သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
1634
သုတကျော် (NP News) - အောက်တိုဘာ ၁
ထိုနေ့က စက်တင်ဘာလ (၁၁) ရက်ဖြစ်သည်။ မိုးက သည်းကြီးမည်းကြီးရွာနေသောကြောင့် နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်က ဆင်သေရွာ တစ်ရွာလုံး မိုးစက်များ၏အောက်တွင် ငြိမ်ကုပ်နေကြ၏။ မကြာမီဖြစ်ပေါ်လာမည့်ဘေးကို မသိကြသေးပေ။
ရေကြီးနိုင်သော်လည်း အနည်းငယ်သာ ပုံမှန်ဖြစ်နေကျအတိုင်း ရေတက်မည်ထင်သောကြောင့် ရွာသားများအားလုံး စိတ်ချလက်ချရှိနေကြသည်။ သို့သော် သတင်းများကိုတော့ နားစွင့်နေကြ၏။ ဖေ့စ် ဘွတ်ခ်သုံးသူအချို့ကလည်း လိုင်းပေါ်တွင်တက်လာ သော မိုးလေဝသသတင်းများကိုဖတ်ရင်း မိသားစု ကို သတင်းပြန်ပေးနေကြသည်။
ရေက တက်မည်။ အခြားနေရာများတွင်လည်း ရေတက်လာသည်။ သို့သော် ဆင်သေရွာအတွက် အလွန်အမင်းရေကြီးမည်မဟုတ်ဟုပင် အားလုံးက ထင်မှတ်ထားကြသည်။
“ ပထမ ညောင်ပင်သာရွာဘက်မှာ ရေဝင်တယ် လို့သတင်းစကြားတယ်။ သတင်းစကြားတော့ အဝေ ရာဆည်ကနေမှ တုပ်ထားတဲ့တမံကို ည (၇) နာရီခွဲ လောက်မှာသွားပြီး အခြေအနေကိုသွား စောင့်ကြည့်ပါတယ်။ ကြည့်တဲ့အခါမှာ တမံကို ရေကျော်ဖို့ သုံးပေ လောက်လိုသေးတယ်။ လိုသေးတဲ့ အနေအထားဆိုတော့ ကျွန်တော်တို့ရွာကို ကျော်ကျနိုင်လိမ့်မယ်လို့ မထင်မှတ်ခဲ့ဘူး။ မထင်ခဲ့တော့ ရွာကို လည်း သတိပေး နှိုးဆော်တာတွေ မလုပ်ဖြစ်ခဲ့လိုက်ရဘူး” ဟု ဆင်သေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော် ဌေးလွင်က ထိုစဉ်က အခြေအနေကို ပြန်ပြောင်းပြောပြသည်။
ရေကာတမံကိုကျော်ပြီးနောက် ကျဆင်းလာသော ရေအလျဉ်သည် ဆင်သေချောင်းရေ၊ တောင်ကျရေ တို့နှင့်အတူ ဆင်သေရွာသို့ လျင်မြန်သောအဟုန်ဖြင့် ညပိုင်း (၈) နာရီကျော်တွင် စတင် ဝင်ရောက်လာခဲ့ရာ နာရီဝက်ပင်မပြည့်သောအချိန်အတွင်း တစ်ရွာလုံးကို လွှမ်းခြုံသွားတော့၏။
လယ်ယာကိုင်းကျွန်းဖြင့် လုပ်ကိုင်စားသောက်ရသော လယ်သမားတို့အတွက် ကျွဲ၊ နွားတို့မှာ ကျေးဇူးရှင်များ ဖြစ်သကဲ့သို့ မရှိမဖြစ်သောအရာများလည်း ဖြစ်သည်။ မွေးထားသော ကြက်၊ ဘဲ အစရှိ သည့် တိရစ္ဆာန်တို့မှာလည်း ရေတက်လာလျှင် ပိတ်လှောင် သေကုန်ရန်သာရှိတော့မည်။ ဆုံးရှုံးရလျှင် လည်း ပြန်လည်ဝယ်ယူရန်မှာ မလွယ်ကူ။ ထို့ကြောင့် ကနဦးအနေဖြင့် ဆုံးဖြတ်ချက်တစ်ခုကို အလျင် အမြန် ချလိုက်ကြရ၏။ ကံကောင်းလျှင် ပြန်ရပေလိမ့်ဦးမည်ဆိုသော မျှော်လင့်ချက်လည်းပါသည်။
“ ရောက်လာတာနဲ့နေလို့ မဖြစ်တော့ဘူး။ အိမ် အမြင့်တောင် ရေတက်ဖို့က နည်းနည်းပဲကျန် တာ။ ဒါနဲ့ လူတွေလည်း ဘယ်လိုမှမတတ်နိုင်တော့ဘူး ဆိုပြီး ရှိတဲ့တိရစ္ဆာန်တွေကို ကြိုးဖြတ်ထုတ် လိုက်ရတာ” ဟု ဆင်သေရွာမှ ဒေသခံ ဦးမောင်ပုကဆိုသည်။
ရုတ်တရက်တက်လာသောရေဘေး၌ ရပ်ရွာ တွင်နေထိုင်သူတို့၏စည်းလုံးမှုကိုလည်း ဆင်သေရွာ ဖြစ်စဉ်တွင် မြင်ရ၏။ အိမ်အမြင့်တွင်နေထိုင်သူများက အနီးပတ်ဝန်းကျင်ရှိ အနိမ့်ပိုင်းမှနေထိုင်သူများကို ခေါ်ယူနေရာပေးခြင်းများရှိခဲ့သည်။
“ မြင့်တဲ့အိမ်တောင် အပေါ်ထပ်ကိုထိဖို့ တစ်ပေ လောက်ပဲကျန်တယ်။ အဲဒီညကမအိပ်ရဘူး” ဟု ဦးမောင်ပုကဆိုသည်။
