အီရန်-အစ္စရေးစစ်ပွဲ အီရန်ကို အစ္စရေး ဘယ်လိုတုံ့ပြန်မလဲ
1815
ဂျန်ဇက် (NP News) - အောက်တိုဘာလ ၆
အစ္စရေးရဲ့ စက်တင်ဘာ(၂၇)ရက်က လေကြောင်းတိုက်ခိုက်မှုအတွင်း ဟစ္စဘိုလာအဖွဲ့ ခေါင်းဆောင် ဟတ်ဆန်နက်ရယ်လာ အပါအဝင် ဟားမတ်စ် အဖွဲ့ခေါင်းဆောင်တွေ သေဆုံးရမှုနဲ့ပတ်သက်ပြီး အီရန်နိုင်ငံဟာ ကြိုတင်သတိပေးချက်မရှိဘဲ အစ္စရေး နိုင်ငံကို အောက် တိုဘာ(၁)ရက်မှာ ဒုံးကျည်အစင်း ပေါင်း (၁၈ဝ)ကျော်နဲ့ ရုတ်တရက် တိုက်ခိုက်ခဲ့ရာ အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုအရှိန် မြင့်တက်လာနေပါတယ်။ အစ္စရေးဟာ လက်ရှိအချိန် မှာ ဟားမတ်စ်အဖွဲ့နဲ့တိုက်ခိုက်နေရတဲ့ ဂါဇာစစ် ပွဲဖြစ်ပွားနေသလို ဟစ္စဘိုလာအဖွဲ့ကို တိုက်ခိုက်ဖို့ လက်ဘနွန်နိုင်ငံကို မြေပြင်ထိုးစစ်ဆင်နွှဲနေပါတယ်။ အဲဒီလိုမျိုး အနည်းဆုံး စစ်မျက်နှာနှစ်ခု ရင်ဆိုင်နေရချိန်မှာ အီရန်နိုင်ငံရဲ့တိုက်ခိုက်မှုကို ရုတ်တရက် ရင် ဆိုင်လိုက်ရတဲ့အတွက် အစ္စရေး အစိုးရဟာ စိတ်ဆိုးဒေါသဖြစ်ပွားမှုမြင့်တက်ခဲ့သလို အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက အီရန်နိုင်ငံအနေ နဲ့ ကြီးမားတဲ့ပေးဆပ်မှုပြန်ပေးရမယ်လို့ပြောဆိုခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုဟာ အီရန်ကို လက်တုံ့ပြန်မယ်လို့ လူသိရှင်ကြား ပြောဆို ထားပေမယ့် အောက်တိုဘာ(၄)ရက်အထိတော့ အီရန်နိုင်ငံကိုလက်တုံ့ပြန်ခြင်းထက် ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်နေတဲ့ လက်ဘနွန်နိုင်ငံ ကိုဆက်လက်ဗုံးကြဲ တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ အစ္စရေးဟာ ဟစ္စဘိုလာအဖွဲ့ခေါင်းဆောင်အသစ်တွေကို လုပ်ကြံနိုင်ဖို့ အောက်တိုဘာ (၄)ရက်က ဘေရွတ်မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်ဘနွန်အခြေစိုက် ဟစ္စဘိုလာအဖွဲ့ကလည်း အစ္စရေးနိုင်ငံဘက်ခြမ်းကို ရော့ကဒ်ဒုံးကျည် အစင်းပေါင်း(၂၀)နဲ့ ပစ်ခတ်ခဲ့ပါ တယ်။
အစ္စရေးဟာ ဟစ္စဘိုလာအဖွဲ့တွေရဲ့တိုက် ခိုက်မှုရန်ကနေ ကာကွယ်နိုင်အောင် နယ်စပ်ဒေသမှာ နေထိုင်နေတဲ့ အစ္စရေးပြည်သူတွေကို အောက်တိုဘာ (၄)ရက်မှာပဲ ဘေးလွတ်ရာကိုရွှေ့ပြောင်းပေးခဲ့ပါ တယ်။
အစ္စရေးနိုင်ငံရဲ့အဓိက မဟာမိတ်ဖြစ်တဲ့ အမေရိကန်နိုင်ငံကလည်း အီရန်ရဲ့တိုက်ခိုက်မှုတွေ ကို လက်တုံ့ပြန်မယ့် အစ္စရေးနိုင်ငံရဲ့အစီအစဉ်ကို ကူညီထောက်ပံပေးသွားမယ်လို့ ပြောဆိုထားပါတယ်။အစ္စရေးနိုင်ငံကိုတိုက်ခိုက်ခဲ့တဲ့ အီရန်ရဲ့တိုက်ခိုက် မှုတွေကို အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စု နိုင်ငံတွေ၊ G-7 အဖွဲ့ဝင်နိုင်ငံအားလုံးက ပြစ်တင်ရှုတ်ချထားပြီး စစ်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီး ဆွေး နွေးနေဆဲဖြစ်ပါတယ်။
အမေရိကန်သမ္မတက "အစ္စရေးနိုင်ငံဟာ အမှားအယွင်းတွေ မလုပ်ဆောင်ခဲ့ဘူးဆိုရင် အစ္စရေးရဲ့တုံ့ပြန်မှုတွေကို အပြည့်အဝထောက်ခံ သွားမယ်။ ဘယ်လိုပုံစံမျိုး တုံ့ပြန်တိုက်ခိုက်မလဲဆို တာကို အစ္စရေးနဲ့ဆွေးနွေးသွားမယ်}လို့ အောက်တို ဘာ(၂)ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
