ဩစတြေးလျ အဲလ်တောင်တန်းမှာ နွားအုပ်ရဲ့တက်နင်းခံရခြင်းကြောင့် တောင်တက်သမားတစ်ဦး သေဆုံး

 65

ရောင်နီ (NP News) - စက်တင်ဘာ ၃
ဩစတြီးယားနိုင်ငံ၊ အဲလ်ပ်တောင်တန်းမှာ တောင်တက်သမားတစ်ဦးက သူ့ရဲ့ဇနီးသည်နဲ့အတူ လမ်းလမ်းလျှောက်လာစဉ် နွားအုပ်နင်းမိကာ သေဆုံးသွားခဲ့တယ်လို့ ဒေသဆိုင်ရာရဲတပ်ဖွဲ့က စက်တင်ဘာ ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
အသက် ၈၅ နှစ်အရွယ် အမျိုးသားနဲ့ အသက် ၈၂ နှစ် အရွယ် ဇနီးဖြစ်သူ အမျိုးသမီးဟာ ဩစတြေးလျနိုင်ငံ၊ စတေရီယာပြည်နယ်ရှိ အဲလ် ပ်တောင်တန်း၊ ရမ်ဆုအမ်ဒက်ရှိစတင်း နေရာမှာ လမ်းလျှောက်နေ့စဉ် သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်းက အခင်းဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။ အဆိုပါဖြစ်ရပ်ကို အနီးနားရှိ တောင်တက်သမားတွေက မျက်မြင်တွေ့ရှိခဲ့ပြီး ရှေးဦးသူနာပြုစုခြင်းနဲ့ အရေးပေါ်ဝန်ဆောင်မှုတွေလုပ်ခဲ့ကာ ဆေးရုံပို့ခဲ့ပေမယ့် အရေးပေါ်ခွဲစိတ်မှုမခံယူမီပဲ အမျိုးသားဟာ သေဆုံးသွားခဲ့ပါတယ်။
ဒေသဆိုင်ရာအစိုးရရှေ့နေတွေကတော့ တိုက်ခိုက်မှုအခြေအနေအတိအကျကို စုံစမ်းစစ်ဆေးနေပြီး အလောင်းကို ခွဲစိတ်စစ်ဆေးသွားမယ်လို့ သိရပါတယ်။ အဲလ်တောင်တန်းဟာ နွေရာသီ နွားအုပ်တွေ လွတ်လပ်စွာ ကျက်စားရာနေရာအဖြစ် နာမည်ကြီးတဲ့ ခရီးသွားဆွဲဆောင်ရာနေရာတစ်ခုဖြစ်ပြီး နွားအုပ်တက်နင်းခံရခြင်းလိုဖြစ်ရပ်မျိုးကတော့ ရှားရှားပါးပါးဖြစ်ပါတယ်။

Zawgyi Version:
ဩစေၾတးလ် အဲလ္ေတာင္တန္းမွာ ႏြားအုပ္ရဲ႕တက္နင္းခံရျခင္းေၾကာင့္ ေတာင္တက္သမားတစ္ဦး ေသဆုံး
ေရာင္နီ (NP News) - စက္တင္ဘာ ၃
ဩစႀတီးယားႏိုင္ငံ၊ အဲလ္ပ္ေတာင္တန္းမွာ ေတာင္တက္သမားတစ္ဦးက သူ႔ရဲ႕ဇနီးသည္နဲ႔အတူ လမ္းလမ္းေလွ်ာက္လာစဥ္ ႏြားအုပ္နင္းမိကာ ေသဆုံးသြားခဲ့တယ္လို႔ ေဒသဆိုင္ရာရဲတပ္ဖြဲ႕က စက္တင္ဘာ ၁ ရက္မွာ ေျပာၾကားခဲ့ပါတယ္။
အသက္ ၈၅ ႏွစ္အ႐ြယ္ အမ်ိဳးသားနဲ႔ အသက္ ၈၂ ႏွစ္ အ႐ြယ္ ဇနီးျဖစ္သူ အမ်ိဳးသမီးဟာ ဩစေၾတးလ်ႏိုင္ငံ၊ စေတရီယာျပည္နယ္ရွိ အဲလ္ ပ္ေတာင္တန္း၊ ရမ္ဆုအမ္ဒက္ရွိစတင္း ေနရာမွာ လမ္းေလွ်ာက္ေန႔စဥ္ ၾသဂုတ္ ၃၁ ရက္ မြန္းလြဲပိုင္းက အခင္းျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။ အဆိုပါျဖစ္ရပ္ကို အနီးနားရွိ ေတာင္တက္သမားေတြက မ်က္ျမင္ေတြ႕ရွိခဲ့ၿပီး ေရွးဦးသူနာျပဳစုျခင္းနဲ႔ အေရးေပၚဝန္ေဆာင္မႈေတြလုပ္ခဲ့ကာ ေဆး႐ုံပို႔ခဲ့ေပမယ့္ အေရးေပၚခြဲစိတ္မႈမခံယူမီပဲ အမ်ိဳးသားဟာ ေသဆုံးသြားခဲ့ပါတယ္။
ေဒသဆိုင္ရာအစိုးရေရွ႕ေနေတြကေတာ့ တိုက္ခိုက္မႈအေျခအေနအတိအက်ကို စုံစမ္းစစ္ေဆးေနၿပီး အေလာင္းကို ခြဲစိတ္စစ္ေဆးသြားမယ္လို႔ သိရပါတယ္။ အဲလ္ေတာင္တန္းဟာ ေႏြရာသီ ႏြားအုပ္ေတြ လြတ္လပ္စြာ က်က္စားရာေနရာအျဖစ္ နာမည္ႀကီးတဲ့ ခရီးသြားဆြဲေဆာင္ရာေနရာတစ္ခုျဖစ္ၿပီး ႏြားအုပ္တက္နင္းခံရျခင္းလိုျဖစ္ရပ္မ်ိဳးကေတာ့ ရွားရွားပါးပါးျဖစ္ပါတယ္။

Related news

© 2021. All rights reserved.