အသက်ကြီးပိုင်းအရွယ် အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်ခင်မမကလည်း ယခုကဲ့သို့ တစ်ဟုန်ထိုး ရေ တက်လာမည်ဟု မထင်ခဲ့သူတစ်ဦးဖြစ်သည်။ ထို့ပြင် ဆင်သေရွာအနိမ့်ပိုင်းသို့ ရေဝင်သော်လည်း အမြင့် ပိုင်းအထိ ရေမတက်ဟု ထင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။
“ ရေတက်တာ ကြားတော့ကြားနေရပေမယ့် ကိုယ့်ဘက်ကတော့ ရေမတက်လောက်ပါဘူးပေါ့။ ရေလာတယ်ဆို မြောက်ဘက်ခြမ်းမှာနေလိုက်တာ။ ဟိုးတုန်းကတော့ မိုးရေလောက်ပဲရှိတာပေါ့။ အဲဒီလောက်ကြီး မများဖူးဘူး” ဟု ၎င်းကဆိုသည်။
အချိန်က ည။ ရေကလည်း တစ်ဟုန်ထိုး တက်နေသည်။ ရေပြည့်သွားခဲ့လျှင် အားလုံးမျောပါ သွားကြရတော့မည်။ ထို့ကြောင့် ဘုရားသာ တနေကြရသည်။ ကံကောင်းသည်က စက်တင်ဘာ (၁၂) ရက် နံနက် အစောပိုင်း (၂) နာရီခန့်တွင် ရေတက်ရပ်သွားသည်။ “ဒီညတော့ သေတော့မလားဆိုပြီး တွေးမိပါတယ်။ တကယ်တမ်း မနေနိုင်လောက်မှ အိမ်ကလည်း တစ်တောင်လောက် ကျန်တော့မှ ရေနည်းနည်းလျော့တော့ ပြေးပါတယ်။ ရေလာတော့ ဝေါဝေါနဲ့လာပါတယ်။ လေယာဉ်ပျံဆင်းနေသလား တောင် အောက်မေ့ရပါတယ်။ နွားလည်း ကြိုးဖြတ်လိုက်ရတယ်။ တန်းလျား၊ စားပွဲလည်း အကုန်ပါပါ တယ်။ ကိုယ့်မှာ ရင်ထုမနာဖြစ်ရတယ်” ဟု ဒေါ်ခင်မမကဆိုသည်။ ဆင်သေရွာ ရေဘေးအတွက် ဒေသခံ များ၏ စိုးရိမ်မှု ကို သိသိသာသာဖော်ပြပေးနိုင်သည့် ပြယုဂ်တစ်ခုမှာ ဆင်သေရွာ စာသင်ကျောင်း ခေါင်မိုးသွပ်ပြားမှ အပေါက်ပင်ဖြစ်သည်။ ရေအလွန်အမင်းမြင့်ချိန်တွင် စိုးရိမ်စိတ်ကြီးမားသူများက ကျောင်းခေါင်မိုးသွပ်ကို ပင်ဖောက်ကာ အပေါ်ထိတက်နေကြသည်။
“ သူတို့ပြောစကားအရတော့ ဒီကျောင်းတွေရဲ့ အပေါ်မှာ သွပ်တွေကိုဖောက်ပြီး အပေါ်ထပ်အထိ တက်နေခဲ့ရတာတွေရှိခဲ့တယ် ပြောပါတယ်။ ဒီကျောင်းတွေက နှစ်ထပ်အဆောက်အအုံလည်းဖြစ်တော့ သူတို့ အားကိုးရာနေရာတော့ဖြစ်ခဲ့မှာပေါ့။ ဘာလို့လဲဆိုတော့ ဖြတ်ကြည့်လိုက်ရင် ရွာထဲကအိမ်တွေ က ဒီကျောင်းထက်စာရင်တော့ နိမ့်ကြတယ်ပေါ့။ ဒီကျောင်းမှာလာနေတာတော့ ရှိခဲ့တယ်လို့သိရတယ်” ဟု ဆင်သေရွာမှရေဘေးသင့်ပြည်သူများကို ကူညီနေသော ကာကွယ်ရေးနှင့်အပူပိုင်းဆေးပညာမှ အထူးကု သမားတော် ဒေါက်တာပြည့်ထူးက ဆိုသည်။
ပြင်ထန်သောရေစီးက အချို့အိမ်များကို ပြိုစေသည်။ ရေစီးသန်သောနေရာတွင် အုတ်နံရံကို ပြို သည်အထိ ရေကတွန်းတိုက်သည်။ အချို့အိမ်များကို ယိုင်နဲ့သွားစေသည်။ အချို့အိမ်များကမူ အလုံးလိုက် ပင်ကျွတ်သော ဖြစ်စဉ်များလည်းရှိခဲ့သည်။
ရွာသူ၊ ရွာသား အများစုမှာ ရေဘေးမှ အသက် ချမ်းသာရာရခဲ့သော်လည်း အချို့က ပိတ်မိခဲ့ကြ သေး၏။ အချို့က သစ်ပင်တွင် တွယ်ကပ်နေသူများလည်း ရှိ၏။ ပိုဆိုးသူများမှာမူ ရေနှင့်အတူမျောပါ ပျောက်ဆုံးသွားကြပြီး အချို့က အလောင်းပင် ပြန်မရတော့ချေ။ ဆင်သေရွာတွင် သေဆုံးပြီဟု အတည် ပြုနိုင်သူ (၇) ဦးနှင့် လက်ရှိအချိန်အထိ ရှာမတွေ့သေးသူ (၇) ဦး ခန့်ရှိသည်။
“ ဆင်သေက ရေတက်တုန်းမှာ သွားရခက်တာ။ တော်တော်လေးကယ်ရတယ်။ တချို့ဆို ပိတ်မိနေလို့ နှစ်ရက်လောက်ကြာမှ ကယ်နိုင်တာမျိုးလည်းရှိတယ်။ သစ်ပင်မှာတွယ်နေရင်း ငိုပြီးအကူအညီတောင်းတာ လည်းရှိတယ်” ဟု ဆင်သေရွာကို ကိုယ်တိုင်ကယ် ဆယ်ရေးသွားခဲ့သူ ပရဟိတ သမားတစ်ဦးကဆိုသည်။
