက်လာ ခြင်းကြောင့် ဆီးရီး ယားသည်လည်း ပဋိပက္ခအတွင်း ပိုမိုနက်ရှိုင်းစွာ ပါဝင်ပတ်သက်လာရသည်။

ယီမင်တွင်လည်း အေဒင်ပင်လယ်ကွေ့၌ ဟူသီ လက်နက်ကိုင်များက သင်္ဘောလမ်းကြောင်း များကို အဆက်မပြတ် တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေ သည်။ ယင်းတိုက်ခိုက်မှုများသည် ကမ္ဘာလုံး ဆိုင်ရာ လောင်စာဆီထောက်ပံ့ရေးလမ်းကြောင်းများကို ထိခိုက်လာသည့်အတွက် အခြားကမ္ဘာ့ နိုင်ငံ များကိုပါ ခြိမ်းခြောက်လာခဲ့သည်။ ထို့ကြောင့် အမေရိကန်၊ ရုရှားနှင့် ဥရောပနိုင်ငံများကပါ ၎င်းတို့၏ အကျိုးအမြတ်များကို ထိခိုက်လာစေသည့် ဟူသီတို့၏ တိုက်ခိုက်မှုများကို စစ်ရေးအရ တုံ့ပြန်ကြခြင်း ဖြင့် ဒေသတွင်းပဋိပက္ခများတွင် ပါဝင်ပတ်သက်လာခဲ့သည်။

အဆိုပါအခြေအနေတွင် အနောက်နိုင်ငံများသည် အစ္စရေးကို ထောက်ပံ့ပေးခြင်းဖြင့် စစ်လက် နက်များကို ပံ့ပိုးပေးလျက်ရှိသောကြောင့် ဒေသတွင်း ပဋိပက္ခကို ပိုမိုရှည်လျားလာစေသလို တင်းမာမှု များကိုလည်း ပိုမိုပြင်းထန်လာစေသည်။

ပဋိပက္ခအရှိန်ကို ထိန်းသိမ်းထားနိုင်ခြင်း
ပါဝင်ပတ်သက်သည့် နိုင်ငံများအကြား ရန်လိုမှုများကို ရပ်တန့်နိုင်မည်ဆိုပါက အရှေ့အလယ် ပိုင်းရှိ လုံခြုံရေးအခြေအနေသည် ထိပ်တိုက်တွေ့ဆုံစစ်ပွဲ များကိုရှောင်ရှား၍ ပဋိပက္ခကို အရှိန်လျှော့ချ နိုင်မည့် အနေအထားဖြစ်သည်။ ထိုသို့သော အခြေအနေတွင် ဂါဇာရှိ စစ်ပွဲသည် နိုင်ငံတကာ ဖျန်ဖြေသူ များ၏ ကြားဝင်စေ့စပ်နိုင်မှုကြောင့်ဖြစ်စေ၊ စစ်ပန်းမှုကြောင့် ဖြစ်စေ ပြီးဆုံးသွားနိုင်သည်။ သို့သော် အပစ်အခတ် များ ရပ်စဲနေချိန်တွင်ပင် အစ္စရေးသည် အီရန် လက် ဝေခံများကို တိုက်ခိုက်ရန် ပစ်မှတ် ထားသည့် စစ်ဆင် ရေးများကို ဆက်လက်လုပ်ဆောင်ဖွယ်ရှိနေသည်။ ထို့ကြောင့် အစ္စရေးသည် တိကျ သော တိုက်ခိုက်ရေး ဗျူဟာကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်သည်။ ဤချဉ်းကပ်မှုပုံစံသည် ကြီးမား သောပဋိပက္ခကို လျှော့ချပေးသော်လည်း တင်းမာမှုများမှာမူ ဆက်လက်မြင့်မားနေဦးမည်ဖြစ်သည်။

ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲ ရေးရရှိနိုင်ရန်အတွက် ကုလသမဂ္ဂ၊ အီးယူနှင့် ရုရှားတို့ ကဲ့သို့သော ဒေသတွင်းနှင့် နိုင်ငံတကာမှ အင်အားစုများက အရှိန်မြှင့် လုပ်ဆောင်လျက်ရှိသော်လည်း တင်းမာမှုများမှာ မဖြေရှင်းနိုင်သေးဘဲ ဒေသတွင်း ထိပ်တိုက်ရင်ဆိုင်မှု အခြေအနေသို့ ပြန်သွား နိုင်သည့် အနေအထားဖြစ်နေသည်။ ထိုအခြေအနေတွင် အသင့်လျော်ဆုံးရွေးချယ်မှုမှာ ဒေသတွင်း လုံခြုံရေး ကို အာမခံချက်ပေးနိုင်မည့် နှစ်နိုင်ငံအဖြေရှာခြင်း လမ်းကြောင်းကိုသာ ဆက်သွားသင့်သည်။

ဤအခြေအနေသည် ယာယီအပစ်အခတ်ရပ်စဲ ရေးကို ထိန်းချုပ်ထားနိုင်မည်ဖြစ်သော်လည်း ပဋိပက္ခ ကို လုံးလုံးလျားလျားပြီးဆုံးအောင် ဆောင်ရွက်နိုင် မည်တော့ မဟုတ်ပါ။ အထူးသဖြင့် လက်ဘနွန်၊ ဆီးရီးယားနှင့် အီရတ်တို့တွင် ပဋိပက္ခဖြစ်ပွားနိုင် ခြေများ ဆက်လက် မြင့်မားနေမည်ဖြစ် သကဲ့သို့ အီရန် ကလည်း ၎င်း၏ လက်ဝေခံလက်နက်ကိုင်များကို ဆက်လက်ထောက်ပံ့နေဦးမည် ဖြစ်သည်။ သို့ဖြစ်ပါ ၍ ဒေသတွင်း ပါဝါဒိုင်းနမစ်ရှုထောင့်မှ သုံးသပ်ကြည့် လျှင် အီရန်-အစ္စရေး အားပြိုင်မှုသည် ဤအခြေအနေတွင် ဆက်လက်တည်ရှိနေဦးမည်ဖြစ်သည်။

ဒေသတွင်း မဟာမိတ်များထူထောင်ခြင်း
တတိယအခြေအနေတွင်မူ ဒေသတွင်း၌ အစ္စ ရေးကိုဆန့်ကျင်သည့် မဟာမိတ်များ ပေါ်ပေါက် လာ ခြင်းဖြစ်သည်။ ၎င်းမဟာမိတ်တွင် အီဂျစ်၊ အီရန်၊ ဆော်ဒီအာရေဗျတို့ ပါဝင်လာမည်ဖြစ်ပြီး အခြား သော ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်သည့် ရုရှားနှင့် တရုတ်တို့က ကျောထောက်နောက်ခံပြုလာနိုင်ပါ သည်။ တူကီယဲသည်လည်း ၎င်းမဟာမိတ်အဖွဲ့ဝင် ဖြစ်လာနိုင်သော်လည်း ဦးဆောင်အခန်းကဏ္ဍထက် ပံ့ပိုးပေးသည့် ကဏ္ဍကနေ ပါဝင်လာနိုင်သည်။ တူကီ ယဲ၏ ပါဝင်ပတ်သက်မှုသည် ၎င်း၏ ပထဝီဝင် အနေအထားကြောင့် အရေးပါနေသည်။ အီရန်မှာမူ အစ္စရေးကို နှစ်ရှည်လများ ဆန့်ကျင်မှုနှင့် ဒေသတွင်း ရှိ လက်နက်ကိုင်အဖွဲ့များအပေါ် ၎င်း၏ ဩဇာလွှမ်း မိုးမှုများကြောင့် အဓိကကျသော ကစားသမားအဖြစ် ပါဝင်ပတ်သက်နေမည်ဖြစ်သည်။ ရုရှားနှင့် တရုတ် နိုင်ငံတို့ကပံ့ပိုးပေးသော ဤမဟာမိတ်ဖွဲ့စည်းမှုသည် ဒေသတွင်းနှင့် ကမ္ဘာ့ပါဝါဒိုင်းနမစ်နှစ်ခုစလုံးတွင် သိသာထင်ရှားသောအပြောင်းအလဲကို ကိုယ်စားပြု နေသည်။ ထို့ကြောင့် အစ္စရေးအနေဖြင့် ၎င်းမဟာ မိတ်ကို တန်ပြန်ရန် အမေရိကန်နှင့် ဥရောပမိတ်ဖက် များကို ခိုင်မာအောင် ကြိုးပမ်းရမည်ဖြစ်သည်။ ပါလက်စတိုင်းကိစ္စအပေါ် ဒေသတွင်း မဟာမိတ်အဖွဲ့၏ စည်းလုံးညီညွတ်သောရပ်တည်ချက်ကြောင့် အစ္စရေး အပေါ် နိုင်ငံတကာ၏အာရုံစိုက်မှုနှင့် ဖိအားများ ပိုမို တိုးပွားလာစေသည်။

