ပို့ကုန်ရငွေ ပြန်မသွင်းသည့်ကုမ္ပဏီ (၁၄၀)နီးပါးထဲမှ (၆၀)ခန့် အမည်ပျက်စာရင်းမှ လွတ်မြောက်

 1351

ယွန်း (NP News) - စက်တင်ဘာ ၃ဝ

ပို့ကုန်ရငွေမရရှိသည့်အတွက် Blacklist စာရင်းထည့်သွင်းထားသည့် ကုမ္ပဏီများအနက်မှ (၅၉)ခုကို အမည် မည်းစာရင်းမှ ပယ်ဖျက်လိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးထားသည်။
ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသော ကုမ္ပဏီ(၁၃၇)ခုအနက် ပို့ကုန်ရငွေစာရင်းရှင်း လင်းပြီးသည့် ကုမ္ပဏီ(၅၉)ခု နှင့် အဆိုပါကုမ္ပဏီများ၏ ဒါရိုက်တာအဖွဲ့ဝင်များကို အမည်မည်းစာရင်းမှ ပယ်ဖျက်ကြောင်း မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ပြီးခဲ့သည့် စက်တင်ဘာ(၂၆)ရက်က အသိပေး ထုတ်ပြန် ထားသည်။
“ပို့ကုန်ရငွေကတော့ မရရအောင် နိုင်ငံတော်က ပြန်လုပ်ရမှာပဲလေ။ BOD တွေကိုလည်း Blacklist ထဲ ထည့်ထား တာပဲ။ နောက်ထပ်လည်း လုပ်လို့မရဘူး။ တချို့ဟာတွေက ဥပ‌ဒေထဲမှာ မရှိရင် လုပ်လို့မရတာတွေ ရှိတယ်။ ဥပဒေတွေထဲမှာ သူတို့ရဲ့ပိုင်ဆိုင်မှုတွေ၊ ကုမ္ပဏီတွေကိုပါ လုပ်လို့ရတယ် ဆိုရင်တော့ ကောင်းတာပေါ့။ Blacklist ပဲ လုပ်လို့ ရတာဆိုတော့ BOD တွေကို နောက်ထပ် ကုမ္ပဏီအသစ်ထဲမှာ ထည့်လို့မရအောင်၊ တခြားကုမ္ပဏီတွေထဲမှာ လုပ်လို့ မရအောင် အဲဒီအထိပဲအရေးယူလို့ရမှာ။ ကျန်တာကတော့ ဖိအားပေးလို့မရနိုင်ဘူး။ Blacklist က ကုမ္ပဏီ တင် မဟုတ်ဘူး၊ ဒါရိုက်တာတွေပါထည့် မှာဆိုတော့ တခြားသူ့ရဲ့ကုမ္ပဏီတွေမှာ BOD နဲ့ ပါလား၊ မပါဘူးလား ဆိုတာတော့ စိစစ်ပြီး အဲဒီကုမ္ပဏီတွေအထိကို အရေးယူရမှာပေါ့’’ဟု ပို့ကုန်တင်ပို့ သည့် စီးပွား‌ရေးလုပ်ငန်းရှင်ကြီး တစ်ဦးက ဆိုသည်။

ဗဟိုဘဏ်အနေဖြင့် (၂၀၁၉) ခုနှစ်မှစ၍ ပို့ကုန်တင်ပို့ခဲ့ပြီးနောက် ပို့ကုန်ရငွေပြန်လည်ဝင် ရောက်ခြင်း မရှိသည့် ကုမ္ပဏီ(၁၃၇)ကို နိုင်ငံခြားသုံး ငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ (၄၂-က) အရ အရေးယူဆောင်ရွက်ခဲ့ပြီး ကုမ္ပဏီများနှင့် ကုမ္ပဏီ များ၏ ဒါရိုက်တာအဖွဲ့ဝင်များကို အမည်မည်းစာရင်းထည့်သွင်းကြောင်း ပြီးခဲ့သည့် (၂၀၂၂) ခုနှစ် ဇွန်လ(၄)ရက်တွင် အသိပေးကြေညာခဲ့ဖူးသည်။ ထို့ပြင် ကျန်ရှိနေသေးသည့် ပို့ကုန်ရငွေ ဝင်ရောက်ရန် ကျန်ကုမ္ပဏီများကိုလည်း အရေးယူဆောင်ရွက်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း အထက်ပါ အသိပေး ကြေညာချက်တွင် ထည့်သွင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ထို့ပြင် နိုင်ငံတော်အနေဖြင့် ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်လာနိုင်ရေးအတွက် အရေးယူမှုအပြင် တစ်ဖက် တွင်လည်း ဖြေလျှော့မှုများကို အပြည့်အဝ ဆောင်ရွက်ပေးသင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့၏ သုံးသပ်မှု များ လည်းရှိနေသည်။

