စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေး နှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)

 122

လင်းမြတ် (NP News) - အောက်တိုဘာ ၃

ပညာရေးအားဖြင့် နိုင်ငံတကာအဆင့်အတန်းဝင်ရန် လိုအပ်ချက်များစွာရှိနေသည့် မြန်မာအပါအဝင် ကမ္ဘာ့ တတိယအဆင့်နိုင်ငံ (Third World Countries)များတွင် နိုင်ငံ့လူဦးရေများခြင်း၊ နိုင်ငံ့ဝင်ငွေနိမ့်ကျခြင်း၊ ကြီးမားသော နိုင်ငံများဖြစ်သည့်အတွက် လူဦးရေ ပြန့်ကျဲနေထိုင်မှုများကြောင့် ကျောင်းများ ဝေးလံစွာတည်ရှိရခြင်း၊ အခြေခံနှင့် အ ဆင့်မြင့် ပညာရေး ရန်ပုံငွေနည်းပါးခြင်း၊ ပညာရေးဆိုင်ရာ လူသားအရင်းအမြစ်နှင့် သင်ထောက်ကူ/ အခြေခံအဆောက် အအုံ အရင်းအမြစ်နည်းပါးနေသေးခြင်း များရှိနေသည်။ အခြေခံလူတန်းစားများကြားထဲတွင် သာမန်အားဖြင့် အစိုးရ ကျောင်းများနှင့် သင်ကြားရေး ဆရာ/ဆရာမများအပေါ် အားမရခြင်း၊ အထင်သေးခြင်းများသည် လူထုကြား တန်းဝင်ပြီး မထူးဆန်းတော့သည့် အယူအဆ ယုံကြည်မှုဖြစ်လာစေသည်။

ထို့အတူ အစိုးရကျောင်းများထက် အဆင့်မြင့်အဆောင်အယောင်နှင့် နိုင်ငံခြားသား ဆရာ/ ဆရာမကပါ သင်ကြားနေသော ကိုယ်ပိုင်ကျောင်းများ ဆိုင်ရာ စီးပွားရေးစနစ်တစ်ခုသည် ထိုနိုင်ငံများ၏ ငွေကြေးတတ်နိုင်သူများနှင့် လူလတ်တန်းစားများကြား ရေပန်းစားလာသည့်နည်းတူ လူသိများသည်။ နိုင်ငံခြားကျောင်းတစ်ခုခု၏ တရားဝင် မိတ် ဖက်အဖြစ် အသိအမှတ်ပြုခံ ကိုယ်ပိုင်ကျောင်းများဆိုလျှင် ပိုမိုလူသိများခြင်းနှင့်အတူ ကျောင်းသားများစွာရရှိခြင်း ကြောင့် ပိုမိုဝင်ငွေတိုးခြင်း အခွင့်ကိုလည်းရရှိသည်။ သို့သော် ထိုကမ္ဘာ့တတိယအဆင့်နိုင်ငံများ (Third World Countries) မှ ကိုယ်ပိုင်ကျောင်းများမှာ ကမ္ဘာ့ပထမအဆင့်နိုင်ငံများ (First World Cou- ntries) အနေဖြင့်ကြည့်ပါက ၎င်းတို့နည်းတူ နည်းပါးကျောင်းလခများကောက်ခံနေပါသော်လည်း ဝန်ဆောင်မှု၊ ကျောင်းအဆောင်အ ယောင်၊ ငွေကြေး အပါအဝင် ပွင့်လင်းမြင်သာမှုများ၊ ပုံရိပ်ကောင်းမှု၊ ကိုယ်ပိုင်ကျောင်းဆိုင်ရာ ကတိကဝတ်များသည် သက်ဆိုင်ရာ ကျောင်း သား၊ မိဘများပေါ်တွင်လည်းကောင်း အစိုးရများအပေါ်တွင်လည်းကောင်း အားနည်းနေရုံမျှမက အမျိုးသားအဆင့် ပူးပေါင်းဆောင် ရွက်မှုများပါ ထောင့်ပေါင်းစုံက ပျက်ကွက်နေသည် ကိုပင် လေ့လာတွေ့ရှိရသည်။
မြန်မာတို့စံထားလေ့ရှိသော စင်ကာပူ နိုင်ငံပညာရေးနှင့် ချိန်ထိုးမည်ဆိုပါက စင်ကာပူသည် အစိုးရနှင့်သက်ဆိုင် သည့်အလုပ်သော်လည်းကောင်း၊ အစိုးရမဟုတ်သော မည်သည့်အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကိုမဆို စံသတ်မှတ်ရာတွင်လည်းကောင်း နိုင်ငံနှင့်နိုင်ငံသား အကျိုးစီးပွားအပါအဝင် စားသုံးသူကာကွယ်ရေးဆိုင်ရာ ထိခိုက် နစ်နာမှုမရှိစေ ရေးအပြင် ထိုလုပ်ငန်းများ၏ ပုံရိပ်၊ စပ်ဆိုင်သော အစိုးရဌာနနှင့် အေဂျင်စီများ၏ ပုံရိပ်ကို စောင့်ထိန်း ကာကွယ် စဉ်ဆက်မပြတ် မြှင့်တင်နိုင်ရန် မဟာဗျူ ဟာမြောက်အစီအစဉ်ချမှတ်လုပ်ဆောင်တတ်လေ့ရှိသည်။