အမေရိကန်ဦးဆောင်သော အနောက်အုပ်စုသည် ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းလိုသည်ဟုဆို သော်လည်း အစ္စရေး၏ အကြမ်းဖက်လုပ်ရပ်များကို တွန်းအားပေးနေသည့် စစ်လက်နက် ခဲယမ်း ထောက်ပံ့မှုများကြောင့် ပဋိပက္ခက မရှည်ကြာသင့်ဘဲ ရှည် ကြာနေသည်။ အမေရိကန် ရွေးကောက် ပွဲဘက်ကို ကြည့်မည်ဆိုလျှင်လည်း ဖြစ်လာနိုင်သည့် သမ္မတ အားလုံးမှာ အစ္စရေးကို အပြင်းအထန် ဆန့်ကျင်မည့် သူရှိမည်မဟုတ်ပါ။ ပါတီကြီးနှစ်ခုစလုံးက ရွေးကောက်ပွဲတွင် အစ္စရေးလုပ်ငန်းရှင်များ၏ အထောက် အပံ့ကိုရရှိကာ ရွေးကောက်ပွဲအသာစီးရရှိနိုင်မည့် အခြေအနေများကြောင့် မည်သို့ပင်ဆို စေကာမူ အစ္စရေးကို ကျောထောက်နောက်ခံပြုရန်သာ ကြိုးပမ်းနေကြသည်။ ဒီမိုကရက်ပါတီဝင် အများစုက အစ္စရေး ၏မူဝါဒများကို ဆန့်ကျင်မှုများရှိနေသော်လည်း သမ္မတလောင်း ကမ်မလာဟားရစ် ကမူ အစ္စရေး ထောက်ခံရေးထုတ်ပြန်ချက်များကို ဆက်လက်ဖော် ပြနေသည်။ အခြားတစ်ဖက်တွင် လည်း သမ္မတလောင်း ဒေါ်နယ်ထရမ့်သည် ၎င်း၏ ပထမသက်တမ်းတွင် အစ္စရေးကိုထောက်ခံကြောင်း ပြသခဲ့သလို ဒုတိယသက်တမ်းတွင်လည်း ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ထို့ကြောင့် အနာဂတ်တွင်လည်း အစ္စရေးကို ဆက်လက်ထောက်ပံ့၍ အကာကွယ်ပြုသွားမည့် အမေရိကန်၏ မူဝါဒမှာ အပြောင်းအလဲရှိမည် မဟုတ်ပါ။

သို့ဖြစ်ပါ၍ အရှေ့အလယ်ပိုင်းဒေသ၏ လက်ရှိ အနေအထားနှင့်လားရာသည် နာတာရှည် ပဋိပက္ခနှင့် မတည်ငြိမ်မှုများဆီသို့ ဦးတည်နေကြောင်း ညွှန်ပြနေသည်။ ယင်းအနေအထားကို ကျော်လွှားနိုင်ဖို့ဆိုလျှင် ဒေသတွင်းနိုင်ငံများအားလုံး၏ စိုးရိမ်မှုများကို ဖြေရှင်းပေးနိုင်မည့် လုံခြုံရေး မူဘောင်အသစ်တစ်ခု အရေးတကြီးလိုအပ်နေပါကြောင်း ရေးသားလိုက်ရသည်။

zawgyi version
နာတာရွည္ပဋိပကၡမ်ားႏွင့္ အေရွ႕အလယ္ပိုင္းေဒသ၏ အနာဂတ္လားရာ (ဘာသာျပန္ေဆာင္းပါး)
တင္ဇာလင္း (NP News) - စက္တင္ဘာ ၂၇