ရေစီးကြောင့် မျောပါသွားသူများအနက် အချို့ကိုကယ်နိုင်သည်။ အချို့ကို ကယ်ရန်ကြိုးစားသော် လည်း လက်လွတ်သွားသောကြောင့် ရင်နာနာဖြင့် ကြည့်လိုက်ရသောအခြေအနေလည်းရှိသည်။ ဆင်သေရွာမှရွာခံများသည် သေဆုံးသူများအကြောင်း စကားစလျှင် မှိုင်တွေသွားကြ၏။ အချို့က ပြော ရင်း ဆို့နင့်သွားပြီး ဆက်မပြောနိုင်တော့။ ဒေါ်ခင်မမ ကတော့ ၎င်းနှင့်နီးစပ်သူအချို့ ရေစီးနှင့်မျောပါသွား သည့် အကြောင်းဇာတ်လမ်းကို ပြောပြနိုင်သေးသည်။ သို့သော် ဝေသီသောမျက်လုံးဖြင့် ဖြစ်သည်။
“ သားမက်က သွားကယ်ပါတယ်။ သူ့ကြီးကြီးနဲ့ တူပေါ့။ ကုန်းပိုးပြီးသွားကယ်သေးတယ်။ မရတော့ လှေနဲ့သွားကယ်ပါတယ်။ ရေလုံးကတိုက်လာတော့ လှေက လူးပြီးပြုတ်ကျတယ်တဲ့။ နောက်တစ်ခါ ပြန်ဆယ်တယ်။ သုံးခါဆယ်တာကို သုံးခါလုံးမရခဲ့ပါဘူး။ ရေလုံးကြီးက သူတို့အပေါ်ကို ကျော်သွားတယ်။ ကြီးကြီးရော တူရော မကယ်လိုက်နိုင်ဘူး။ တူက ကျောင်း သားလားမသိဘူး။ ရှာလို့ မတွေ့သေးပါဘူး။ သူက ဆွမ်းသွတ်ပြီးပြီ။ ကြီးကြီးက မသွတ်ရသေးဘူး” ဟု ၎င်းကဆိုသည်။
အလားတူ ကယ်ဆယ်ရင်း အသက်ဆုံးရှုံးရသူများ ရှိသကဲ့သို့ ပြေး၍မလွတ်သောကြောင့် မျောပါ သွားသူများလည်း ရှိနေသည်။ “ ရေတွေလာမယ်ဆိုတော့ ပြေးရင်းနဲ့ ရေနောက်ပါ သွားတာ။ ကြီးတွတ် ဆိုရင် ပြေးရင်းနဲ့မှ လှည်းကနေ ပြုတ်ကျပြီး ရေနောက်ပါသွားတာ” ဟု အခြား ဆင် သေရွာခံ အမျိုးသမီး တစ်ဦးကဆိုသည်။
အားလုံးက တညီတညွတ်တည်းဆိုကြသည့် အချက်မှာ ဆင်သေရွာတွင် ယခုကဲ့သို့ ရေမတက်ခဲ့ ဖူးဘူး ဆိုသော စကားပင်ဖြစ်သည်။ ထို့ကြောင့်လည်း ရေ အလုံးအရင်းဖြင့်တက်လာမည်ဟု မမျှော်လင့် မိခဲ့ကြ ခြင်းဖြစ်သည်။ သို့သော် ဆင်သေရွာ တစ်ရွာတည်းက သာထင်ခြင်းမဟုတ်။ ယခုတစ်ကြိမ် ရေ ကြီး နစ်မြုပ်ခဲ့ရာ နေရာအတော်တော်များများကလည်း အလားတူပင် သဘောထားရှိနေသည်။
တိုက်ဖွန်းမုန်တိုင်း ရာဂီနောက်ဆက်တွဲ အရှိန် ကြောင့် မြန်မာနိုင်ငံအတွင်းက တောင်ပေါ်မြို့ အချို့ အပါအဝင် မြို့နယ်ပေါင်း(၅၀)ကျော် ရေဘေးသင့်ခဲ့ ပြီး လူသိန်းနှင့်ချီရေဘေးရှောင်ခဲ့ရကာ သေဆုံးသူများ လည်းရှိခဲ့သည်။ ဆင်သေရွာ၏ဖြစ်စဉ်မှာ အဆိုပါ ဖြစ်စဉ်များထဲမှတစ်ခုသာဖြစ်သည်။ ဆင်သေရွာ တစ် ရွာတည်းတွင်ပင် ပျက်စီးမှုကမနည်းလှပေ။
“ ကျွန်တော်တို့ ပြန်စိစစ်လိုက်တဲ့အချိန်မှာ လုံးဝပျက်စီးသွားတဲ့အိမ်က အိမ်ရှစ်ဆယ်လောက် ရှိပါတယ်။ တစ်ဝက်တစ်ပျက်ပျက်စီးတဲ့အိမ်က သုံးရာ လောက်ရှိပါတယ်။ တစ်ရွာလုံးမှာ အိမ်ခြေက ခြောက် ရာ့ရှစ်ဆယ်လောက်ရှိပါတယ်” ဟု ကိုယ်တိုင် ရေဘေးကြောင့် ပိုင်ဆိုင်မှုများကိုဆုံးရှုံးခဲ့ရသူ ဆင်သေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဌေးလွင်ကဆိုသည်။
ရေဘေးကြုံပြီးနောက် နေအိမ်မှစွန့်ခွာသူများကို ရေဘေးရှောင်စခန်းများတွင် နေရာချထား သည်။ အသက်ဘေးမှလွတ်မြောက်သောကြောင့် စိတ်ချမ်း သာရသော်လည်း အခက်အခဲက မကုန်သေးပေ။ ပြန်လည် ထူထောင်ရေးကို ဆောင်ရွက်ကြရဦးမည်ဖြစ် သည်။ သို့သော် စားရေး၊ သောက်ရေး အတွက်လည်း လိုအပ်ချက်များ ရှိနေသည်။
“ ကျေးရွာအနေနဲ့ လိုအပ်တာကတော့ လောလောဆယ်တော့ စားဖို့ပေါ့ဗျာ။ ဆန်အလှူရှင်တွေ လည်းလာပို့ထားပါတယ်။ ရွာမှာဆို အိမ်ထောင်စု (၆၈၀) ရယ်၊ နောက်တိုး အိမ်ထောင်စု (၇၀) ရယ်ကို တစ်အိမ်ထောင် ခြောက်ပြည်နှုန်းနဲ့တော့ ခွဲဝေ ပေးထားပါတယ်” ဟု ဆင်သေရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးလွင်ကဆိုသည်။
ဆင်သေရွာသားများအနက် အချို့က ရွာတွင် ပြန်နေကြပြီဖြစ်သော်လည်း နေအိမ်သို့ မပြန်ရသေးသော ရွာသူရွာသားများလည်း ရှိသေးသည်။