အစ္စရေးနိုင်ငံဟာ အီရန်နိုင်ငံအပေါ်တုံ့ပြန် မယ်လို့ ကမ္ဘာသိပြောဆိုထားပေမယ့် လက်ရှိအချိန် အထိ ဘယ်လိုပုံစံမျိုး တုံ့ပြန်ရမလဲဆိုတဲ့အချက်ကို အပြီးသတ်ရွေးချယ်ထားတာမျိုးမရှိသေးဘူးလို့ ဆို နိုင်ပါတယ်။ အစ္စရေးစစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ် ဒန်နီရယ်ဟာဂါရီက "အီရန်ကို ဘယ်လိုပုံစံမျိုး တုံ့ပြန်မယ်ဆိုတဲ့အချက်ကို အပြီးသတ်ရွေးချယ်ပြီးရင်တော့ အချိန်မရွေး၊ နေရာမရွေးဘဲ လက်တုံ့ပြန်မှာပါ"လို့ အောက်တိုဘာ (၃) ရက်ကပြောပါတယ်။ အစ္စရေးဟာ အီရန်နိုင်ငံကို ဘယ်လိုပုံစံမျိုး တုံ့ပြန်မလဲဆိုတဲ့အချက်ကို လက်ရှိအချိန်မှာ ကမ္ဘာတစ်ဝန်းက စိတ်ဝင်စားနေပါတယ်။
ကာတာနိုင်ငံအခြေစိုက် Northwestern တက္ကသိုလ်ရဲ့ သုတေသီတစ်ဦးဖြစ်တဲ့ အိုဝင်ဂျုံးစ်ဆို သူကတော့ အီရန်နိုင်ငံအပေါ် အစ္စရေးရဲ့တုံ့ပြန်မှု တွေဟာ ကြိုတင်မှန်းဆလို့မရနိုင်သေးကြောင်းပြောပါတယ်။ အီရန်နိုင်ငံပိုင်နက်အတွင်း ရောက်ရှိနေတဲ့ အစ္စရေးပြည်ပထောက်လှမ်းရေးအဖွဲ့ဖြစ်တဲ့ မောဆက်အဖွဲ့နဲ့ အမေရိကန်စပိုင်ထောက်လှမ်းရေးအဖွဲ့တာဝန်ရှိသူတွေဟာ အီရန်နိုင်ငံအတွင်းရှိ ဘယ်ပစ်မှတ်တွေကို အဓိကထား တိုက်ခိုက်ရမလဲဆိုတဲ့ အချက်ကို ရွေးချယ်ဖို့ဆွေးနွေးနေပြီး ရွေးချယ်စရာ အားလုံးဟာ စားပွဲဝိုင်းအပေါ်မှာရှိနေဆဲ ဖြစ်တယ်လို့ အောက်တိုဘာ(၃)ရက်က သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
အစ္စရေးဟာ အီရန်ကိုတုံ့ပြန်ရာမှာ သမားရိုးကျလက်နက်တွေအသုံးပြုပြီး အီရန်နိုင်ငံရဲ့ ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်ခဲ့တဲ့နေရာတွေ၊ အမိန့် ပေးစင်တာတွေ၊ လက်နက် သိုလှောင်ရာနေရာတွေ၊လေယာဉ်နဲ့တင့်ကားဆီဖြည့်တဲ့နေရာတွေကို ပစ်မှတ် ထားတိုက်ခိုက်မလား ဒါမှမဟုတ် အီရန်နိုင်ငံရဲ့ စီးပွား ရေးကို ပိုမိုထိခိုက်စေဖို့ စီးပွားရေးပိတ်ဆို့မှု ချမှတ် မလားဆိုတဲ့အချက်တွေဟာ ရွေးချယ်စရာပစ်မှတ် တွေဖြစ်နေပါတယ်။
အီရန်နိုင်ငံကို ပိတ်ဆို့မှုချမှတ်မယ်ဆိုရင်အီရန်စစ်တပ်နဲ့တိုက်ရိုက်မသက်ဆိုင်တဲ့ ပြည်သူတွေ အခက်အခဲဖြစ်ဖွယ်ရှိနေတဲ့အတွက် အစ္စရေးဘက်က အဲဒီနည်းလမ်းကိုအသုံးပြုဖို့ နည်းပါးတယ်လို့ သုံး သပ်မှုတွေရှိနေပါတယ်။ အစ္စရေးအတွက် နောက် ထပ် ရွေးချယ်စရာနည်းလမ်းတစ်ခုဟာ အီရန်နိုင်ငံရှိ နျူကလီးယားအဆောက်အအုံတွေကို တိုက်ခိုက်တာ မျိုးဖြစ်တယ်လို့ ဆိုကြပါတယ်။ အီရန်ဟာ အရပ်ဘက်သုံး နျူကလီးယားစက်ရုံထက်ကျော်လွန်ပြီး ယူရေနီယံသန့်စင်မှုတွေ လုပ်ဆောင်နေရာ အီရန်နဲ့ ကမ္ဘာ့နိုင်ငံတွေကြား အငြင်းပွားမှုတွေတင်းမာမှုတွေရှိနေပါတယ်။ ဒါပေမဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အီရန်နိုင်ငံရဲ့နျူကလီးယားစက်ရုံတွေကို တိုက်ခိုက်မယ့် အစ္စရေးရဲ့အစီအစဉ်ကို အားပေးထောက်ခံ မှာမဟုတ်ဘူးလို့ အောက်တို ဘာ(၃)ရက်က ပြောဆိုထားရာ အစ္စရေးဟာ အဲဒီအစီအစဉ်ကို ရွေးချယ် မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။
