ကုမ္ပဏီနှင့်အဖွဲ့အစည်းများ ကျပ်သိန်း (၃၀ဝဝ)အထိ ဒဏ်ရိုက်ခံရမည့် ဥပဒေပြင်ဆင်ချက်တစ်ခု ထွက်လာ

 1555

မြူနစ် (NP News) - စက်တင်ဘာ ၃ဝ

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွင် ကုမ္ပဏီ၊ အဖွဲ့အစည်းများကို အမြင့်ဆုံးဒဏ်ငွေကျပ် သိန်း(၃၀ဝဝ)အထိ ချမှတ်နိုင်မည့်အချက်ကို နစက အစိုးရက အစားထိုးပြဋ္ဌာန်းခဲ့သည်။
အဆိုပါဥပဒေကို အကြမ်းဖက်မှုတိုက်ချက်ရေး ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေအဖြစ် ခေါ်တွင် စေရမည်ဟု ဖော်ပြထားသည်။
ယင်းဥပဒေ၏ ပုဒ်မ ၆၊ ပုဒ်မခွဲ (ဃ)ကို အပြည် ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေး ကို ခြိမ်းခြောက်သည့် ဇီဝ၊ ဓာတုနှင့် နျူကလီးယား လက်နက်များ၊ ရေဒီယိုသတ္တိြွကဒြပ်ပစ္စည်းများ ပါဝင်သည့် အဖျက်စွမ်း အားကြီးမားသော လက်နက်များကို တားဆီးကာကွယ်ရေး၊ ဖယ်ရှားရေးနှင့် ဖျက်ဆီးရေးတို့အတွက် လည်းကောင်း၊ လူအများအပြားသေ ကျေစေသည့် လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုနှင့်သက်ဆိုင် သည့် ဘဏ္ဍာရေး အရ အရေးယူဆောင်ရွက်ရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံ ရေးကောင်စီ၏ ဆုံးဖြတ်ချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေးတို့အတွက်လည်း ကောင်းအစီအမံများချမှတ်ခြင်းဟု အစားထိုးပြဋ္ဌာန်းထား သည်။

ထို့ပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၃) ကိုလည်း မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သည့်နည်း ဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့် ကြေညာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် လျှင်သော်လည်းကောင်း၊ ဆောင်ရွက်ရန် တာဝန် တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်လျှင် သော်လည်းကောင်း ထိုသူကို နှစ်နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သိန်းတစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ် စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည်ဟု အစားထိုး ထားသည်။
ဆက်လက်ပြီး ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းက ပြစ်မှုကျူးလွန်ခြင်းဖြစ်လျှင် ယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို အနည်းဆုံး ကျပ်သိန်း နှစ်ရာမှ အများဆုံးကျပ်သိန်း သုံးထောင်အထိ ငွေဒဏ်ချမှတ်ရမည်ဟုလည်း အစားထိုးပြဋ္ဌာန်းထားသည်။

“ပထမတစ်ခုကတော့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး၊ လုံခြုံရေးတည်ဆောက်ရေးပေါ့။ ဇီဝလက်နက်တို့ သုံးပြီးတော့ လုပ်တာတို့၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ပါ လိုက်နာဆောင်ရွက်ရေးကို အစီအမံချမှတ် တာပေါ့။ နောက်တစ်ခုကတော့ မည်သူမဆို အဲဒီဥပဒေပါ စည်းကမ်းချက်တွေ၊ ကြေညာစာတွေကို ဖောက်ဖျက်မယ်ဆို လို့ရှိရင် အဲဒီလူတွေကို နှစ်နှစ်ထက် မပိုတဲ့ ထောင်ဒဏ်နဲ့ ကျပ်သိန်း (၁၀ဝ)ပေါ့။ ပြီးတော့ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း တွေက ကျူးလွန်ခဲ့မယ်ဆိုရင် ထောက်ပံ့မှုတွေလုပ်ခဲ့ပြီးတော့ ကျူးလွန်ခဲ့မယ်ဆိုရင် ကျပ်သိန်းနှစ်ရာမှ ကျပ်သိန်းသုံး ထောင်အထိ ဒဏ်ငွေချမှတ်နိုင်တယ်လို့ ပြင်တာပါ။ ဘာပဲဖြစ်ဖြစ် ပါဝင်ပတ်သက်တဲ့ဟာတွေက ဒီလိုဖြစ်လာခဲ့မယ်ဆိုရင် တော့လည်း ထိုက်သင့်တဲ့ပြစ်ဒဏ်တွေ ကျခံရမှာပေါ့နော်” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ ပြောရေးဆို ခွင့်ရှိသူ ဦးလှသိန်းက NP News ကို သုံးသပ်ပြောကြားသည်။