ကိုယ်ပိုင်သယံဇာတမရှိ ကြွယ်ဝသည့် စင်ကာပူနိုင်ငံအဖို့ လူ့စွမ်းအားအရင်းအမြစ်နှင့် အဓိကသက်ဆိုင်သော ပညာရေးဝန်ဆောင်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဘဏ်လုပ်ငန်း၊ အရပ်ဘက်/ စစ်ဘက်နည်းပညာဆိုင်ရာစွန့်ဦးတီထွင် ဆန်းသစ် ခြင်းနှင့် အခြားသောဝန်ဆောင်မှုလုပ်ငန်းများသည် နိုင်ငံ၏ ပင်မအသက်သွေးကြောကဏ္ဍများပင်ဖြစ်သည်။ ဥပဒေများမချမှတ်မီ ထိုမှတစ်ဆင့် ဥပဒေများ လက်ခံကျင့်သုံးချိန် ထိုမှတစ်ဆင့် ရှေ့လျှောက် အချိန် သို့မဟုတ် ခေတ်နှင့် တစ်ပြေးညီ ပြင်ဆင် တည့်မတ်ခြင်းမှသည် အနာဂတ် ဆယ်စုနှစ်များစွာအတွက် စဉ်ဆက်မပြတ် သုတေသနပြုခြင်း ဆွေးနွေးတိုင်ပင် မှုများပြုလုပ်လျက်ရှိရာမှာ ကိုယ်ပိုင်ကျောင်းများ သည်လည်း အရေးကြီးမဟာဗျူဟာကဏ္ဍမှ ပါဝင်လျက်ရှိသည်။

ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ အကျဉ်း
အစိုးရ အခြေခံပညာကျောင်း တက္ကသိုလ်များမှလွဲ၍ စင်ကာပူနိုင်ငံတွင် မည်သည့်ကိုယ်ပိုင် ကျောင်း၊ နိုင်ငံတကာ အစိုးရများနှင့်ချိတ်ဆက်ဖွင့် ခွင့်ပြုသော နိုင်ငံတကာကျောင်း (International School) များ၊ ပြည်ပအစိုးရ မဟုတ်သော တက္ကသိုလ်များနှင့် ၎င်းတို့နှင့် အကျိုးတူချိတ်ဆက်သောကိုယ်ပိုင် ကျောင်းများသည် မည်သည့်ကျောင်း၊ တက္ကသိုလ်၊ အင်စတီကျု နာမည်များပင်တပ်ပါစေ အစိုးရက သတ်မှတ်ထားသော လုပ်ငန်းလိုင်စင် ကုမ္ပဏီမှတ်ပုံ တင်ခြင်း (Business Registration) နှင့် ပညာရေး အသိအမှတ်ပြုခြင်းလိုင်စင် (EduTrust Certificate) အစစ်ဆေးခံ အောင်မြင်ပြီးရလာသော ပညာရေးဆိုင်ရာ ယုံကြည်စိတ်ချနိုင်သောကျောင်း(အစမ်းခန့်စောင့်ကြည့်) (EduTrust Probation Certificate) (၁)နှစ်လိုင်စင် (သို့မဟုတ်) ပညာရေးဆိုင်ရာ ယုံကြည်စိတ်ချနိုင်သောကျောင်း (EduTrust Certificate) (၄) နှစ်လိုင်စင် တစ်ခုခုနှင့်သာ လုပ်ငန်းလည်ပတ်ခွင့်ရသည်။ လွယ်လွယ်နှင့် နားလည် အောင်ပြောရလျှင် စင်ကာပူအစိုးရကိုယ်ပိုင်ကျောင်းများဆိုင်ရာ ပညာရေးကော်မတီ Committee for Private Education (CPE) က အရပ်ဘက် ကိုယ်ပိုင်ပညာရေးအဖွဲ့အစည်း၊ ကျောင်း၊ သင်တန်းများ Private Education Institutions (PEIs) ကို အောက်ပါမဟာဗျူဟာများဖြင့် နိုင်ငံတကာအဆင့်မီ တာဝန်ယူ/တာဝန်ခံ အုပ်ချုပ်ထိန်းကျောင်း စီမံခန့် ခွဲနိုင်ရန်ချ မှတ်ထားသော စံသတ်မှတ်ချက်များပင်ဖြစ်သည်။
၁။ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုဆိုင်ရာမူဝါဒများကို စဉ်ဆက်မပြတ် စောင့်ကြည့် ထိန်း ကျောင်းနိုင်ရန်။
၂။ သင်ကြားမှု ဘာသာရပ်မျာဆိုင်ရာ အရည်အသွေးများကို တိကျသေချာစွာ စိစစ်ခွင့်ပြုခြင်းနှင့် ယနေ့ခေတ် မိမိနိုင်ငံ စီးပွား၊ တီထွင်၊ ကုန်ထုတ်၊ လူမှုကဏ္ဍများအတွက်သာမက ကမ္ဘာကလိုအပ်မှုနှင့် အံဝင်ခွင်ကျဖြစ်ပြီး ခေတ်ကာလ နိုင်ငံတကာ လူငယ် များ တက်ြွကစွာသင်ကြားလိုသော ခေတ်မီဘာသာ ရပ်များဖြစ်ရန်။
၃။ ကျောင်းသားဆိုင်ရာဝန်ဆောင်မှုများ အရည်အသွေးအားဖြင့် ကျောင်းသားများအတွက် လက်တွေ့ကျသော သင်ကြားမှု၊ သင်ရိုးဖြစ်စေရန်၊ ကျောင်းသားအတွက် သင်ကြားရေးကာလတွင် သင်ခန်းစာ၊ ဝန်ဆောင်မှု၊ စိတ်ပိုင်းဆိုင်ရာ များမှအစ တိုင်ပင် ဆွေးနွေးနိုင်ရန်၊ ကျောင်းပြီးကာလ လုပ်ငန်းခွင်ဝင်ရန် အသင့်အထိ အထောက်အကူပြုနိုင်စေရန်။
၄။ ဝန်ထမ်းဆိုင်ရာ စီမံခန့်ခွဲမှုများအနေဖြင့် ဆရာ/ဆရာမများမှအစ အခြားရှိသင့်သော ဘက်စုံ ကျွမ်းကျင်ဝန် ထမ်းများ ရွေးချယ်ခန့်ထားခြင်းဆိုင်ရာ စံသတ်မှတ်ချက်များ၊ ထိုဝန်ထမ်းများ သက်ဆိုင်ရာ ဘာသာရပ်နှင့်ကျွမ်းကျင်မှု များကို စဉ်ဆက်မပြတ် မွမ်းမံဖြည့်တင်းခြင်း၊ မလိုအပ်ဘဲ အတွေ့အကြုံမြင့် ကျွမ်းကျင် ဆရာ/ဆရာမနှင့် ဝန်ထမ်းများ အား လက်လွှတ်ဆုံးရှုံးရမှုများကို ထိန်းသိမ်းကာကွယ်နိုင်ကြရန်။