“ ကြုံနေရတဲ့ အခက်အခဲကတော့ ရေရှည်ပေါ့။ ရေရှည်ကြည့်ရတာပေါ့။ အလှူရှင်တွေက စစဦး ချင်း ဆိုရင်တော့ အုန်းဒိုင်းအုန်းဒိုင်း ရောက်လာကြတာပဲ။ ရေရှည်ဖြစ်လာတဲ့အခါကျတော့ နည်းနည်း လေး ခက်ခဲလာတယ်။ ဘာတွေလိုအပ်လဲလို့မေးရင်တော့ ဆန်၊ ဆီ၊ ဆား၊ ဆေး ဆိုတာက လိုအပ်တယ်။ နေ့စဉ် အလှူရှင်မရှိလည်းပဲ ဦးဇင်းတို့က ချက်ကျွေးရမှာ ဖြစ်တဲ့အတွက် ဒါတွေက အဓိကလိုအပ်နေ တာဖြစ်ပါတယ်” ဟု ဆင်သေရွာမှ ရေဘေးရှောင်ပြည်သူများ ကိုစောင့်ရှောက်ပေးနေသော ပုရွက် ဆိတ်ကုန်းရွာ၊ ကျွန်းတောကျောင်းတိုက်မှ ကျောင်းတိုင်ဆရာတော် ဦးပဏ္ဍိတက မိန့်ကြားသည်။
ဆင်သေရွာသို့ဝင်လာသောရေသည် သူ့ချည်း လာခြင်းမဟုတ်။ နုန်းများကိုပါသယ်ယူလာခဲ့သည်။ ထို့ကြောင့် ဆင်သေရွာသည် ရေကျသွားသော်လည်း နုန်းများတင်ကျန်ခဲ့သည်။ ရိုးရိုးရေကြီးပြီး ရေကျ သွားသည့် မြင်ကွင်းမျိုးမဟုတ်ဘဲ အိမ်အတော်များများတွင် နုန်းများဝင်ရောက်နေရာ ရှင်းလင်းရေးမှာ ခက်ခဲနေသည်။
“ စားဝတ်နေရေးကတော့ တော်တော် ခက်ခဲသွားတာပေါ့။ ဘုန်းဘုန်းကလည်း မပြန်နဲ့ဦး။ တော် တော်လေးပြည့်စုံမှပြန်ပါလို့ တားပါတယ်။ ဒီလိုလေး နဲ့ပဲနေရပါတယ်။ လာလှူတဲ့သူတော့ များပါတယ်။ စီး ပွားရေးကတော့ ပြန်ထူထောင်နိုင်မယ်မထင်တော့ ဘူး။ အိမ်ပြန်တော့လည်း သွားမယ်ဆို နုန်းက ဒူး လောက်ရှိတယ်။ နုန်းကလည်း နုန်းပျစ်။ သဲမြေမဟုတ် ဘူး။ ရဲဝါဝါကြီးတွေ။ ဆေးလိုက်ရင်လည်း တော်တော်နဲ့မပြောင်ဘူး” ဟု ဒေါ်ခင်မမကဆိုသည်။
ရေကျသွားပြီဖြစ်သော်လည်း ဆင်သေရွာတွင် ဝမ်းရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါကို ဂရုစိုက်ရန် လိုအပ်နေသေးသည်။ ထို့ပြင် ရွှံ့ပုပ်အနံ့ကလည်း ပြန်လည်ဝင်ရောက်သူများကို စိတ်အနှောင့် အယှက်ပေးနေသည်။
“ အခု လိုက်ပြီးတော့ကြည့်ပေးနေတဲ့ ရေဘေး ရှောင်တဲ့နေရာတွေမှာတော့ ဝမ်းရောဂါမဖြစ် သေးပါဘူး။ မဖြစ်အောင်တော့ လုပ်နေတယ်။ ကျန်းမာရေး ဌာနကလည်း အားထည့်ပြီးလုပ်နေတာ တွေ့ရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သောက်သုံးရေကိစ္စ စီမံခန့်ခွဲမှု မလုပ်နိုင်ရင် ဝမ်းရောဂါတို့ သွေးလွန်တုပ်ကွေး ရော ဂါတို့ဖြစ်နိုင်တယ်။ ကျန်းမာရေးဝန်ကြီးဌာနက ညွှန် ကြားချက်တွေကို သေချာလိုက်နာပြီး ဆောင်ရွက် သင့်တယ်” ဟု ကာကွယ်ရေးနှင့် အပူပိုင်းဆေးပညာမှ အထူးကု သမားတော် ဒေါက်တာပြည့်ထူးကဆိုသည်။
နေအိမ်ထိခိုက်သွားသူများအတွက်မူ ရွာသို့ ပြန်ရန် ရက်က ဝေးနေဦးမည်ဖြစ်သည်။ ရေဘေး ရှောင်စခန်းတွင် ယာယီနေထိုင်နေရသူများက အလှူရှင်များ ၏လှူဒါန်းမှုကြောင့် စားရေးသောက်ရေး အဆင်ပြေသော်လည်း အိမ်သို့ပြန်လိုကြ၏။ ရွာတွင် ပြန်လည် အခြေချနေထိုင်သူများအတွက်မှာမူ လတ် တလော စားရေးသောက်ရေးမှာ အဓိကဖြစ်လာနေသည်။
“ ကျွန်မကတော့ ပျက်စီးသွားတဲ့သူတွေကို ပြန်ပြီးကူညီထောက်ပံ့ပေးစေချင်ပါတယ်။ ဒါလေးကိုပဲ တောင်းဆိုချင်တာပါ” ဟု ဆင်သေရွာမှ ဒုက္ခသည် တစ်ဦးကဆိုသည်။
ယခုအခါ ဆင်သေရွာသည် တစ်ကြိမ်မျှ မကြုံဖူး သောရေဘေးကို ဆိုးဆိုးရွားရွားကြုံရပြီးသည့်နောက် ရေနှင့်ပတ်သက်၍ စိတ်ဒဏ်ရာပင်ရနေသည့် အခြေအနေဖြစ်သည်။
“ ရေကြီးတာကိုမြင်ရင် ကြောက်နေပြီ။ မကြုံမှ မကြုံဖူးတာကိုး” ဟု ဒေါ်ခင်မမက မျက်ရည်ဝဲ သော မျက်လုံးဖြင့်ဆိုသည်။ ဒေါ်ခင်မမသည် စကားပြောရင်း အသံတိမ်ဝင်သွားသည်။ အနာဂတ်ကို တွေးပြီး ပိုရင် လေးနေဟန်လည်းတူလေသည်။