လက်ရှိနစကအစိုးရလက်ထက်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူခံရသည့် လူပုဂ္ဂိုလ်ပေါင်း အများအပြားနေရှိသည်ကို သတင်း အချက်အလက်များအရ သိရသည်။

Zawgyi Version;
ကုမၸဏီႏွင့္အဖြဲ႕အစည္းမ်ား က်ပ္သိန္း (၃၀ဝဝ)အထိ ဒဏ္႐ိုက္ခံရမည့္ ဥပေဒျပင္ဆင္ခ်က္တစ္ခု ထြက္လာ
ျမဴနစ္ (NP News) - စက္တင္ဘာ ၃ဝ

အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒတြင္ ကုမၸဏီ၊ အဖြဲ႕အစည္းမ်ားကို အျမင့္ဆုံးဒဏ္ေငြက်ပ္ သိန္း(၃၀ဝဝ)အထိ ခ်မွတ္ႏိုင္မည့္အခ်က္ကို နစက အစိုးရက အစားထိုးျပ႒ာန္းခဲ့သည္။
အဆိုပါဥပေဒကို အၾကမ္းဖက္မႈတိုက္ခ်က္ေရး ဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္သည့္ဥပေဒအျဖစ္ ေခၚတြင္ ေစရမည္ဟု ေဖာ္ျပထားသည္။
ယင္းဥပေဒ၏ ပုဒ္မ ၆၊ ပုဒ္မခြဲ (ဃ)ကို အျပည္ ျပည္ဆိုင္ရာ ၿငိမ္းခ်မ္းေရး၊ လုံၿခဳံေရးႏွင့္ တည္ၿငိမ္ေရး ကို ၿခိမ္းေျခာက္သည့္ ဇီဝ၊ ဓာတုႏွင့္ န်ဴကလီးယား လက္နက္မ်ား၊ ေရဒီယိုသတၱိျြကျဒပ္ပစၥည္းမ်ား ပါဝင္သည့္ အဖ်က္စြမ္း အားႀကီးမားေသာ လက္နက္မ်ားကို တားဆီးကာကြယ္ေရး၊ ဖယ္ရွားေရးႏွင့္ ဖ်က္ဆီးေရးတို႔အတြက္ လည္းေကာင္း၊ လူအမ်ားအျပားေသ ေက်ေစသည့္ လက္နက္မ်ားျပန႔္ပြားေရးကို ေငြေၾကးေထာက္ပံ့မႈႏွင့္သက္ဆိုင္ သည့္ ဘ႑ာေရး အရ အေရးယူေဆာင္႐ြက္ေရးဆိုင္ရာ ကုလသမဂၢလုံၿခဳံ ေရးေကာင္စီ၏ ဆုံးျဖတ္ခ်က္မ်ားအေပၚ အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ေရးတို႔အတြက္လည္း ေကာင္းအစီအမံမ်ားခ်မွတ္ျခင္းဟု အစားထိုးျပ႒ာန္းထား သည္။

