ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ

 1867

သန့်ဇင် (NP News) - အောက်တိုဘာ ၃

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် တိုးပွားလာသော လုယက်မှုများက အခြေခံနှင့် လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ဖြစ်နေကြောင်း NP News က မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့သို့ဦးတည်ကာ စစ်ဘေးရှောင်သူများ နှင့် ပြောင်းရွှေ့နေထိုင်သူများ တိုးပွားလာသောကြောင့် ယခင်ထက်လူဦးရေထူထပ်များပြားလာကြောင်း သိရသည်။ “အခုနောက်ပိုင်းပိုပြီး သတိထားမိလာတယ်ဗျ။ မလိုအပ်ရင်မသုံးတော့ဘူး။ စီးပွားရေးတွေကျပ်တည်းလာတာလည်းပါတာပေါ့ဗျာ။ လိုင်းကားနဲ့သွားတယ်။ တက္ကစီမစီးကြတော့ဘူး။ အများကြီးဝိတ်တွေလျှော့သွားတာပေါ့ဗျာ။ ဝင်ငွေနဲ့ထွက်ငွေမမျှတော့တာပေါ့။ အဲဒါတွေကြောင့်လည်းပါတယ်။ ကုန်ဈေးနှုန်းကြီးပြီးတော့ လစာတွေကမတိုးတဲ့အခါမှာအခုလိုတွေဖြစ်လာတာပေါ့”ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

ထိုပြင် ရန်ကုန်မြို့တွင် လူဦးရေထူထပ်သိပ်သည်းမှုကို အခွင့်ကောင်းယူကာ ခိုးဆိုးလုယက်မှုများလည်း ယခင်ထက်ဖြစ်ပွားလာပြီး မြို့ခံမဟုတ်သော ပြောင်းရွှေ့သူများကို အဓိကပစ်မှတ်ထား လုယက်များမှာ အများဆုံးဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ “အခုနောက်ပိုင်းခိုးဆိုးလုယက်မှုတွေက ညပိုင်းတင်မဟုတ်ဘူး။ မနက်ပိုင်းလည်း ပေါ်တင်လုပ်နေတယ်။ ညနေပိုင်းလည်းပေါ်တင် လုပ်နေတယ်။ သူတို့ပေါ်တင်လုပ်နေတော့ ဘာမှဝင်မပြောရဲကြဘူးလေ။ အများကြီးဖြစ်ပျက်နေကြတာ။ တချို့ကျလည်း လုတာယက်တာထက် လူ့အသက်ပါ အန္တရာယ်ပြုဖို့ ကြိုးစားကြတာတွေ့ရတယ်။ လုတဲ့သူထဲမှာ အသက်(၁၈)၊(၂၀)အရွယ်လေးတွေထဲကနေ အသက်(၃ဝ)ကျော်တွေလည်းပါတယ်။ သူတို့လုပ်တာက ဘယ်လိုလူမျိုးတွေလည်းဆိုရင် သင်တန်းတက်နေတဲ့ကလေးတွေကို လုပ်တာများတယ်။ သူတို့ကလည်း လူအနေအထားကိုကြည့်ပြီး မလယ်မဝယ်လေးတွေကိုလုပ်တာများတယ်”ဟု ၎င်းကဆိုသည်။

အလားတူ ရန်ကုန်မြို့ပြတွင်သာမက ဆင်ခြေဖုံးရပ်ကွက်များတွင်လည်း အခြေခံလူတန်းစားများနှင့် အခြေခံဝန်ထမ်းများတွင် စားဝတ်နေရေးအခက်အခဲများစွာနှင့် ကြုံတွေ့နေရပြီး နေ့စဉ်လူမှုဘဝဖြတ်သန်းရာတွင် စားဝတ်နေရေးအတွက် ပူပန်းမှုများ တိုးပွားလာကြောင်းလည်း သိရသည်။