zawgyi version
ေသမင္းတံခါးဝမွအျပန္ (ေဆာင္းပါး)
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၁
ထိုေန႔က စက္တင္ဘာလ (၁၁) ရက္ျဖစ္သည္။ မိုးက သည္းႀကီးမည္းႀကီး႐ြာေနေသာေၾကာင့္ ေနျပည္ေတာ္ ေကာင္စီနယ္ေျမ၊ ပ်ဥ္းမနားၿမိဳ႕နယ္က ဆင္ေသ႐ြာ တစ္႐ြာလုံး မိုးစက္မ်ား၏ေအာက္တြင္ ၿငိမ္ကုပ္ေနၾက၏။ မၾကာမီျဖစ္ေပၚလာမည့္ေဘးကို မသိၾကေသးေပ။
ေရႀကီးႏိုင္ေသာ္လည္း အနည္းငယ္သာ ပုံမွန္ျဖစ္ေနက်အတိုင္း ေရတက္မည္ထင္ေသာေၾကာင့္ ႐ြာသားမ်ားအားလုံး စိတ္ခ်လက္ခ်ရွိေနၾကသည္။ သို႔ေသာ္ သတင္းမ်ားကိုေတာ့ နားစြင့္ေနၾက၏။ ေဖ့စ္ ဘြတ္ခ္သုံးသူအခ်ိဳ႕ကလည္း လိုင္းေပၚတြင္တက္လာ ေသာ မိုးေလဝသသတင္းမ်ားကိုဖတ္ရင္း မိသားစု ကို သတင္းျပန္ေပးေနၾကသည္။
ေရက တက္မည္။ အျခားေနရာမ်ားတြင္လည္း ေရတက္လာသည္။ သို႔ေသာ္ ဆင္ေသ႐ြာအတြက္ အလြန္အမင္းေရႀကီးမည္မဟုတ္ဟုပင္ အားလုံးက ထင္မွတ္ထားၾကသည္။
“ ပထမ ေညာင္ပင္သာ႐ြာဘက္မွာ ေရဝင္တယ္ လို႔သတင္းစၾကားတယ္။ သတင္းစၾကားေတာ့ အေဝ ရာဆည္ကေနမွ တုပ္ထားတဲ့တမံကို ည (၇) နာရီခြဲ ေလာက္မွာသြားၿပီး အေျခအေနကိုသြား ေစာင့္ၾကည့္ပါတယ္။ ၾကည့္တဲ့အခါမွာ တမံကို ေရေက်ာ္ဖို႔ သုံးေပ ေလာက္လိုေသးတယ္။ လိုေသးတဲ့ အေနအထားဆိုေတာ့ ကြၽန္ေတာ္တို႔႐ြာကို ေက်ာ္က်ႏိုင္လိမ့္မယ္လို႔ မထင္မွတ္ခဲ့ဘူး။ မထင္ခဲ့ေတာ့ ႐ြာကို လည္း သတိေပး ႏႈိးေဆာ္တာေတြ မလုပ္ျဖစ္ခဲ့လိုက္ရဘူး” ဟု ဆင္ေသေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ ေဌးလြင္က ထိုစဥ္က အေျခအေနကို ျပန္ေျပာင္းေျပာျပသည္။
ေရကာတမံကိုေက်ာ္ၿပီးေနာက္ က်ဆင္းလာေသာ ေရအလ်ဥ္သည္ ဆင္ေသေခ်ာင္းေရ၊ ေတာင္က်ေရ တို႔ႏွင့္အတူ ဆင္ေသ႐ြာသို႔ လ်င္ျမန္ေသာအဟုန္ျဖင့္ ညပိုင္း (၈) နာရီေက်ာ္တြင္ စတင္ ဝင္ေရာက္လာခဲ့ရာ နာရီဝက္ပင္မျပည့္ေသာအခ်ိန္အတြင္း တစ္႐ြာလုံးကို လႊမ္းၿခဳံသြားေတာ့၏။
လယ္ယာကိုင္းကြၽန္းျဖင့္ လုပ္ကိုင္စားေသာက္ရေသာ လယ္သမားတို႔အတြက္ ကြၽဲ၊ ႏြားတို႔မွာ ေက်းဇူးရွင္မ်ား ျဖစ္သကဲ့သို႔ မရွိမျဖစ္ေသာအရာမ်ားလည္း ျဖစ္သည္။ ေမြးထားေသာ ၾကက္၊ ဘဲ အစရွိ သည့္ တိရစာၦန္တို႔မွာလည္း ေရတက္လာလွ်င္ ပိတ္ေလွာင္ ေသကုန္ရန္သာရွိေတာ့မည္။ ဆုံးရႈံးရလွ်င္ လည္း ျပန္လည္ဝယ္ယူရန္မွာ မလြယ္ကူ။ ထို႔ေၾကာင့္ ကနဦးအေနျဖင့္ ဆုံးျဖတ္ခ်က္တစ္ခုကို အလ်င္ အျမန္ ခ်လိုက္ၾကရ၏။ ကံေကာင္းလွ်င္ ျပန္ရေပလိမ့္ဦးမည္ဆိုေသာ ေမွ်ာ္လင့္ခ်က္လည္းပါသည္။
“ ေရာက္လာတာနဲ႔ေနလို႔ မျဖစ္ေတာ့ဘူး။ အိမ္ အျမင့္ေတာင္ ေရတက္ဖို႔က နည္းနည္းပဲက်န္ တာ။ ဒါနဲ႔ လူေတြလည္း ဘယ္လိုမွမတတ္ႏိုင္ေတာ့ဘူး ဆိုၿပီး ရွိတဲ့တိရစာၦန္ေတြကို ႀကိဳးျဖတ္ထုတ္ လိုက္ရတာ” ဟု ဆင္ေသ႐ြာမွ ေဒသခံ ဦးေမာင္ပုကဆိုသည္။
႐ုတ္တရက္တက္လာေသာေရေဘး၌ ရပ္႐ြာ တြင္ေနထိုင္သူတို႔၏စည္းလုံးမႈကိုလည္း ဆင္ေသ႐ြာ ျဖစ္စဥ္တြင္ ျမင္ရ၏။ အိမ္အျမင့္တြင္ေနထိုင္သူမ်ားက အနီးပတ္ဝန္းက်င္ရွိ အနိမ့္ပိုင္းမွေနထိုင္သူမ်ားကို ေခၚယူေနရာေပးျခင္းမ်ားရွိခဲ့သည္။
“ ျမင့္တဲ့အိမ္ေတာင္ အေပၚထပ္ကိုထိဖို႔ တစ္ေပ ေလာက္ပဲက်န္တယ္။ အဲဒီညကမအိပ္ရဘူး” ဟု ဦးေမာင္ပုကဆိုသည္။