အေရွ႕အလယ္ပိုင္းေဒသသည္ (၂၀၁၁) ခုႏွစ္ အာရပ္သူပုန္မ်ား ႂထြကလာမႈႏွင့္ အာရပ္ေတာ္လွန္ ေရးျဖစ္ပြားၿပီးကတည္းက ေဒသတြင္း တည္ၿငိမ္ေအး ခ်မ္းေရးတို႔ေပ်ာက္ဆုံးခဲ့ရသည္။ ေဒသတြင္း ႏိုင္ငံ မ်ား အားလုံး အထူးသျဖင့္ အာရပ္ႏိုင္ငံမ်ားသည္ ယင္းပဋိ ပကၡမ်ား၏ အက်ိဳးဆက္မ်ားကို ရွည္ၾကာစြာ ခံစားေနရသည္။ ထို႔ေၾကာင့္ ေဒသတြင္းႏိုင္ငံအမ်ားစုသည္ ပါလက္စတိုင္းတြင္ အစၥေရး၏ ရက္စက္ ၾကမ္းၾကဳတ္ မႈမ်ားကိုရပ္တန႔္ေပးရန္ႏွင့္ အပစ္အခတ္ရပ္စဲေရးကို လက္ခံရန္ တိုက္တြန္းေတာင္းဆို ထားသည္။ ေအာက္တိုဘာ (၇) ရက္ေနာက္ပိုင္း အေရွ႕အလယ္ပိုင္းတြင္ ျဖစ္ပြားလာေသာ အစၥေရး-ဟားမတ္စ္ စစ္ပြဲေၾကာင့္ ေဒသတြင္းတင္းမာမႈမ်ားကို ပိုမိုအရွိန္အဟုန္ျမင့္ မားလာေစသည္။ အေရွ႕ အလယ္ပိုင္းတြင္ ႏိုင္ငံေရး အေျပာင္းအလဲမ်ားကိုျဖစ္ေပၚေစခဲ့သည့္ အာရပ္ေႏြဦး အစတြင္ အလားတူ အေျခအေနမ်ားကို ႀကဳံေတြ႕ခဲ့ရဖူးသည္။ ေဒသတြင္းဇာတ္ေကာင္မ်ားသည္ အာရပ္ေႏြဦးကဲ့သို႔ ပဋိပကၡ မ်ားကိုေရွာင္ရွားႏိုင္ရန္ (၂၀၂၀) ျပည့္ႏွစ္မွစတင္ကာ ေဒသတြင္းႏိုင္ငံမ်ားအၾကား ပုံမွန္ဆက္ဆံေရး ျပန္လည္ ထူေထာင္ဖို႔ႀကိဳးပမ္းခဲ့ၾကသည္။ သို႔ေသာ္ အဆုံးသတ္တြင္ ပဋိပကၡဆီသို႔သာ ဦးတည္သြားခဲ့ သည္။ အစၥေရး၏ ရန္လိုသည့္လုပ္ရပ္ မ်ားႏွင့္ ေဒသတြင္းတင္းမာမႈမ်ားအေပၚ သက္ေရာက္မႈမ်ား ေၾကာင့္ အေရွ႕အလယ္ပိုင္းေဒသသည္ ယခုအခ်ိန္အထိ ဒုကၡပင္လယ္ေဝေနခဲ့သည္။ လက္ရွိ ပဋိပကၡမွ ဖန္တီးပုံေဖာ္လာေသာ အေနအထားသစ္မ်ားေၾကာင့္ အေရွ႕အလယ္ပိုင္းေဒသသည္ လာမည့္ ႏွစ္မ်ား အတြင္း အေျခအေနသုံးမ်ိဳးႏွင့္ ရင္ဆိုင္ရႏိုင္ ဖြယ္ရွိေနသည္။