အီရန်ကိုတိုက်ခိုက်ဖို့ အစ္စရေး နိုင်ငံအတွက် နောက်ထပ် ရွေးချယ်စရာတွေရှိနေဆဲ ဖြစ်ပြီး အီရန်စစ်တပ်ခေါင်းဆောင်တွေကို လုပ်ကြံ သတ်ဖြတ်တဲ့အစီအစဉ်အပြင် အီရန်ရေတပ် အခြေ စိုက်စခန်းတွေကို တိုက်ခိုက်ဖျက်ဆီးမယ့်အစီအစဉ် တွေလည်း ရွေးချယ်စရာလမ်းကြောင်းအပေါ်မှာရှိ နေပါတယ်။ အစ္စရေးဟာ ဂါဇာစစ်ပွဲစတင်ခဲ့ပြီး နောက်ပိုင်း ၎င်းနိုင်ငံကိုတိုက်ခိုက်ရာမှာ အဓိကပါဝင် ခဲ့သူတွေကို ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်တဲ့ နည်း လမ်းကိုအသုံးပြုခဲ့ရာ ဟားမတ်စ်၊ ဟစ္စဘိုလာအဖွဲ့ ခေါင်းဆောင်တွေ သေဆုံးခဲ့တာက သက်သေဖြစ်နေပါတယ်။ အစ္စရေးဟာအီရန်ကို လက်တုံ့ပြန်ရာမှာ အီရန်နိုင်ငံ တီဟီရန်မြို့ရှိ စွမ်းအင်ဆိုင်ရာအခြေခံအဆောက်အအုံတွေကိုပစ်မှတ်ထားတိုက်ခိုက်ဖွယ်ရှိတယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေဆဲ ဖြစ်ပေမယ့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အဲဒီအစီအစဉ်ကို ထောက်ခံပေးဖို့ သင့်-မသင့်ဆိုတဲ့အချက်ကို အောက်တိုဘာ(၄)ရက်မှာ လူသိရှင်ကြား ဆွေးနွေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
အီရန်ကို လက်တုံ့ပြန်ရာမှာ တီဟီရန်မြို့ရှိ စွမ်းအင်အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက် ခိုက်ခဲ့ပါက ကမ္ဘာ့ရေနံဈေးနှုန်းတွေ ပိုမိုမြင့်တက် လာဖွယ်ရှိနေရာ အမေရိကန်သမ္မတက အဲဒီအစီ အစဉ်ကို ထောက်ခံပေးဖို့ မဝံ့မရဲဖြစ်နေပါတယ်။ အစ္စ ရေးနိုင်ငံအနေနဲ ဧပြီလအတွင်းမှာ အီရန်နိုင်ငံနဲ့ အ ပြန်လှန်တိုက်ခိုက်ခဲ့ချိန်တုန်းကလည်း အီရန်ရဲ့စစ် ရေးပစ်မှတ်တွေကို အဓိကထားတိုက်ခိုက်ခဲ့ပြီးအီရန် နိုင်ငံအထိနာခဲ့ရပါတယ်။ အီရန်နိုင်ငံရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာ လက်ရှိအချိန်မှာ ခေတ် မီမှုမရှိတော့ဘဲ အစ္စရေးရဲ့နောက်ဆုံးပေါ်တိုက်လေ ယာဉ်တွေကို ပစ်ချနိုင်မှုအားနည်းခဲ့ပါတယ်။
အစ္စရေးရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုကနေ ရှောင်ရှားနိုင်အောင် အီရန်အစိုးရတာဝန်ရှိသူတွေဟာ လက်ရှိအချိန်မှာ အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေး ခေါင်းဆောင် အယာတိုလာခါမေနီကို ဘေးကင်းလုံခြုံ မယ့်နေရာကို ပို့ဆောင်ထားတယ်လို့သတင်းတွေ လည်းထွက်ပေါ်နေပါတယ်။
အီရန်သမ္မတ မာဆွတ် ပီဇီရှာကန်ကတော့ "အစ္စရေးနိုင်ငံဟာ ကျွန်တော်တို့ကိုလက်တုံ့ပြန်တိုက်ခိုက်လာမယ်ဆိုရင် ကျွန်တော်တို့ဘက်ကလည်း တုံ့ ပြန်သွားမှာဖြစ်တယ်။ ကြီးမားပျက်စီးစေမယ့် တိုက်ခိုက်မှုမျိုးတွေနဲ့ရင်ဆိုင်ရမယ်"လို့သတိပေးခဲ့ပါတယ်။ အီရန်နိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံတွေထဲမှာ ပဲ့ထိန်းဒုံးကျည်အများဆုံးပိုင်ဆိုင် ထားတဲ့နိုင်ငံဖြစ်ပြီး ပဲ့ထိန်းဒုံးကျည်အမျိုးမျိုး အ နည်းဆုံး(၃ဝဝဝ)နဲ့အထက်ပိုင်ဆိုင်ထားကာ အောက်တိုဘာ (၁)ရက်က အစ္စရေးနိုင်ငံကိုတိုက် ခိုက်ချိန်အတွင်း အီရန်နိုင်ငံက အသံထက်မြန်တဲ့ ဒုံးကျည်တွေကိုလည်းအသုံးပြုခဲ့ပါတယ်။