၅။ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ ငွေကြေးစီမံ ခန့်ခွဲမှုများကို ကြီးကြပ်ထိန်းကျောင်းခြင်းဖြင့် ကျောင်းများ၏ ခိုင်မာစိတ်ချယုံကြည်ရသော ဘဏ္ဍာရေးဆိုင်ရာ ပွင့်လင်းမြင်သာမှု အလေ့အကျင့်များရရှိစေရန်၊ ပြည်တွင်းပြည်ပ ယုံကြည်မှုများရရှိခြင်းမှတစ်ဆင့် ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စီးပွားရေး အာမခံချက် နှင့်အတူ ကြီးပွားတိုးတက်စေရန်။ (ဥပမာအားဖြင့် စင်ကာပူတွင် ကိုယ်ပိုင်ကျောင်းများအားလုံးက ၎င်းတို့၏ သင်ကြားမည့်ဘာသာရပ်တစ်ခုစီနှင့် ပေး အပ်နှင်းမည့်ဘွဲ့အလိုက် အုပ်ချုပ်စီမံခန့်ခွဲရေး အဖိုးအခ(Administrative Fees)နှင့် ဘာသာရပ် တစ်ခုစီ၏ ကျူရှင်လခ (Tuition Fees)၊ သင်ကြားမှု နာရီပေါင်း၊ ရက်ကို အတိအကျခွဲခြမ်းစိတ်ဖြာ၍ ပညာရေးဆိုင်ရာ ယုံကြည်စိတ်ချရမှု လက်မှတ်အတွက် ကွင်းဆင်းလေ့လာရေးအဖွဲ့(EduTrust Certificate assessment)စစ်ဆေးစဉ်ကပင် တင်ပြရပြီး ခွင့်ပြုသည့် ဘာသာရပ်၊ ဘွဲ့ကိုသာ သင်ကြားခွင့်ပြုခြင်းအပြင် ကျောင်းများထံမှ အုပ်ချုပ်စီမံခန့်ခွဲရေး အဖိုးအခ (Administrative Fees)မှလွဲပြီး သင်ကြားမှုနှစ်ဝက် သင်တန်းကြေး (Semester Fees)ကိုမူ ကျောင်းမှ အပြည့်ကောက်ခံ ရရှိပါသော်လည်း ကျောင်းသားတစ်ဦးချင်း နာမည်နှင့် ဘဏ်အကောင့်ဖွင့်ကာ ထိုအကောင့်ထဲ ထားရသည်။ ထိုသင်တန်း ကြေးငွေ (Se­m­ester Fees) ကို ကျောင်းသားလည်းထိခွင့်မရသကဲ့သို့ ကျောင်းကလည်း တန်းပြီး ယူသုံးခွင့်မရှိဘဲ ဥပမာ-နှစ်ဝက်သင် တန်းကာလ (Semester) တစ်ခုက (၄)လကြာမြင့် မည်ဆိုပါက ထိုသင်တန်းကြေးကို (၄)လခွဲပြီး ကျူ ရှင်လခ (Tuition Fees) အဖြစ် ဘဏ်က အလိုအလျောက် တစ်လစီ ကျောင်းပိုင်ဘဏ်အကောင့်ထဲကို လွှဲပေးသည်။ ထိုကျောင်းမှ ဥပဒေနှင့်မကိုက်ညီသော ပြဿနာတစ်ခုခုများဖြစ်ခဲ့ပါက အစိုးရက ကျောင်းသားငွေများကို ရောက်ရှိလ အထိထိန်းသိမ်းထားပြီး ကျောင်းကိုစစ်ဆေးပြီးမှ ကျောင်းဆက်လက်ဖွင့်ခွင့်ရလျှင် ကျောင်းလခကို ကျောင်းက ဆက်လက်ရရှိမည်ဖြစ်ပြီး ကျောင်းပိတ်ရသည်အထိ ပြစ်မှုကြီးပါက ကျောင်းသားများ ငွေဆုံးရှုံးမှုကို ကာကွယ်ပြီးသား လည်းဖြစ်သည်။ ထို့ပြင် အုပ်ချုပ်စီမံခန့်ခွဲရေး အဖိုးအခ (Administrative Fees)နှင့် ဘာသာရပ် တစ်ခုစီ၏ ကျူရှင်လခ (Tuition Fees) မှာ သီးခြား ခွဲမြင်သိရှိခွင့်ရသည့်အတွက် ကိုယ်ပိုင်ကျောင်းများ ငွေအလွန်အကျွံကောက်ခံခြင်းကို ထင်သာမြင်သာ လွယ်စေခြင်းအပြင် စားသုံးသူကျောင်းသားနှင့်မိဘ များအတွက် ငွေကြေးဆိုင်ရာ ပွင့်လင်းမြင်သာစေပြီး ကိုယ်ပိုင်ကျောင်းအချင်းချင်း ရေရှည် စီးပွားပြိုင်ရန်နှင့်ပြိုင်ဘက်ဈေးကွက်ကို မျက်ခြည်မပြတ်စေရန် အခင်းအကျင်း ဖန်တီးထားရာရောက်သည်။ အုပ်ချုပ်စီမံခန့်ခွဲရေး အဖိုးအခ (Admini­strative Fees) မှာကွဲပြားနိုင်ပြီး ကျောင်းများက ဝန်ဆောင်မှုနှင့် ပြိုင်ဆိုင် ပြန်လည်သက်သေပြကြရသည်။ မည်သည့် ငွေကြေးကောက်ခံမှုမဆို နိုင်ငံပိုင် စင်ကာပူ ဒေါ်လာ တစ်မျိုးတည်းဖြင့်သာ ကောက်ခံခွင့် ရှိသည်။)