ပိုမိုဆိုး႐ြားလာမည့္ လုံၿခဳံေရးအေျခအေန
ဤအေျခအေနတြင္ ေဒသသည္ အၾကမ္းဖက္မႈႏွင့္ မတည္ၿငိမ္မႈသံသရာတို႔ အျမစ္တြယ္ လည္ ေနဆဲ ျဖစ္သည္။ ဂါဇာကမ္းေျမာင္ေဒသတြင္ အစၥေရး ဆင္ႏႊဲေနေသာ စစ္ဆင္ေရးမ်ားႏွင့္အတူ လက္ဘႏြန္ ရွိ ဟစ္ဇ္ဘိုလာမ်ားႏွင့္လည္း အဆက္မျပတ္ တိုက္ပြဲ၈မ်ား ျဖစ္ေပၚလ်က္ရွိေနသည္။ ထိုကဲ့သို႔ ပဋိပကၡမ်ား ဆက္လက္အုံႂကြလာခ်ိန္တြင္ အစၥေရးႏွင့္ အီရန္တို႔ ၾကား စစ္ေရးအရ ထိပ္တိုက္ေတြ႕ဆုံႏိုင္မည့္အႏၲရာယ္ ကို တိုးပြားလာေစသည္။ ဆီးရီးယားႏွင့္ အျခားေနရာမ်ားတြင္ အစၥေရးက အီရန္၏ပိုင္ဆိုင္မႈမ်ားကို ပစ္မွတ္ထားလာေနသည္။ အစၥေရး၏လုပ္ရပ္မ်ားကို အီရန္က လက္တုံ႔ျပန္ရာတြင္မူ လက္ဘႏြန္ရွိ ဟစ္ဇ္ ဘိုလာ၊ ယီမင္ရွိ ဟူသီမ်ားႏွင့္ အီရတ္ရွိ ရွီယိုက္ျပည္ သူ႔စစ္မ်ားအပါအဝင္ ေဒသတြင္းအႏွံ႔အျပားရွိ ゞင္း၏လက္ေဝခံမ်ားပါ ပါဝင္လာခဲ့ၿပီး ပိုမိုႀကီးမား က်ယ္ျပန႔္ေသာ ေဒသတြင္းပဋိပကၡမ်ားကို ဦးတည္လာေစခဲ့ သည္။ ျပည္တြင္းစစ္ေၾကာင့္ ယခင္က တည္းက အား ေပ်ာ့ေနၿပီျဖစ္ေသာ ဆီးရီးယားသည္ အစၥေရး-အီရန္ ပဋိပကၡမ်ားအတြက္ စစ္ေျမျပင္ ျဖစ္လာျပန္သည္။ ဆီးရီးယားရွိ အီရန္၏ အေျခစိုက္စခန္းမ်ားကို အစၥ ေရးေလေၾကာင္းမွ တိုက္ခိုက္လာ ျခင္းေၾကာင့္ ဆီးရီး ယားသည္လည္း ပဋိပကၡအတြင္း ပိုမိုနက္ရႈိင္းစြာ ပါဝင္ပတ္သက္လာရသည္။

ယီမင္တြင္လည္း ေအဒင္ပင္လယ္ေကြ႕၌ ဟူသီ လက္နက္ကိုင္မ်ားက သေဘၤာလမ္းေၾကာင္း မ်ားကို အဆက္မျပတ္ တိုက္ခိုက္ျခင္းမ်ား လုပ္ေဆာင္ေန သည္။ ယင္းတိုက္ခိုက္မႈမ်ားသည္ ကမာၻလုံး ဆိုင္ရာ ေလာင္စာဆီေထာက္ပံ့ေရးလမ္းေၾကာင္းမ်ားကို ထိခိုက္လာသည့္အတြက္ အျခားကမာၻ႔ ႏိုင္ငံ မ်ားကိုပါ ၿခိမ္းေျခာက္လာခဲ့သည္။ ထို႔ေၾကာင့္ အေမရိကန္၊ ႐ုရွားႏွင့္ ဥေရာပႏိုင္ငံမ်ားကပါ ၎တို႔၏ အက်ိဳးအျမတ္မ်ားကို ထိခိုက္လာေစသည့္ ဟူသီတို႔၏ တိုက္ခိုက္မႈမ်ားကို စစ္ေရးအရ တုံ႔ျပန္ၾကျခင္း ျဖင့္ ေဒသတြင္းပဋိပကၡမ်ားတြင္ ပါဝင္ပတ္သက္လာခဲ့သည္။