အစ္စရေးဟာ အီရန်နိုင်ငံကို လက်တုံ့ပြန်ရာမှာ စစ်ရေးနည်းလမ်းတွေအသုံးပြုခဲ့မယ်ဆိုရင် အပြန်အလှန်တိုက်ခိုက်မှုတွေနဲ့ ဒေသတွင်းအခြေအနေတွေ ပိုမိုခက်ခဲရှုပ်ထွေးလာဖွယ်ရှိနေပါတယ်။ အီရန်စစ်တပ်က ဗိုလ်ချုပ်ကြီး မိုဟမ်မက် ဘတ်ဟီရီ ကတော့ "အစ္စရေးဟာ အီရန်နိုင်ငံပိုင်နက်တွေကို တုံ့ ပြန်တိုက်ခိုက်လာမယ်ဆိုရင် အီရန်စစ်တပ်ကလည်း ဒုံးကျည်အမျိုးမျိုးနဲ့အစ္စရေးကို ပြန်လည်တိုက်ခိုက်သွားမှာဖြစ်တယ်"လို့ပြောပါတယ်။
ဗိုလ်ချုပ်ကြီး ဘတ်ဟီရီက "အစ္စရေး နိုင် ငံဟာအမေရိကန်နဲ့ ဥရောပနိုင်ငံတွေမပါဝင်ဘဲ အစ္စ ရေးနိုင်ငံကို တိုက်ခိုက်လာမယ်ဆိုရင် အီရန်စစ်တပ် ကလည်း ကြီးမားတဲ့တုံ့ပြန်မှုတွေနဲ့အတူ အစ္စရေးရဲ့ အခြေခံအဆောက်အအုံအားလုံးကို မကြာခဏတိုက် ခိုက်မှာပါ၊ လက်ရှိအချိန်မှာ ကျွန်တော်တို့ဟာ အ ရပ် သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းကိုရှောင်ရှား လုပ်ဆောင်ခဲ့တယ်"လို့ပြောပါတယ်။
လက်ရှိအချိန်မှာ အီရန်ဟာ အစ္စရေးနိုင်ငံအပေါ် တိုက်ခိုက်မှုတွေရပ်တန့်ထားပြီး အစ္စရေးရဲ့ အခြေအနေတွေကို စောင့်ကြည့်နေတဲ့သဘောမျိုး ဖြစ်နေပါတယ်။ အစ္စရေးနိုင်ငံကလည်း အီရန်ကို လက်တုံ့ပြန်မယ့်အစီအစဉ်တွေအတွက် ရွေးချယ်စောင့်ကြည့်နေဆဲ အခြေအနေမျိုးမှာ ရှိနေပါတယ်။ အစ္စရေးဟာ အီရန်ကိုလက်တုံ့ပြန်ခြင်းထက် လက်ရှိ အချိန်မှာ ဟစ္စဘိုလာခေါင်းဆောင်တွေကို လုပ်ကြံဖို့ ပိုမိုအာရုံစိုက်နေတဲ့အတွက် အောက်တိုဘာလ (၄)ရက်မှာလည်း လက်ဘနွန်နိုင်ငံဘေရွတ်မြို့ကို ဗုံးကြဲ တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
အီရန်ဟာ အရှေ့အလယ်ပိုင်းဒေသအ တွင်းမှာ အင်အားကောင်းတဲ့ ဟစ္စဘိုလာအုပ်စု၊ ဟားမတ်စ်အုပ်စု၊ ဟူသီအုပ်စုနဲ့ ဆီးရီးယားလက်နက်ကိုင် အဖွဲ့တွေ၊အီရတ်လက်နက်ကိုင်အဖွဲ့တွေကိုငွေကြေး နဲ့ ဘဏ္ဍာရေးကူညီပေးထားရာ အီရန်နဲ့အစ္စရေး နိုင် ငံကြား အလုံးစုံစစ်ပွဲဖြစ်လာမယ်ဆိုရင် အဲဒီ လက် နက်ကိုင်အဖွဲ့တွေဟာ တစ်နည်းနည်းနဲ့ စစ်ပွဲမှာပါဝင် လာဖို့ များနေပါတယ်။ ဟားမတ်စ်နဲ့အစ္စရေးကြား စစ်ပွဲဖြစ်ပွားနေချိန်မှာ တောင်အီရန်နိုင်ငံရဲ့အ ထောက်အပံ့ကို ရယူထားတဲ့ အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့တွေဟာ အစ္စရေးကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ မကြာခဏ လုပ်ဆောင် ခဲ့ပါတယ်။
လက်ရှိအချိန်မှာ အစ္စရေးအတွက်ရွေးချယ် ရခက်တဲ့အခြေအနေမျိုးဖြစ်နေပြီး အစ္စရေးဟာ အီရန် ကို စစ်ရေးနည်းလမ်းအသုံးပြုတိုက်ခိုက်မယ်ဆိုရင် အီရန်စစ်တပ်ရဲ့သတိပေးချက်တွေအရ နှစ် နိုင်ငံကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ပို မိုကြီးမား ကျယ်ပြန့်လာမယ့် အခြေအနေမျိုးဖြစ်ဖွယ် ရှိနေပါတယ်။ လက်ရှိအချိန်မှာ အီရန်နဲ့ အစ္စရေး စစ်ရေး အခြေအနေကတော့ လိပ်ခဲတည်းလဲဖြစ်နေ ဆဲဖြစ်ပြီး နိုင်ငံတကာက စစ်ပွဲပြင်းထန်လာမှာကို စောင့်ကြည့်လျက်ရှိပါတယ်။