“ကျွန်တော်ကြည့်နေတာတွေရှိတယ်။ တချို့ဆိုရင် အတိုးတိုးနဲ့ နစ်ပြီးတော့ အဆင်မပြေကြဘူးပေါ့လေ။ တချို့ဆို ကိုယ့်ကိုယ်ကိုယ် သတ်သေတာတွေတောင်တွေ့နေရတယ်။ ခက်ခက်ခဲခဲတွေနဲ့သွားနေရတော့ အတိုးပေါ်အတိုးဆင့်နေကြတာပေါ့။ တချို့ကလည်း လက်ဝါးကြီးအုပ်တာတွေရှိသလို တချို့ကလည်း ကောင်းကောင်း အတိုးပေးစားတာတွေလည်းရှိပါတယ်။ လက်ဝါး ကြီးအုပ်တဲ့လူတွေကျတော့ အခုဆိုရင် အတိုးတွေအရမ်းတက်ပြီးတောင်းနေကြတယ်”ဟု ရန်ကုန်မြို့ရှိ တက္ကစီယာဉ်မောင်းတစ်ဦးက ၎င်းမြင်တွေ့နေရသည်ကို ပြောပြသည်။

zawgyi version
ကုန္ေဈးႏႈန္းႀကီးျမင့္ျခင္း ႏွင့္ တိုးပြားလာေသာ လုယက္မႈမ်ားက ရန္ကုန္ၿမိဳ႕ရွိ အေျခခံႏွင့္လူလတ္တန္းစားမ်ားအတြက္ ေရနစ္သူကိုဝါးကူထိုးသကဲ့သို႔ ျဖစ္ေန
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၃

ျမန္မာႏိုင္ငံ၏ စီးပြားေရးၿမိဳ႕ေတာ္ျဖစ္ေသာ ရန္ကုန္ၿမိဳ႕တြင္ ကုန္ေဈးႏႈန္းႀကီးျမင့္ျခင္းႏွင့္ တိုးပြားလာေသာ လုယက္မႈမ်ားက အေျခခံႏွင့္ လူလတ္တန္းစားမ်ားအတြက္ ေရနစ္သူကိုဝါးကူထိုးသကဲ့သို႔ျဖစ္ေနေၾကာင္း NP News က ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

လက္ရွိတြင္ ရန္ကုန္ၿမိဳ႕သို႔ဦးတည္ကာ စစ္ေဘးေရွာင္သူမ်ား ႏွင့္ ေျပာင္းေ႐ႊ႕ေနထိုင္သူမ်ား တိုးပြားလာေသာေၾကာင့္ ယခင္ထက္လူဦးေရထူထပ္မ်ားျပားလာေၾကာင္း သိရသည္။ “အခုေနာက္ပိုင္းပိုၿပီး သတိထားမိလာတယ္ဗ်။ မလိုအပ္ရင္မသုံးေတာ့ဘူး။ စီးပြားေရးေတြက်ပ္တည္းလာတာလည္းပါတာေပါ့ဗ်ာ။ လိုင္းကားနဲ႔သြားတယ္။ တကၠစီမစီးၾကေတာ့ဘူး။ အမ်ားႀကီးဝိတ္ေတြေလွ်ာ့သြားတာေပါ့ဗ်ာ။ ဝင္ေငြနဲ႔ထြက္ေငြမမွ်ေတာ့တာေပါ့။ အဲဒါေတြေၾကာင့္လည္းပါတယ္။ ကုန္ေဈးႏႈန္းႀကီးၿပီးေတာ့ လစာေတြကမတိုးတဲ့အခါမွာအခုလိုေတြျဖစ္လာတာေပါ့”ဟု ရန္ကုန္ၿမိဳ႕ခံတစ္ဦးက ေျပာသည္။