အဆိုပါအေျခအေနတြင္ အေနာက္ႏိုင္ငံမ်ားသည္ အစၥေရးကို ေထာက္ပံ့ေပးျခင္းျဖင့္ စစ္လက္ နက္မ်ားကို ပံ့ပိုးေပးလ်က္ရွိေသာေၾကာင့္ ေဒသတြင္း ပဋိပကၡကို ပိုမိုရွည္လ်ားလာေစသလို တင္းမာမႈ မ်ားကိုလည္း ပိုမိုျပင္းထန္လာေစသည္။

ပဋိပကၡအရွိန္ကို ထိန္းသိမ္းထားႏိုင္ျခင္း
ပါဝင္ပတ္သက္သည့္ ႏိုင္ငံမ်ားအၾကား ရန္လိုမႈမ်ားကို ရပ္တန႔္ႏိုင္မည္ဆိုပါက အေရွ႕အလယ္ ပိုင္းရွိ လုံၿခဳံေရးအေျခအေနသည္ ထိပ္တိုက္ေတြ႕ဆုံစစ္ပြဲ မ်ားကိုေရွာင္ရွား၍ ပဋိပကၡကို အရွိန္ေလွ်ာ့ခ် ႏိုင္မည့္ အေနအထားျဖစ္သည္။ ထိုသို႔ေသာ အေျခအေနတြင္ ဂါဇာရွိ စစ္ပြဲသည္ ႏိုင္ငံတကာ ဖ်န္ေျဖသူ မ်ား၏ ၾကားဝင္ေစ့စပ္ႏိုင္မႈေၾကာင့္ျဖစ္ေစ၊ စစ္ပန္းမႈေၾကာင့္ ျဖစ္ေစ ၿပီးဆုံးသြားႏိုင္သည္။ သို႔ေသာ္ အပစ္အခတ္ မ်ား ရပ္စဲေနခ်ိန္တြင္ပင္ အစၥေရးသည္ အီရန္ လက္ ေဝခံမ်ားကို တိုက္ခိုက္ရန္ ပစ္မွတ္ ထားသည့္ စစ္ဆင္ ေရးမ်ားကို ဆက္လက္လုပ္ေဆာင္ဖြယ္ရွိေနသည္။ ထို႔ေၾကာင့္ အစၥေရးသည္ တိက် ေသာ တိုက္ခိုက္ေရး ဗ်ဴဟာကို ဆက္လက္ထိန္းသိမ္းထားမည္ျဖစ္သည္။ ဤခ်ဥ္းကပ္မႈပုံစံသည္ ႀကီးမား ေသာပဋိပကၡကို ေလွ်ာ့ခ်ေပးေသာ္လည္း တင္းမာမႈမ်ားမွာမူ ဆက္လက္ျမင့္မားေနဦးမည္ျဖစ္သည္။

ဂါဇာကမ္းေျမာင္ေဒသတြင္ အပစ္အခတ္ရပ္စဲ ေရးရရွိႏိုင္ရန္အတြက္ ကုလသမဂၢ၊ အီးယူႏွင့္ ႐ုရွားတို႔ ကဲ့သို႔ေသာ ေဒသတြင္းႏွင့္ ႏိုင္ငံတကာမွ အင္အားစုမ်ားက အရွိန္ျမႇင့္ လုပ္ေဆာင္လ်က္ရွိေသာ္လည္း တင္းမာမႈမ်ားမွာ မေျဖရွင္းႏိုင္ေသးဘဲ ေဒသတြင္း ထိပ္တိုက္ရင္ဆိုင္မႈ အေျခအေနသို႔ ျပန္သြား ႏိုင္သည့္ အေနအထားျဖစ္ေနသည္။ ထိုအေျခအေနတြင္ အသင့္ေလ်ာ္ဆုံးေ႐ြးခ်ယ္မႈမွာ ေဒသတြင္း လုံၿခဳံေရး ကို အာမခံခ်က္ေပးႏိုင္မည့္ ႏွစ္ႏိုင္ငံအေျဖရွာျခင္း လမ္းေၾကာင္းကိုသာ ဆက္သြားသင့္သည္။