၆။ အရည်အသွေးနှင့် ရလဒ်ကောင်းများကို စောင့်ကြည့် အကဲဖြတ်ထိန်းကျောင်းခြင်းဖြင့် သင်ယူမှု ပြီးမြောက် သော နှစ်စဉ်အလိုက် ကျောင်းသားများ၏အရည်အသွေးပိုင်း အမြဲခေတ်မီနေရမည်ဖြစ်ပြီး လုပ်ငန်းခွင်အဆင်သင့်ဖြစ်မှု (Industry Ready)ကိုလည်း တိုက်ရိုက်အထောက်အကူဖြစ်စေရန်နှင့် ကျောင်းသားများ အလုပ်အကိုင် အခွင့်အလမ်း ကောင်း များ လွယ်ကူတိုးပွားစေရန်။
၇။ လိုက်နာမှုဆိုင်ရာ စံသတ်မှတ်ချက်အဖြစ် ကိုယ်ပိုင်ကျောင်းများသည် ပညာရေးဝန်ကြီးဌာန၏ ရေရှည်မဟာဗျူ များအပြင် ကိုယ်ပိုင်ကျောင်း များဆိုင်ရာကော်မတီ Committee for Private Education (CPE) ၏ ချမှတ်ထား သောမူဝါဒများကို စဉ်ဆက်မပြတ်လိုက်နာကြစေရန် စိစစ်ခြင်းဖြင့် နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အနာဂတ် လူငယ်များ ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် မဟာဗျူဟာအတိုင်း တစ်သဝေမတိမ်း အကျိုးပြု သက်ရောက်စေရန်။ (ဥပမာ- ကျောင်းများက (EduTrust Certificate) သက်တမ်းပြည့်ခါနီးတိုင်း ပညာရေးဆိုင်ရာ ယုံကြည်စိတ်ချရမှု လက်မှတ်အတွက် ကွင်းဆင်းလေ့လာရေးအဖွဲ့ (EduTrust Certificate assessment) စစ်ဆေးခြင်းကို ပြန်လည်ခံယူရ သည်။ အကျဉ်းအားဖြင့် ထိုကွင်းဆင်းရေးအဖွဲ့ဝင်များသည် အငြိမ်းစား လွတ်လပ်သော တစ်ဦးချင်းပညာရှင်များ (Independent Individuals) စုစည်းထားသောအဖွဲ့ဝင်များဖြစ်ကြပြီး ထိုပညာရှင်များက အစစ်ဆေးခံ ကိုယ်ပိုင် ကျောင်းများတွင် တစ်ပတ်မှနှစ်ပတ်အထိ ကိုယ်တိုင်လာရောက် ရုံးထိုင်၍ ကျောင်းအရွယ်အစား၊ လက်ခံမည့် ကျောင်း သားပမာဏ၊ ပြည်တွင်းနှင့် ပြည်ပမှ ဆရာ/ ဆရာမများနှင့် ၎င်းတို့၏ ကိုယ်ရေးမှတ်တမ်း၊ ပညာရေး အကျဉ်းနှင့် အတွေ့ အကြုံတို့ကို မှတ်တမ်းပြုစုရသည်။ ယင်းပြင် ကျောင်းသား လက်ခံမှတ်တမ်းဖောင်များ၊ ငွေကြေးကောက်ခံမှု ဖြတ်ပိုင်း များ၊ ဘဏ်စာရင်းများ အပြင်၊ ကျောင်းစာကြည့်တိုက် အဆောင်အယောင်၊ အိမ်သာဖွဲ့စည်းပုံ၊ ကစားကွင်း/ လေ့ကျင့်ရေးကွင်း၊ စာသင်ခန်းများနှင့် သင်ထောက်ကူ ကိရိယာများ၊ အင်တာနက်နှင့်အိုင်တီဆိုင်ရာ အခြေခံ အဆောက် အအုံ၊ ကျောင်းဆရာ/ဆရာများ/ ကျောင်းသားနှင့် ဝန်ထမ်းများ၏ ကိုယ်ရေးအချက် အလက်များ၊ အခြားအရေး ကြီးဒေတာများ ထိန်းသိမ်းမှုနှင့် လုံခြုံရေးဆိုင်ရာ အစီအမံများ စစ်ဆေးခြင်း၊ သက်ဆိုင်ရာတာဝန်ခံများကို လူတွေ့မေးမြန်းခြင်းများလုပ်ဆောင်ရသည်။ ပြည်ပကျောင်းများနှင့် မိတ်ဖက်သော် လည်းကောင်း ဘာသာရပ်သော် လည်းကောင်း ချိတ်ဆက်ထား သည်ဆိုပါက ထိုကျောင်းများ၏ အချက်အလက်၊ သက်ဆိုင်ရာနိုင်ငံ၏ သတ်မှတ်အဆင့်၊ ဒေသအဆင့်၊ နိုင်ငံတကာအဆင့်ဆိုင်ရာ အဆင့်နှင့်ပုံရိပ်များ၊ ပြည် ပနိုင်ငံ၌ ထိုကျောင်းက အမှန်တကယ် အဆောက် အအုံ ကျောင်းဝန်း(Campus)အနေဖြင့် ရှိ/မရှိ စစ် ဆေးမှုများစွာဆောင်ရွက်ပြီး တစ်လဝန်းကျင်ကြာမှ ပညာရေးဆိုင်ရာ ယုံကြည်စိတ်ချနိုင်သော ကျောင်း (EduTrust Certificate)အပြည့် (၄)နှစ် သို့မဟုတ် ပညာရေးဆိုင်ရာ ယုံကြည် စိတ်ချနိုင်သော ကျောင်း (အစမ်းခန့်စောင့်ကြည့်) (EduTrust Probation Cetifi­cate) တစ်နှစ်ဆိုသည်ကို အကြောင်း ကြားခြင်းဖြစ်သည်။
အထက်ပါ စံသတ်မှတ်ချက်များကို လေ့လာခြင်းဖြင့် စင်ကာပူနိုင်ငံအနေဖြင့် အစိုးရကျောင်း တက္ကသိုလ်များကို သာမက ကိုယ်ပိုင်ကျောင်းများ၏ အရည်အသွေးကိုပင် မျှော်လင့်ချက်ကြီးမားစွာထား အလေးပေးခြင်းကြောင့် နိုင်ငံ၏ လူ့စွမ်းအားအရင်းအ မြစ်ဆိုင်ရာ မဟာဗျူဟာများကို တွေးဆမြင်သာနိုင်စေရန် အကျဉ်းချုပ်တင်ပြလိုက်ရသည်။