အသက္ႀကီးပိုင္းအ႐ြယ္ အမ်ိဳးသမီးတစ္ဦးျဖစ္သူ ေဒၚခင္မမကလည္း ယခုကဲ့သို႔ တစ္ဟုန္ထိုး ေရ တက္လာမည္ဟု မထင္ခဲ့သူတစ္ဦးျဖစ္သည္။ ထို႔ျပင္ ဆင္ေသ႐ြာအနိမ့္ပိုင္းသို႔ ေရဝင္ေသာ္လည္း အျမင့္ ပိုင္းအထိ ေရမတက္ဟု ထင္ခဲ့သူတစ္ဦးလည္းျဖစ္သည္။
“ ေရတက္တာ ၾကားေတာ့ၾကားေနရေပမယ့္ ကိုယ့္ဘက္ကေတာ့ ေရမတက္ေလာက္ပါဘူးေပါ့။ ေရလာတယ္ဆို ေျမာက္ဘက္ျခမ္းမွာေနလိုက္တာ။ ဟိုးတုန္းကေတာ့ မိုးေရေလာက္ပဲရွိတာေပါ့။ အဲဒီေလာက္ႀကီး မမ်ားဖူးဘူး” ဟု ၎ကဆိုသည္။
အခ်ိန္က ည။ ေရကလည္း တစ္ဟုန္ထိုး တက္ေနသည္။ ေရျပည့္သြားခဲ့လွ်င္ အားလုံးေမ်ာပါ သြားၾကရေတာ့မည္။ ထို႔ေၾကာင့္ ဘုရားသာ တေနၾကရသည္။ ကံေကာင္းသည္က စက္တင္ဘာ (၁၂) ရက္ နံနက္ အေစာပိုင္း (၂) နာရီခန႔္တြင္ ေရတက္ရပ္သြားသည္။ “ဒီညေတာ့ ေသေတာ့မလားဆိုၿပီး ေတြးမိပါတယ္။ တကယ္တမ္း မေနႏိုင္ေလာက္မွ အိမ္ကလည္း တစ္ေတာင္ေလာက္ က်န္ေတာ့မွ ေရနည္းနည္းေလ်ာ့ေတာ့ ေျပးပါတယ္။ ေရလာေတာ့ ေဝါေဝါနဲ႔လာပါတယ္။ ေလယာဥ္ပ်ံဆင္းေနသလား ေတာင္ ေအာက္ေမ့ရပါတယ္။ ႏြားလည္း ႀကိဳးျဖတ္လိုက္ရတယ္။ တန္းလ်ား၊ စားပြဲလည္း အကုန္ပါပါ တယ္။ ကိုယ့္မွာ ရင္ထုမနာျဖစ္ရတယ္” ဟု ေဒၚခင္မမကဆိုသည္။ ဆင္ေသ႐ြာ ေရေဘးအတြက္ ေဒသခံ မ်ား၏ စိုးရိမ္မႈ ကို သိသိသာသာေဖာ္ျပေပးႏိုင္သည့္ ျပယုဂ္တစ္ခုမွာ ဆင္ေသ႐ြာ စာသင္ေက်ာင္း ေခါင္မိုးသြပ္ျပားမွ အေပါက္ပင္ျဖစ္သည္။ ေရအလြန္အမင္းျမင့္ခ်ိန္တြင္ စိုးရိမ္စိတ္ႀကီးမားသူမ်ားက ေက်ာင္းေခါင္မိုးသြပ္ကို ပင္ေဖာက္ကာ အေပၚထိတက္ေနၾကသည္။
“ သူတို႔ေျပာစကားအရေတာ့ ဒီေက်ာင္းေတြရဲ႕ အေပၚမွာ သြပ္ေတြကိုေဖာက္ၿပီး အေပၚထပ္အထိ တက္ေနခဲ့ရတာေတြရွိခဲ့တယ္ ေျပာပါတယ္။ ဒီေက်ာင္းေတြက ႏွစ္ထပ္အေဆာက္အအုံလည္းျဖစ္ေတာ့ သူတို႔ အားကိုးရာေနရာေတာ့ျဖစ္ခဲ့မွာေပါ့။ ဘာလို႔လဲဆိုေတာ့ ျဖတ္ၾကည့္လိုက္ရင္ ႐ြာထဲကအိမ္ေတြ က ဒီေက်ာင္းထက္စာရင္ေတာ့ နိမ့္ၾကတယ္ေပါ့။ ဒီေက်ာင္းမွာလာေနတာေတာ့ ရွိခဲ့တယ္လို႔သိရတယ္” ဟု ဆင္ေသ႐ြာမွေရေဘးသင့္ျပည္သူမ်ားကို ကူညီေနေသာ ကာကြယ္ေရးႏွင့္အပူပိုင္းေဆးပညာမွ အထူးကု သမားေတာ္ ေဒါက္တာျပည့္ထူးက ဆိုသည္။
ျပင္ထန္ေသာေရစီးက အခ်ိဳ႕အိမ္မ်ားကို ၿပိဳေစသည္။ ေရစီးသန္ေသာေနရာတြင္ အုတ္နံရံကို ၿပိဳ သည္အထိ ေရကတြန္းတိုက္သည္။ အခ်ိဳ႕အိမ္မ်ားကို ယိုင္နဲ႔သြားေစသည္။ အခ်ိဳ႕အိမ္မ်ားကမူ အလုံးလိုက္ ပင္ကြၽတ္ေသာ ျဖစ္စဥ္မ်ားလည္းရွိခဲ့သည္။
႐ြာသူ၊ ႐ြာသား အမ်ားစုမွာ ေရေဘးမွ အသက္ ခ်မ္းသာရာရခဲ့ေသာ္လည္း အခ်ိဳ႕က ပိတ္မိခဲ့ၾက ေသး၏။ အခ်ိဳ႕က သစ္ပင္တြင္ တြယ္ကပ္ေနသူမ်ားလည္း ရွိ၏။ ပိုဆိုးသူမ်ားမွာမူ ေရႏွင့္အတူေမ်ာပါ ေပ်ာက္ဆုံးသြားၾကၿပီး အခ်ိဳ႕က အေလာင္းပင္ ျပန္မရေတာ့ေခ်။ ဆင္ေသ႐ြာတြင္ ေသဆုံးၿပီဟု အတည္ ျပဳႏိုင္သူ (၇) ဦးႏွင့္ လက္ရွိအခ်ိန္အထိ ရွာမေတြ႕ေသးသူ (၇) ဦး ခန႔္ရွိသည္။
“ ဆင္ေသက ေရတက္တုန္းမွာ သြားရခက္တာ။ ေတာ္ေတာ္ေလးကယ္ရတယ္။ တခ်ိဳ႕ဆို ပိတ္မိေနလို႔ ႏွစ္ရက္ေလာက္ၾကာမွ ကယ္ႏိုင္တာမ်ိဳးလည္းရွိတယ္။ သစ္ပင္မွာတြယ္ေနရင္း ငိုၿပီးအကူအညီေတာင္းတာ လည္းရွိတယ္” ဟု ဆင္ေသ႐ြာကို ကိုယ္တိုင္ကယ္ ဆယ္ေရးသြားခဲ့သူ ပရဟိတ သမားတစ္ဦးကဆိုသည္။