ဤအေျခအေနသည္ ယာယီအပစ္အခတ္ရပ္စဲ ေရးကို ထိန္းခ်ဳပ္ထားႏိုင္မည္ျဖစ္ေသာ္လည္း ပဋိပကၡ ကို လုံးလုံးလ်ားလ်ားၿပီးဆုံးေအာင္ ေဆာင္႐ြက္ႏိုင္ မည္ေတာ့ မဟုတ္ပါ။ အထူးသျဖင့္ လက္ဘႏြန္၊ ဆီးရီးယားႏွင့္ အီရတ္တို႔တြင္ ပဋိပကၡျဖစ္ပြားႏိုင္ ေျခမ်ား ဆက္လက္ ျမင့္မားေနမည္ျဖစ္ သကဲ့သို႔ အီရန္ ကလည္း ၎၏ လက္ေဝခံလက္နက္ကိုင္မ်ားကို ဆက္လက္ေထာက္ပံ့ေနဦးမည္ ျဖစ္သည္။ သို႔ျဖစ္ပါ ၍ ေဒသတြင္း ပါဝါဒိုင္းနမစ္ရႈေထာင့္မွ သုံးသပ္ၾကည့္ လွ်င္ အီရန္-အစၥေရး အားၿပိဳင္မႈသည္ ဤအေျခအေနတြင္ ဆက္လက္တည္ရွိေနဦးမည္ျဖစ္သည္။

ေဒသတြင္း မဟာမိတ္မ်ားထူေထာင္ျခင္း
တတိယအေျခအေနတြင္မူ ေဒသတြင္း၌ အစၥ ေရးကိုဆန႔္က်င္သည့္ မဟာမိတ္မ်ား ေပၚေပါက္ လာ ျခင္းျဖစ္သည္။ ၎မဟာမိတ္တြင္ အီဂ်စ္၊ အီရန္၊ ေဆာ္ဒီအာေရဗ်တို႔ ပါဝင္လာမည္ျဖစ္ၿပီး အျခား ေသာ ကမာၻ႔အင္အားႀကီးႏိုင္ငံမ်ားျဖစ္သည့္ ႐ုရွားႏွင့္ တ႐ုတ္တို႔က ေက်ာေထာက္ေနာက္ခံျပဳလာႏိုင္ပါ သည္။ တူကီယဲသည္လည္း ၎မဟာမိတ္အဖြဲ႕ဝင္ ျဖစ္လာႏိုင္ေသာ္လည္း ဦးေဆာင္အခန္းက႑ထက္ ပံ့ပိုးေပးသည့္ က႑ကေန ပါဝင္လာႏိုင္သည္။ တူကီ ယဲ၏ ပါဝင္ပတ္သက္မႈသည္ ၎၏ ပထဝီဝင္ အေနအထားေၾကာင့္ အေရးပါေနသည္။ အီရန္မွာမူ အစၥေရးကို ႏွစ္ရွည္လမ်ား ဆန႔္က်င္မႈႏွင့္ ေဒသတြင္း ရွိ လက္နက္ကိုင္အဖြဲ႕မ်ားအေပၚ ၎၏ ဩဇာလႊမ္း မိုးမႈမ်ားေၾကာင့္ အဓိကက်ေသာ ကစားသမားအျဖစ္ ပါဝင္ပတ္သက္ေနမည္ျဖစ္သည္။ ႐ုရွားႏွင့္ တ႐ုတ္ ႏိုင္ငံတို႔ကပံ့ပိုးေပးေသာ ဤမဟာမိတ္ဖြဲ႕စည္းမႈသည္ ေဒသတြင္းႏွင့္ ကမာၻ႔ပါဝါဒိုင္းနမစ္ႏွစ္ခုစလုံးတြင္ သိသာထင္ရွားေသာအေျပာင္းအလဲကို ကိုယ္စားျပဳ ေနသည္။ ထို႔ေၾကာင့္ အစၥေရးအေနျဖင့္ ၎မဟာ မိတ္ကို တန္ျပန္ရန္ အေမရိကန္ႏွင့္ ဥေရာပမိတ္ဖက္ မ်ားကို ခိုင္မာေအာင္ ႀကိဳးပမ္းရမည္ျဖစ္သည္။ ပါလက္စတိုင္းကိစၥအေပၚ ေဒသတြင္း မဟာမိတ္အဖြဲ႕၏ စည္းလုံးညီၫြတ္ေသာရပ္တည္ခ်က္ေၾကာင့္ အစၥေရး အေပၚ ႏိုင္ငံတကာ၏အာ႐ုံစိုက္မႈႏွင့္ ဖိအားမ်ား ပိုမို တိုးပြားလာေစသည္။