zawgyi version
စင္ကာပူႏိုင္ငံ၏ ကိုယ္ပိုင္ေက်ာင္းမ်ားဆိုင္ရာ စံသတ္မွတ္ခ်က္မ်ား၊ ဘ႑ာ ေရး ႏွင့္ ဘက္စုံစီမံခန႔္ခြဲမႈမ်ား
လင္းျမတ္ (NP News) - ေအာက္တိုဘာ ၃

ပညာေရးအားျဖင့္ ႏိုင္ငံတကာအဆင့္အတန္းဝင္ရန္ လိုအပ္ခ်က္မ်ားစြာရွိေနသည့္ ျမန္မာအပါအဝင္ ကမာၻ႔ တတိယအဆင့္ႏိုင္ငံ (Third World Countries)မ်ားတြင္ ႏိုင္ငံ့လူဦးေရမ်ားျခင္း၊ ႏိုင္ငံ့ဝင္ေငြနိမ့္က်ျခင္း၊ ႀကီးမားေသာ ႏိုင္ငံမ်ားျဖစ္သည့္အတြက္ လူဦးေရ ျပန႔္က်ဲေနထိုင္မႈမ်ားေၾကာင့္ ေက်ာင္းမ်ား ေဝးလံစြာတည္ရွိရျခင္း၊ အေျခခံႏွင့္ အ ဆင့္ျမင့္ ပညာေရး ရန္ပုံေငြနည္းပါးျခင္း၊ ပညာေရးဆိုင္ရာ လူသားအရင္းအျမစ္ႏွင့္ သင္ေထာက္ကူ/ အေျခခံအေဆာက္ အအုံ အရင္းအျမစ္နည္းပါးေနေသးျခင္း မ်ားရွိေနသည္။ အေျခခံလူတန္းစားမ်ားၾကားထဲတြင္ သာမန္အားျဖင့္ အစိုးရ ေက်ာင္းမ်ားႏွင့္ သင္ၾကားေရး ဆရာ/ဆရာမမ်ားအေပၚ အားမရျခင္း၊ အထင္ေသးျခင္းမ်ားသည္ လူထုၾကား တန္းဝင္ၿပီး မထူးဆန္းေတာ့သည့္ အယူအဆ ယုံၾကည္မႈျဖစ္လာေစသည္။

ထို႔အတူ အစိုးရေက်ာင္းမ်ားထက္ အဆင့္ျမင့္အေဆာင္အေယာင္ႏွင့္ ႏိုင္ငံျခားသား ဆရာ/ ဆရာမကပါ သင္ၾကားေနေသာ ကိုယ္ပိုင္ေက်ာင္းမ်ား ဆိုင္ရာ စီးပြားေရးစနစ္တစ္ခုသည္ ထိုႏိုင္ငံမ်ား၏ ေငြေၾကးတတ္ႏိုင္သူမ်ားႏွင့္ လူလတ္တန္းစားမ်ားၾကား ေရပန္းစားလာသည့္နည္းတူ လူသိမ်ားသည္။ ႏိုင္ငံျခားေက်ာင္းတစ္ခုခု၏ တရားဝင္ မိတ္ ဖက္အျဖစ္ အသိအမွတ္ျပဳခံ ကိုယ္ပိုင္ေက်ာင္းမ်ားဆိုလွ်င္ ပိုမိုလူသိမ်ားျခင္းႏွင့္အတူ ေက်ာင္းသားမ်ားစြာရရွိျခင္း ေၾကာင့္ ပိုမိုဝင္ေငြတိုးျခင္း အခြင့္ကိုလည္းရရွိသည္။ သို႔ေသာ္ ထိုကမာၻ႔တတိယအဆင့္ႏိုင္ငံမ်ား (Third World Countries) မွ ကိုယ္ပိုင္ေက်ာင္းမ်ားမွာ ကမာၻ႔ပထမအဆင့္ႏိုင္ငံမ်ား (First World Cou- ntries) အေနျဖင့္ၾကည့္ပါက ၎တို႔နည္းတူ နည္းပါးေက်ာင္းလခမ်ားေကာက္ခံေနပါေသာ္လည္း ဝန္ေဆာင္မႈ၊ ေက်ာင္းအေဆာင္အ ေယာင္၊ ေငြေၾကး အပါအဝင္ ပြင့္လင္းျမင္သာမႈမ်ား၊ ပုံရိပ္ေကာင္းမႈ၊ ကိုယ္ပိုင္ေက်ာင္းဆိုင္ရာ ကတိကဝတ္မ်ားသည္ သက္ဆိုင္ရာ ေက်ာင္း သား၊ မိဘမ်ားေပၚတြင္လည္းေကာင္း အစိုးရမ်ားအေပၚတြင္လည္းေကာင္း အားနည္းေန႐ုံမွ်မက အမ်ိဳးသားအဆင့္ ပူးေပါင္းေဆာင္ ႐ြက္မႈမ်ားပါ ေထာင့္ေပါင္းစုံက ပ်က္ကြက္ေနသည္ ကိုပင္ ေလ့လာေတြ႕ရွိရသည္။
ျမန္မာတို႔စံထားေလ့ရွိေသာ စင္ကာပူ ႏိုင္ငံပညာေရးႏွင့္ ခ်ိန္ထိုးမည္ဆိုပါက စင္ကာပူသည္ အစိုးရႏွင့္သက္ဆိုင္ သည့္အလုပ္ေသာ္လည္းေကာင္း၊ အစိုးရမဟုတ္ေသာ မည္သည့္အဖြဲ႕အစည္းမ်ား၏ လုပ္ေဆာင္ခ်က္မ်ားကိုမဆို စံသတ္မွတ္ရာတြင္လည္းေကာင္း ႏိုင္ငံႏွင့္ႏိုင္ငံသား အက်ိဳးစီးပြားအပါအဝင္ စားသုံးသူကာကြယ္ေရးဆိုင္ရာ ထိခိုက္ နစ္နာမႈမရွိေစ ေရးအျပင္ ထိုလုပ္ငန္းမ်ား၏ ပုံရိပ္၊ စပ္ဆိုင္ေသာ အစိုးရဌာနႏွင့္ ေအဂ်င္စီမ်ား၏ ပုံရိပ္ကို ေစာင့္ထိန္း ကာကြယ္ စဥ္ဆက္မျပတ္ ျမႇင့္တင္ႏိုင္ရန္ မဟာဗ်ဴ ဟာေျမာက္အစီအစဥ္ခ်မွတ္လုပ္ေဆာင္တတ္ေလ့ရွိသည္။

