တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်

 4501

Pika (NP News) - အောက်တိုဘာ ၁

တောင်ကိုရီးယားနာမည်ကျော်ရုပ်ရှင်မင်းသမီး Park Ji-ah သည် စက်တင် ဘာလ(၃၀)ရက်နေ့တွင် ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ၎င်း၏အေဂျင်စီက အသိပေးထုတ်ပြန်ထားသည်။

အသက်(၅၂)နှစ်အရွယ် Park Ji-ah သည် ရုပ်ရှင်မင်းသမီးအဖြစ် နှစ်(၂၀) ကျော်ကြာလုပ်ကိုင်လာစဉ်အချိန်အတွင်း ရုပ်ရှင်အများအပြားနှင့် ရုပ်မြင်သံ ကြားရှိုးများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူဖြစ်ကြောင်းသိရသည်။ Park Ji-ah သည် နာမည်ကျော်ရုပ်ရှင်စီးရီး The Glory တွင် ပါဝင်သရုပ်ဆောင်ခဲ့သော ၎င်း၏အခန်းကဏ္ဍနှင့်ပတ်သက်ပြီး လူသိများကြကြောင်းလည်းသိရသည်။ အဆိုပါရုပ်ရှင်စီးရီးတွင် Park Ji-ah သည် ၎င်း၏အကောင်းဆုံးသရုပ်ဆောင်ပုံများနှင့်ပတ်သက်ပြီး ပရိသတ်များထံမှ ချီးကျူးမှုများစွာကို ရရှိခဲ့ကြောင်းလည်းသိရသည်။

Park Ji-ahသည် စက်တင်ဘာလ(၃၀)ရက်နေ့ နံနက်(၂)နာရီ(၅၀)မိနစ်အချိန်တွင် ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်သွားခဲ့သည်ကို ၎င်း၏အေဂျင်စီက သတင်းထုတ်ပြန်ထားခဲ့ကြောင်း တောင်ကိုရီးယားမီဒီယာအများအပြားက ရေးသားဖော်ပြခဲ့သည်။ ၎င်း၏အေဂျင်စီက "Park Ji-ah ရဲ့ သရုပ်ဆောင်မှုတွေကို အမြဲတမ်းအမှတ်ရနေမှာပါ"ဟု ပြောဆိုခဲ့သည်။ Park Ji-ah ၏ဈာပနကို Asan ဆေးဘက်ဆိုင်ရာစင်တာတွင် လုပ် ဆောင်မည်ဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် Park Ji-ah ၏ဈာပနကို The Glory ရုပ်ရှင်စီးရီးတွင် ၎င်းနှင့်အတူသရုပ်ဆောင်ခဲ့ဖူးသည့် Park Sung-hoon၊ Jung Sung-il၊ Kim Hieora နှင့် Kim Gun-woo တို့က တက်ရောက်ရန်စီစဉ်ထားကြောင်း တောင်ကိုရီးယားမီဒီယာများကရေးသားဖော်ပြခဲ့သည်။

zawgyi version
ေတာင္ကိုရီးယား႐ုပ္ရွင္မင္းသမီး Park Ji-ah ဦးေႏွာက္ေသြးေၾကာေပါက္ကာ ကြယ္လြန္
Pika (NP News) - ေအာက္တိုဘာ ၁

ေတာင္ကိုရီးယားနာမည္ေက်ာ္႐ုပ္ရွင္မင္းသမီး Park Ji-ah သည္ စက္တင္ ဘာလ(၃၀)ရက္ေန႔တြင္ ဦးေႏွာက္ေသြးေၾကာေပါက္ကာ ကြယ္လြန္သြားခဲ့ၿပီျဖစ္ေၾကာင္း ၎၏ေအဂ်င္စီက အသိေပးထုတ္ျပန္ထားသည္။

အသက္(၅၂)ႏွစ္အ႐ြယ္ Park Ji-ah သည္ ႐ုပ္ရွင္မင္းသမီးအျဖစ္ ႏွစ္(၂၀) ေက်ာ္ၾကာလုပ္ကိုင္လာစဥ္အခ်ိန္အတြင္း ႐ုပ္ရွင္အမ်ားအျပားႏွင့္ ႐ုပ္ျမင္သံ ၾကားရႈိးမ်ားစြာတြင္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ဖူးသူျဖစ္ေၾကာင္းသိရသည္။ Park Ji-ah သည္ နာမည္ေက်ာ္႐ုပ္ရွင္စီးရီး The Glory တြင္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ေသာ ၎၏အခန္းက႑ႏွင့္ပတ္သက္ၿပီး လူသိမ်ားၾကေၾကာင္းလည္းသိရသည္။ အဆိုပါ႐ုပ္ရွင္စီးရီးတြင္ Park Ji-ah သည္ ၎၏အေကာင္းဆုံးသ႐ုပ္ေဆာင္ပုံမ်ားႏွင့္ပတ္သက္ၿပီး ပရိသတ္မ်ားထံမွ ခ်ီးက်ဴးမႈမ်ားစြာကို ရရွိခဲ့ေၾကာင္းလည္းသိရသည္။

Park Ji-ahသည္ စက္တင္ဘာလ(၃၀)ရက္ေန႔ နံနက္(၂)နာရီ(၅၀)မိနစ္အခ်ိန္တြင္ ဦးေႏွာက္ေသြးေၾကာေပါက္ကာ ကြယ္လြန္သြားခဲ့သည္ကို ၎၏ေအဂ်င္စီက သတင္းထုတ္ျပန္ထားခဲ့ေၾကာင္း ေတာင္ကိုရီးယားမီဒီယာအမ်ားအျပားက ေရးသားေဖာ္ျပခဲ့သည္။ ၎၏ေအဂ်င္စီက "Park Ji-ah ရဲ႕ သ႐ုပ္ေဆာင္မႈေတြကို အၿမဲတမ္းအမွတ္ရေနမွာပါ"ဟု ေျပာဆိုခဲ့သည္။ Park Ji-ah ၏ဈာပနကို Asan ေဆးဘက္ဆိုင္ရာစင္တာတြင္ လုပ္ ေဆာင္မည္ျဖစ္ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ Park Ji-ah ၏ဈာပနကို The Glory ႐ုပ္ရွင္စီးရီးတြင္ ၎ႏွင့္အတူသ႐ုပ္ေဆာင္ခဲ့ဖူးသည့္ Park Sung-hoon၊ Jung Sung-il၊ Kim Hieora ႏွင့္ Kim Gun-woo တို႔က တက္ေရာက္ရန္စီစဥ္ထားေၾကာင္း ေတာင္ကိုရီးယားမီဒီယာမ်ားကေရးသားေဖာ္ျပခဲ့သည္။

Related news

© 2021. All rights reserved.