“ပို့ကုန်ရငွေမရလို့ နိုင်ငံခြားငွေ လျော့တာတွေရှိတယ်။ ကုမ္ပဏီတွေအားလုံးကို စည်းစနစ် ကျအောင်ဆို ရင်တော့ အရေးယူမှပဲရမှာ။ ဒါပေမဲ့လည်း နိုင်ငံတော်ကလည်း တစ်ဖက်ကဖြေလျှော့ သင့်တာကို ဖြေလျှော့ရမယ်။ သူ့ရဲ့ ပို့ကုန်ရငွေကို ရာခိုင်နှုန်းတွေဘာတွေ မသတ်မှတ်ဘဲနဲ့ သူ့ဘာသာသူသုံး ခိုင်းလိုက်။ (၁၀ဝ) ရာခိုင်နှုန်းပြန်ပေး လိုက်။ အဓိက မသွင်းဘူးဆိုတာက အဲဒါတွေကြောင့် မသွင်းတာလေ။ အရေးယူမှုတင်မဟုတ်ဘဲနဲ့ တချို့ဟာတွေကလည်း ပြန်လာအောင်ဖြေလျှော့မှုတွေ လုပ်ပေးဖို့လိုတယ်။ ဥပမာ- သူ့ပိုက်ဆံသူယူလာတယ်။ ဒါပေမဲ့ သူ့ပိုက်ဆံကို လွတ်လွတ် လပ်လပ်သုံးလို့မရဘူး ဆိုရင်တော့ အခွန်ရှောင်တဲ့နည်းတွေကတော့ တစ် နည်းမဟုတ်တစ်နည်းရှိနေဦးမှာပဲ။ အဲဒီတော့ တစ်ဖက်ကလည်း အရေးယူမှုလုပ်သလို တစ်ဖက်ကပို့ကုန် ရငွေပြန်လာစေချင်ရင် ဖြေလျှော့မှုတွေ အပြည့်အဝ ပေးဖို့လိုတယ်။ အဲဒါမှလည်း တိုင်းပြည်က နိုင်ငံခြားငွေရမှာ” ဟု အထက်ပါစီးပွားရေးလုပ်ငန်းရှင်က အကြံပြုထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပို့ကုန်ရငွေပမာဏ၏ (၃၅)ရာခိုင်နှုန်းအစား (၂၅)ရာ ခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့်လဲလှယ်ရန် ပြင် ဆင်သတ်မှတ်ကြောင်း ပြီးခဲ့သည့် ဩဂုတ်လက အသိပေးထုတ်ပြန်ခဲ့သည်။

Zawgyi Version;
ပို႔ကုန္ရေငြ ျပန္မသြင္းသည့္ကုမၸဏီ (၁၄၀)နီးပါးထဲမွ (၆၀)ခန႔္ အမည္ပ်က္စာရင္းမွ လြတ္ေျမာက္
ယြန္း (NP News) - စက္တင္ဘာ ၃ဝ