ကိုယ္ပိုင္သယံဇာတမရွိ ႂကြယ္ဝသည့္ စင္ကာပူႏိုင္ငံအဖို႔ လူ႔စြမ္းအားအရင္းအျမစ္ႏွင့္ အဓိကသက္ဆိုင္ေသာ ပညာေရးဝန္ေဆာင္မႈ၊ က်န္းမာေရးေစာင့္ေရွာက္မႈ၊ ဘဏ္လုပ္ငန္း၊ အရပ္ဘက္/ စစ္ဘက္နည္းပညာဆိုင္ရာစြန႔္ဦးတီထြင္ ဆန္းသစ္ ျခင္းႏွင့္ အျခားေသာဝန္ေဆာင္မႈလုပ္ငန္းမ်ားသည္ ႏိုင္ငံ၏ ပင္မအသက္ေသြးေၾကာက႑မ်ားပင္ျဖစ္သည္။ ဥပေဒမ်ားမခ်မွတ္မီ ထိုမွတစ္ဆင့္ ဥပေဒမ်ား လက္ခံက်င့္သုံးခ်ိန္ ထိုမွတစ္ဆင့္ ေရွ႕ေလွ်ာက္ အခ်ိန္ သို႔မဟုတ္ ေခတ္ႏွင့္ တစ္ေျပးညီ ျပင္ဆင္ တည့္မတ္ျခင္းမွသည္ အနာဂတ္ ဆယ္စုႏွစ္မ်ားစြာအတြက္ စဥ္ဆက္မျပတ္ သုေတသနျပဳျခင္း ေဆြးေႏြးတိုင္ပင္ မႈမ်ားျပဳလုပ္လ်က္ရွိရာမွာ ကိုယ္ပိုင္ေက်ာင္းမ်ား သည္လည္း အေရးႀကီးမဟာဗ်ဴဟာက႑မွ ပါဝင္လ်က္ရွိသည္။

ကိုယ္ပိုင္ေက်ာင္းမ်ားဆိုင္ရာ စံသတ္မွတ္ခ်က္မ်ား အက်ဥ္း
အစိုးရ အေျခခံပညာေက်ာင္း တကၠသိုလ္မ်ားမွလြဲ၍ စင္ကာပူႏိုင္ငံတြင္ မည္သည့္ကိုယ္ပိုင္ ေက်ာင္း၊ ႏိုင္ငံတကာ အစိုးရမ်ားႏွင့္ခ်ိတ္ဆက္ဖြင့္ ခြင့္ျပဳေသာ ႏိုင္ငံတကာေက်ာင္း (International School) မ်ား၊ ျပည္ပအစိုးရ မဟုတ္ေသာ တကၠသိုလ္မ်ားႏွင့္ ၎တို႔ႏွင့္ အက်ိဳးတူခ်ိတ္ဆက္ေသာကိုယ္ပိုင္ ေက်ာင္းမ်ားသည္ မည္သည့္ေက်ာင္း၊ တကၠသိုလ္၊ အင္စတီက်ဳ နာမည္မ်ားပင္တပ္ပါေစ အစိုးရက သတ္မွတ္ထားေသာ လုပ္ငန္းလိုင္စင္ ကုမၸဏီမွတ္ပုံ တင္ျခင္း (Business Registration) ႏွင့္ ပညာေရး အသိအမွတ္ျပဳျခင္းလိုင္စင္ (EduTrust Certificate) အစစ္ေဆးခံ ေအာင္ျမင္ၿပီးရလာေသာ ပညာေရးဆိုင္ရာ ယုံၾကည္စိတ္ခ်ႏိုင္ေသာေက်ာင္း(အစမ္းခန႔္ေစာင့္ၾကည့္) (EduTrust Probation Certificate) (၁)ႏွစ္လိုင္စင္ (သို႔မဟုတ္) ပညာေရးဆိုင္ရာ ယုံၾကည္စိတ္ခ်ႏိုင္ေသာေက်ာင္း (EduTrust Certificate) (၄) ႏွစ္လိုင္စင္ တစ္ခုခုႏွင့္သာ လုပ္ငန္းလည္ပတ္ခြင့္ရသည္။ လြယ္လြယ္ႏွင့္ နားလည္ ေအာင္ေျပာရလွ်င္ စင္ကာပူအစိုးရကိုယ္ပိုင္ေက်ာင္းမ်ားဆိုင္ရာ ပညာေရးေကာ္မတီ Committee for Private Education (CPE) က အရပ္ဘက္ ကိုယ္ပိုင္ပညာေရးအဖြဲ႕အစည္း၊ ေက်ာင္း၊ သင္တန္းမ်ား Private Education Institutions (PEIs) ကို ေအာက္ပါမဟာဗ်ဴဟာမ်ားျဖင့္ ႏိုင္ငံတကာအဆင့္မီ တာဝန္ယူ/တာဝန္ခံ အုပ္ခ်ဳပ္ထိန္းေက်ာင္း စီမံခန႔္ ခြဲႏိုင္ရန္ခ် မွတ္ထားေသာ စံသတ္မွတ္ခ်က္မ်ားပင္ျဖစ္သည္။
၁။ ကိုယ္ပိုင္ေက်ာင္းမ်ားဆိုင္ရာ စီမံခန႔္ခြဲမႈႏွင့္ အုပ္ခ်ဳပ္မႈဆိုင္ရာမူဝါဒမ်ားကို စဥ္ဆက္မျပတ္ ေစာင့္ၾကည့္ ထိန္း ေက်ာင္းႏိုင္ရန္။
၂။ သင္ၾကားမႈ ဘာသာရပ္မ်ာဆိုင္ရာ အရည္အေသြးမ်ားကို တိက်ေသခ်ာစြာ စိစစ္ခြင့္ျပဳျခင္းႏွင့္ ယေန႔ေခတ္ မိမိႏိုင္ငံ စီးပြား၊ တီထြင္၊ ကုန္ထုတ္၊ လူမႈက႑မ်ားအတြက္သာမက ကမာၻကလိုအပ္မႈႏွင့္ အံဝင္ခြင္က်ျဖစ္ၿပီး ေခတ္ကာလ ႏိုင္ငံတကာ လူငယ္ မ်ား တက္ျြကစြာသင္ၾကားလိုေသာ ေခတ္မီဘာသာ ရပ္မ်ားျဖစ္ရန္။
၃။ ေက်ာင္းသားဆိုင္ရာဝန္ေဆာင္မႈမ်ား အရည္အေသြးအားျဖင့္ ေက်ာင္းသားမ်ားအတြက္ လက္ေတြ႕က်ေသာ သင္ၾကားမႈ၊ သင္႐ိုးျဖစ္ေစရန္၊ ေက်ာင္းသားအတြက္ သင္ၾကားေရးကာလတြင္ သင္ခန္းစာ၊ ဝန္ေဆာင္မႈ၊ စိတ္ပိုင္းဆိုင္ရာ မ်ားမွအစ တိုင္ပင္ ေဆြးေႏြးႏိုင္ရန္၊ ေက်ာင္းၿပီးကာလ လုပ္ငန္းခြင္ဝင္ရန္ အသင့္အထိ အေထာက္အကူျပဳႏိုင္ေစရန္။
၄။ ဝန္ထမ္းဆိုင္ရာ စီမံခန႔္ခြဲမႈမ်ားအေနျဖင့္ ဆရာ/ဆရာမမ်ားမွအစ အျခားရွိသင့္ေသာ ဘက္စုံ ကြၽမ္းက်င္ဝန္ ထမ္းမ်ား ေ႐ြးခ်ယ္ခန႔္ထားျခင္းဆိုင္ရာ စံသတ္မွတ္ခ်က္မ်ား၊ ထိုဝန္ထမ္းမ်ား သက္ဆိုင္ရာ ဘာသာရပ္ႏွင့္ကြၽမ္းက်င္မႈ မ်ားကို စဥ္ဆက္မျပတ္ မြမ္းမံျဖည့္တင္းျခင္း၊ မလိုအပ္ဘဲ အေတြ႕အႀကဳံျမင့္ ကြၽမ္းက်င္ ဆရာ/ဆရာမႏွင့္ ဝန္ထမ္းမ်ား အား လက္လႊတ္ဆုံးရႈံးရမႈမ်ားကို ထိန္းသိမ္းကာကြယ္ႏိုင္ၾကရန္။
