မကြာသေးမီကာလက ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော တာချီလိတ်ရှိ အနိမ့်ပိုင်းရပ်ကွက်များ ရေထပ်ဝင် လာသောကြောင့် မြို့ခံများ စောင့်ကြည့်နေ

 737

ချယ်ရီ (NP News) - စက်တင်ဘာ ၃

မကြာသေးမီကာလက ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သော ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် ယခုရက်ပိုင်း အတွင်း အနိမ့်ပိုင်းရပ်ကွက်များသို့ ရေထပ်ဝင်လာသောကြောင့် မြို့ခံများ သတိထားစောင့်ကြည့်နေကြောင်း ဦးလှမိုး-တာချီလိတ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

မယ်ဆိုင်ချောင်းရေ ပြန်လည်မြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော အနိမ့်ပိုင်းရပ်ကွက်များတွင် ရေပြန်လည်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ “ခါတိုင်းကြီးတဲ့ရပ်ကွက်တွေပါပဲ။ တောင်ကျရေက များပြီးတော့ ရေက ပြန်ပြီးတိုးလာတာပေါ့နော်။ ပြန်လည်ထူထောင်ရေးက မပြီးသေးတော့ တချို့နေရာတွေက နုန်းတွေကရှိတော့ တောင်ကျရေ ကျလိုက်တာနဲ့ တမ်းပြီးတော့ ရေကြီးလာတာပေါ့နော်။ အခုလက်ရှိ ရေကြီးမှုကတော့ စိုးရိမ်စရာတော့မရှိသေးဘူး။ အသွားအလာလေးတွေတော့ အနည်းအကျဉ်းတော့ ခက်ခဲတာပေါ့။ အခုတော့ နည်းနည်းထပ်(ရေ)ကြီးနိုင်လား၊ တိုးနိုင်လားဆိုတာတော့ စောင့်ကြည့်ဆဲပါပဲပေါ့နော်။ သတိထားရမယ့် အခြေအနေတော့ ရှိတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ယနေ့(စက်တင်ဘာလ ၃ရက်)၊ နံနက်ပိုင်းတွင် ချောင်းရေကြီမှုကြောင့် မယ်ဆိုင်ချောင်းပေါ်တွင် ယာယီဆောက်လုပ်ထားသော လွယ်တော်ခမ်း ယာယီကြိုးတံတားမှာ ထပ်မံမျောပါ ပျက်စီးသွားခဲ့ကြောင်း သိရသည်။ “ပြည်ထောင်စု တံတားပေါ်တော့ ရေတွေတက်နေတယ်။ ရပ်ကွက်တွေထဲကတော့ ချောင်းရေကများတော့ ဝင်တော့ဝင်နေပါပြီ။ အနိမ့်ဆုံးနေရာကတော့ခါး၊ ရင်ဘတ်လောက်တော့ ရှိမှာ။ အမြင့်ပိုင်းနေရာတော့ ဒူးလောက်တော့ ရှိမှာပေါ့။ ပုံမှန်လိုပဲပေါ့နော်။ ပြောင်းရွှေ့နေကြပြီပေါ့။ အရင်ကတည်းက ဖြတ်သန်းထားတယ်ဆိုတော့ ပြောင်းရွှေ့နေကြပြီပေါ့။ ပြောင်းရွှေ့တာကတော့ ကျွန်တော်တို့က အရပ်ဘက်အဖွဲ့အစည်းဆိုတော့ ကျွန်တော်တို့တတ်နိုင်သလောက်တော့ ကူညီနေတာပေါ့”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

တာချီလိတ်မြို့တွင် စက်တင်ဘာလအတွင်းက ရေကြီးရေလျှံမှုများဖြစ်ပွားပြီးနောက် ယခုတစ်ကြိမ် ထပ်မံ ဖြစ်ပွားလာခြင်းဖြစ်သည်။

Zawgyi Version;
မၾကာေသးမီကာလက ေရႀကီးေရလွ်ံမႈျဖစ္ပြားခဲ့ေသာ တာခ်ီလိတ္ရွိ အနိမ့္ပိုင္းရပ္ကြက္မ်ား ေရထပ္ဝင္ လာေသာေၾကာင့္ ၿမိဳ႕ခံမ်ား ေစာင့္ၾကည့္ေန
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၃