အစ္စရေးဟာ စစ်ပွဲပြင်းထန်လာမှုမရှိဘဲ အီရန်နိုင်ငံကိုအနိုင်ရယူနိုင်အောင် ဘယ်လိုနည်းလမ်း ကို ရွေးချယ်တုံ့ပြန်မလဲဆိုတာကလည်း စိတ်ဝင်စား ဖွယ်ကောင်းနေပြီး စစ်ရေးနည်းလမ်းအသုံးပြုလာ မယ်ဆိုရင် အရှေ့အလယ်ပိုင်းစစ်မီးက ပိုမိုတောက်လောင်လာဖွယ်ရှိနေတယ်လို့ သုံးသပ်တင်ပြလိုက်ပါ တယ်။
Zawgyi Version;
အီရန္-အစၥေရးစစ္ပြဲ အီရန္ကို အစၥေရး ဘယ္လိုတုံ႔ျပန္မလဲ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာလ ၆
အစၥေရးရဲ႕ စက္တင္ဘာ(၂၇)ရက္က ေလေၾကာင္းတိုက္ခိုက္မႈအတြင္း ဟစၥဘိုလာအဖြဲ႕ ေခါင္းေဆာင္ ဟတ္ဆန္နက္ရယ္လာ အပါအဝင္ ဟားမတ္စ္ အဖြဲ႕ေခါင္းေဆာင္ေတြ ေသဆုံးရမႈနဲ႔ပတ္သက္ၿပီး အီရန္ႏိုင္ငံဟာ ႀကိဳတင္သတိေပးခ်က္မရွိဘဲ အစၥေရး ႏိုင္ငံကို ေအာက္ တိုဘာ(၁)ရက္မွာ ဒုံးက်ည္အစင္း ေပါင္း (၁၈ဝ)ေက်ာ္နဲ႔ ႐ုတ္တရက္ တိုက္ခိုက္ခဲ့ရာ အေရွ႕အလယ္ပိုင္းေဒသအတြင္း တင္းမာမႈအရွိန္ ျမင့္တက္လာေနပါတယ္။ အစၥေရးဟာ လက္ရွိအခ်ိန္ မွာ ဟားမတ္စ္အဖြဲ႕နဲ႔တိုက္ခိုက္ေနရတဲ့ ဂါဇာစစ္ ပြဲျဖစ္ပြားေနသလို ဟစၥဘိုလာအဖြဲ႕ကို တိုက္ခိုက္ဖို႔ လက္ဘႏြန္ႏိုင္ငံကို ေျမျပင္ထိုးစစ္ဆင္ႏႊဲေနပါတယ္။ အဲဒီလိုမ်ိဳး အနည္းဆုံး စစ္မ်က္ႏွာႏွစ္ခု ရင္ဆိုင္ေနရခ်ိန္မွာ အီရန္ႏိုင္ငံရဲ႕တိုက္ခိုက္မႈကို ႐ုတ္တရက္ ရင္ ဆိုင္လိုက္ရတဲ့အတြက္ အစၥေရး အစိုးရဟာ စိတ္ဆိုးေဒါသျဖစ္ပြားမႈျမင့္တက္ခဲ့သလို အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟုက အီရန္ႏိုင္ငံအေန နဲ႔ ႀကီးမားတဲ့ေပးဆပ္မႈျပန္ေပးရမယ္လို႔ေျပာဆိုခဲ့ပါတယ္။
အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟုဟာ အီရန္ကို လက္တုံ႔ျပန္မယ္လို႔ လူသိရွင္ၾကား ေျပာဆို ထားေပမယ့္ ေအာက္တိုဘာ(၄)ရက္အထိေတာ့ အီရန္ႏိုင္ငံကိုလက္တုံ႔ျပန္ျခင္းထက္ ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕ေတြ အေျခစိုက္ေနတဲ့ လက္ဘႏြန္ႏိုင္ငံ ကိုဆက္လက္ဗုံးႀကဲ တိုက္ခိုက္ေနဆဲျဖစ္ပါတယ္။ အစၥေရးဟာ ဟစၥဘိုလာအဖြဲ႕ေခါင္းေဆာင္အသစ္ေတြကို လုပ္ႀကံႏိုင္ဖို႔ ေအာက္တိုဘာ (၄)ရက္က ေဘ႐ြတ္ၿမိဳ႕ကို ဗုံးႀကဲတိုက္ခိုက္ခဲ့ၿပီး လက္ဘႏြန္အေျခစိုက္ ဟစၥဘိုလာအဖြဲ႕ကလည္း အစၥေရးႏိုင္ငံဘက္ျခမ္းကို ေရာ့ကဒ္ဒုံးက်ည္ အစင္းေပါင္း(၂၀)နဲ႔ ပစ္ခတ္ခဲ့ပါ တယ္။
အစၥေရးဟာ ဟစၥဘိုလာအဖြဲ႕ေတြရဲ႕တိုက္ ခိုက္မႈရန္ကေန ကာကြယ္ႏိုင္ေအာင္ နယ္စပ္ေဒသမွာ ေနထိုင္ေနတဲ့ အစၥေရးျပည္သူေတြကို ေအာက္တိုဘာ (၄)ရက္မွာပဲ ေဘးလြတ္ရာကိုေ႐ႊ႕ေျပာင္းေပးခဲ့ပါ တယ္။
အစၥေရးႏိုင္ငံရဲ႕အဓိက မဟာမိတ္ျဖစ္တဲ့ အေမရိကန္ႏိုင္ငံကလည္း အီရန္ရဲ႕တိုက္ခိုက္မႈေတြ ကို လက္တုံ႔ျပန္မယ့္ အစၥေရးႏိုင္ငံရဲ႕အစီအစဥ္ကို ကူညီေထာက္ပံေပးသြားမယ္လို႔ ေျပာဆိုထားပါတယ္။အစၥေရးႏိုင္ငံကိုတိုက္ခိုက္ခဲ့တဲ့ အီရန္ရဲ႕တိုက္ခိုက္ မႈေတြကို အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စု ႏိုင္ငံေတြ၊ G-7 အဖြဲ႕ဝင္ႏိုင္ငံအားလုံးက ျပစ္တင္ရႈတ္ခ်ထားၿပီး စစ္ပြဲအေျခအေနေတြနဲ႔ပတ္သက္ၿပီး ေဆြး ေႏြးေနဆဲျဖစ္ပါတယ္။