၅။ ကိုယ္ပိုင္ေက်ာင္းမ်ားဆိုင္ရာ ေငြေၾကးစီမံ ခန႔္ခြဲမႈမ်ားကို ႀကီးၾကပ္ထိန္းေက်ာင္းျခင္းျဖင့္ ေက်ာင္းမ်ား၏ ခိုင္မာစိတ္ခ်ယုံၾကည္ရေသာ ဘ႑ာေရးဆိုင္ရာ ပြင့္လင္းျမင္သာမႈ အေလ့အက်င့္မ်ားရရွိေစရန္၊ ျပည္တြင္းျပည္ပ ယုံၾကည္မႈမ်ားရရွိျခင္းမွတစ္ဆင့္ ကိုယ္ပိုင္ေက်ာင္းမ်ားဆိုင္ရာ စီးပြားေရး အာမခံခ်က္ ႏွင့္အတူ ႀကီးပြားတိုးတက္ေစရန္။ (ဥပမာအားျဖင့္ စင္ကာပူတြင္ ကိုယ္ပိုင္ေက်ာင္းမ်ားအားလုံးက ၎တို႔၏ သင္ၾကားမည့္ဘာသာရပ္တစ္ခုစီႏွင့္ ေပး အပ္ႏွင္းမည့္ဘြဲ႕အလိုက္ အုပ္ခ်ဳပ္စီမံခန႔္ခြဲေရး အဖိုးအခ(Administrative Fees)ႏွင့္ ဘာသာရပ္ တစ္ခုစီ၏ က်ဴရွင္လခ (Tuition Fees)၊ သင္ၾကားမႈ နာရီေပါင္း၊ ရက္ကို အတိအက်ခြဲျခမ္းစိတ္ျဖာ၍ ပညာေရးဆိုင္ရာ ယုံၾကည္စိတ္ခ်ရမႈ လက္မွတ္အတြက္ ကြင္းဆင္းေလ့လာေရးအဖြဲ႕(EduTrust Certificate assessment)စစ္ေဆးစဥ္ကပင္ တင္ျပရၿပီး ခြင့္ျပဳသည့္ ဘာသာရပ္၊ ဘြဲ႕ကိုသာ သင္ၾကားခြင့္ျပဳျခင္းအျပင္ ေက်ာင္းမ်ားထံမွ အုပ္ခ်ဳပ္စီမံခန႔္ခြဲေရး အဖိုးအခ (Administrative Fees)မွလြဲၿပီး သင္ၾကားမႈႏွစ္ဝက္ သင္တန္းေၾကး (Semester Fees)ကိုမူ ေက်ာင္းမွ အျပည့္ေကာက္ခံ ရရွိပါေသာ္လည္း ေက်ာင္းသားတစ္ဦးခ်င္း နာမည္ႏွင့္ ဘဏ္အေကာင့္ဖြင့္ကာ ထိုအေကာင့္ထဲ ထားရသည္။ ထိုသင္တန္း ေၾကးေငြ (Se­m­ester Fees) ကို ေက်ာင္းသားလည္းထိခြင့္မရသကဲ့သို႔ ေက်ာင္းကလည္း တန္းၿပီး ယူသုံးခြင့္မရွိဘဲ ဥပမာ-ႏွစ္ဝက္သင္ တန္းကာလ (Semester) တစ္ခုက (၄)လၾကာျမင့္ မည္ဆိုပါက ထိုသင္တန္းေၾကးကို (၄)လခြဲၿပီး က်ဴ ရွင္လခ (Tuition Fees) အျဖစ္ ဘဏ္က အလိုအေလ်ာက္ တစ္လစီ ေက်ာင္းပိုင္ဘဏ္အေကာင့္ထဲကို လႊဲေပးသည္။ ထိုေက်ာင္းမွ ဥပေဒႏွင့္မကိုက္ညီေသာ ျပႆနာတစ္ခုခုမ်ားျဖစ္ခဲ့ပါက အစိုးရက ေက်ာင္းသားေငြမ်ားကို ေရာက္ရွိလ အထိထိန္းသိမ္းထားၿပီး ေက်ာင္းကိုစစ္ေဆးၿပီးမွ ေက်ာင္းဆက္လက္ဖြင့္ခြင့္ရလွ်င္ ေက်ာင္းလခကို ေက်ာင္းက ဆက္လက္ရရွိမည္ျဖစ္ၿပီး ေက်ာင္းပိတ္ရသည္အထိ ျပစ္မႈႀကီးပါက ေက်ာင္းသားမ်ား ေငြဆုံးရႈံးမႈကို ကာကြယ္ၿပီးသား လည္းျဖစ္သည္။ ထို႔ျပင္ အုပ္ခ်ဳပ္စီမံခန႔္ခြဲေရး အဖိုးအခ (Administrative Fees)ႏွင့္ ဘာသာရပ္ တစ္ခုစီ၏ က်ဴရွင္လခ (Tuition Fees) မွာ သီးျခား ခြဲျမင္သိရွိခြင့္ရသည့္အတြက္ ကိုယ္ပိုင္ေက်ာင္းမ်ား ေငြအလြန္အကြၽံေကာက္ခံျခင္းကို ထင္သာျမင္သာ လြယ္ေစျခင္းအျပင္ စားသုံးသူေက်ာင္းသားႏွင့္မိဘ မ်ားအတြက္ ေငြေၾကးဆိုင္ရာ ပြင့္လင္းျမင္သာေစၿပီး ကိုယ္ပိုင္ေက်ာင္းအခ်င္းခ်င္း ေရရွည္ စီးပြားၿပိဳင္ရန္ႏွင့္ၿပိဳင္ဘက္ေဈးကြက္ကို မ်က္ျခည္မျပတ္ေစရန္ အခင္းအက်င္း ဖန္တီးထားရာေရာက္သည္။ အုပ္ခ်ဳပ္စီမံခန႔္ခြဲေရး အဖိုးအခ (Admini­strative Fees) မွာကြဲျပားႏိုင္ၿပီး ေက်ာင္းမ်ားက ဝန္ေဆာင္မႈႏွင့္ ၿပိဳင္ဆိုင္ ျပန္လည္သက္ေသျပၾကရသည္။ မည္သည့္ ေငြေၾကးေကာက္ခံမႈမဆို ႏိုင္ငံပိုင္ စင္ကာပူ ေဒၚလာ တစ္မ်ိဳးတည္းျဖင့္သာ ေကာက္ခံခြင့္ ရွိသည္။)
၆။ အရည္အေသြးႏွင့္ ရလဒ္ေကာင္းမ်ားကို ေစာင့္ၾကည့္ အကဲျဖတ္ထိန္းေက်ာင္းျခင္းျဖင့္ သင္ယူမႈ ၿပီးေျမာက္ ေသာ ႏွစ္စဥ္အလိုက္ ေက်ာင္းသားမ်ား၏အရည္အေသြးပိုင္း အၿမဲေခတ္မီေနရမည္ျဖစ္ၿပီး လုပ္ငန္းခြင္အဆင္သင့္ျဖစ္မႈ (Industry Ready)ကိုလည္း တိုက္႐ိုက္အေထာက္အကူျဖစ္ေစရန္ႏွင့္ ေက်ာင္းသားမ်ား အလုပ္အကိုင္ အခြင့္အလမ္း ေကာင္း မ်ား လြယ္ကူတိုးပြားေစရန္။