မၾကာေသးမီကာလက ေရႀကီးေရလွ်ံမႈ ျဖစ္ပြားခဲ့ေသာ ရွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမိဳ႕တြင္ ယခုရက္ပိုင္း အတြင္း အနိမ့္ပိုင္းရပ္ကြက္မ်ားသို႔ ေရထပ္ဝင္လာေသာေၾကာင့္ ၿမိဳ႕ခံမ်ား သတိထားေစာင့္ၾကည့္ေနေၾကာင္း ဦးလွမိုး-တာခ်ီလိတ္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

မယ္ဆိုင္ေခ်ာင္းေရ ျပန္လည္ျမင့္တက္လာမႈေၾကာင့္ ေရႀကီးေရလွ်ံမႈျဖစ္ပြားခဲ့ေသာ အနိမ့္ပိုင္းရပ္ကြက္မ်ားတြင္ ေရျပန္လည္ဝင္ေရာက္လ်က္ရွိေၾကာင္း သိရသည္။ “ခါတိုင္းႀကီးတဲ့ရပ္ကြက္ေတြပါပဲ။ ေတာင္က်ေရက မ်ားၿပီးေတာ့ ေရက ျပန္ၿပီးတိုးလာတာေပါ့ေနာ္။ ျပန္လည္ထူေထာင္ေရးက မၿပီးေသးေတာ့ တခ်ိဳ႕ေနရာေတြက ႏုန္းေတြကရွိေတာ့ ေတာင္က်ေရ က်လိုက္တာနဲ႔ တမ္းၿပီးေတာ့ ေရႀကီးလာတာေပါ့ေနာ္။ အခုလက္ရွိ ေရႀကီးမႈကေတာ့ စိုးရိမ္စရာေတာ့မရွိေသးဘူး။ အသြားအလာေလးေတြေတာ့ အနည္းအက်ဥ္းေတာ့ ခက္ခဲတာေပါ့။ အခုေတာ့ နည္းနည္းထပ္(ေရ)ႀကီးႏိုင္လား၊ တိုးႏိုင္လားဆိုတာေတာ့ ေစာင့္ၾကည့္ဆဲပါပဲေပါ့ေနာ္။ သတိထားရမယ့္ အေျခအေနေတာ့ ရွိတယ္” ဟု ၎က ဆိုသည္။

ထို႔ျပင္ ယေန႔(စက္တင္ဘာလ ၃ရက္)၊ နံနက္ပိုင္းတြင္ ေခ်ာင္းေရႀကီမႈေၾကာင့္ မယ္ဆိုင္ေခ်ာင္းေပၚတြင္ ယာယီေဆာက္လုပ္ထားေသာ လြယ္ေတာ္ခမ္း ယာယီႀကိဳးတံတားမွာ ထပ္မံေမ်ာပါ ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။ “ျပည္ေထာင္စု တံတားေပၚေတာ့ ေရေတြတက္ေနတယ္။ ရပ္ကြက္ေတြထဲကေတာ့ ေခ်ာင္းေရကမ်ားေတာ့ ဝင္ေတာ့ဝင္ေနပါၿပီ။ အနိမ့္ဆုံးေနရာကေတာ့ခါး၊ ရင္ဘတ္ေလာက္ေတာ့ ရွိမွာ။ အျမင့္ပိုင္းေနရာေတာ့ ဒူးေလာက္ေတာ့ ရွိမွာေပါ့။ ပုံမွန္လိုပဲေပါ့ေနာ္။ ေျပာင္းေ႐ႊ႕ေနၾကၿပီေပါ့။ အရင္ကတည္းက ျဖတ္သန္းထားတယ္ဆိုေတာ့ ေျပာင္းေ႐ႊ႕ေနၾကၿပီေပါ့။ ေျပာင္းေ႐ႊ႕တာကေတာ့ ကြၽန္ေတာ္တို႔က အရပ္ဘက္အဖြဲ႕အစည္းဆိုေတာ့ ကြၽန္ေတာ္တို႔တတ္ႏိုင္သေလာက္ေတာ့ ကူညီေနတာေပါ့”ဟု အထက္ပါတာဝန္ရွိသူက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ စက္တင္ဘာလအတြင္းက ေရႀကီးေရလွ်ံမႈမ်ားျဖစ္ပြားၿပီးေနာက္ ယခုတစ္ႀကိမ္ ထပ္မံ ျဖစ္ပြားလာျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.