ေရစီးေၾကာင့္ ေမ်ာပါသြားသူမ်ားအနက္ အခ်ိဳ႕ကိုကယ္ႏိုင္သည္။ အခ်ိဳ႕ကို ကယ္ရန္ႀကိဳးစားေသာ္ လည္း လက္လြတ္သြားေသာေၾကာင့္ ရင္နာနာျဖင့္ ၾကည့္လိုက္ရေသာအေျခအေနလည္းရွိသည္။ ဆင္ေသ႐ြာမွ႐ြာခံမ်ားသည္ ေသဆုံးသူမ်ားအေၾကာင္း စကားစလွ်င္ မႈိင္ေတြသြားၾက၏။ အခ်ိဳ႕က ေျပာ ရင္း ဆို႔နင့္သြားၿပီး ဆက္မေျပာႏိုင္ေတာ့။ ေဒၚခင္မမ ကေတာ့ ၎ႏွင့္နီးစပ္သူအခ်ိဳ႕ ေရစီးႏွင့္ေမ်ာပါသြား သည့္ အေၾကာင္းဇာတ္လမ္းကို ေျပာျပႏိုင္ေသးသည္။ သို႔ေသာ္ ေဝသီေသာမ်က္လုံးျဖင့္ ျဖစ္သည္။
“ သားမက္က သြားကယ္ပါတယ္။ သူ႔ႀကီးႀကီးနဲ႔ တူေပါ့။ ကုန္းပိုးၿပီးသြားကယ္ေသးတယ္။ မရေတာ့ ေလွနဲ႔သြားကယ္ပါတယ္။ ေရလုံးကတိုက္လာေတာ့ ေလွက လူးၿပီးျပဳတ္က်တယ္တဲ့။ ေနာက္တစ္ခါ ျပန္ဆယ္တယ္။ သုံးခါဆယ္တာကို သုံးခါလုံးမရခဲ့ပါဘူး။ ေရလုံးႀကီးက သူတို႔အေပၚကို ေက်ာ္သြားတယ္။ ႀကီးႀကီးေရာ တူေရာ မကယ္လိုက္ႏိုင္ဘူး။ တူက ေက်ာင္း သားလားမသိဘူး။ ရွာလို႔ မေတြ႕ေသးပါဘူး။ သူက ဆြမ္းသြတ္ၿပီးၿပီ။ ႀကီးႀကီးက မသြတ္ရေသးဘူး” ဟု ၎ကဆိုသည္။
အလားတူ ကယ္ဆယ္ရင္း အသက္ဆုံးရႈံးရသူမ်ား ရွိသကဲ့သို႔ ေျပး၍မလြတ္ေသာေၾကာင့္ ေမ်ာပါ သြားသူမ်ားလည္း ရွိေနသည္။ “ ေရေတြလာမယ္ဆိုေတာ့ ေျပးရင္းနဲ႔ ေရေနာက္ပါ သြားတာ။ ႀကီးတြတ္ ဆိုရင္ ေျပးရင္းနဲ႔မွ လွည္းကေန ျပဳတ္က်ၿပီး ေရေနာက္ပါသြားတာ” ဟု အျခား ဆင္ ေသ႐ြာခံ အမ်ိဳးသမီး တစ္ဦးကဆိုသည္။
အားလုံးက တညီတၫြတ္တည္းဆိုၾကသည့္ အခ်က္မွာ ဆင္ေသ႐ြာတြင္ ယခုကဲ့သို႔ ေရမတက္ခဲ့ ဖူးဘူး ဆိုေသာ စကားပင္ျဖစ္သည္။ ထို႔ေၾကာင့္လည္း ေရ အလုံးအရင္းျဖင့္တက္လာမည္ဟု မေမွ်ာ္လင့္ မိခဲ့ၾက ျခင္းျဖစ္သည္။ သို႔ေသာ္ ဆင္ေသ႐ြာ တစ္႐ြာတည္းက သာထင္ျခင္းမဟုတ္။ ယခုတစ္ႀကိမ္ ေရ ႀကီး နစ္ျမဳပ္ခဲ့ရာ ေနရာအေတာ္ေတာ္မ်ားမ်ားကလည္း အလားတူပင္ သေဘာထားရွိေနသည္။
တိုက္ဖြန္းမုန္တိုင္း ရာဂီေနာက္ဆက္တြဲ အရွိန္ ေၾကာင့္ ျမန္မာႏိုင္ငံအတြင္းက ေတာင္ေပၚၿမိဳ႕ အခ်ိဳ႕ အပါအဝင္ ၿမိဳ႕နယ္ေပါင္း(၅၀)ေက်ာ္ ေရေဘးသင့္ခဲ့ ၿပီး လူသိန္းႏွင့္ခ်ီေရေဘးေရွာင္ခဲ့ရကာ ေသဆုံးသူမ်ား လည္းရွိခဲ့သည္။ ဆင္ေသ႐ြာ၏ျဖစ္စဥ္မွာ အဆိုပါ ျဖစ္စဥ္မ်ားထဲမွတစ္ခုသာျဖစ္သည္။ ဆင္ေသ႐ြာ တစ္ ႐ြာတည္းတြင္ပင္ ပ်က္စီးမႈကမနည္းလွေပ။
“ ကြၽန္ေတာ္တို႔ ျပန္စိစစ္လိုက္တဲ့အခ်ိန္မွာ လုံးဝပ်က္စီးသြားတဲ့အိမ္က အိမ္ရွစ္ဆယ္ေလာက္ ရွိပါတယ္။ တစ္ဝက္တစ္ပ်က္ပ်က္စီးတဲ့အိမ္က သုံးရာ ေလာက္ရွိပါတယ္။ တစ္႐ြာလုံးမွာ အိမ္ေျခက ေျခာက္ ရာ့ရွစ္ဆယ္ေလာက္ရွိပါတယ္” ဟု ကိုယ္တိုင္ ေရေဘးေၾကာင့္ ပိုင္ဆိုင္မႈမ်ားကိုဆုံးရႈံးခဲ့ရသူ ဆင္ေသ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ေဌးလြင္ကဆိုသည္။
ေရေဘးႀကဳံၿပီးေနာက္ ေနအိမ္မွစြန႔္ခြာသူမ်ားကို ေရေဘးေရွာင္စခန္းမ်ားတြင္ ေနရာခ်ထား သည္။ အသက္ေဘးမွလြတ္ေျမာက္ေသာေၾကာင့္ စိတ္ခ်မ္း သာရေသာ္လည္း အခက္အခဲက မကုန္ေသးေပ။ ျပန္လည္ ထူေထာင္ေရးကို ေဆာင္႐ြက္ၾကရဦးမည္ျဖစ္ သည္။ သို႔ေသာ္ စားေရး၊ ေသာက္ေရး အတြက္လည္း လိုအပ္ခ်က္မ်ား ရွိေနသည္။
“ ေက်း႐ြာအေနနဲ႔ လိုအပ္တာကေတာ့ ေလာေလာဆယ္ေတာ့ စားဖို႔ေပါ့ဗ်ာ။ ဆန္အလႉရွင္ေတြ လည္းလာပို႔ထားပါတယ္။ ႐ြာမွာဆို အိမ္ေထာင္စု (၆၈၀) ရယ္၊ ေနာက္တိုး အိမ္ေထာင္စု (၇၀) ရယ္ကို တစ္အိမ္ေထာင္ ေျခာက္ျပည္ႏႈန္းနဲ႔ေတာ့ ခြဲေဝ ေပးထားပါတယ္” ဟု ဆင္ေသ႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ေဌးလြင္ကဆိုသည္။
ဆင္ေသ႐ြာသားမ်ားအနက္ အခ်ိဳ႕က ႐ြာတြင္ ျပန္ေနၾကၿပီျဖစ္ေသာ္လည္း ေနအိမ္သို႔ မျပန္ရေသးေသာ ႐ြာသူ႐ြာသားမ်ားလည္း ရွိေသးသည္။