၇။ လိုက္နာမႈဆိုင္ရာ စံသတ္မွတ္ခ်က္အျဖစ္ ကိုယ္ပိုင္ေက်ာင္းမ်ားသည္ ပညာေရးဝန္ႀကီးဌာန၏ ေရရွည္မဟာဗ်ဴ မ်ားအျပင္ ကိုယ္ပိုင္ေက်ာင္း မ်ားဆိုင္ရာေကာ္မတီ Committee for Private Education (CPE) ၏ ခ်မွတ္ထား ေသာမူဝါဒမ်ားကို စဥ္ဆက္မျပတ္လိုက္နာၾကေစရန္ စိစစ္ျခင္းျဖင့္ ႏိုင္ငံ၏ အမ်ိဳးသားအက်ိဳးစီးပြားႏွင့္ အနာဂတ္ လူငယ္မ်ား ဆိုင္ရာ လူ႔စြမ္းအားအရင္းအျမစ္ မဟာဗ်ဴဟာအတိုင္း တစ္သေဝမတိမ္း အက်ိဳးျပဳ သက္ေရာက္ေစရန္။ (ဥပမာ- ေက်ာင္းမ်ားက (EduTrust Certificate) သက္တမ္းျပည့္ခါနီးတိုင္း ပညာေရးဆိုင္ရာ ယုံၾကည္စိတ္ခ်ရမႈ လက္မွတ္အတြက္ ကြင္းဆင္းေလ့လာေရးအဖြဲ႕ (EduTrust Certificate assessment) စစ္ေဆးျခင္းကို ျပန္လည္ခံယူရ သည္။ အက်ဥ္းအားျဖင့္ ထိုကြင္းဆင္းေရးအဖြဲ႕ဝင္မ်ားသည္ အၿငိမ္းစား လြတ္လပ္ေသာ တစ္ဦးခ်င္းပညာရွင္မ်ား (Independent Individuals) စုစည္းထားေသာအဖြဲ႕ဝင္မ်ားျဖစ္ၾကၿပီး ထိုပညာရွင္မ်ားက အစစ္ေဆးခံ ကိုယ္ပိုင္ ေက်ာင္းမ်ားတြင္ တစ္ပတ္မွႏွစ္ပတ္အထိ ကိုယ္တိုင္လာေရာက္ ႐ုံးထိုင္၍ ေက်ာင္းအ႐ြယ္အစား၊ လက္ခံမည့္ ေက်ာင္း သားပမာဏ၊ ျပည္တြင္းႏွင့္ ျပည္ပမွ ဆရာ/ ဆရာမမ်ားႏွင့္ ၎တို႔၏ ကိုယ္ေရးမွတ္တမ္း၊ ပညာေရး အက်ဥ္းႏွင့္ အေတြ႕ အႀကဳံတို႔ကို မွတ္တမ္းျပဳစုရသည္။ ယင္းျပင္ ေက်ာင္းသား လက္ခံမွတ္တမ္းေဖာင္မ်ား၊ ေငြေၾကးေကာက္ခံမႈ ျဖတ္ပိုင္း မ်ား၊ ဘဏ္စာရင္းမ်ား အျပင္၊ ေက်ာင္းစာၾကည့္တိုက္ အေဆာင္အေယာင္၊ အိမ္သာဖြဲ႕စည္းပုံ၊ ကစားကြင္း/ ေလ့က်င့္ေရးကြင္း၊ စာသင္ခန္းမ်ားႏွင့္ သင္ေထာက္ကူ ကိရိယာမ်ား၊ အင္တာနက္ႏွင့္အိုင္တီဆိုင္ရာ အေျခခံ အေဆာက္ အအုံ၊ ေက်ာင္းဆရာ/ဆရာမ်ား/ ေက်ာင္းသားႏွင့္ ဝန္ထမ္းမ်ား၏ ကိုယ္ေရးအခ်က္ အလက္မ်ား၊ အျခားအေရး ႀကီးေဒတာမ်ား ထိန္းသိမ္းမႈႏွင့္ လုံၿခဳံေရးဆိုင္ရာ အစီအမံမ်ား စစ္ေဆးျခင္း၊ သက္ဆိုင္ရာတာဝန္ခံမ်ားကို လူေတြ႕ေမးျမန္းျခင္းမ်ားလုပ္ေဆာင္ရသည္။ ျပည္ပေက်ာင္းမ်ားႏွင့္ မိတ္ဖက္ေသာ္ လည္းေကာင္း ဘာသာရပ္ေသာ္ လည္းေကာင္း ခ်ိတ္ဆက္ထား သည္ဆိုပါက ထိုေက်ာင္းမ်ား၏ အခ်က္အလက္၊ သက္ဆိုင္ရာႏိုင္ငံ၏ သတ္မွတ္အဆင့္၊ ေဒသအဆင့္၊ ႏိုင္ငံတကာအဆင့္ဆိုင္ရာ အဆင့္ႏွင့္ပုံရိပ္မ်ား၊ ျပည္ ပႏိုင္ငံ၌ ထိုေက်ာင္းက အမွန္တကယ္ အေဆာက္ အအုံ ေက်ာင္းဝန္း(Campus)အေနျဖင့္ ရွိ/မရွိ စစ္ ေဆးမႈမ်ားစြာေဆာင္႐ြက္ၿပီး တစ္လဝန္းက်င္ၾကာမွ ပညာေရးဆိုင္ရာ ယုံၾကည္စိတ္ခ်ႏိုင္ေသာ ေက်ာင္း (EduTrust Certificate)အျပည့္ (၄)ႏွစ္ သို႔မဟုတ္ ပညာေရးဆိုင္ရာ ယုံၾကည္ စိတ္ခ်ႏိုင္ေသာ ေက်ာင္း (အစမ္းခန႔္ေစာင့္ၾကည့္) (EduTrust Probation Cetifi­cate) တစ္ႏွစ္ဆိုသည္ကို အေၾကာင္း ၾကားျခင္းျဖစ္သည္။
အထက္ပါ စံသတ္မွတ္ခ်က္မ်ားကို ေလ့လာျခင္းျဖင့္ စင္ကာပူႏိုင္ငံအေနျဖင့္ အစိုးရေက်ာင္း တကၠသိုလ္မ်ားကို သာမက ကိုယ္ပိုင္ေက်ာင္းမ်ား၏ အရည္အေသြးကိုပင္ ေမွ်ာ္လင့္ခ်က္ႀကီးမားစြာထား အေလးေပးျခင္းေၾကာင့္ ႏိုင္ငံ၏ လူ႔စြမ္းအားအရင္းအ ျမစ္ဆိုင္ရာ မဟာဗ်ဴဟာမ်ားကို ေတြးဆျမင္သာႏိုင္ေစရန္ အက်ဥ္းခ်ဳပ္တင္ျပလိုက္ရသည္။

Related news

© 2021. All rights reserved.