ပို႔ကုန္ရေငြမရရွိသည့္အတြက္ Blacklist စာရင္းထည့္သြင္းထားသည့္ ကုမၸဏီမ်ားအနက္မွ (၅၉)ခုကို အမည္ မည္းစာရင္းမွ ပယ္ဖ်က္လိုက္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က အသိေပးထားသည္။
ပို႔ကုန္ရေငြ ျပန္လည္ဝင္ေရာက္ရန္ က်န္ရွိေသာ ကုမၸဏီ(၁၃၇)ခုအနက္ ပို႔ကုန္ရေငြစာရင္းရွင္း လင္းၿပီးသည့္ ကုမၸဏီ(၅၉)ခု ႏွင့္ အဆိုပါကုမၸဏီမ်ား၏ ဒါ႐ိုက္တာအဖြဲ႕ဝင္မ်ားကို အမည္မည္းစာရင္းမွ ပယ္ဖ်က္ေၾကာင္း ျမန္မာ ႏိုင္ငံေတာ္ဗဟိုဘဏ္က ၿပီးခဲ့သည့္ စက္တင္ဘာ(၂၆)ရက္က အသိေပး ထုတ္ျပန္ ထားသည္။
“ပို႔ကုန္ရေငြကေတာ့ မရရေအာင္ ႏိုင္ငံေတာ္က ျပန္လုပ္ရမွာပဲေလ။ BOD ေတြကိုလည္း Blacklist ထဲ ထည့္ထား တာပဲ။ ေနာက္ထပ္လည္း လုပ္လို႔မရဘူး။ တခ်ိဳ႕ဟာေတြက ဥပ‌ေဒထဲမွာ မရွိရင္ လုပ္လို႔မရတာေတြ ရွိတယ္။ ဥပေဒေတြထဲမွာ သူတို႔ရဲ႕ပိုင္ဆိုင္မႈေတြ၊ ကုမၸဏီေတြကိုပါ လုပ္လို႔ရတယ္ ဆိုရင္ေတာ့ ေကာင္းတာေပါ့။ Blacklist ပဲ လုပ္လို႔ ရတာဆိုေတာ့ BOD ေတြကို ေနာက္ထပ္ ကုမၸဏီအသစ္ထဲမွာ ထည့္လို႔မရေအာင္၊ တျခားကုမၸဏီေတြထဲမွာ လုပ္လို႔ မရေအာင္ အဲဒီအထိပဲအေရးယူလို႔ရမွာ။ က်န္တာကေတာ့ ဖိအားေပးလို႔မရႏိုင္ဘူး။ Blacklist က ကုမၸဏီ တင္ မဟုတ္ဘူး၊ ဒါ႐ိုက္တာေတြပါထည့္ မွာဆိုေတာ့ တျခားသူ႔ရဲ႕ကုမၸဏီေတြမွာ BOD နဲ႔ ပါလား၊ မပါဘူးလား ဆိုတာေတာ့ စိစစ္ၿပီး အဲဒီကုမၸဏီေတြအထိကို အေရးယူရမွာေပါ့’’ဟု ပို႔ကုန္တင္ပို႔ သည့္ စီးပြား‌ေရးလုပ္ငန္းရွင္ႀကီး တစ္ဦးက ဆိုသည္။