အေမရိကန္သမၼတက "အစၥေရးႏိုင္ငံဟာ အမွားအယြင္းေတြ မလုပ္ေဆာင္ခဲ့ဘူးဆိုရင္ အစၥေရးရဲ႕တုံ႔ျပန္မႈေတြကို အျပည့္အဝေထာက္ခံ သြားမယ္။ ဘယ္လိုပုံစံမ်ိဳး တုံ႔ျပန္တိုက္ခိုက္မလဲဆို တာကို အစၥေရးနဲ႔ေဆြးေႏြးသြားမယ္}လို႔ ေအာက္တို ဘာ(၂)ရက္က သတင္းထုတ္ျပန္ခဲ့ပါတယ္။
အစၥေရးႏိုင္ငံဟာ အီရန္ႏိုင္ငံအေပၚတုံ႔ျပန္ မယ္လို႔ ကမာၻသိေျပာဆိုထားေပမယ့္ လက္ရွိအခ်ိန္ အထိ ဘယ္လိုပုံစံမ်ိဳး တုံ႔ျပန္ရမလဲဆိုတဲ့အခ်က္ကို အၿပီးသတ္ေ႐ြးခ်ယ္ထားတာမ်ိဳးမရွိေသးဘူးလို႔ ဆို ႏိုင္ပါတယ္။ အစၥေရးစစ္တပ္ရဲ႕ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးျဖစ္တဲ့ ဗိုလ္မႉးခ်ဳပ္ ဒန္နီရယ္ဟာဂါရီက "အီရန္ကို ဘယ္လိုပုံစံမ်ိဳး တုံ႔ျပန္မယ္ဆိုတဲ့အခ်က္ကို အၿပီးသတ္ေ႐ြးခ်ယ္ၿပီးရင္ေတာ့ အခ်ိန္မေ႐ြး၊ ေနရာမေ႐ြးဘဲ လက္တုံ႔ျပန္မွာပါ"လို႔ ေအာက္တိုဘာ (၃) ရက္ကေျပာပါတယ္။ အစၥေရးဟာ အီရန္ႏိုင္ငံကို ဘယ္လိုပုံစံမ်ိဳး တုံ႔ျပန္မလဲဆိုတဲ့အခ်က္ကို လက္ရွိအခ်ိန္မွာ ကမာၻတစ္ဝန္းက စိတ္ဝင္စားေနပါတယ္။
ကာတာႏိုင္ငံအေျခစိုက္ Northwestern တကၠသိုလ္ရဲ႕ သုေတသီတစ္ဦးျဖစ္တဲ့ အိုဝင္ဂ်ဳံးစ္ဆို သူကေတာ့ အီရန္ႏိုင္ငံအေပၚ အစၥေရးရဲ႕တုံ႔ျပန္မႈ ေတြဟာ ႀကိဳတင္မွန္းဆလို႔မရႏိုင္ေသးေၾကာင္းေျပာပါတယ္။ အီရန္ႏိုင္ငံပိုင္နက္အတြင္း ေရာက္ရွိေနတဲ့ အစၥေရးျပည္ပေထာက္လွမ္းေရးအဖြဲ႕ျဖစ္တဲ့ ေမာဆက္အဖြဲ႕နဲ႔ အေမရိကန္စပိုင္ေထာက္လွမ္းေရးအဖြဲ႕တာဝန္ရွိသူေတြဟာ အီရန္ႏိုင္ငံအတြင္းရွိ ဘယ္ပစ္မွတ္ေတြကို အဓိကထား တိုက္ခိုက္ရမလဲဆိုတဲ့ အခ်က္ကို ေ႐ြးခ်ယ္ဖို႔ေဆြးေႏြးေနၿပီး ေ႐ြးခ်ယ္စရာ အားလုံးဟာ စားပြဲဝိုင္းအေပၚမွာရွိေနဆဲ ျဖစ္တယ္လို႔ ေအာက္တိုဘာ(၃)ရက္က သတင္းေတြထြက္ေပၚခဲ့ပါတယ္။
အစၥေရးဟာ အီရန္ကိုတုံ႔ျပန္ရာမွာ သမား႐ိုးက်လက္နက္ေတြအသုံးျပဳၿပီး အီရန္ႏိုင္ငံရဲ႕ ပဲ့ထိန္းဒုံးက်ည္ေတြ ပစ္လႊတ္ခဲ့တဲ့ေနရာေတြ၊ အမိန႔္ ေပးစင္တာေတြ၊ လက္နက္ သိုေလွာင္ရာေနရာေတြ၊ေလယာဥ္နဲ႔တင့္ကားဆီျဖည့္တဲ့ေနရာေတြကို ပစ္မွတ္ ထားတိုက္ခိုက္မလား ဒါမွမဟုတ္ အီရန္ႏိုင္ငံရဲ႕ စီးပြား ေရးကို ပိုမိုထိခိုက္ေစဖို႔ စီးပြားေရးပိတ္ဆို႔မႈ ခ်မွတ္ မလားဆိုတဲ့အခ်က္ေတြဟာ ေ႐ြးခ်ယ္စရာပစ္မွတ္ ေတြျဖစ္ေနပါတယ္။
အီရန္ႏိုင္ငံကို ပိတ္ဆို႔မႈခ်မွတ္မယ္ဆိုရင္အီရန္စစ္တပ္နဲ႔တိုက္႐ိုက္မသက္ဆိုင္တဲ့ ျပည္သူေတြ အခက္အခဲျဖစ္ဖြယ္ရွိေနတဲ့အတြက္ အစၥေရးဘက္က အဲဒီနည္းလမ္းကိုအသုံးျပဳဖို႔ နည္းပါးတယ္လို႔ သုံး သပ္မႈေတြရွိေနပါတယ္။ အစၥေရးအတြက္ ေနာက္ ထပ္ ေ႐ြးခ်ယ္စရာနည္းလမ္းတစ္ခုဟာ အီရန္ႏိုင္ငံရွိ န်ဴကလီးယားအေဆာက္အအုံေတြကို တိုက္ခိုက္တာ မ်ိဳးျဖစ္တယ္လို႔ ဆိုၾကပါတယ္။ အီရန္ဟာ အရပ္ဘက္သုံး န်ဴကလီးယားစက္႐ုံထက္ေက်ာ္လြန္ၿပီး ယူေရနီယံသန႔္စင္မႈေတြ လုပ္ေဆာင္ေနရာ အီရန္နဲ႔ ကမာၻ႔ႏိုင္ငံေတြၾကား အျငင္းပြားမႈေတြတင္းမာမႈေတြရွိေနပါတယ္။ ဒါေပမဲ့ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က အီရန္ႏိုင္ငံရဲ႕န်ဴကလီးယားစက္႐ုံေတြကို တိုက္ခိုက္မယ့္ အစၥေရးရဲ႕အစီအစဥ္ကို အားေပးေထာက္ခံ မွာမဟုတ္ဘူးလို႔ ေအာက္တို ဘာ(၃)ရက္က ေျပာဆိုထားရာ အစၥေရးဟာ အဲဒီအစီအစဥ္ကို ေ႐ြးခ်ယ္ မလားဆိုတာ ေမးခြန္းထုတ္စရာ ျဖစ္လာေနပါတယ္။