ထို႔ျပင္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ (၅၃) ကိုလည္း မည္သူမဆို ဤဥပေဒအရ ထုတ္ျပန္သည့္နည္း ဥပေဒမ်ား၊ စည္းမ်ဥ္း၊ စည္းကမ္း၊ အမိန႔္ ေၾကညာစာ၊ အမိန႔္၊ ၫႊန္ၾကားခ်က္ႏွင့္ လုပ္ထုံး လုပ္နည္းပါ တားျမစ္ခ်က္ တစ္ရပ္ရပ္ကို ေဖာက္ဖ်က္ လွ်င္ေသာ္လည္းေကာင္း၊ ေဆာင္႐ြက္ရန္ တာဝန္ တစ္ရပ္ရပ္ကို လိုက္နာရန္ ပ်က္ကြက္လွ်င္ ေသာ္လည္းေကာင္း ထိုသူကို ႏွစ္ႏွစ္ထက္ မပိုေသာ ေထာင္ဒဏ္ ျဖစ္ေစ၊ က်ပ္သိန္းတစ္ရာ ထက္မပိုေသာ ေငြဒဏ္ျဖစ္ ေစ၊ ဒဏ္ႏွစ္ရပ္ လုံးျဖစ္ေစ ခ်မွတ္ရမည္ဟု အစားထိုး ထားသည္။
ဆက္လက္ၿပီး ကုမၸဏီ သို႔မဟုတ္ အဖြဲ႕အစည္းက ျပစ္မႈက်ဴးလြန္ျခင္းျဖစ္လွ်င္ ယင္းကုမၸဏီ သို႔မဟုတ္ အဖြဲ႕အစည္းကို အနည္းဆုံး က်ပ္သိန္း ႏွစ္ရာမွ အမ်ားဆုံးက်ပ္သိန္း သုံးေထာင္အထိ ေငြဒဏ္ခ်မွတ္ရမည္ဟုလည္း အစားထိုးျပ႒ာန္းထားသည္။
“ပထမတစ္ခုကေတာ့ အျပည္ျပည္ဆိုင္ရာ ၿငိမ္းခ်မ္းေရး၊ လုံၿခဳံေရးတည္ေဆာက္ေရးေပါ့။ ဇီဝလက္နက္တို႔ သုံးၿပီးေတာ့ လုပ္တာတို႔၊ ကုလသမဂၢ လုံၿခဳံေရးေကာင္စီရဲ႕ ဆုံးျဖတ္ခ်က္ပါ လိုက္နာေဆာင္႐ြက္ေရးကို အစီအမံခ်မွတ္ တာေပါ့။ ေနာက္တစ္ခုကေတာ့ မည္သူမဆို အဲဒီဥပေဒပါ စည္းကမ္းခ်က္ေတြ၊ ေၾကညာစာေတြကို ေဖာက္ဖ်က္မယ္ဆို လို႔ရွိရင္ အဲဒီလူေတြကို ႏွစ္ႏွစ္ထက္ မပိုတဲ့ ေထာင္ဒဏ္နဲ႔ က်ပ္သိန္း (၁၀ဝ)ေပါ့။ ၿပီးေတာ့ ကုမၸဏီ သို႔မဟုတ္ အဖြဲ႕အစည္း ေတြက က်ဴးလြန္ခဲ့မယ္ဆိုရင္ ေထာက္ပံ့မႈေတြလုပ္ခဲ့ၿပီးေတာ့ က်ဴးလြန္ခဲ့မယ္ဆိုရင္ က်ပ္သိန္းႏွစ္ရာမွ က်ပ္သိန္းသုံး ေထာင္အထိ ဒဏ္ေငြခ်မွတ္ႏိုင္တယ္လို႔ ျပင္တာပါ။ ဘာပဲျဖစ္ျဖစ္ ပါဝင္ပတ္သက္တဲ့ဟာေတြက ဒီလိုျဖစ္လာခဲ့မယ္ဆိုရင္ ေတာ့လည္း ထိုက္သင့္တဲ့ျပစ္ဒဏ္ေတြ က်ခံရမွာေပါ့ေနာ္” ဟု ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳး ေရးပါတီမွ ေျပာေရးဆို ခြင့္ရွိသူ ဦးလွသိန္းက NP News ကို သုံးသပ္ေျပာၾကားသည္။
လက္ရွိနစကအစိုးရလက္ထက္တြင္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒအရ အေရးယူခံရသည့္ လူပုဂၢိဳလ္ေပါင္း အမ်ားအျပားေနရွိသည္ကို သတင္း အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.