ထိုျပင္ ရန္ကုန္ၿမိဳ႕တြင္ လူဦးေရထူထပ္သိပ္သည္းမႈကို အခြင့္ေကာင္းယူကာ ခိုးဆိုးလုယက္မႈမ်ားလည္း ယခင္ထက္ျဖစ္ပြားလာၿပီး ၿမိဳ႕ခံမဟုတ္ေသာ ေျပာင္းေ႐ႊ႕သူမ်ားကို အဓိကပစ္မွတ္ထား လုယက္မ်ားမွာ အမ်ားဆုံးျဖစ္ပြားလ်က္ရွိေၾကာင္း သိရသည္။ “အခုေနာက္ပိုင္းခိုးဆိုးလုယက္မႈေတြက ညပိုင္းတင္မဟုတ္ဘူး။ မနက္ပိုင္းလည္း ေပၚတင္လုပ္ေနတယ္။ ညေနပိုင္းလည္းေပၚတင္ လုပ္ေနတယ္။ သူတို႔ေပၚတင္လုပ္ေနေတာ့ ဘာမွဝင္မေျပာရဲၾကဘူးေလ။ အမ်ားႀကီးျဖစ္ပ်က္ေနၾကတာ။ တခ်ိဳ႕က်လည္း လုတာယက္တာထက္ လူ႔အသက္ပါ အႏၲရာယ္ျပဳဖို႔ ႀကိဳးစားၾကတာေတြ႕ရတယ္။ လုတဲ့သူထဲမွာ အသက္(၁၈)၊(၂၀)အ႐ြယ္ေလးေတြထဲကေန အသက္(၃ဝ)ေက်ာ္ေတြလည္းပါတယ္။ သူတို႔လုပ္တာက ဘယ္လိုလူမ်ိဳးေတြလည္းဆိုရင္ သင္တန္းတက္ေနတဲ့ကေလးေတြကို လုပ္တာမ်ားတယ္။ သူတို႔ကလည္း လူအေနအထားကိုၾကည့္ၿပီး မလယ္မဝယ္ေလးေတြကိုလုပ္တာမ်ားတယ္”ဟု ၎ကဆိုသည္။

အလားတူ ရန္ကုန္ၿမိဳ႕ျပတြင္သာမက ဆင္ေျခဖုံးရပ္ကြက္မ်ားတြင္လည္း အေျခခံလူတန္းစားမ်ားႏွင့္ အေျခခံဝန္ထမ္းမ်ားတြင္ စားဝတ္ေနေရးအခက္အခဲမ်ားစြာႏွင့္ ႀကဳံေတြ႕ေနရၿပီး ေန႔စဥ္လူမႈဘဝျဖတ္သန္းရာတြင္ စားဝတ္ေနေရးအတြက္ ပူပန္းမႈမ်ား တိုးပြားလာေၾကာင္းလည္း သိရသည္။
“ကြၽန္ေတာ္ၾကည့္ေနတာေတြရွိတယ္။ တခ်ိဳ႕ဆိုရင္ အတိုးတိုးနဲ႔ နစ္ၿပီးေတာ့ အဆင္မေျပၾကဘူးေပါ့ေလ။ တခ်ိဳ႕ဆို ကိုယ့္ကိုယ္ကိုယ္ သတ္ေသတာေတြေတာင္ေတြ႕ေနရတယ္။ ခက္ခက္ခဲခဲေတြနဲ႔သြားေနရေတာ့ အတိုးေပၚအတိုးဆင့္ေနၾကတာေပါ့။ တခ်ိဳ႕ကလည္း လက္ဝါးႀကီးအုပ္တာေတြရွိသလို တခ်ိဳ႕ကလည္း ေကာင္းေကာင္း အတိုးေပးစားတာေတြလည္းရွိပါတယ္။ လက္ဝါး ႀကီးအုပ္တဲ့လူေတြက်ေတာ့ အခုဆိုရင္ အတိုးေတြအရမ္းတက္ၿပီးေတာင္းေနၾကတယ္”ဟု ရန္ကုန္ၿမိဳ႕ရွိ တကၠစီယာဥ္ေမာင္းတစ္ဦးက ၎ျမင္ေတြ႕ေနရသည္ကို ေျပာျပသည္။

Related news

© 2021. All rights reserved.