“ ႀကဳံေနရတဲ့ အခက္အခဲကေတာ့ ေရရွည္ေပါ့။ ေရရွည္ၾကည့္ရတာေပါ့။ အလႉရွင္ေတြက စစဦး ခ်င္း ဆိုရင္ေတာ့ အုန္းဒိုင္းအုန္းဒိုင္း ေရာက္လာၾကတာပဲ။ ေရရွည္ျဖစ္လာတဲ့အခါက်ေတာ့ နည္းနည္း ေလး ခက္ခဲလာတယ္။ ဘာေတြလိုအပ္လဲလို႔ေမးရင္ေတာ့ ဆန္၊ ဆီ၊ ဆား၊ ေဆး ဆိုတာက လိုအပ္တယ္။ ေန႔စဥ္ အလႉရွင္မရွိလည္းပဲ ဦးဇင္းတို႔က ခ်က္ေကြၽးရမွာ ျဖစ္တဲ့အတြက္ ဒါေတြက အဓိကလိုအပ္ေန တာျဖစ္ပါတယ္” ဟု ဆင္ေသ႐ြာမွ ေရေဘးေရွာင္ျပည္သူမ်ား ကိုေစာင့္ေရွာက္ေပးေနေသာ ပု႐ြက္ ဆိတ္ကုန္း႐ြာ၊ ကြၽန္းေတာေက်ာင္းတိုက္မွ ေက်ာင္းတိုင္ဆရာေတာ္ ဦးပ႑ိတက မိန႔္ၾကားသည္။
ဆင္ေသ႐ြာသို႔ဝင္လာေသာေရသည္ သူ႔ခ်ည္း လာျခင္းမဟုတ္။ ႏုန္းမ်ားကိုပါသယ္ယူလာခဲ့သည္။ ထို႔ေၾကာင့္ ဆင္ေသ႐ြာသည္ ေရက်သြားေသာ္လည္း ႏုန္းမ်ားတင္က်န္ခဲ့သည္။ ႐ိုး႐ိုးေရႀကီးၿပီး ေရက် သြားသည့္ ျမင္ကြင္းမ်ိဳးမဟုတ္ဘဲ အိမ္အေတာ္မ်ားမ်ားတြင္ ႏုန္းမ်ားဝင္ေရာက္ေနရာ ရွင္းလင္းေရးမွာ ခက္ခဲေနသည္။
“ စားဝတ္ေနေရးကေတာ့ ေတာ္ေတာ္ ခက္ခဲသြားတာေပါ့။ ဘုန္းဘုန္းကလည္း မျပန္နဲ႔ဦး။ ေတာ္ ေတာ္ေလးျပည့္စုံမွျပန္ပါလို႔ တားပါတယ္။ ဒီလိုေလး နဲ႔ပဲေနရပါတယ္။ လာလႉတဲ့သူေတာ့ မ်ားပါတယ္။ စီး ပြားေရးကေတာ့ ျပန္ထူေထာင္ႏိုင္မယ္မထင္ေတာ့ ဘူး။ အိမ္ျပန္ေတာ့လည္း သြားမယ္ဆို ႏုန္းက ဒူး ေလာက္ရွိတယ္။ ႏုန္းကလည္း ႏုန္းပ်စ္။ သဲေျမမဟုတ္ ဘူး။ ရဲဝါဝါႀကီးေတြ။ ေဆးလိုက္ရင္လည္း ေတာ္ေတာ္နဲ႔မေျပာင္ဘူး” ဟု ေဒၚခင္မမကဆိုသည္။
ေရက်သြားၿပီျဖစ္ေသာ္လည္း ဆင္ေသ႐ြာတြင္ ဝမ္းေရာဂါႏွင့္ ေသြးလြန္တုပ္ေကြးေရာဂါကို ဂ႐ုစိုက္ရန္ လိုအပ္ေနေသးသည္။ ထို႔ျပင္ ႐ႊံ႕ပုပ္အနံ႔ကလည္း ျပန္လည္ဝင္ေရာက္သူမ်ားကို စိတ္အေႏွာင့္ အယွက္ေပးေနသည္။
“ အခု လိုက္ၿပီးေတာ့ၾကည့္ေပးေနတဲ့ ေရေဘး ေရွာင္တဲ့ေနရာေတြမွာေတာ့ ဝမ္းေရာဂါမျဖစ္ ေသးပါဘူး။ မျဖစ္ေအာင္ေတာ့ လုပ္ေနတယ္။ က်န္းမာေရး ဌာနကလည္း အားထည့္ၿပီးလုပ္ေနတာ ေတြ႕ရတယ္။ ဒါေပမဲ့ ေနာက္ပိုင္းမွာ ေသာက္သုံးေရကိစၥ စီမံခန႔္ခြဲမႈ မလုပ္ႏိုင္ရင္ ဝမ္းေရာဂါတို႔ ေသြးလြန္တုပ္ေကြး ေရာ ဂါတို႔ျဖစ္ႏိုင္တယ္။ က်န္းမာေရးဝန္ႀကီးဌာနက ၫႊန္ ၾကားခ်က္ေတြကို ေသခ်ာလိုက္နာၿပီး ေဆာင္႐ြက္ သင့္တယ္” ဟု ကာကြယ္ေရးႏွင့္ အပူပိုင္းေဆးပညာမွ အထူးကု သမားေတာ္ ေဒါက္တာျပည့္ထူးကဆိုသည္။
ေနအိမ္ထိခိုက္သြားသူမ်ားအတြက္မူ ႐ြာသို႔ ျပန္ရန္ ရက္က ေဝးေနဦးမည္ျဖစ္သည္။ ေရေဘး ေရွာင္စခန္းတြင္ ယာယီေနထိုင္ေနရသူမ်ားက အလႉရွင္မ်ား ၏လႉဒါန္းမႈေၾကာင့္ စားေရးေသာက္ေရး အဆင္ေျပေသာ္လည္း အိမ္သို႔ျပန္လိုၾက၏။ ႐ြာတြင္ ျပန္လည္ အေျခခ်ေနထိုင္သူမ်ားအတြက္မွာမူ လတ္ တေလာ စားေရးေသာက္ေရးမွာ အဓိကျဖစ္လာေနသည္။
“ ကြၽန္မကေတာ့ ပ်က္စီးသြားတဲ့သူေတြကို ျပန္ၿပီးကူညီေထာက္ပံ့ေပးေစခ်င္ပါတယ္။ ဒါေလးကိုပဲ ေတာင္းဆိုခ်င္တာပါ” ဟု ဆင္ေသ႐ြာမွ ဒုကၡသည္ တစ္ဦးကဆိုသည္။
ယခုအခါ ဆင္ေသ႐ြာသည္ တစ္ႀကိမ္မွ် မႀကဳံဖူး ေသာေရေဘးကို ဆိုးဆိုး႐ြား႐ြားႀကဳံရၿပီးသည့္ေနာက္ ေရႏွင့္ပတ္သက္၍ စိတ္ဒဏ္ရာပင္ရေနသည့္ အေျခအေနျဖစ္သည္။
“ ေရႀကီးတာကိုျမင္ရင္ ေၾကာက္ေနၿပီ။ မႀကဳံမွ မႀကဳံဖူးတာကိုး” ဟု ေဒၚခင္မမက မ်က္ရည္ဝဲ ေသာ မ်က္လုံးျဖင့္ဆိုသည္။ ေဒၚခင္မမသည္ စကားေျပာရင္း အသံတိမ္ဝင္သြားသည္။ အနာဂတ္ကို ေတြးၿပီး ပိုရင္ ေလးေနဟန္လည္းတူေလသည္။