အီရန္ကိုတိုက္ခိုက္ဖို႔ အစၥေရး ႏိုင္ငံအတြက္ ေနာက္ထပ္ ေ႐ြးခ်ယ္စရာေတြရွိေနဆဲ ျဖစ္ၿပီး အီရန္စစ္တပ္ေခါင္းေဆာင္ေတြကို လုပ္ႀကံ သတ္ျဖတ္တဲ့အစီအစဥ္အျပင္ အီရန္ေရတပ္ အေျခ စိုက္စခန္းေတြကို တိုက္ခိုက္ဖ်က္ဆီးမယ့္အစီအစဥ္ ေတြလည္း ေ႐ြးခ်ယ္စရာလမ္းေၾကာင္းအေပၚမွာရွိ ေနပါတယ္။ အစၥေရးဟာ ဂါဇာစစ္ပြဲစတင္ခဲ့ၿပီး ေနာက္ပိုင္း ၎ႏိုင္ငံကိုတိုက္ခိုက္ရာမွာ အဓိကပါဝင္ ခဲ့သူေတြကို ပစ္မွတ္ထားလုပ္ႀကံသတ္ျဖတ္တဲ့ နည္း လမ္းကိုအသုံးျပဳခဲ့ရာ ဟားမတ္စ္၊ ဟစၥဘိုလာအဖြဲ႕ ေခါင္းေဆာင္ေတြ ေသဆုံးခဲ့တာက သက္ေသျဖစ္ေနပါတယ္။ အစၥေရးဟာအီရန္ကို လက္တုံ႔ျပန္ရာမွာ အီရန္ႏိုင္ငံ တီဟီရန္ၿမိဳ႕ရွိ စြမ္းအင္ဆိုင္ရာအေျခခံအေဆာက္အအုံေတြကိုပစ္မွတ္ထားတိုက္ခိုက္ဖြယ္ရွိတယ္လို႔ သတင္းေတြလည္း ထြက္ေပၚေနဆဲ ျဖစ္ေပမယ့္ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က အဲဒီအစီအစဥ္ကို ေထာက္ခံေပးဖို႔ သင့္-မသင့္ဆိုတဲ့အခ်က္ကို ေအာက္တိုဘာ(၄)ရက္မွာ လူသိရွင္ၾကား ေဆြးေႏြးဖို႔ ျငင္းဆန္ခဲ့ပါတယ္။
အီရန္ကို လက္တုံ႔ျပန္ရာမွာ တီဟီရန္ၿမိဳ႕ရွိ စြမ္းအင္အေဆာက္အအုံေတြကို ပစ္မွတ္ထား တိုက္ ခိုက္ခဲ့ပါက ကမာၻ႔ေရနံေဈးႏႈန္းေတြ ပိုမိုျမင့္တက္ လာဖြယ္ရွိေနရာ အေမရိကန္သမၼတက အဲဒီအစီ အစဥ္ကို ေထာက္ခံေပးဖို႔ မဝံ့မရဲျဖစ္ေနပါတယ္။ အစၥ ေရးႏိုင္ငံအေနနဲ ဧၿပီလအတြင္းမွာ အီရန္ႏိုင္ငံနဲ႔ အ ျပန္လွန္တိုက္ခိုက္ခဲ့ခ်ိန္တုန္းကလည္း အီရန္ရဲ႕စစ္ ေရးပစ္မွတ္ေတြကို အဓိကထားတိုက္ခိုက္ခဲ့ၿပီးအီရန္ ႏိုင္ငံအထိနာခဲ့ရပါတယ္။ အီရန္ႏိုင္ငံရဲ႕ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြဟာ လက္ရွိအခ်ိန္မွာ ေခတ္ မီမႈမရွိေတာ့ဘဲ အစၥေရးရဲ႕ေနာက္ဆုံးေပၚတိုက္ေလ ယာဥ္ေတြကို ပစ္ခ်ႏိုင္မႈအားနည္းခဲ့ပါတယ္။
အစၥေရးရဲ႕လက္တုံ႔ျပန္တိုက္ခိုက္မႈကေန ေရွာင္ရွားႏိုင္ေအာင္ အီရန္အစိုးရတာဝန္ရွိသူေတြဟာ လက္ရွိအခ်ိန္မွာ အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံးဘာသာေရး ေခါင္းေဆာင္ အယာတိုလာခါေမနီကို ေဘးကင္းလုံၿခဳံ မယ့္ေနရာကို ပို႔ေဆာင္ထားတယ္လို႔သတင္းေတြ လည္းထြက္ေပၚေနပါတယ္။
အီရန္သမၼတ မာဆြတ္ ပီဇီရွာကန္ကေတာ့ "အစၥေရးႏိုင္ငံဟာ ကြၽန္ေတာ္တို႔ကိုလက္တုံ႔ျပန္တိုက္ခိုက္လာမယ္ဆိုရင္ ကြၽန္ေတာ္တို႔ဘက္ကလည္း တုံ႔ ျပန္သြားမွာျဖစ္တယ္။ ႀကီးမားပ်က္စီးေစမယ့္ တိုက္ခိုက္မႈမ်ိဳးေတြနဲ႔ရင္ဆိုင္ရမယ္"လို႔သတိေပးခဲ့ပါတယ္။ အီရန္ႏိုင္ငံဟာ အေရွ႕အလယ္ပိုင္းေဒသရွိ ႏိုင္ငံေတြထဲမွာ ပဲ့ထိန္းဒုံးက်ည္အမ်ားဆုံးပိုင္ဆိုင္ ထားတဲ့ႏိုင္ငံျဖစ္ၿပီး ပဲ့ထိန္းဒုံးက်ည္အမ်ိဳးမ်ိဳး အ နည္းဆုံး(၃ဝဝဝ)နဲ႔အထက္ပိုင္ဆိုင္ထားကာ ေအာက္တိုဘာ (၁)ရက္က အစၥေရးႏိုင္ငံကိုတိုက္ ခိုက္ခ်ိန္အတြင္း အီရန္ႏိုင္ငံက အသံထက္ျမန္တဲ့ ဒုံးက်ည္ေတြကိုလည္းအသုံးျပဳခဲ့ပါတယ္။