ဗဟိုဘဏ္အေနျဖင့္ (၂၀၁၉) ခုႏွစ္မွစ၍ ပို႔ကုန္တင္ပို႔ခဲ့ၿပီးေနာက္ ပို႔ကုန္ရေငြျပန္လည္ဝင္ ေရာက္ျခင္း မရွိသည့္ ကုမၸဏီ(၁၃၇)ကို ႏိုင္ငံျခားသုံး ေငြစီမံခန႔္ခြဲမႈဥပေဒပုဒ္မ (၄၂-က) အရ အေရးယူေဆာင္႐ြက္ခဲ့ၿပီး ကုမၸဏီမ်ားႏွင့္ ကုမၸဏီ မ်ား၏ ဒါ႐ိုက္တာအဖြဲ႕ဝင္မ်ားကို အမည္မည္းစာရင္းထည့္သြင္းေၾကာင္း ၿပီးခဲ့သည့္ (၂၀၂၂) ခုႏွစ္ ဇြန္လ(၄)ရက္တြင္ အသိေပးေၾကညာခဲ့ဖူးသည္။ ထို႔ျပင္ က်န္ရွိေနေသးသည့္ ပို႔ကုန္ရေငြ ဝင္ေရာက္ရန္ က်န္ကုမၸဏီမ်ားကိုလည္း အေရးယူေဆာင္႐ြက္ရန္ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း အထက္ပါ အသိေပး ေၾကညာခ်က္တြင္ ထည့္သြင္း ထုတ္ျပန္ခဲ့ၿပီးျဖစ္သည္။
ထို႔ျပင္ ႏိုင္ငံေတာ္အေနျဖင့္ ပို႔ကုန္ရေငြမ်ား ျပန္လည္ဝင္ေရာက္လာႏိုင္ေရးအတြက္ အေရးယူမႈအျပင္ တစ္ဖက္ တြင္လည္း ေျဖေလွ်ာ့မႈမ်ားကို အျပည့္အဝ ေဆာင္႐ြက္ေပးသင့္ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္အခ်ိဳ႕၏ သုံးသပ္မႈ မ်ား လည္းရွိေနသည္။

“ပို႔ကုန္ရေငြမရလို႔ ႏိုင္ငံျခားေငြ ေလ်ာ့တာေတြရွိတယ္။ ကုမၸဏီေတြအားလုံးကို စည္းစနစ္ က်ေအာင္ဆို ရင္ေတာ့ အေရးယူမွပဲရမွာ။ ဒါေပမဲ့လည္း ႏိုင္ငံေတာ္ကလည္း တစ္ဖက္ကေျဖေလွ်ာ့ သင့္တာကို ေျဖေလွ်ာ့ရမယ္။ သူ႔ရဲ႕ ပို႔ကုန္ရေငြကို ရာခိုင္ႏႈန္းေတြဘာေတြ မသတ္မွတ္ဘဲနဲ႔ သူ႔ဘာသာသူသုံး ခိုင္းလိုက္။ (၁၀ဝ) ရာခိုင္ႏႈန္းျပန္ေပး လိုက္။ အဓိက မသြင္းဘူးဆိုတာက အဲဒါေတြေၾကာင့္ မသြင္းတာေလ။ အေရးယူမႈတင္မဟုတ္ဘဲနဲ႔ တခ်ိဳ႕ဟာေတြကလည္း ျပန္လာေအာင္ေျဖေလွ်ာ့မႈေတြ လုပ္ေပးဖို႔လိုတယ္။ ဥပမာ- သူ႔ပိုက္ဆံသူယူလာတယ္။ ဒါေပမဲ့ သူ႔ပိုက္ဆံကို လြတ္လြတ္ လပ္လပ္သုံးလို႔မရဘူး ဆိုရင္ေတာ့ အခြန္ေရွာင္တဲ့နည္းေတြကေတာ့ တစ္ နည္းမဟုတ္တစ္နည္းရွိေနဦးမွာပဲ။ အဲဒီေတာ့ တစ္ဖက္ကလည္း အေရးယူမႈလုပ္သလို တစ္ဖက္ကပို႔ကုန္ ရေငြျပန္လာေစခ်င္ရင္ ေျဖေလွ်ာ့မႈေတြ အျပည့္အဝ ေပးဖို႔လိုတယ္။ အဲဒါမွလည္း တိုင္းျပည္က ႏိုင္ငံျခားေငြရမွာ” ဟု အထက္ပါစီးပြားေရးလုပ္ငန္းရွင္က အႀကံျပဳထားသည္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္အေနျဖင့္ ပို႔ကုန္ရေငြပမာဏ၏ (၃၅)ရာခိုင္ႏႈန္းအစား (၂၅)ရာ ခိုင္ႏႈန္းကိုသာ ျမန္မာက်ပ္ေငြျဖင့္လဲလွယ္ရန္ ျပင္ ဆင္သတ္မွတ္ေၾကာင္း ၿပီးခဲ့သည့္ ဩဂုတ္လက အသိေပးထုတ္ျပန္ခဲ့သည္။

Related news

© 2021. All rights reserved.