အေမရိကန္ဦးေဆာင္ေသာ အေနာက္အုပ္စုသည္ ပဋိပကၡကို ၿငိမ္းခ်မ္းစြာေျဖရွင္းလိုသည္ဟုဆို ေသာ္လည္း အစၥေရး၏ အၾကမ္းဖက္လုပ္ရပ္မ်ားကို တြန္းအားေပးေနသည့္ စစ္လက္နက္ ခဲယမ္း ေထာက္ပံ့မႈမ်ားေၾကာင့္ ပဋိပကၡက မရွည္ၾကာသင့္ဘဲ ရွည္ ၾကာေနသည္။ အေမရိကန္ ေ႐ြးေကာက္ ပြဲဘက္ကို ၾကည့္မည္ဆိုလွ်င္လည္း ျဖစ္လာႏိုင္သည့္ သမၼတ အားလုံးမွာ အစၥေရးကို အျပင္းအထန္ ဆန႔္က်င္မည့္ သူရွိမည္မဟုတ္ပါ။ ပါတီႀကီးႏွစ္ခုစလုံးက ေ႐ြးေကာက္ပြဲတြင္ အစၥေရးလုပ္ငန္းရွင္မ်ား၏ အေထာက္ အပံ့ကိုရရွိကာ ေ႐ြးေကာက္ပြဲအသာစီးရရွိႏိုင္မည့္ အေျခအေနမ်ားေၾကာင့္ မည္သို႔ပင္ဆို ေစကာမူ အစၥေရးကို ေက်ာေထာက္ေနာက္ခံျပဳရန္သာ ႀကိဳးပမ္းေနၾကသည္။ ဒီမိုကရက္ပါတီဝင္ အမ်ားစုက အစၥေရး ၏မူဝါဒမ်ားကို ဆန႔္က်င္မႈမ်ားရွိေနေသာ္လည္း သမၼတေလာင္း ကမ္မလာဟားရစ္ ကမူ အစၥေရး ေထာက္ခံေရးထုတ္ျပန္ခ်က္မ်ားကို ဆက္လက္ေဖာ္ ျပေနသည္။ အျခားတစ္ဖက္တြင္ လည္း သမၼတေလာင္း ေဒၚနယ္ထရမ့္သည္ ၎၏ ပထမသက္တမ္းတြင္ အစၥေရးကိုေထာက္ခံေၾကာင္း ျပသခဲ့သလို ဒုတိယသက္တမ္းတြင္လည္း ဆက္လက္ေထာက္ခံသြားမည္ျဖစ္ေၾကာင္း ေဖာ္ျပခဲ့သည္။ ထို႔ေၾကာင့္ အနာဂတ္တြင္လည္း အစၥေရးကို ဆက္လက္ေထာက္ပံ့၍ အကာကြယ္ျပဳသြားမည့္ အေမရိကန္၏ မူဝါဒမွာ အေျပာင္းအလဲရွိမည္ မဟုတ္ပါ။

သို႔ျဖစ္ပါ၍ အေရွ႕အလယ္ပိုင္းေဒသ၏ လက္ရွိ အေနအထားႏွင့္လားရာသည္ နာတာရွည္ ပဋိပကၡႏွင့္ မတည္ၿငိမ္မႈမ်ားဆီသို႔ ဦးတည္ေနေၾကာင္း ၫႊန္ျပေနသည္။ ယင္းအေနအထားကို ေက်ာ္လႊားႏိုင္ဖို႔ဆိုလွ်င္ ေဒသတြင္းႏိုင္ငံမ်ားအားလုံး၏ စိုးရိမ္မႈမ်ားကို ေျဖရွင္းေပးႏိုင္မည့္ လုံၿခဳံေရး မူေဘာင္အသစ္တစ္ခု အေရးတႀကီးလိုအပ္ေနပါေၾကာင္း ေရးသားလိုက္ရသည္။

Related news

© 2021. All rights reserved.