အစၥေရးဟာ အီရန္ႏိုင္ငံကို လက္တုံ႔ျပန္ရာမွာ စစ္ေရးနည္းလမ္းေတြအသုံးျပဳခဲ့မယ္ဆိုရင္ အျပန္အလွန္တိုက္ခိုက္မႈေတြနဲ႔ ေဒသတြင္းအေျခအေနေတြ ပိုမိုခက္ခဲရႈပ္ေထြးလာဖြယ္ရွိေနပါတယ္။ အီရန္စစ္တပ္က ဗိုလ္ခ်ဳပ္ႀကီး မိုဟမ္မက္ ဘတ္ဟီရီ ကေတာ့ "အစၥေရးဟာ အီရန္ႏိုင္ငံပိုင္နက္ေတြကို တုံ႔ ျပန္တိုက္ခိုက္လာမယ္ဆိုရင္ အီရန္စစ္တပ္ကလည္း ဒုံးက်ည္အမ်ိဳးမ်ိဳးနဲ႔အစၥေရးကို ျပန္လည္တိုက္ခိုက္သြားမွာျဖစ္တယ္"လို႔ေျပာပါတယ္။
ဗိုလ္ခ်ဳပ္ႀကီး ဘတ္ဟီရီက "အစၥေရး ႏိုင္ ငံဟာအေမရိကန္နဲ႔ ဥေရာပႏိုင္ငံေတြမပါဝင္ဘဲ အစၥ ေရးႏိုင္ငံကို တိုက္ခိုက္လာမယ္ဆိုရင္ အီရန္စစ္တပ္ ကလည္း ႀကီးမားတဲ့တုံ႔ျပန္မႈေတြနဲ႔အတူ အစၥေရးရဲ႕ အေျခခံအေဆာက္အအုံအားလုံးကို မၾကာခဏတိုက္ ခိုက္မွာပါ၊ လက္ရွိအခ်ိန္မွာ ကြၽန္ေတာ္တို႔ဟာ အ ရပ္ သားေတြကို ပစ္မွတ္ထားတိုက္ခိုက္ျခင္းကိုေရွာင္ရွား လုပ္ေဆာင္ခဲ့တယ္"လို႔ေျပာပါတယ္။
လက္ရွိအခ်ိန္မွာ အီရန္ဟာ အစၥေရးႏိုင္ငံအေပၚ တိုက္ခိုက္မႈေတြရပ္တန႔္ထားၿပီး အစၥေရးရဲ႕ အေျခအေနေတြကို ေစာင့္ၾကည့္ေနတဲ့သေဘာမ်ိဳး ျဖစ္ေနပါတယ္။ အစၥေရးႏိုင္ငံကလည္း အီရန္ကို လက္တုံ႔ျပန္မယ့္အစီအစဥ္ေတြအတြက္ ေ႐ြးခ်ယ္ေစာင့္ၾကည့္ေနဆဲ အေျခအေနမ်ိဳးမွာ ရွိေနပါတယ္။ အစၥေရးဟာ အီရန္ကိုလက္တုံ႔ျပန္ျခင္းထက္ လက္ရွိ အခ်ိန္မွာ ဟစၥဘိုလာေခါင္းေဆာင္ေတြကို လုပ္ႀကံဖို႔ ပိုမိုအာ႐ုံစိုက္ေနတဲ့အတြက္ ေအာက္တိုဘာလ (၄)ရက္မွာလည္း လက္ဘႏြန္ႏိုင္ငံေဘ႐ြတ္ၿမိဳ႕ကို ဗုံးႀကဲ တိုက္ခိုက္မႈေတြ ဆက္လက္လုပ္ေဆာင္ေနဆဲ ျဖစ္ပါတယ္။
အီရန္ဟာ အေရွ႕အလယ္ပိုင္းေဒသအ တြင္းမွာ အင္အားေကာင္းတဲ့ ဟစၥဘိုလာအုပ္စု၊ ဟားမတ္စ္အုပ္စု၊ ဟူသီအုပ္စုနဲ႔ ဆီးရီးယားလက္နက္ကိုင္ အဖြဲ႕ေတြ၊အီရတ္လက္နက္ကိုင္အဖြဲ႕ေတြကိုေငြေၾကး နဲ႔ ဘ႑ာေရးကူညီေပးထားရာ အီရန္နဲ႔အစၥေရး ႏိုင္ ငံၾကား အလုံးစုံစစ္ပြဲျဖစ္လာမယ္ဆိုရင္ အဲဒီ လက္ နက္ကိုင္အဖြဲ႕ေတြဟာ တစ္နည္းနည္းနဲ႔ စစ္ပြဲမွာပါဝင္ လာဖို႔ မ်ားေနပါတယ္။ ဟားမတ္စ္နဲ႔အစၥေရးၾကား စစ္ပြဲျဖစ္ပြားေနခ်ိန္မွာ ေတာင္အီရန္ႏိုင္ငံရဲ႕အ ေထာက္အပံ့ကို ရယူထားတဲ့ အေရွ႕အလယ္ပိုင္းေဒသအတြင္းရွိ လက္နက္ကိုင္အဖြဲ႕ေတြဟာ အစၥေရးကို ပစ္မွတ္ထားတိုက္ခိုက္မႈေတြ မၾကာခဏ လုပ္ေဆာင္ ခဲ့ပါတယ္။
လက္ရွိအခ်ိန္မွာ အစၥေရးအတြက္ေ႐ြးခ်ယ္ ရခက္တဲ့အေျခအေနမ်ိဳးျဖစ္ေနၿပီး အစၥေရးဟာ အီရန္ ကို စစ္ေရးနည္းလမ္းအသုံးျပဳတိုက္ခိုက္မယ္ဆိုရင္ အီရန္စစ္တပ္ရဲ႕သတိေပးခ်က္ေတြအရ ႏွစ္ ႏိုင္ငံၾကား အျပန္အလွန္ ပစ္ခတ္တိုက္ခိုက္မႈေတြ ပို မိုႀကီးမား က်ယ္ျပန႔္လာမယ့္ အေျခအေနမ်ိဳးျဖစ္ဖြယ္ ရွိေနပါတယ္။ လက္ရွိအခ်ိန္မွာ အီရန္နဲ႔ အစၥေရး စစ္ေရး အေျခအေနကေတာ့ လိပ္ခဲတည္းလဲျဖစ္ေန ဆဲျဖစ္ၿပီး ႏိုင္ငံတကာက စစ္ပြဲျပင္းထန္လာမွာကို ေစာင့္ၾကည့္လ်က္ရွိပါတယ္။
အစၥေရးဟာ စစ္ပြဲျပင္းထန္လာမႈမရွိဘဲ အီရန္ႏိုင္ငံကိုအႏိုင္ရယူႏိုင္ေအာင္ ဘယ္လိုနည္းလမ္း ကို ေ႐ြးခ်ယ္တုံ႔ျပန္မလဲဆိုတာကလည္း စိတ္ဝင္စား ဖြယ္ေကာင္းေနၿပီး စစ္ေရးနည္းလမ္းအသုံးျပဳလာ မယ္ဆိုရင္ အေရွ႕အလယ္ပိုင္းစစ္မီးက ပိုမိုေတာက္ေလာင္လာဖြယ္ရွိေနတယ္လို႔ သုံးသပ္တင္ျပလိုက္ပါ တယ္။